Tuesday, January 13, 2015

Confidence ကျနေလား?


ကျွန်တော်တို့တွေဟာ ငယ်ငယ်လေးထဲက confidenceကျဆုံးဖို့အကြောင်းရင်းများစွာရှိခဲ့ပါတယ်။ ဥပမာ ငယ်ငယ်က
 သီချင်းမဆိုတတ်ဆိုတတ်နဲ့ဆိုခဲ့တယ်။အဲဒိအချိန်မှာမိဘတွေ၊ဆွေမျိုးတွေ၊သူငယ်ချင်းတွေရဲ့“မင်းအသံကဆိုးလိုက်တာကွာ” ဆိုတဲ့နောက်ပြောင်တဲ့စကားလုံးများဟာ ငယ်ငယ်ရွယ်ရွယ်အသဲနုနုပေါ်မှာ tattoo အထိုးခံလိုက်ရပါတယ်။အကျိုးဆက် အနေနဲ့ နောက်ဘယ်တော့မှာသီချင်းမဆိုချင်တော့ပါဘူး။ သီချင်းဆိုတိုင်း ယုံကြည်မှုမရှိသလိုခံစားရပါတယ်။ ဒါဟာ ဥပမာတစ်ခုပဲဖြစ်ပြီးအခြားအရာများစွာရှိပါသေးတယ်။ “မင်းဖြစ်မှာမဟုတ်ပါဘူးကွာ” “မင်းလုပ်နိုင်မှာမဟုတ်ပါဘူးကွာ”
ဆိုတဲ့စကားတွေအောက်မှာ ကျွန်တော်တို့ရဲ့မရှိမဲ့ရှိမဲ့ယုံကြည်မှုလေးတွေ ပျောက်ဆုံးခဲ့ရတယ်။

အမေရိကားမှာက ကလေးတွေကိုငယ်ငယ်ကတည်းကကိုယ့်ကိုကို ယုံကြည်မှုရှိအောင်လုပ်ပေးကြပါတယ်။ သူတို့သားသမီး
 ငယ်ငယ်လေးထဲကသီချင်းဆိုတာဝါသနာပါတယ်ထင်ရင်အသံဘယ်လောက်ဆိုးဆိုးအားပေးတယ်။ပြီးတော့သားသမီးတွေ
 ရဲ့ရည်မှန်းချက်ဖြစ်မြောက်အောင် Vocal trainingတွေပို့ပေးတယ်။ “America’s got talent” ဆိုတဲ့အစီအစဉ်ကို
 ကြည့်ဖူးကြပါသလား?


 အမေရိကားကကလေးတွေက အသားမဲတာ၊ရုပ်ဆိုးတာ၊ ဒုက္ခိတဖြစ်တာတွေအတွက် confidence
မကျပါဘူး။သူတို့က ယုံကြည်မှုအပြည့်နဲ့သူတို့လုပ်တတ်တာကို စင်ပေါ်မှာတတ်လုပ်ပြကြပါတယ်။ကတာပဲဖြစ်ဖြစ်၊သီချင်းဆို
 တာပဲဖြစ်ဖြစ်၊ တယောတီးတာပဲဖြစ်ဖြစ်၊ ကြိုက်တာတတ်လုပ်လို့ရပါတယ်။ ကျွန်တော်ကမြန်မာနိုင်ငံကမိဘတွေကိုအပြစ်
 တင်နေတာ မဟုတ်ပါဘူး။ကျွန်တော်တို့တွေ confidence နည်းရခြင်းအကြောင်းရင်းကိုပေါ်လွင်အောင် ယှဉ်ပြခြင်း
 သာဖြစ်ပါတယ်။ အခြေအနေနဲ့အချိန်အခါအရမိဘတွေလည်း မလုပ်ပေးနိုင်ခဲ့တာပါ။ ဒီတော့ပြင်လို့မရတဲ့အရာတွေအစား
 ပြင်လို့ရတဲ့ ကျွန်တော်တို့ရဲ့ကျနေတဲ့confidenceကိုဘယ်လိုပြန်တက်အောင်လုပ်ကြမလဲဆိုတာကိုပဲ စဉ်းစားကြရအောင်။

တကယ်တော့ကျွန်တော်တို့အားလုံးက မွေးရာပါအောင်မြင်နိုင်သူတွေပါ။ ကိုယ့်အရည်အချင်းတွေကိုမသိတာပဲရှိကြပါတယ်။
 တစ်ချို့ကလည်း ကိုယ့်အရည်အချင်းတွေကို ဘယ်လိုဖော်ထုတ်ရမလဲမသိကြပါဘူး။

-ဆင်းရဲလို့မအောင်မြင်တာလို့မပြောပါနဲ့။ စာအုပ်တစ်အုပ်ဖတ်ရဖို့ မိုင်ပေါင်းထောင်ချီလမ်းလျှောက်ခဲ့တဲ့လင်ကွန်းကို
 အားနာပါ။

-ခန္တာကိုယ်အစိတ်အပိုင်းချို့ယွင်းလို့ မအောင်မြင်ဘူးလို့မပြောပါနဲ့။ နားမကြား၊မျက်စိမမြင်ပဲနဲ့ ဘ၀ကိုရဲရဲဝံ့ဝံ့ရင်ဆိုင်ခဲ့တဲ့
Helen Keller ကိုအားနာပါ။

Confidence တက်ဖို့ဘာလုပ်မလဲ?
 •comfort zoneထဲကထွက်ပါ။comfort zoneဆိုတာကတော့သက်တောင့်သက်သာရှိတယ်လို့သင်ထင်တဲ့နေရာမျိုးပါ။
 ဥပမာ အရင်ကသင့်ကိုယ်သင် ယုံကြည်မှုမရှိလို့သူငယ်ချင်းအသစ်တွေနဲ့သိပ်စကားမပြောဖြစ်ဘူးဆိုရင် အခုကစပြီး
 စမ်းကြည့်ပါ။ သင်သာအပြုံးချိုချိုလေးနဲ့စိတ်ပါလက်ပါ ကြိုးစားမယ်ဆို သင့်ကိုခင်လာကြမှာပါ။အရင်ကလူအများရှေ့မှာ
 စကားထွက်ပြောရတာကြောက်တယ်ဆိုရင် အခုအချိန်ကစပြီး လူအများရှေ့မှာစကားပြောဖို့ အခွင့်အရေးရတိုင်း
 လက်မလွှတ်ပါနဲ့တော့။ သင်ထင်သလောက်မခက်ခဲဘူးဆိုတာ သင်တွေ့ရှိလာပါလိမ့်မယ်။ သင့်ကိုယ်သင်ယုံကြည်
 မှုတွေလည်း တိုးပွားလာပါလိမ့်မယ်။


•အဖွဲ့အစည်းနဲ့နေတတ်အောင်ကြိုးစားပါ။လူဆိုတာ အဖွဲ့အစည်းနဲ့နေတတ်တဲ့ အမျိုးပါ။ ဒါကြောင့် တစ်ယောက်ထဲ
 မနေပါနဲ့။ ကြာလာရင် သင့်ကိုသင် ယုံကြည်မှုတွေ ကျဆင်းပြီး သင်ဟာဒီလောကကြီးမှာဘာမှ အရေးမပါတဲ့သူ
 တစ်ယောက်လို့်သင့်ကိုယ်သင်ထင်လာပါလိမ့်မယ်။ အကျိုးဆက်အနေနဲ့ စိတ်ကျရောဂါအထိပါ ရနိုင်ပါတယ်။
 အခုကစပြီး အဖွဲ့အစည်းနဲ့နေတတ်အောင်ကြိုးစားပါ။


•သင်က ဆန့်ကျင်ဘက်လိင်နဲ့စကားပြောရတာရှက်တတ်တယ်ဆိုရင် သင်စကားပြောနေတဲ့သူကိုလူသားတစ်ယောက်
 လို့ပဲသဘောထားပါ။ စကားပြောဆက်ဆံမှုဆိုတာနေရာတိုင်းမှာလိုအပ်ပါတယ်။ဒီတော့ ယုံယုံကြည်ကြည်ပြောဆို
 ဆက်ဆံပါ။ လူတစ်ယောက်နဲ့လူတစ်ယောက် စကားပြောကြတာအဆန်းကြီးမဟုတ်ပါဘူး။ မရှက်ပါနဲ့။ယဉ်ကျေးဖို့
 ပဲလိုတာပါ။


•မှောင်နေတဲ့နေရာကိုကြောက်ရင် အဲဒိမှောင်တဲ့နေရာကိုသွားကြည့်ပါ။ လုပ်ရမှာကြောက်နေတဲ့အရာတွေကိုမလုပ်သ၍
 သင်ဘယ်တော့မှာသင့်ကိုသင် ယုံကြည်လာမှာမဟုတ်ပါဘူး။ ဆိုရိုးတစ်ခုရှိတယ်။ “အရင်မရဖူးတဲ့ အရာတွေကို
 လိုချင်ရင် အရင်ကမလုပ်ဖူးတဲ့အရာတွေကိုလုပ်ရလိမ့်မယ်တဲ့”။ ရိုးရိုးရှင်းရှင်းနဲ့အရမ်းကိုထိရောက်ပါတယ်။သင်က
 အရင်ကမရှိတဲ့ “confidence” ဆိုတဲ့အရာကိုလိုချင်တာလေ။ အရင်အတိုင်းပဲနေနေလို့ကတော့ ဘယ်တော့မှ
 ရမှာမဟုတ်ပါဘူး။ ဒါကြောင့်မို့အရင်ကကြောက်နေတဲ့အရာတွေကို လုပ်ဖြစ်အောင်လုပ်ပါ။


•မှားတယ်ဆိုတာ သင်တစ်ယောက်တည်းမဟုတ်ပါဘူး။ လူသားတိုင်းမှားတတ်ကြပါတယ်။ မှားတာကိုသင်ခန်းစာ
 ယူတတ်ဖို့ပဲလိုတာပါ။ ဒါကြောင့် သင်မှားတဲ့အခါတိုင်း ယုံကြည်မှုမကျသင့်ပါဘူး။ဒီတစ်ခါမှားရင်နောက်တစ်ခါ
 မှန်အောင်လုပ်မယ်ဆိုပြီးကြိုးစားသင့်ပါတယ်။


ဘ၀မှာအောင်မြင်သူတိုင်း ရုပ်ချောချင်မှချောမယ်၊ပိုက်ဆံရှိချင်မှရှိမယ်။ ဒါပေမဲ့ သူတို့မှာ ယုံကြည်မှုအပြည့်ရှိပါတယ်။
 အရင်က Confidenceမရှိခဲ့ရင်လည်း အခုကစပြီးconfidenceရှိအောင်ကြိုးစားကြတော့နော်။Confidence
ဆိုတာအောင်မြင်မှုရဲ့ပထမလှေကားထစ်ပါ။

Confidence ရှိပြီး ဘ၀မှာအောင်မြင်ကြပါစေ။

မိုးရှင်း (I.M.T)

No comments:

Post a Comment