မင်္ဂလာပါ....
ပထမဦးစွာ
ပြောကြားလိုတာကတော့ ကျွန်တော့်ရဲ့ Story of lifeပါ...ကျွန်တော်က ငယ်စဉ်ကအရမ်းဆင်းရဲပါတယ်။
ဒါကလည်းကျွန်တော့်ဘ၀အတွက် အကောင်းဆုံး တွန်းအားတစ်ခုဖြစ်လာတာပါပဲ။ ကျွန်တော်အမေရိကန်ကို
စထွက်တော့ 1987ခုနှစ်မှာပါ ဘွဲမရသေးပါဘူး။ လက်ထဲမှာပါတာဆိုလို့ အဲခေတ်က 13 ဒေါ်လာလောက်ပဲပါ
ပါတယ်။ ကျွန်တော် California ရောက်ပြီးအလုပ်လုပ်ပါတယ်။ နောက်ကျွန်တော်လုပ်တဲ့အလုပ်က
တစ်သက်လုံးလုပ်ဖို့ မဖြစ်သေးဘူးဆိုပြီး ကိုယ်ပိုင်အလုပ်စလုပ်ဖို ဆုဲံ့ဖတ်လိုက်ပါတယ်။
အဲ့အချိန်တုန်းက California မှာ ဆူရှီဆိုင်တွေ စခေတ်စားခါစ။ ကျွန်တော်ကလည်း ၀ါသနာပါတယ်ဆိုတော့
အစားအသောက်လိုင်းကို ရွေးချယ်မိတယ်။ လေ့လာတယ်။ဒေသတစ်ခုလုံးပတ်ပြီး နောက်ဆုံး မီးဖိုချောင်လေးကနေ
ကျွန်တော့်ရဲ့ဆူရှီဆိုင်လေးကို အစပျိုးခဲ့ပါတယ်။ အခုတော့ ပြည်နယ်အနှံ့မှာ ဆိုင်ခွဲပေါင်း
၁ထောင်နီးပါးရှိနေပါပြီ။ Franchise ပေးထားတာပေါ့...။
ကျွန်တော် အစပိုင်းကအလုပ်လုပ်တာ ငွေရဖို့ပဲသိခဲ့တာပါ။
နောက်ပိုင်း အလုပ်လုပ်ရတာ မပျော်ဘူးဖြစ်လာတယ်။ ငွေက၀င်နေပေမယ့် အောင်မြင်တယ်လို့မခံစားရဘူးလေ။
နောက်ပိုင်းမှ ၁၀နှစ်ကျော်လောက်ရှိမယ် စာအုပ်လေးတစ်ခုကိုဖတ်မိပြီး သဘောတွေ့သွားတယ်။
ကုမ္ပဏီ နှစ်မျိုးရှိပါတယ်...ကောင်းတဲ့ကုမ္ပဏီနဲ့ ကြီးကျယ်မြင့်မြတ်သော ကုမ္ပဏီ ပေါ့...။
ကောင်းတာက ၀င်ငွေတိုးတက်မှုရှိနေပြီး အမြတ်အစွန်းများများရနေတဲ့ ကုမ္ပဏီပေါ့။ နောက်တစ်ခုက
ကြီးကျယ်မြင့်မြတ်သောကုမ္ပဏီ ...သူကျတော့ ငွေကြေးတစ်ခုတည်းတင်မကတော့ပါဘူး.. ၀န်ထမ်းတွေရဲ့ဘ၀နဲ့
ကုမ္ပဏီယဉ်ကျေးမှုတွေပါ ပါဝင်လာပါတယ်။
အလုပ်စလုပ်မယ်ဆိုရင် 3Pကို မေ့ထားလို့မရပါဘူး။
1.Pacsion
နှစ်ခြိုက်မှု
2.Purpose
ရည်ရွယ်ချက်
3.
Profit အမြတ်ပါပဲ။
ဆိလြိုတာက မိမိအလုပ်ကို နှစ်ခြိုက်မှုရှိရမယ်။ စိတ်မ၀င်စားဘဲလုပ်နေရင်တော့
ဘာမှထူးလာမှမဟုတ်ဘူးလေ။ Purpose အနေနဲ့ကတော့ တိကျတဲ့ရည်ရွချက်ရှိရ်ယ်။ ငွေကြေးတစ်ခုတည်းမကတဲ့ရည်ရွယ်ချက်ပေါ့။
ကိုယ်အောင်မြင်လာရင် ကိုယ့်ပတ်ဝန်းကျင်ကို ဘယ်လိုထောက်ပံ့ပေးမလဲဆိုတာမျိုး။ဒါမှရှင်သန်ရတာ
အဓိပ္ပါယ်ရှိမှာပေါ့။ တကယ်တမ်းအောင်မြင်လာတော့ ရှာဖွေရတာထက် ပေူဆပ်ရတာက ပိုအဓိပ္ပါယ်ရှိတယ်ဆိုတာ
သိလာတယ်။ ဒါကိုအခြေခံ ကြိုးစားမယ်ဆိုရင် နောက်ဆုံးProfitက အလိုလိုရလာမှာပါ...။
နောက်ပိုင်း Leadership နဲ့ပက်သက်ပြီး ကိုယ့်ပတ်ဝန်းကျင်က
လူတွေကိုသုံးသပ်ကြည့်ရမယ်။ ကျွန်တော်ဖတ်ဖူးတာ လူ၅မျိုးရှိတယ်...။
1. ရန်လိုတတ်တဲ့
လူမျိုး
2. အပျက်သဘောမြင်တတ်တဲ့လူမျိုး
3. ငါအတ္တများနေတဲ့လူမျိုး(49%in
American)
4. We...ငါတို့(22%in American)
5. Target (2% in American eg; Iphone)
ကိုယ်နဲ့
ထိတွေ့လိုက်တဲ့လူမျိုးဟာ ဘယ်အမျိုးအစားထဲကလူဆိုတာ သိမှသူ့ကိုဘယ်လို စီမံခန်ခွဲရမလဲဆိုတာ
သိလာမှာဖြစ်ပါတယ်။ HR အပိုင်းထဲရောက်သွား လိမ့်မယ်ထင်ပါတယ်။
နောက်ထပ်ကုမ္ပဏီ
တစ်ခုမှာ အရေးအပါဆုံးက ကုမ္ပဏီတွင်းယဉ်ကျေးမှုဖြစ်ပါတယ်။ Core Valueပေါ့။ ကျွန်တော့်ကုမ္ပဏီမှာ
core value အတွက် ၀န်ထမ်းတွေနဲ့ အဓိကတိုင်ပင်ကြည့်တယ်။ ကုမ္ပဏီ ကို ဘယ်လိုမျိုးဖြစ်စေချင်လည်းပေါ့။
လက်တွေ့ဘ၀မှာလည်း အသုံးတည့်ရမယ်။ အချက်ပေါင်း ၁၀၀ရာကျော်လောက်ထွက်လာတယ်။ စည်းကမ်းတွေချမှတ်ပြီး
ကိုယ်ကမလိုက်နာနိုင်ရင် အလကားပဲလေ။ နောက်ဆုံးချုံ့လိုက်တော့ ၁၂ ခုလောက်ပဲကျန်တယ်...ပြောချင်တာက
ကျွန်တော်တို့က မိမိဝန်ထမ်းတွေကို ဦးစားပေးအခြေခံထားတယ်။ ၀န်ထမ်းတွေပျော်မှ သူတို့ဝန်ဆောင်မှုက
ပိုကောင်းမှာလို့ ခံယူထားတယ်။ စောစောက ပြောထားတဲ့ အချက်တွေထဲမှာ...
၁.
Customers တွေကို အဓိကထားဝန်ဆောင်မျှုပေးတယ်။ တစ်ခါက စားသုံးသူတစ်ယောက် ဆူရှီစားပြီး
ဝမ်းသွားတယ်ပြောတယ်။ ဒါပေမယ့် သူအဲ့နေ့ကအစားစုံတယ်ပြောတယ်။ ကျွန်တော်တို့ဘာမှမမေးဘူး
ချက်ချင်း ဆေးခန်းပြပေးတယ်၊ ကျွန်တော်တို့က ဆေးပို့ပေးတယ် နောက်ဆုံး အိမ်သာသုံးစက္ကူတောင်
ပို့ပေးတယ်။ ပြီး U$ 100တန်ဘောင်ချာတောင် ပို့ပေးတယ်။ ဈေးတွက်တွက်ရင်တော့ မကိုက်ဘူးပေါ့။
ဒါပေမယ့် ကျွန်တော်တို့ customers ကိုအလေးထားတာ သိစေချင်တယ်။ ကျွန်တော်ပြောခဲ့ဖူးသလို
အမြတ်အတွက်တစ်ခုတည်း လုပ်နေတာမှမဟုတ်တာမလား။ ခုသူဟာ ကျွန်တော်တို့ရဲ့ အမြဲတမ်းcustomer
ဖြစ်လာရုံသာမက ငူနဲ့ပက်သက်တဲ့ မိတ်တွေပါ ပိုရလာတယ်။
၂. အထက်အောက်
ယုံကြည်မှုကို အလေးထားတည်ဆောက်ပေးထားတယ်။ အောက်ကို လုပ်ပိုင်ခွင့်ပေးထားတယ်။ မှားချင်မှားပလေ့စေ။
ပြတ်သားတိကျဖို့လိုတယ်။ ခေါင်းဆောင်က တုန့်နှေးနေရင် အလုပ်မဖြစ်ဘူးလေ။ ယုံကြည်မှုရဖို့ဆိုတာက
ခေါင်းဆောင်တွေကလည်း ငယ်သားတွေနဲ့အတူတူ အလုပ်လုပ်ပြီး ယုံကြည်မှုကို ယူမှရမှာ။
၃. ပွင့်လင်းမြင်သာမှု
ရှိဖို့ကလည်း ခရာကျတယ်ဆိုတာ သိဖို့လိုတယ်။ အစပိုင်း ၁၀နှစ်လောက်က ကျွန်တော်ကရုံးခန်းထဲမှာပဲ
ထိုက်နေခဲ့တာ။ ဘယ်သူမှတံခါးလာမခေါက်ရဲဘူး။ ဒီတော့ သူတို့ဆီက အတွေးအမြင်အသစ်တွေ ရ်လာဘူး။
နောက် ကျွန်တော်ရုံးခန်းကို အပြင်ထုတ်လိုက်တယ်။ သူတို့နဲ့အတူတူလုပ်တယ်။ အစပိုင်းက အဆင်မပြေဖြစ်ပေမယ့်
နောက်ပိုင်းရင်းနှီးလာတာနဲ့အမျှ အဆင်ပြေလာတယ်။ သူတို့ဆီက အကြံဥာဏ်တွေ ရလာတယ်။ ဒါလည်းကောင်းတဲ့
အချက်ပဲ။
၎. ကိုယ်လာတဲ့
ပတ်ဝန်းကျင်ကို မမေ့ဖို့လိုမယ်။ အောက်ခြေလွတ်ရင် ပျက်ဖို့အစတိုနာ သိရမယ်။ HR နဲ့ပက်သက်မယ်ထင်တယ်။
၅. ၀န်ထမ်းတွေကို
အလုပ်လုပ်ရင်း ပရဟိတမျှဝေဖို့ပါ သင်ပေးထားတယ်။ ကိုယ့်အတွက်မဟုတ်ပဲ သူများအတွက်ပါ စဉ်းစားပေးခိုင်းတယ်။
တခါက ကားဆီဖြည့်နေတုန်း ဘေးကားတစ်စီးက ဆီဖြည့်ဖို့ ငွေမရှိလို့ လာတောင်းတယ်။ ကျွန်တော်ပေးလိုက်ပါတယ်။
သူငယ်ချင်းတွေက ပြောတာပေါ့ ဘာကြောင့်ပေးလိုက်တာလည်း။ ညာနေရင် မကောင်းဘူး။ ကျွန်တော့်ကို
၁၀ ယောက်မှာ ၉ ယောက်ညာချင်ညာမယ်။ ကျန်၁ ယောက်ကို အလေးထားပါတယ်။
၆.ပျော်စရာရှိတာပျော်...။
လုပ်စရာရှိတာလုပ်ဖို့ အားပေးထားတယ်။ ၀န်ထမ်းတွေကို စိတ်ကြိုက် ၀တ်စားခွင့်ပေးတယ်။ မဟော့ရဘူးပေါ့။
ပြီးရုံးတက် ရုံးဆင်းချိန်မရှိဘူး။ လူတိုင်းမှာ တခါတလေ မိသားစုကိစ္စလေးတွေရှိတတ်တယ်။
အဓိကက အလုပ်ပြီးမြောက်ဖို့။ မိတ်ဆွေတွေကပြောတယ် ပရမ်းပတာ ဆန်တယ်ပေါ့။ ဒါပေမယ့် ကျွန်တော့်အတွက်
ပိုအလုပ်ဖြစ်တယ်။ အလုပ်လည်းပိုပြီးမြောက်တယ်။ တခါတလေ ရုံးခန်းထဲမှာဝန်ထမ်းတွေ သီချင်းဖွင့်ပြီးကနေပေမယ့်
မတားဘူး။ သူတို့ပျော်နေရင် ပြီးတာပဲ။ အဓိကက အလုပ်ပြီးရမယ်။ မတုပ်နှေင်ထားဘူး။ တခါတလေ
တင်းကြပ်တဲ့စည်းကမ်းတွေက လူကိုဆုတ်ယုတ်စေတယ်။
၇. ၀န်ထမ်းတွေရဲ့
creative idea တိုးတက်လာဖို့ကျွန်တော် တွန်းအားပေးလေ့ရှိတယ်။ သူတို့စားပွဲကို အလှဆုံးပြင်တင်စေပြီး
အလှေဆုံးစားပွဲကိုဆုချတာမျိုးပေါ့။ တစ်နေ့အနည်းဆုံး တစ်ခုခုမှာတိုးတက်နေရမယ်။ ရောင်းအား၊
အမြတ်အားတွေကို သူတို့ကို ချပြတယ်။ သူတို့လုပ်ရပ် ဘယ်လောပ်အောက်မြင်တယ်ဆိုတာ ပေးသိနယ်၊
ဒါမှသူတို့တက်ကြွလာမှာလေ။ Creative ရှိပြီး ရ်ုးရှင်းရမယ်။ ခက်ခဲနေရင် အလုပ်ဖြစ်မှာမဟုတ်ဘူး။
၈. ပြသိာတစ်ခုခုဖြစ်လာရင်လည်း
လွဲမချရဘူး။ အားလုံးတိုင်ပင်ပြီး ဘယ်လိုဖြေရှင်းကြမလဲပေါ့။
၉. ကျွန်တော်တို့က
အလုပ်လုပ်ရင် Team workကိုအလေးထားတယ်။ ဒါဆို မှားရင်တောင် သိပ်မကြီးမားတော့ဘူးပေါ့။
အလုပ်လည်း ပိုတွင်တယ်။ ခေါက်းဆောင်က Guide ချပေးတယ်။ Team ကစုပေါင်းလုပ်ဆောက်ရင်ျးိုးတက်လာတယ်။
၁၀. ကမ္ဘာကြီးက
အမျြဲပြာင်းလည်းနေပါတယ်။ ဒါကိုကျွန်တော်တို့ လက်ခံရမယ်။ပြီးရင် မိမိကိုယ်တိုက်လည်း
လိုက်လံပြောင်းလဲရမယ်။ ကျွန်တော်တို့က နည်းပညာခေတ်မှာ မွေးလာတာမဟုတ်ပေမယ့် နည်းပညာကို
လက်ခံတယ်။ ၀န်ထမ်းတွေFb သုံးတယ်။ မတားဘူး။ ကျွန်တော် ကိုယ်တိုက်လည်း လိုက်လုပ်တယ်။
မဟုတ်ရင် ကျန်ခဲ့မှာ။ social media မှာ အပြုသဘောဆောင်တဲ့ status တွေပဲတင်တယ်။ တင်ရင်းတင်ရင်း
စိတ်ဟာအပြုသဘောပဲဆောက်တတ်လာတယ်။ ဒါက အမြတ်ပဲ။ ပြီး ကိုယ့်လုပ်ငန်း ပိုတွင်ကျယ်လာတယ်။
၁၁. အလုပ်လုပ်ရင်
မဖြစ်ဖြစ်အောက်လုပ်မယ်ဆိုတဲ့ စိတ်ဓာတ်မျိုးလည်း လိုအပ်ပါတယ်။ တစ်ပတ်ကို အနည်းဆုံးတသ်ခု
လုပ်ငန်းခွင် Improve လုပ်ပေတယ်။ Motivation လုပ်ပေးတယ်။ ခေါက်းဆောင်လောင်းတွေကို လုပ်ငန်းခွင်ထဲမှာပဲ
သင်ယူစေတယ်။ အမှိုက်ပစ်တာကအစ...ပန်းကန်ဆေးတဲ့အထိ လုပ်စေတယ်။ ခေါင်းဆောင်လုပ်သူဟာ ဒါတွေကအစသိမှ
လက်အောက်ကို အမိန့်ပေးခိုင်းလို့ရမှာပါ။
၁၂. ကျွန်တော်
ကုမ္ပဏီ တိုးတက်အောင်မြင်တယ်ဆိုတာကို အမြတ်ငွေထက် မိမိဝန်ထမ်းတွေဘယ်လောက် တိုးတက်တာလည်းဆိုတာနဲ့
တိုက်းတာပါတယ်။ သူတို့အောင်မြင်လေ ကျွန်တော်ပိုအောင်မြင်လေပါပဲ။ ဒါကြောက့် ကျွန်တော်ဆီက
အလုပ်ထွက်သွားတဲ့ ၀န်ထမ်းတွေဆို ကျွန်တော်ဆီပြန်လာပါတယ်။ သူတို့ဘ၀တိုးနက်နေရတာကို မြင်ရတာ
ခေါင်းဆောင်အနေနဲ့ ပီတိဖြစ်ရပါတယ်။
သည်မှာ တစ်ခုပြောလိုတာက
က်ျွန်တော်တို့ကုမ္ပဏီက ကိုယ်ပိုင်ကုမ္ပဏီဆိုတော့ ဒီလိုမျိုးလပ်ကိုင်ရတာ အခက်အခဲမရှိပေမယ့်။
ရှယ်ယာရှင်တွေပါလာရင် သူတို့က အမြတ်ငွေဦးစားပေးဖြစ်တဲ့အတွက် အဆင်ပြေမှာ မဟုတ်လောက်ဘူး။
ဝန်ထမ်းတွေအတွက် သုံးငွေကပြန်မရဘူးလေ။ ကျွန်တော်ကတော့ ကိုယ့်ဝန်ထမ်းအဆက်ပြေရင် ကျေနပ်နေတာပဲ။
ဟုတ်ကဲ အခုလိုလာရောက် နားထောင်ပေးတဲ့ မျိုးဆက်သစ်များကို အထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ....ဆရာများနဲ့
ဆက်လက်ဆွေးနွေးကြတာပေါ့.....။
....ပြီး...
Dr.မင်းလုလင်
ဝင်လာလင်း စားသောက်ကုန်
Amicus
Travels and Tour
No comments:
Post a Comment