Tuesday, February 24, 2015

တစ်ခါတုန်းက အပယ်ခံ



ယနေ့ တရုတ်နိုင်ငံသာမက ကမ္ဘာအနှံ့အပြားမှာပါ E-commerce လုပ်ငန်းနဲ့
ပတ်သက်လို့ အောင်မြင်မှုသရဖူတွေ အထပ်ထပ် ဆောင်းနေတဲ့ Jack Ma ဆိုတဲ့
လူတစ်ယောက်ဟာ အရင်တုန်းက အများတကာရဲ့ အပါယ်ခံတစ်ယောက် ဖြစ်ခဲ့ဖူးတယ် ပြောရင် ယုံရခက်ခက်ပဲ နေမှာပါ။

Jack Ma ဆိုတာ E-Commerce ကုမ္ပဏီတစ်ခုဖြစ်တဲ့ Alibab လို့ခေါ်တဲ့
တစ်နေ့ကို 100 million ရောင်းအားရှိ အွန်လိုင်းရောင်းဝယ်ဆိုဒ် တစ်ခုကို
တည်ထောင်သူ ဖြစ်ပြီး လက်ရှိ တရုတ်ပြည်ရဲ့ အချမ်းသာဆုံး ပုဂ္ဂိုလ်တွေထဲမှာ တစ်ဦးအပါအ၀င်လည်း ဖြစ်ပါတယ်။ လက်ရှိ သူ့ရဲ့ ပိုင်ဆိုင်မှုဟာ ခန့်မှန်းချေအားဖြင့် $20.4 billion ထိတောင် ရှိတယ်လို့ ဆိုပါတယ်။
ဒါပေမယ့်လည်း တစ်ခါတုန်းက သူဟာ အလုပ်ပေါင်း (၃၀) ကျော်ရဲ့ ငြင်းပယ်မှုကို ခံခဲ့ရသလို လူပေါင်းများစွာရဲ့ ကဲ့ရဲ့ပြစ်တင်ခြင်းကို ခံခဲ့ရတယ်လို့
ဆိုပါတယ်။ လွန်ခဲ့သော အင်တာဗျူးတစ်ခုမှာ ဒီအောင်မြင်နေတဲ့
တရုတ်ဗေလုဝလေးက ပြောခဲ့တာက-


"ကျွန်တော် ကောလိပ်ဝင်ခွင့် သုံးကြိမ်ဖြေတာ ကျခဲ့တယ်။ ကောလိပ်မတက်ရတော့ အလုပ်ပေါင်း (၃၀) ကျော်ကို လျှောက်ခဲ့တယ်။ ရဲ လုပ်ဖို့ လျှောက်တယ်၊ ကျွန်တော့်ကို ကြည့်ပြီး မင်းက မဖြစ်နိုင်ပါဘူးလို့ ပြောတယ်၊ နောက် ကျွန်တော် KFC ဆိုင်မှာတောင် အလုပ်လျှောက်သေးတယ်။
လူပေါင်း သုံးဆယ့်လေးယောက်မှာ သုံးဆယ့်သုံးယောက် အလုပ်ရပြီး ကျွန်တော် တစ်ယောက်တည်း အလုပ်မရခဲ့တာ... "
၁၉၉၈ ခုနှစ်တွင် Alibaba ကို တည်ထောင်ပြီးနောက် Jack Ma အနေဖြင့် အခက်အခဲများစွာ ကြုံတွေ့ခဲ့ရသည်။ အထူးသဖြင့် ငွေပေးချေမှုအပိုင်းတွင် ဖြစ်သည်။ Alibaba ကို တည်ထောင်ပြီး သုံးနှစ်ကြာသည်အထိ အမြတ်အစွန်း မရရှိခဲ့သည့် အကြောင်းရင်းများစွာကို လေ့လာသည်။ သုံးသပ်သည်။
နောက် ပြတ်သားသည့် ဆုံးဖြတ်ချက်ဖြင့် Alipay ဟု ခေါ်ဆိုသည့် Payment ပုံစံတစ်ခုကို တီထွင်ခဲ့သည်။ ထိုအချိန်က သူ့အတွက် အခက်အခဲဆုံး အချိန်များ ဖြစ်သည်ဟုလည်း ဆိုသည်။ အဘယ့်ကြောင့်ဆိုသော် ငွေပေးချေမှုသည် အစိုးရပိုင်းမှ ထိန်းကွပ်သည့်အတွက်ကြောင့် ထိုကဲ့သို့ Alipay ကို တီထွင်ခြင်းက သူ့အား ထောင်နှုတ်ခမ်းနားထိလည်း နီးစေနိုင်သေးသည့်အတွက်ကြောင့် ဖြစ်သည်။
ယခုတော့ Jack Ma ကို တရုတ်ပြည်တွင်သာမက ကမ္ဘာအနှံ့အပြားရှိ စီးပွားရေးနယ်ပယ်တွင် မသိသူ မရှိ။ လူငယ်တွေကို
သူအမြဲပြောနေကျ စကားက -
"ဘယ်သူကမှ အနာဂါတ်ကို ကြိုမသိဘူး၊ ဒီတော့ လက်ရှိအခြေအနေကြောင့် ခင်ဗျား ဘယ်တော့မှ စိတ်ဓာတ်မကျနဲ့၊ အဲ... လက်ရှိအခြေအနေဆိုးကို စိတ်ဓာတ်ကျပြီး မကြိုးစားတော့ရင် ခင်ဗျား အနာဂါတ်ကို ခင်ဗျားကိုယ်တိုင်ပါ မသိတော့ဘူး ဖြစ်သွားမယ်"...
Ref : Businessinsider

No comments:

Post a Comment