Facebook တည်ထောင်သူ Mark Zuckerberg ဟာ ယခုနှစ်
၂၀၁၇ မှာ အမေရိကန်မှာရှိတဲ့ ပြည်နယ်တွေအားလုံးကို အရောက်
သွားဖို့ စီစဉ်ထားတယ်လို့ ထုတ်ပြန်ပြောဆိုခဲ့တာကြောင့် ၎င်းဟာ
နိုင်ငံရေးဘက်ကို ကူးပြောင်းသွားကောင်းသွားနိုင်တယ်လို့ ထုတ်
ဖော်အရိပ်ပြလိုက်သလိုဖြစ်ခဲ့တယ်လို့ နိုင်ငံတကာသတင်းတစ်ရပ်
မှာ ဖော်ပြထားပါတယ်။
အရင်နှစ်တွေတုန်းကတော့ သူဟာမန်းဒရင်းတရုတ်စာကို သင်
ယူခဲ့သလို နေ့စဉ်ခရီးမိုင်တစ်မိုင်နီးပါးပြေးမယ်လို့ ကတိပြုပြော
ကြားခဲ့သူဖြစ်ပါတယ်။ အလားတူ သူရဲ့ နေအိမ်ကိုထိန်းချုပ်ဖို့အ
တွက် Jarvis လို့ခေါ်တဲ့ Virtual assistant ကိုပါ ဖန်တီးခဲ့သူဖြစ်
ပါတယ်။
ယခုနှစ်မှာတော့ ၎င်းအနေနဲ့ အမေရိကန်မှာရှိတဲ့ ပြည်နယ်တွေ
အားလုံးကို သွားရောက်လည်ပတ်ပြီး ပြည်နယ်တိုင်းက ဒေသခံတွေ
နဲ့ တွေ့ဆုံချင်တယ်လို့ ထုတ်ဖော်သွားခဲ့ပါတယ်။ ၎င်းဟာ လက်ရှိအ
ချိန်ထိ ပြည်နယ် ၂၀ အထိ သွားခဲ့ပြီး အခုနှစ်ကုန်မတိုင်ခင် ပြည်နယ်
၃၀ ခန့်အထိ သွားရောက်လည်ပတ်ဖို့ရှိနေတာလည်း ဖြစ်ပါတယ်။
" ဒီနှစ်ပိုင်းမှာတော့ ကျွန်တော်ဆန္ဒရှိနေတာက ဒီမှာရှိတဲ့ လူတွေ
သူတို့ ဘယ်လိုတွေ နေထိုင်နေကြတယ်၊ ဘယ်လိုတွေ အလုပ်လုပ်
နေကြတယ်၊ အနာဂတ်အတွက် သူတို့ဘာတွေတွေးနေကြတယ်ဆို
တာတွေ့ပြီး ပြောချင်မိပါတယ်" လို့ Zuckerberg ကသူရဲ့ ဖေ့
ဘွတ်ခ်ပို့မှာ ရေးသားထားခဲ့ပါတယ်။
သူသွားလာမယ့်ခရီးစဉ်တွေထဲမှာ ဇနီးသည် Priscilla Chan နဲ့
အတူ သွားမယ့်လမ်းခရီးစဉ်တွေပါဝင်ပြီး ဖေ့ဘွတ်ခ် ရုံးတွေကို ၀င်
ရောက်မှာဖြစ်သလို ဆရာဆရာမတွေ၊ သိပ္ပံပညာရှင်တွေနဲ့ တွေ့ဆုံ
ဖို့ရှိတဲ့အပြင် မြို့ငယ်လေးတွေနဲ့ တက္ကသိုလ်တွေကိုပါ ၀င်ရောက်ဖို့
ရှိနေတယ်လို့ သိရပါတယ်။
ယခုပြောဆိုမှုဟာ သူ့အနေနဲ့ အစိုးရလုပ်ငန်းထဲကို ပါဝင်ပတ်သက်ဖို့
ရည်ရွယ်နေတယ်ဆိုတာကို ပြသလိုက်တဲ့ အရွေ့တစ်ခုဖြစ်တယ်လို့
လည်း ယူဆနေကြပါတယ်။ ပြီးခဲ့တဲ့ဒီဇင်ဘာလအစပိုင်းကတော့
ထွက်ပေါ်လာတဲ့သတင်းတွေအရ Facebook CEO Zuckerberg
နဲ့ အခြားဘုတ်အဖွဲ့ဝင်နှစ်ဦးတို့ဟာ လက်ရှိကုမ္ပဏီကို ထိန်းချုပ်ရင်း
နဲ့ပဲ နိုင်ငံရေးဘက်ကို စီအီးအိုတစ်ယောက်အနေနဲ့ ဘယ်လိုမျိုး
ကူးပြောင်းလုပ်ဆောင်နိုင်မလဲဆိုတာကို ဆွေးနွေးခဲ့ကြ
တယ်လို့လည်း သိရပါတယ်။
Credit to ; Strategy First Journal
photo;wired.com
source;https://www.theguardian.com/…/mark-zuckerberg-facebook-2017
Thursday, January 5, 2017
Monday, November 7, 2016
နိုင်ငံခြားပြန်လုပ်ငန်းတွေ့အကြုံရှိသူများ၏အရေးကြီးပုံ
အပိုင်း
(၁)
မြန်မာနိုင်ငံသည်
အာဆီယံစီးပွားရေး အသိုက်အ၀န်း (AEC) တွင်ပူးပေါင်းပါဝင်ထားသည့် နိုင်ငံတစ်နိုင်ငံဖြစ်သည့်အပြင်
ဒေသတွင်းနိုင်ငံများနှင့် ပိုမိုပေါင်းစည်းနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ပြည်တွင်းလုပ်ငန်းများအပေါ်
စိန်ခေါ်မှုများလည်း တစ်ပါးတည်း မြင့်တက်လာမည်ဖြစ်သည့်အတွက် စိုက်ပျိုးရေးကို အခြေခံသည့်နိုင်ငံတစ်နိုင်ငံမှ
စက်မှုထွန်းကားသည့် နိုင်ငံအဖြစ်သို့ တက်လှမ်းလာတော့မှာ ဖြစ်ပါတယ်။မြန်မာနိုင်ငံရဲ့
GDP တိုးတက်မှုနှုန်းကို နှစ်စဉ် ၇% မှ ၉% သို့တိုးတက်ရန် ရည်မှန်းထား၍ အကောင်အထည်ဖော်နိုင်မည်ဆိုပါက
လာမယ့် ၂၀၃၀ ပြည့်နှစ်တွင် တိုင်းပြည်၏ စက်မှုဖွံ့ဖြိုးမှုမှာ တစ်နှစ်လျှင် ၅% မှ ၆%
အကြားတိုးတက်လာမည်ဖြစ်ပါသည်။ AEC ၏ အဓိကသော့ချက်မှာ AFTA (ASEAN Free Trade Area) ခေါ်
လွတ်လပ်သော ကုန်သွယ်မှုဒေသ တစ်ခုအဖြစ် ၂၀၁၅ ခုနှစ်ကတည်းကစ၍ အကောင်အထည်ဖော်နေပြီး ဖြစ်ပါသည်။
AEC အဖွဲ့ဝင်နိုင်ငံတွေဟာ အချက် (၄) ချက်ကို လွတ်လပ်စွာ ရွှေ့ပြောင်းနိုင်သည့် သဘောတူညီချက်အား
လက်မှတ်ထိုးထားကြပါသည်။ (၁) ကုန်စည်များ၊ (၂) ၀န်ဆောင်မှုများ၊ (၃) ရင်းနှီးမြှုပ်နှံမှု
နှင့် (၄) ကျွမ်းကျင်လုပ်သားများ တို့ပဲဖြစ်ပါတယ်။
လက်ရှိအခြေအနေအရ
AFTA, AEC တွေနဲ့အတူပြောင်းလဲလာတဲ့ ဒီမိုကရက်တိုက်ဇေးရှင်းအရွေ့တစ်ခုဟာ နိုင်ငံတကာက
မြန်မာနိုင်ငံကို စီးပွားရေးဈေးကွက်အရ မျက်စိကျလာပြီဖြစ်ပါတယ်။ အစိုးရသစ်လက်ထက် ဒေသအတွင်း
စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေဖို့ ဥပဒေတွေပြင်ဆင်ခြင်း၊ အထူးစီးပွားရေးဇုန်တွင်တည်ဆောက်ပေးခြင်း၊
အခြေခံအဆောက်အအုံ တွေအတွက် နိုင်ငံတကာရဲ့ အကူညီတွေရယူခြင်း စတဲ့ နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့အတွက်
အဖက်ဖက်မှ ကြိုးစားဆောင်ရွက်နေသည်များကို တွေ့မြင်နေရတယ်။
နိုင်ငံခြားတိုက်ရိုက်
ရင်းနှီးမြှုပ်နှံမှု (FDI) ၀င်ဖို့ဆိုရင် အခြေခံအားဖြင့် ရင်းနှီးမြှုပ်နှံမဲ့သူတွေဟာ
အဓိကအချက် (၅)ချက်ကို ကြည့်မှာဖြစ်ပါတယ်။ (၁) နိုင်ငံရေး၊ စီးပွားရေးတည်ငြိမ်မှု
(Political & Stability) ၊ (၂) နိုင်ငံရဲ့ စီးပွားရေးအလားအလာကောင်းမှု
(Economic Potential)၊ (၃) နိုင်ငံရဲ့ စီပွားရေးဇုံကြမှု (Geographic Location) ၊(၄)
နိုင်ငံရဲ့ အလုပ်အကိုင်နှင့် လုပ်သားအရင်းအမြစ် (Skill Labour)၊ (၅) နိုင်ငံရဲ့ အဓိကစီးပွားရေးအဆောက်အအုံ
(Infrastructure) တို့ပဲဖြစ်ပါတယ်။
FDI
မှာရော AEC မှာရော နံပါတ် (၄) အချက်ဖြစ်တဲ့ Skill Labour ဆိုတာပါလာပြီ ဖြစ်ပါတယ်။ ကိုယ်နိုင်ငံထဲမှာ
ရှိတဲ့ Labour တွေဟာ Skill Full ဖြစ်ရဲ့လားဆိုတာ ပြန်သုံးသပ်ရပါတော့မယ်။ ဟိုယခင်က နိုင်ငံအတွင်းမှာ
နိုင်ငံရေးမတည်ငြိမ်မှုတွေ၊ စီးပွားရေးချွတ်ချုံကျမှုတွေကြောင့် ကိုယ်နိုင်ငံအတွင်းက
ပညာရှင်တွေ၊ ပညာတတ်တွေဟာ အလုပ်အကိုင်မဖန်တီပေးနိုင်၍ ပြည်ပကို ထွက်ခွာသွားခဲ့ကြပါတယ်။
ယခု နိုင်ငံရေးအပြောင်းအလဲတွေကြောင့်သော်၎င်း၊ စီးပွားရေးအခြေအနေပြောင်းလဲမှုကြောင့်သော်၎င်း
ပြန်လည်ရောက်ရှိလာကြပြီဖြစ်ပါတယ်။ နိုင်ငံခြားပြန်သူတွေနဲ့အတူ ပါလာတာကတော့ နိုင်ငံခြားလုပ်ငန်းအတွေ့အကြုံတွေပဲဖြစ်ပါတယ်။
တစ်ချို့တွေက ပညာရေးအတွက် တစ်ချို့တွေက အရင်းအနှီးရှာဖို့အတွက် နိုင်ငံခြားကိုထွက်သွားကြတာဖြစ်တယ်။
ဖွံ့ဖြိုးပြီးနိုင်ငံမှာရခဲ့တဲ့ လုပ်ငန်းအတွေ့အကြုံဟာ ဖွံ့ဖြိုးဆဲနိုင်ငံအတွက်တော့
ဗဟုသုတ (သို့) သင်ခန်းစာအဖြစ် ပြန်လည်းယူသုံးလို့ရမယ်။ ဘာကြောင့်လဲဆိုတော့ သတ်မှတ်ပြဌာန်းထားတဲ့
ဥပဒေတွေဟာ မတူကြလို့ပဲ။
အပိုင်း
(၂)
ဥပမာ
ကုမ္ပဏီတစ်ခုမှာ Asst HR Manager တစ်ယောက်ရှိတယ်ထားပါတော့။ ထိုမန်နေဂျာဟာ လုပ်သက်ရင့်ပြီး
ကိုယ်နိုင်ငံအတွင်းက အလုပ်သမားဥပဒေတွေ ကောင်းကောင်းသိတယ်။ လုပ်ငန်းခွင် သဘာဝကို ကောင်းကောင်းနားလည်တယ်။
လုပ်ငန်းလိုအပ်ချက်အရ မဖြစ်မနေ နိုင်ငံခြားအတွေ့အကြုံရှိတဲ့ HR Manager တစ်ယောက်ကို
ခန့်လိုက်တယ်ဆိုပါစို့။ အဲဒီ HR Manager ဟာ ဘာသာစကားလည်းကျွမ်းကျင်ပြီး MBA လည်းပြီထားတယ်။
ဒါပေမယ့် HR လုပ်ငန်းအတွေ့အကြုံတော့ ရှိမနေဘူးဆိုရင်တော့ ပြဿာနာရှိပါတယ်။ လုပ်ငန်းတွေလိုအပ်ချက်အရ
ခန့်တယ်ဆိုရင်တောင် Owner က သူနဲ့ကိုက်ညီတဲ့ ရာထူးမျိုးပေးရပါမယ်။ နိုင်ငံခြားမှာ
MBA ပြီးထားရုံနဲ့တော့ HR Manager ဖြစ်မလာနိုင်ပါဘူး။ နောက်တစ်ခုက လစာ ကွာဟမှု ပြဿာနာတွေရှိလာနိုင်ပါတယ်။
နိုင်ငံခြားပြန်အလုပ်အတွေ့ကြုံရှိတယ်သူတွေဟာ လစာကို လက်ရှိ Local ကဈေးကိုမကြည့်ဘဲ
ဟိုအရင်နိုင်ငံခြားမှာ ရခဲ့တဲ့လစာထက်မနဲ တောင်းပါလိမ့်မယ်။ နိုင်ငံခြားပြန်တစ်ယောက်ကိုခန့်လိုက်ပြီးဆိုရင်တော့
အနီးဆုံး ရာထူးတူတစ်ယောက်ကတော့ လစာကိစ္စနဲ့ Feeling တစ်ခုတော့အမြဲဝင်နေမှာပါ။ နောက်တော့
လုပ်ငန်းမှာ မပျော်တော့ဘဲ လုပ်သက်ရင့်ဝန်ထမ်းကပဲ ပြောင်းသွားလိမ့်မယ်။ တစ်ခါတစ်လေ
Owner တွေရဲ့ Technic တစ်ခုလို့လဲ ဆိုလို့ရနိုင်တယ်။လက်ရှိဝန်ထမ်းတွေအပေါ်မှာ သြဇာသက်ရောက်မှုမရှိတော့လို့
ကြားလူခံပြီး စီမံခန့်ခွဲခိုင်းတာလည်းဖြစ်နိုင်တယ်။
ကျွန်တော်တို့ Local Company တွေရှိဝန်ထမ်းတွေဟာ
အေးအေးလူးလူးနဲ့ အလုပ်လောဘမရှိဘဲ မလုပ်မရှုပ်မပြုတ်ဆိုတာမျိုး နေလေ့ရှိတယ်။ တကယ်လို့
နိုင်ငံခြားကုမ္ပဏီတွေ ၀င်လာပြီဆိုရင် Local ကုမ္ပဏီတွေနဲ့ ပြိုင်ရတော့မယ်။ အဲဒီအချိန်ကြရင်
နိုင်ငံခြားသားတွေ၊ နိုင်ငံခြားပြန်တွေက Top Management ၊ Business Development ပိုင်းစတဲ့
နေရာကြီးကြီးတွေမှာ သူတို့ယူထားပြီး ကျန် Middle
Level ပိုင်းတွေလောက်သာ
Local Employee တွေကိုသုံးမယ်ဆိုရင်တော့ ကျွန်တော်တို့ရဲ့ Labour Market ထဲမှာနစ်နာမှုတွေဖြစ်လာပါမယ်။
နိုင်ငံခြားလုပ်ငန်းအတွေ့အကြုံရှိတာမှန်ပေမယ့်
သက်ဆိုင်ရာနယ်ပယ်ကမဟုတ်ရင် အဆင်မပြေပါဘူး။ နိုင်ငံခြားပြန်တစ်ယောက်ဟာ လုပ်ငန်းမှာ စိတ်အားတတ်ကြွတာမှန်ပေမယ့်
လုပ်နေတဲ့အလုပ်က ဦးတည်ရာလွဲနေရင် သူနဲ့အတူတွဲလုပ်ရတဲ့ လုပ်ဖော်ကိုင်ဖက်တွေဟာ နောက်ကလုပ်မလုပ်နိုင်ဘဲ
ပြဿာနာရှိနိုင်ပါတယ်။ နောက်တစ်ခုက ကိုယ်နဲ့အတူတွဲလုပ်ရမယ့်သူတွေနဲ့ သဟဇာတ ဖြစ်ဖို့လိုအပ်ပါတယ်။
လုပ်ငန်းခွင်တစ်ခုလုံးရဲ့ သဘောသဘာဝများကိုလည်း သိရှိလာအောင် အချိန်တစ်ခုယူရပါမယ်။ နိုင်ငံခြားပြန်လုပ်ငန်းအတွေ့အကြုံ
ရှိသူတစ်ယောက်ဟာ ပညာတတ်တစ်ယောက်ဆိုရင်တော့ တစ်ကိုယ်ကောင်ဆန်မှုမရှိသင့်ပါဘူး။ ကိုယ်လက်အောက်က
လူတွေအောင်မြင်တာဟာ ကိုယ်ရဲ့အောင်မြင်မှုလို သဘောထားပြီ လက်တွဲသင်ယူပေးရပါမယ်။ ပညာမာန်မာနထားရင်တော့
လက်အောက်ဝန်ထမ်းတွေဟာ နောက်ကွယ်မှာ မကောင်းပြောကြပါလိမ့်မယ်။ ကိုယ်သိတဲ့ နိုင်ငံခြားပြန်အတွေ့အကြုံတွေ
ပြန်လည်မျှဝေပေးရပါမယ်။ Top Management ပိုင်းမှာ ယူထားတဲ့သူဆိုရင်တော့ စီမံခန့်ခွဲ့မှုအပိုင်းရော
လုပ်ငန်းအတွေ့အကြုံပါ ကောင်းမွန်ရပါမယ်။
Sunday, June 19, 2016
" Potential Leader "
အလားအလာရှိတဲ့ ခေါင်းဆောင်း
လက်ရှိအဖွဲ့အစည်းမှာ Middle level manager အဖြစ် အလုပ်လုပ်ခဲ့တဲ့ ဒီတစ်နှစ်ခွဲကာလအတွင်း အကြီးမားဆုံးအခက်အခဲက ဘာလဲဆိုရင် Front line manager တွေကို ဘယ်လိုမျိုး စွမ်းဆောင်ရည်မြှင့်ပေးရမလဲ ဆိုတာပါပဲ။ သူတို့ တော်ရင်တော်သလောက် လုပ်ငန်းတွေ သိသိသာသာ အောင်မြင်လာတတ်ကြတာမို့ အင်မတန်အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုလည်း ဖြစ်ပါတယ်။ ကျွန်တော်လို ဒေသလေးတစ်ခုလောက် တာဝန်ယူရသူတောင် ဒီလောက်ဆိုရင် တစ်နိုင်ငံလုံးကို ဦးဆောင်ရသူဆို ဘယ်လိုများနေမလဲ။ တကယ်တော်တဲ့ မန်နေဂျာတစ်ယောက်ကို တွေ့ပြီဆို လုပ်ငန်းရှင်တွေဟာ လက်လွတ်မခံနိုင်ကြလို့ လစာကောင်းကောင်းပေးဖို့ လက်မတွန့်ကြဘူး ဆိုပြီး လုပ်ငန်းရှင်တစ်ယောက် ရေးဖူးတာလေး သွားသတိရမိပါတယ်။
ခုလို နိုင်ငံခြားရင်းနှီးမြှပ်နှံမှုတွေ ပိုဝင်လာတော့မယ်၊ အလုပ်အကိုင်အခွင့်အလမ်းတွေ ပိုများလာတော့မယ့် အချိန်မျိုးမှာဆို ကိုယ့်မှာသာ ခေါင်းဆောင်မှုအတွေ့အကြုံနဲ့ အရည်အချင်းတွေ ကောင်းကောင်းရှိထားရင် သူများထက် ခေါင်းတစ်လုံးသာနေမှာ အမှန်ပါပဲ။
ဒါဖြင့် အလားအလာရှိတဲ့ခေါင်းဆောင် (Potential Leader) တစ်ယောက်မှာ ဘယ်လိုအရည်အသွေးတွေ ရှိနေဖို့ လိုမလဲ
လက်ရှိအဖွဲ့အစည်းမှာ Middle level manager အဖြစ် အလုပ်လုပ်ခဲ့တဲ့ ဒီတစ်နှစ်ခွဲကာလအတွင်း အကြီးမားဆုံးအခက်အခဲက ဘာလဲဆိုရင် Front line manager တွေကို ဘယ်လိုမျိုး စွမ်းဆောင်ရည်မြှင့်ပေးရမလဲ ဆိုတာပါပဲ။ သူတို့ တော်ရင်တော်သလောက် လုပ်ငန်းတွေ သိသိသာသာ အောင်မြင်လာတတ်ကြတာမို့ အင်မတန်အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုလည်း ဖြစ်ပါတယ်။ ကျွန်တော်လို ဒေသလေးတစ်ခုလောက် တာဝန်ယူရသူတောင် ဒီလောက်ဆိုရင် တစ်နိုင်ငံလုံးကို ဦးဆောင်ရသူဆို ဘယ်လိုများနေမလဲ။ တကယ်တော်တဲ့ မန်နေဂျာတစ်ယောက်ကို တွေ့ပြီဆို လုပ်ငန်းရှင်တွေဟာ လက်လွတ်မခံနိုင်ကြလို့ လစာကောင်းကောင်းပေးဖို့ လက်မတွန့်ကြဘူး ဆိုပြီး လုပ်ငန်းရှင်တစ်ယောက် ရေးဖူးတာလေး သွားသတိရမိပါတယ်။
ခုလို နိုင်ငံခြားရင်းနှီးမြှပ်နှံမှုတွေ ပိုဝင်လာတော့မယ်၊ အလုပ်အကိုင်အခွင့်အလမ်းတွေ ပိုများလာတော့မယ့် အချိန်မျိုးမှာဆို ကိုယ့်မှာသာ ခေါင်းဆောင်မှုအတွေ့အကြုံနဲ့ အရည်အချင်းတွေ ကောင်းကောင်းရှိထားရင် သူများထက် ခေါင်းတစ်လုံးသာနေမှာ အမှန်ပါပဲ။
ဒါဖြင့် အလားအလာရှိတဲ့ခေါင်းဆောင် (Potential Leader) တစ်ယောက်မှာ ဘယ်လိုအရည်အသွေးတွေ ရှိနေဖို့ လိုမလဲ
Saturday, April 9, 2016
ရင်ခုန်မိတာ ..... လား?
လူဆိုတာ
စားဝတ်နေရေးအတွက်အလုပ်လုပ်ကြရတယ်။ အလုပ်တစ်ခုရှိမှလဲ လူတန်ဖိုးရှိမယ်။ ဒါဆို အလုပ်လုပ်နေကြတာလူတွေ
အထူးသဖြင့် လခစား ၀န်ထမ်းတွေပေါ့ အလုပ်မှာ တစ်နေ့တာ ဘယ်လိုကုန်ဆုံးကြလဲ?
အလုပ်ချိန်
မနက် ၉နာရီ - ညနေ ၅ နာရီ အထိဆိုပါစို့။ အဲဒီအချိန်အတောအတွင်းမှာ မိမိရဲ့ ပညာဖြင့်
(သို့) ကျွမ်းကျင်မှုဖြင့် အလုပ်အတွက် Result တစ်ခုထွက်ရဲ့လားဆိုတာ သိဖို့လိုတယ်။ အလုပ်ဆိုတာ Result ရှိရတယ်။ လုပ်တော့လုပ်နေတာပဲ
Result မရှိရင် အလုပ်လုပ်တာနဲ့ မတူတော့ဘူး။ အလုပ် “လုတ်”နေရုံသာဖြစ်တယ်။
လုပ်တော့
ဟဲ့.. လုပ်တော့နော် ဟဲ့..ဟဲ့ .. "ဟဲ့" ဆိုတာ ခိုင်းစေနေရတဲ့ စကားလုံးဖြစ်တယ်။
တစ်နေ့တာမှာ ခိုင်းမှာလုပ်တာလား? မခိုင်းဘဲလုပ်တာ လား? လူတိုင်း တစ်နေ့တာမှာ
၂၄ နာရီ ပိုင်ဆိုင်ကြတယ်။ ကိုယ်ပိုင်အချိန် ၈ နာရီကို ကျွန်တော်တို့တွေဟာ သူတစ်ပါးကို
ပေးထားရတယ်။ အဲပေးထားရတဲ့အချိန် ၈နာရီဟာ တကယ်ကော ရတဲ့ လစာနဲ့ ထိုက်တန်ရဲ့လား?
Reslut ထွက်ရဲ့လား? အလုပ်ဆိုတာ လေ့လာသင်ယူလို့ အကောင်းဆုံး နေရာတစ်ခုလို့ သတ်မှတ်လိုက်ရင်
အလုပ်လုပ်နေတဲ့လို့တောင် ထင်မိမှာမဟုတ်ဘူး။ အလုပ်လုပ်တာ ရင်ခုန်ဖို့လိုတယ်၊
Professional ဆန်ဖို့လိုတယ်။ ငါကို လစာက ဒီလောက်ပေးထားတာ ဒီလောက်နဲ့ တန်အောင်ပဲလုပ်မယ်
ဆိုတာမျိုးတွေ ၀န်ထမ်းစိတ်ထဲမှာရှိကြပါတယ်။ ဒါကြောင့်တစ်နေ့တာ အလုပ်မှာ ကိုယ့်အတွက်
သူ့အတွက် ဘာအကျိုးရှိသွားစေလဲဆိုတာ Result ပဲ။ ၀န်ထမ်းဆိုတဲ့အတွက် အလုပ်ဝန်တွေကို ထမ်းတဲ့သူပေါ့.
တစ်နေ့လာ ဒီအလုပ်လုပ်တယ်. နောက်တစ်နေ့လာ ဒီအလုပ်လုပ်တယ်။ ဒါနဲ့ပဲ ကိုယ်အလုပ်လေးထဲမှာပဲ
ဒီလောက်နဲ့ ကျေနပ်နေကြတယ်။ ခုခေတ်က Idea ခေတ်ဖြစ်နေပြီ။ ခုချိန်ဟာ Business မှာရော
Staff Life မှာရော သူတစ်လှမ်းလှမ်းနေရင် ကိုယ်က ဘယ်နှစ်လှမ်း ကျော်လှမ်းမယ်ဆိုတာမျိုးတွေ
ဖြစ်လာပြီ။ ယှဉ်ပြိုင်မှုတွေ များလာပြီ။ ဒါဆို Innovation မရှိ၊ Challenging မရှိ၊
Vission မရှိနဲ့ဆိုရင် ပြိုင်ဖက်ကို ဘယ်လိုပြိုင်မလဲ?
Friday, November 27, 2015
ကမ္ဘာပေါ်မှာ ဗြိတိန်လုံးဝ မသိမ်းပိုက်ဖူးတဲ့ နိုင်ငံ ၂၂ နိုင်ငံ
ယနေ့စစ်အင်အားကြီးပါတယ်ဆိုတဲ့ အမေရိကန်၊ တရုတ်၊ ရုရှား၊ ပြင်သစ် အစရှိတဲ့ နိုင်ငံများကိုတောင် သိမ်းပိုက်ခဲ့ဖူးပါတယ်။ သူ မသိမ်းပိုက်ဖူးတဲ့ နိုင်ငံ ၂၂ နိုင်ငံများကတော့ -
Andorra (အင်ဒိုရာ) - ဥရာပတွင် နံပါတ်၆ အသေးဆုံး နိုင်ငံ
Belarus (ဘီလာရုစ်) - ဥရောပအရှေ့ပိုင်းကုန်းတွင်းပိတ် နိုင်ငံ
Bolivia (ဘိုလီဗီးယား) - တောင်အမေရိကအလယ်ပိုင်းရှိ နိုင်ငံ
Burundi (ဘူရန်ဒီ) - အာဖရိကတိုက် အရှေ့ပိုင်းရှိ ကုန်းတွင်းပိတ်နိုင်ငံ
Central African Republic - ဗဟိုအာဖရိက သမ္မတ နိုင်ငံ
Chad (ချက်ဒ် သမ္မတနိုင်ငံ) - အာဖရိတိုက်အလယ်ပိုင်းရှိ ကုန်းတွင်းပိတ်နိုင်ငံ
Congo (ကွန်ဂို) - အာဖရိကတိုက် အလယ်ပိုင်းရှိနိုင်ငံ
Sunday, July 19, 2015
အရေးကြီးတာ အရင်လုပ်ပါ
တစ်ခါတုန်းက ဒသနိကဗေဒ ပါမောက္ခတစ်ယောက် က အတန်းမစခင်မှာ စားပွဲပေါ်မှာ ပစ္စည်း ပစ္စယ တချို့ တင်ပြီးတော့ ရပ်နေပါတယ် … ။
အတန်းလည်းစရော … ဘာမပြောညာမပြော နဲ့ ခရား အလွတ်တစ်ခု ကို ယူပြီးတော့ ကျောက်ခဲတွေ ထည့်လိုက်ပါတယ်။
ပြီးတော့မှ “ဒီ ခရားက ပြည့်နေပြီလား” လို့ ကျောင်းသားတွေကို မေးလိုက်ပါတယ် … ကျောင်းသား တွေကလည်း “ပြည့်နေပါပြီ” လို့ ဖြေကြပါတယ် … ။
ပြီးတော့မှ “ဒီ ခရားက ပြည့်နေပြီလား” လို့ ကျောင်းသားတွေကို မေးလိုက်ပါတယ် … ကျောင်းသား တွေကလည်း “ပြည့်နေပါပြီ” လို့ ဖြေကြပါတယ် … ။
အဲဒါနဲ့ ပါမောက္ခကြီးက ကျောက်စရစ်ခဲလေးတွေ ကောက်ပြီးတာ့ ခရားထဲကို လောင်းထည့် လိုက်ပါတယ် … ။ ခရားကို ဖြည်းဖြည်းခြင်း လှုပ်ပြီးတော့ ဆက်ထည့်ပါတယ် … ။ ကျောက်စရစ်ခဲလေး တွေက ပထမ ထည့်ထားတဲ့ ကျောက်ခဲတွေကြားက နေရာလွတ်လေးတွေကို … ရသလောက် နေရာဝင်ယူ ကြပါတယ်။
ပါမောက္ခကြီးက ကျောင်းသားတွေကို “ဒီ ခရားက ပြည့်နေပြီလား” လို့ ဆက်မေးပြန်ပါတယ် … ။
ကျောင်းသားတွေကလည်း “ပြည့်နေပါပြီ” လို့ ထပ်ဖြေကြပြန်ပါတယ် … ။
ဆက်ပြီးတော့ ပါမောက္ခကြီးက သဲတစ်ဗူးကို ယူပြီးတော့ ခရားထဲကို လောင်းထည့်ပြန်ပါတယ် … ။ သဲတွေကလည်း ခရားထဲမှာရှိတဲ့ နေရာလွတ်မှန်သမျှ နေရာဝင်ယူလိုက်ပါတယ် … ။
နောက်ထပ်တစ်ကြိမ် ဆက်ပြီးတော့ ပါမောက္ခကြီးက “ခရားက ပြည့်ပြီလား” မေးပြန်ပါတယ် … ။
ကျောင်းသားများကလည်း “ဟုတ်ကဲ့ပါ” လို့ တစ်ညီတစ်ညွတ်တည်း ဖြေကြပါတယ် …. ။
သင့်ကို တကယ် အလေးအနက်ထားသူ
သင့်ကို တကယ် အလေးအနက်ထားသူဟာ...
သင်နဲ့ စကားပြောတဲ့အခါ...
ဝတ္တရားကျေရုံ မပြောဘူး....
သင်နဲ့ စကားပြောတဲ့အခါ...
ဝတ္တရားကျေရုံ မပြောဘူး....
သင့်ကို တကယ် အလေးအနက်ထားသူဟာ...
သင်နဲ့ တွေ့ဆုံတဲ့အခါ...
ပြောစရာ စကားကို မရမက ရှာပြီး... စိတ်ဝင်စားအောင် ပြောတတ်တယ်....
သင်နဲ့ တွေ့ဆုံတဲ့အခါ...
ပြောစရာ စကားကို မရမက ရှာပြီး... စိတ်ဝင်စားအောင် ပြောတတ်တယ်....
သင့်ကို တကယ် အလေးအနက်ထားသူဟာ...
သင် ချမ်းတဲ့အခါ...
ချက်ချင်းပဲ အလျင်အမြန် သူ့အနွေးထည်ကို ချွတ်ပေးပြီး သင့်ကို ၀တ်ပေးတယ်...
သူ့မှာတော့ မချမ်းတဲ့ အမူအရာနဲ့ပေါ့...
သင် ချမ်းတဲ့အခါ...
ချက်ချင်းပဲ အလျင်အမြန် သူ့အနွေးထည်ကို ချွတ်ပေးပြီး သင့်ကို ၀တ်ပေးတယ်...
သူ့မှာတော့ မချမ်းတဲ့ အမူအရာနဲ့ပေါ့...
သင့်ကို တကယ် အလေးအနက်ထားသူဟာ...
သင့်ဆီက ဘာ သတင်းမှ မကြားရတဲ့အခါ....
သင့်ကို မရမက ဖုန်းဆက်ပြီး မေးလေ့ရှိတယ်...
သင့်ဆီက ဘာ သတင်းမှ မကြားရတဲ့အခါ....
သင့်ကို မရမက ဖုန်းဆက်ပြီး မေးလေ့ရှိတယ်...
သင့်ကို တကယ် အလေးအနက်ထားသူဟာ...
သင် နေမကောင်းတဲ့အခါ...
သင့်ကို စိတ်ပူပန်ပြီး... အမြဲနှစ်သိမ့်အားပေးတတ်တယ်...
သင် နေမကောင်းတဲ့အခါ...
သင့်ကို စိတ်ပူပန်ပြီး... အမြဲနှစ်သိမ့်အားပေးတတ်တယ်...
သင့်ကို တကယ် အလေးအနက်ထားသူဟာ...
သူမဟုတ်တဲ့ တခြား တစ်ယောက်နဲ့  အနေနီးစပ်လွန်းတဲ့အခါ...
သ၀န်တိုပြီး ကလေးတစ်ယောက်လို ဒေါသဖြစ်နေတတ်တယ်...
သူမဟုတ်တဲ့ တခြား တစ်ယောက်နဲ့  အနေနီးစပ်လွန်းတဲ့အခါ...
သ၀န်တိုပြီး ကလေးတစ်ယောက်လို ဒေါသဖြစ်နေတတ်တယ်...
သင့်ကို တကယ် အလေးအနက်ထားသူဟာ...
သင်နဲ့ စိတ်ဆိုးတဲ့အခါ....
သူ့ဘက်က မှားသည်ဖြစ်စေ...မှန်သည်ဖြစ်စေ....
ဒေါသကို လျော့ပြီး သူက အရင် တောင်းပန်လေ့ရှိတယ်...
သင်နဲ့ စိတ်ဆိုးတဲ့အခါ....
သူ့ဘက်က မှားသည်ဖြစ်စေ...မှန်သည်ဖြစ်စေ....
ဒေါသကို လျော့ပြီး သူက အရင် တောင်းပန်လေ့ရှိတယ်...
သင့်ကို တကယ် အလေးအနက်ထားသူဟာ...
သင့်ရှေ့မှာ သူဟာ ကလေးဆန်ဆန် ပြုမူနေထိုင်တတ်ပေမဲ့...
သူ့စိတ်ထဲမှာတော့... သင့်ကို အမြဲလိုလို ကလေးလို သဘောထားတတ်တယ်....
သင့်ရှေ့မှာ သူဟာ ကလေးဆန်ဆန် ပြုမူနေထိုင်တတ်ပေမဲ့...
သူ့စိတ်ထဲမှာတော့... သင့်ကို အမြဲလိုလို ကလေးလို သဘောထားတတ်တယ်....
သင့်ကို တကယ် အလေးအနက်ထားသူဟာ...
သင့်ကို နေ့တိုင်း သတိရနေတတ်တယ်....
စကားလုံးတွေနဲ့ ပြောဆိုခွင့်မရှိသည့်တိုင်... သင့်ကို သတိရကြောင်း တစ်နည်းနည်းနဲ့ ပြသတတ်တယ်....
သင့်ကို နေ့တိုင်း သတိရနေတတ်တယ်....
စကားလုံးတွေနဲ့ ပြောဆိုခွင့်မရှိသည့်တိုင်... သင့်ကို သတိရကြောင်း တစ်နည်းနည်းနဲ့ ပြသတတ်တယ်....
သင့်ကို တကယ် အလေးအနက်ထားသူဟာ...
သူ ဘာကိစ္စပဲရှိရှိ သင့်ကို အရင်ဆုံးပြောပြတယ်...
ဘာလို့လဲဆိုတော့ သင် ဂရုစိုက်တာကို လိုချင်လို့ပါ....
သူ ဘာကိစ္စပဲရှိရှိ သင့်ကို အရင်ဆုံးပြောပြတယ်...
ဘာလို့လဲဆိုတော့ သင် ဂရုစိုက်တာကို လိုချင်လို့ပါ....
သင့်ကို တကယ် အလေးအနက်ထားသူဟာ...
လုပ်နိုင်တဲ့ အရာမှန်သမျှကို သင့်အတွက် စိတ်ပါလက်ပါ လုပ်ပေးတတ်တယ်... ဘာကြောင့်လဲ ဆိုတာ မေးလေ့မရှိဘူး....
လုပ်နိုင်တဲ့ အရာမှန်သမျှကို သင့်အတွက် စိတ်ပါလက်ပါ လုပ်ပေးတတ်တယ်... ဘာကြောင့်လဲ ဆိုတာ မေးလေ့မရှိဘူး....
သင့်ကို တကယ် အလေးအနက်ထားသူဟာ...
သံသယ များတတ်တယ်...
ဒါကလဲ သူ သင့်ကို တကယ်ဂရုစိုက်လို့ပါပဲ....
သံသယ များတတ်တယ်...
ဒါကလဲ သူ သင့်ကို တကယ်ဂရုစိုက်လို့ပါပဲ....
သင့်ကို အလေးအနက်ထားချစ်တဲ့သူဟာ....
သင့်ကို ဂရုစိုက်ဆုံး သူပါပဲ....
သင့်ကို ဂရုစိုက်ဆုံး သူပါပဲ....
သူက.....
သင့်ရဲ့ ပျော်ရွှင်မှုကို ဂရုစိုက်တယ်...
သင့်ရဲ့ သောကတွေကို အလေးထားတယ်...
သင့်ရဲ့ စိတ်ချမ်းသာမှုတွေကို တန်ဖိုးထားတယ်...
သင့်ရဲ့ မျက်ရည်တွေကို ခြောက်ခမ်းစေတယ်...
သင့်ရဲ့ ဒဏ်ရာတွေကို ကုစားပေးတယ်...
သင့်ရဲ့ စကားလုံးတိုင်းကို အလေးအနက်ထားတယ်...
သင့်ရဲ့ လှုပ်ရှားမှုတိုင်းကို သတိထားမိတယ်...
ပြီးတော့ သူ့ရဲ့ ဒဏ်ရာတွေကို သင် မရိပ်မိစေဖို့ပေါ့....
သင့်ရဲ့ ပျော်ရွှင်မှုကို ဂရုစိုက်တယ်...
သင့်ရဲ့ သောကတွေကို အလေးထားတယ်...
သင့်ရဲ့ စိတ်ချမ်းသာမှုတွေကို တန်ဖိုးထားတယ်...
သင့်ရဲ့ မျက်ရည်တွေကို ခြောက်ခမ်းစေတယ်...
သင့်ရဲ့ ဒဏ်ရာတွေကို ကုစားပေးတယ်...
သင့်ရဲ့ စကားလုံးတိုင်းကို အလေးအနက်ထားတယ်...
သင့်ရဲ့ လှုပ်ရှားမှုတိုင်းကို သတိထားမိတယ်...
ပြီးတော့ သူ့ရဲ့ ဒဏ်ရာတွေကို သင် မရိပ်မိစေဖို့ပေါ့....
Credit to Hla Htay Oo
Subscribe to:
Posts (Atom)






