Tuesday, January 13, 2015
Confidence ကျနေလား?
ကျွန်တော်တို့တွေဟာ ငယ်ငယ်လေးထဲက confidenceကျဆုံးဖို့အကြောင်းရင်းများစွာရှိခဲ့ပါတယ်။ ဥပမာ ငယ်ငယ်က
သီချင်းမဆိုတတ်ဆိုတတ်နဲ့ဆိုခဲ့တယ်။အဲဒိအချိန်မှာမိဘတွေ၊ဆွေမျိုးတွေ၊သူငယ်ချင်းတွေရဲ့“မင်းအသံကဆိုးလိုက်တာကွာ” ဆိုတဲ့နောက်ပြောင်တဲ့စကားလုံးများဟာ ငယ်ငယ်ရွယ်ရွယ်အသဲနုနုပေါ်မှာ tattoo အထိုးခံလိုက်ရပါတယ်။အကျိုးဆက် အနေနဲ့ နောက်ဘယ်တော့မှာသီချင်းမဆိုချင်တော့ပါဘူး။ သီချင်းဆိုတိုင်း ယုံကြည်မှုမရှိသလိုခံစားရပါတယ်။ ဒါဟာ ဥပမာတစ်ခုပဲဖြစ်ပြီးအခြားအရာများစွာရှိပါသေးတယ်။ “မင်းဖြစ်မှာမဟုတ်ပါဘူးကွာ” “မင်းလုပ်နိုင်မှာမဟုတ်ပါဘူးကွာ”
ဆိုတဲ့စကားတွေအောက်မှာ ကျွန်တော်တို့ရဲ့မရှိမဲ့ရှိမဲ့ယုံကြည်မှုလေးတွေ ပျောက်ဆုံးခဲ့ရတယ်။
အမေရိကားမှာက ကလေးတွေကိုငယ်ငယ်ကတည်းကကိုယ့်ကိုကို ယုံကြည်မှုရှိအောင်လုပ်ပေးကြပါတယ်။ သူတို့သားသမီး
ငယ်ငယ်လေးထဲကသီချင်းဆိုတာဝါသနာပါတယ်ထင်ရင်အသံဘယ်လောက်ဆိုးဆိုးအားပေးတယ်။ပြီးတော့သားသမီးတွေ
ရဲ့ရည်မှန်းချက်ဖြစ်မြောက်အောင် Vocal trainingတွေပို့ပေးတယ်။ “America’s got talent” ဆိုတဲ့အစီအစဉ်ကို
ကြည့်ဖူးကြပါသလား?
Monday, December 15, 2014
®ဦးဖီးလစ်မောင်၏ဟောပြောချက် ®
မင်္ဂလာပါ....
ပထမဦးစွာ
ပြောကြားလိုတာကတော့ ကျွန်တော့်ရဲ့ Story of lifeပါ...ကျွန်တော်က ငယ်စဉ်ကအရမ်းဆင်းရဲပါတယ်။
ဒါကလည်းကျွန်တော့်ဘ၀အတွက် အကောင်းဆုံး တွန်းအားတစ်ခုဖြစ်လာတာပါပဲ။ ကျွန်တော်အမေရိကန်ကို
စထွက်တော့ 1987ခုနှစ်မှာပါ ဘွဲမရသေးပါဘူး။ လက်ထဲမှာပါတာဆိုလို့ အဲခေတ်က 13 ဒေါ်လာလောက်ပဲပါ
ပါတယ်။ ကျွန်တော် California ရောက်ပြီးအလုပ်လုပ်ပါတယ်။ နောက်ကျွန်တော်လုပ်တဲ့အလုပ်က
တစ်သက်လုံးလုပ်ဖို့ မဖြစ်သေးဘူးဆိုပြီး ကိုယ်ပိုင်အလုပ်စလုပ်ဖို ဆုဲံ့ဖတ်လိုက်ပါတယ်။
အဲ့အချိန်တုန်းက California မှာ ဆူရှီဆိုင်တွေ စခေတ်စားခါစ။ ကျွန်တော်ကလည်း ၀ါသနာပါတယ်ဆိုတော့
အစားအသောက်လိုင်းကို ရွေးချယ်မိတယ်။ လေ့လာတယ်။ဒေသတစ်ခုလုံးပတ်ပြီး နောက်ဆုံး မီးဖိုချောင်လေးကနေ
ကျွန်တော့်ရဲ့ဆူရှီဆိုင်လေးကို အစပျိုးခဲ့ပါတယ်။ အခုတော့ ပြည်နယ်အနှံ့မှာ ဆိုင်ခွဲပေါင်း
၁ထောင်နီးပါးရှိနေပါပြီ။ Franchise ပေးထားတာပေါ့...။
ကျွန်တော် အစပိုင်းကအလုပ်လုပ်တာ ငွေရဖို့ပဲသိခဲ့တာပါ။
နောက်ပိုင်း အလုပ်လုပ်ရတာ မပျော်ဘူးဖြစ်လာတယ်။ ငွေက၀င်နေပေမယ့် အောင်မြင်တယ်လို့မခံစားရဘူးလေ။
နောက်ပိုင်းမှ ၁၀နှစ်ကျော်လောက်ရှိမယ် စာအုပ်လေးတစ်ခုကိုဖတ်မိပြီး သဘောတွေ့သွားတယ်။
ကုမ္ပဏီ နှစ်မျိုးရှိပါတယ်...ကောင်းတဲ့ကုမ္ပဏီနဲ့ ကြီးကျယ်မြင့်မြတ်သော ကုမ္ပဏီ ပေါ့...။
ကောင်းတာက ၀င်ငွေတိုးတက်မှုရှိနေပြီး အမြတ်အစွန်းများများရနေတဲ့ ကုမ္ပဏီပေါ့။ နောက်တစ်ခုက
ကြီးကျယ်မြင့်မြတ်သောကုမ္ပဏီ ...သူကျတော့ ငွေကြေးတစ်ခုတည်းတင်မကတော့ပါဘူး.. ၀န်ထမ်းတွေရဲ့ဘ၀နဲ့
ကုမ္ပဏီယဉ်ကျေးမှုတွေပါ ပါဝင်လာပါတယ်။
အလုပ်စလုပ်မယ်ဆိုရင် 3Pကို မေ့ထားလို့မရပါဘူး။
1.Pacsion
နှစ်ခြိုက်မှု
2.Purpose
ရည်ရွယ်ချက်
3.
Profit အမြတ်ပါပဲ။
ဆိလြိုတာက မိမိအလုပ်ကို နှစ်ခြိုက်မှုရှိရမယ်။ စိတ်မ၀င်စားဘဲလုပ်နေရင်တော့
ဘာမှထူးလာမှမဟုတ်ဘူးလေ။ Purpose အနေနဲ့ကတော့ တိကျတဲ့ရည်ရွချက်ရှိရ်ယ်။ ငွေကြေးတစ်ခုတည်းမကတဲ့ရည်ရွယ်ချက်ပေါ့။
ကိုယ်အောင်မြင်လာရင် ကိုယ့်ပတ်ဝန်းကျင်ကို ဘယ်လိုထောက်ပံ့ပေးမလဲဆိုတာမျိုး။ဒါမှရှင်သန်ရတာ
အဓိပ္ပါယ်ရှိမှာပေါ့။ တကယ်တမ်းအောင်မြင်လာတော့ ရှာဖွေရတာထက် ပေူဆပ်ရတာက ပိုအဓိပ္ပါယ်ရှိတယ်ဆိုတာ
သိလာတယ်။ ဒါကိုအခြေခံ ကြိုးစားမယ်ဆိုရင် နောက်ဆုံးProfitက အလိုလိုရလာမှာပါ...။
နောက်ပိုင်း Leadership နဲ့ပက်သက်ပြီး ကိုယ့်ပတ်ဝန်းကျင်က
လူတွေကိုသုံးသပ်ကြည့်ရမယ်။ ကျွန်တော်ဖတ်ဖူးတာ လူ၅မျိုးရှိတယ်...။
1. ရန်လိုတတ်တဲ့
လူမျိုး
2. အပျက်သဘောမြင်တတ်တဲ့လူမျိုး
3. ငါအတ္တများနေတဲ့လူမျိုး(49%in
American)
4. We...ငါတို့(22%in American)
5. Target (2% in American eg; Iphone)
ကိုယ်နဲ့
ထိတွေ့လိုက်တဲ့လူမျိုးဟာ ဘယ်အမျိုးအစားထဲကလူဆိုတာ သိမှသူ့ကိုဘယ်လို စီမံခန်ခွဲရမလဲဆိုတာ
သိလာမှာဖြစ်ပါတယ်။ HR အပိုင်းထဲရောက်သွား လိမ့်မယ်ထင်ပါတယ်။
Starrbuck အောင်မြင်ရတဲ့ အကြောင်းအရင်း
Starrbuck ကမ္ဘာမှာ အအောင်မြင်ဆုံး ကော်ဖီ ကုမ္ပဏီ ဖြစ်ပြီး နိုင်ငံပေါင်း ၆၅ နိုင်ငံကျော်မှာ ဝန်ထမ်းအင်အား ၁သန်းခွဲကျော် မကနဲ့ လုပ်ငန်း လည်ပတ်လျက် ရှိပါတယ်။ သူ အောင်မြင်ရတဲ့ အကြောင်းအရင်းကို inc.com က စာရေး ဆရာတစ်ဦးဟာ လက်ရှိ Starbuck ရဲ့ စီအီးအို ဖြစ်သူ Howard Schultz ကို မေးမြန်းအင်တာဗျူးခဲ့ ပြီး ယခုလို အကြောင်းချက်များ ထုတ်ပြခဲ့ ပါတယ်။
၁) ရည်မှန်းချက် (Mission) ရှိတယ်.
အလုပ်တစ်ခုကို လုပ်တယ်ဆိုတာ ပိုက်ဆံရလို့ လုပ်နေတာထက်၊ ရည်ရွယ်ချက် တစ်ခုအတွက် လုပ်နေတာက ပိုပြီးတော့ အဓိပ္ပါယ်ရှိ ပါလိမ့်မယ်။ Starbuck ဟာ To inspire and nature the human spirit – one person, one cup and one neighborhood at a time ဆိုတဲ့ Mission ရှိပါတယ်။ ကော်ဖီသောက်ရုံ မဟုတ်ပဲ အနားယူရန်၊ အလုပ်လုပ်ရန် နဲ့ မိတ်ဆွေသစ် တိုးရန် နေရာလေး တစ်ခုအဖြစ် သတ်မှတ်ထား ပါတယ်။
၂) စားသုံးသူတွေကို မေးခွန်းမေးတယ်..
စားသုံးသူတွေ ဘာလိုအပ်လဲ..။ သူတို့တွေကို ဆိုင်ရဲ့ ဘယ်အရာတွေက အမှတ်ရစေသလဲ မေးခွန်းလေးတွေ မေးပါတယ်။ ယင်းသို့ မေးမြန်းမှုက စားသုံးသူကို ဂရိုစိုက်ကြောင်းလည်း ပြသပြီး ရလာတဲ့ အချက်များကို Marketing မှာ ပြန်လည် အသုံးချ ပါတယ်။
၃) စားသုံးသူနဲ့ ဝန်ထမ်းတို့ကို သိရှိခြင်း
ဆိုင်မှာ အမြဲ ဝယ်သောက်သူတွေက ဘယ်သူတွေ၊ အော်ဒါမှာသူတွေက ဘယ်သူတွေ၊ အသစ်တွေက ဘယ်သူတွေ သိနေဖို့ လိုအပ် ပါတယ်။ ဒါမှ မိမိဟာ သူတို့အတွက် သီးသန့် ဖန်တီးပေးတယ် ဆိုတာမျိုး ပြသနိုင်ပြီး ငါ့ အကြိုက်သိနေပါလား ဆိုတဲ့ ခံစားချက်ကို ပေးစွမ်း ပါတယ်။ သူတို့ကို ပျော်ရွှင်စေပါတယ်။ ဒါ့အပြင် ဝန်ထမ်းကိုလည်း သိဖို့ လိုအပ်ပါသေးတယ်။ သင့်ဝန်ထမ်းက စားသုံးသူထံ ဘာသယ်သွားပေမယ့် ဆိုတာ သင်သတိထားမိမှာ မဟုတ်ပါဘူး။ ဒါကြောင့်မို့ မိမိဝန်ထမ်းရဲ့ အားနည်းချက် အားသာချက်များကို သိထားရင် ပိုကောင်းတဲ့ ဝန်ဆောင်မှုမျိုး ရအောင် ဖန်တီးပေးနိုင် ပါတယ်။
Monday, December 1, 2014
SINGAPORE
ü ကျွန်းပေါင်း
၅၈ကျွန်းရှိ
ü ကျွန်း
၂၀ခန့်မှာပဲလူနေ
ü အာဆီယံမှာ
အသေးဆုံးနိုင်ငံ (ဖွံ့ဖြိုးပြီ)
ü ဧရိယာ
စတုရန်းမိုင် ၂၃၈.၅ မိုင်ရှိ (၆၁၈ ကီလိုမီတာ)ကျယ်ဝန်း
ü City
State (မြို့ပြနိုင်ငံ)
ü ၀န်ကြီးချုပ်က
လီကွမ်ယူ (People Action Party ကိုတည်ထောင်)
ü အရင်က
စင်ကာပူရမြို့လို့ခေါ် ၁၂၉၉~၁၃၇၇ မှာပျက်ပြီ အိန္ဒိယမင်းသားတစ်ပါးအုပ်စိုးခဲ့
ü ၁၉၅၇မှာ
မလေးရှားလွတ်လပ်ရေးရ
ü ၁၉၅၉မှာ
မလေးရှားကနေ စင်ကာပူက ခွဲထွက်၍ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ
ü ၁၉၆၃
မှာ မလေးရှားပြည်ထောင်စုမှာ စင်ကာပူပါဝင်
ü လူဦးရေး
၅၃၁၂၄၄၀၀ ရှိ
ü အာရှမှာ
ရေနံချက်လုပ်ငန်း အကြီးဆုံးရှိ
ü Per
income $47200 ရှိ (မြန်မာနဲ့ ၅၈ဆကွာ)
ü ၁၉၆၅
သြဂုတ်မှာ ခွဲထွက်
ü ကုမ္ပဏီလိုင်စင်တင်ရင်
၂ရက်ခွဲပဲကြာ
ü ၁၉၆၇
မှာ စင်ကာပူငွေကို သီခြားငွေအဖြစ်သုံးစွဲ
ü Import
တင်ရင် ၄ရက်ကြာ
ü Export
တင်ရင် ၆ရက်ကြာ
zဖိုးချစ်မှတ်စုများ
Monday, November 17, 2014
ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမတွင် အာဆီယံလူငယ်ခေါင်းဆောင်များနှင့် တွေ့ဆုံပွဲတွင် အိုဘားမားပြောကြားခဲ့သော မိန့်ခွန်း
ကျွန်တော်ဟာ ဒီတိုင်းပြည်ကို လွန်ခဲ့တဲ့ နှစ်နှစ်တုန်းက ပထမဦးဆုံး အမေရိကန်သမ္မ တအဖြစ် ရောက်ရှိခဲ့ပါတယ်။ ကျွန်တော်လာခဲ့ တဲ့အချိန်တုန်းက ကလေးငယ်တွေ၊ ဆိုင်းဘုတ် တွေကိုရမ်းပြီး ကြိုဆိုတာ တွေ့ရပါတယ်။ ဒီ တိုင်းပြည်မှာ ယုံကြည်ချက်မျိုးစုံရှိပါတယ်။
ဘာသာကွဲပြားမှုတွေ တွေ့ရပါတယ်။ ဒီနေ့ ကျွန်တော် အတွင်းဝန်ရုံးကိုသွားတဲ့အခါမှာ မြန်မာပြည်ပြုပြင်ပြောင်းလဲရေးတွေကို စပြီး တွေ့ရပါတယ်။ တရုတ်၊ မူဆလင်၊ အိန္ဒိယ၊ ခရစ်ယာန်၊ ဟိန္ဒူ၊ ဗုဒ္ဓဘာသာ အားလုံးက ငြိမ်းချမ်းချစ်ကြည်စွာ အတူတူရှိနေတာတွေ့ ရပြီး ဒါကြောင့်မို့ ယုံကြည်ချက်များစွာနဲ့အတူ တူ ရှင်သန်ရပ်တည်ချက်များစွာနဲ့ရှိနေလို့ ဝမ်း သာပါတယ်။ ဒီတိုင်းပြည်က တကယ်အလား အလာကောင်းတွေ အများကြီးရှိနေပါတယ်။ ကျွန်တော် ကမ္ဘာအနှံ့ သွားလာတဲ့အခါမှာ ဥရောပ၊ အာဖရိကတိုက်၊ အရှေ့တောင်အာရှ ဒီခရီးတွေသွားတဲ့အခါမှာ အများဆုံးဝမ်းသာ အားရဖြစ်မိတာကတော့ ဒီလိုလူငယ်တွေတွေ့ ရခြင်းဖြစ်ပါတယ်။ ဒီလိုလူငယ်တွေတွေ့ရခြင်း က သိပ်အရေးကြီးပါတယ်။ ဘာကြောင့်လဲဆို တော့ ဒီလူငယ်တွေက တိုင်းပြည်ရဲ့အနာဂတ် ခေါင်းဆောင်တွေဖြစ်တဲ့အတွက်ဖြစ်ပါတယ်။ ဒါကြောင့်မို့ ဒီလူငယ်တွေဆီကနေ မေးခွန်း တွေအများကြီးလိုချင်ပါတယ်။ အမေရိကန် သမ္မတတစ်ယောက်အနေနဲ့ ကျွန်တော်ပြော ချင်တာက ဒီအရှေ့တောင်အာရှမှာရှိတဲ့တိုင်း ပြည်တွေက လူငယ်တွေအများကြီးနဲ့ ကျွန် တော်တို့ တွေ့ချင်ပါတယ်။ အများကြီးအဆက် အသွယ်လုပ်ချင်ပါတယ်။ ကျွန်တော်ရဲ့လူငယ် ဘဝ ကလေးဘဝတွေကို အရှေ့တောင်အာရှ တိုင်းပြည်တွေမှာ ကြီးပြင်းခဲ့ရပါတယ်။ ဒါ ကြောင့်မို့ ဒီဟာက ကျွန်တော့်အတွက်တကယ် ကို ခံစားချက်အစစ်ဖြစ်ပါတယ်။ ဒါကြောင့်မို့ ဒီအရှေ့တောင်အာရှမှာ ကျွန်တော် အများ ကြီးဖြစ်စေလိုပါတယ်။
အချိန်တန်ပြီး လူငယ်တွေ
ရင်ဆိုင်မှု
နိုင်ငံခြားကုမ္ပဏီများဝင်လာရင် ရင်ဆိုင်ကြုံတွေ့နိုင်တဲ့
မြန်မာလုပ်ငန်းရှင်တို့၏ ပြဿနာများမှာ ကျွမ်းကျင်လုပ်သားရှာပါးမှုပင် ဖြစ်သည်။ ဟိုတလောက
နိုင်ငံခြားဘဏ် ၅ ခုကို ပြည်တွင်းမှာ ဖွင့်ခွင့်ပြု လိုက်ပါတယ်။ အဲဒီမှာ ပြည်တွင်းက
တချို့ဘဏ်တွေက မိမိတို့ ၀န်ထမ်းတွေကို သင်တန်းတွေ ပေးဖို့လုပ်လာပါတယ်။နောက်ပြီး မိမိတို့
ဘဏ်တွေကနေ ထွက်သွားမယ့် ကျွမ်းကျင်လုပ်သားတွေ အတွက် ရင်လေးနေရတယ်လို့ သတင်းတစ်ပုဒ်မှာ
ဖတ်လိုက်ရပါတယ်။ဒါတွေဟာ ပြည်တွင်းမှာ ကျွမ်းကျင်လုပ်သား ရှာပါးနေတဲ့အတွက် မိမိတို့ရရှိထားတဲ့
လူကောင်းတွေကို လက်လွတ်မခံချင်လို့ မက်လုံးတွေပေး စာချုပ်တွေ ချုပ်ဆိုလာပါတယ်။
ကျွမ်းကျင်လုပ်သား
လုပ်ငန်းတွေမှာ ဗျုဟာတွေရှိကြပါတယ်။ဗျုဟာတွေ
အကောင်အထည်ဖော်ဖို့ ရည်မှန်းချက်တွေရှိကြတယ်။ အဲဒီ ရည်မှန်းချက်တွေကို အကောင်အထည်ဖော်ဖို့
သက်ဆိုင်ရာ ဌာနတွေမှာ လူစွမ်းအား အရင်းမြစ်တွေ ရှိကြတယ်။ လူစွမ်းအားအရင်းမြစ်ဆိုတာ
လူငယ်တွေပေါ့။အထူးသဖြင့် ကိုယ်လုပ်ကိုင်နေတဲ့ လုပ်ငန်း နယ်ပယ်မှာ ကျွမ်းကျင်သူတွေ ဖြစ်တယ်။
ကျွမ်းကျင်တယ်ဆိုတာ ဒီနယ်ပယ်မှာ နှစ်နဲ့ကြာပြီး လုပ်ကိုင်ခဲ့ရ တာလည်းဖြစ်မယ်၊ ပညာရပ်တစ်ခုကို
ကျွမ်းကျွမ်းကျင်ကျင် တက်မြှောက်ထားတာလည်း ဖြစ်မယ် ။လုပ်ငန်းသဘောကို နားလည်ကြတယ်။ဒီလူတွေကို
ကျွမ်းကျင်လုပ်သားလို့ ခေါ်နိုင်တယ်။
စီမံခန့်ခွဲမှု
ဒီလူတွေ လက်ရှိလုပ်နေတဲ့ လုပ်ငန်းမှာ
လုပ်ငန်းရှင်တွေကို ကျေနပ်ကြရဲ့လား။လုပ်ငန်းရှင်တွေက ခေါင်းပုံဖြတ် နေတာတွေကို ခံနေကြရလား။လူငယ်တွေကို နေရာပေးမှုတွေကော ရှိကြရဲ့လား။ ရာထူးက မပေးနိုင်တော့
လစာ ကများလာမလားလို့ တစ်နှစ်လုံးနေမှ ၂သောင်းတိုးနဲ့ ကောင်းမွန်တဲ့ စီမံခန့်ခွဲမှု မရှိတဲ့
ကုမ္ပဏီတွေ အများကြီးပါ။ ကျွမ်းကျင်လုပ်သားတွေကို ကုမ္ပဏီက ထက်ရှာနေမယ့်အစား လက်ရှိ ကိုယ့်စီမှာ
ရှိနေတဲ့သူတွေကို လုပ်ငန်းအတွက် အသုံးတည့်မယ့် သင်တန်းမျိုးတွေ ပေးတက်သင့်တယ်။ ကုမ္ပဏီရဲ့
ရှေ့ဆက်လုပ်မယ့် အလားလာတွေမှာ သူတို့အတွက် နေရာတွေလုပ်ပေးသင့်တယ်။ စီမံခန့်ခွဲမှုမှာ
အရေးကြီးဆုံးက ခေါင်းဆောင်ပဲ။ ခေါင်းဆောင်ရဲ့ ပြောစကား၊ ခေါင်းဆောင်ရဲ့ အမူအရာတွေဟာ
ဝန်ထမ်းတွေအတွက် အားဆေးပါ။ # ခါင်းဆောင်ကောင်းတွေရှိတဲ့ အရပ်မှာ နောက်လိုက်ကောင်းတွေရှိ
စမြဲပါ။
Tuesday, November 4, 2014
အာဆီယံစီးပွားရေးအသိုက်အဝန်း(အေအီးစီ)ဆိုသည်မှာ
ဆောင်းပါး
ယခုနှစ်ပိုင်းတွင် အေအီးစီဆိုသည့် အသုံးအနှုန်းအား အစိုးရဌာနများ၊ ပုဂ္ဂလိကကဏ္ဍနှင့် တက္ကသိုလ် ကျောင်းသား ကျောင်းသူများအကြား တွင်ကျယ်စွာ ပြောဆိုနေကြသည်။ လွယ်ကူစွာ ပြောဆိုရလျှင် အေအီးစီဟု အတိုကောက်ခေါ်သည့် အာဆီယံ စီးပွားရေးအသိုက်အဝန်း၏ အန္တိမရည်မှန်းချက်မှာ အာဆီယံရည်မှန်းချက် ၂ဝ၂ဝ ပါ စီးပွားရေး ပေါင်းစည်းမှုပင်ဖြစ်သည်။ (၁၂)ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးတွင် ခေါင်းဆောင်ကြီးများ က အာဆီယံမျှော်မှန်းချက် ၂ဝ၂ဝ နှင့် အာဆီယံ ကွန်ကော့-၂ တို့တွင် ရည်မှန်းထားသည့်အတိုင်း အာဆီယံအသိုက်အဝန်းတည်ထောင်မှုကို ရှေးရှု၍ ၂ဝ၁၅ ခုနှစ်တွင် တည်ထောင်ရန် ထပ်မံကတိကဝတ် ပြုခဲ့ပြီး စီဘူးကြေညာချက်ကို လက်မှတ်ရေးထိုးခဲ့သည်။
စီဘူးကြေညာချက်အရ အာဆီယံဒေသကို-
(က) ကုန်စည်များ၊
(ခ) ဝန်ဆောင်မှုများ၊
(ဂ) ရင်းနှီးမြှုပ်နှံမှုနှင့်
(ဃ) ကျွမ်းကျင်လုပ်သားများ
လွတ်လပ်စွာ ရွှေ့ပြောင်းနိုင်ရန်နှင့် ငွေကြေး အရင်းအနှီးများ ပိုမိုလွတ်လပ်စွာ စီးဆင်းနိုင်သည့် ဒေသဖြစ်စေရန် သဘောတူခဲ့သည်။ ဤသည်က အေအီးစီ ၂ဝ၁၅ ပေါ်ပေါက်လာခြင်း၏ အုတ်မြစ်ပင် ဖြစ်သည်။
စီဘူးကြေညာချက်အရ အေအီးစီ ၂ဝ၁၅ သည် မကြာမီကျရောက်တော့မည်ဖြစ်ရာ မိမိတို့ မျှော်မှန်း သည့်အတိုင်း အမှန်တကယ် ဖော်ဆောင်နိုင်ပြီလား၊ အေအီးစီ ၂ဝ၁၅ ဖြစ်လာလျှင် ရရှိနိုင်သည့် အကျိုး ကျေးဇူးက အဘယ်နည်း၊ လက်ရှိကျွန်ုပ်တို့ လုပ်ကိုင် ဆောင်ရွက်နေသည့် စီးပွားရေး၊ ပြည်တွင်းလုပ်ထုံးလုပ်နည်းများသည် သွေဖည်သွားမည်လား၊ အေအီးစီ ၂ဝ၁၅ ဖြစ်လာလျှင် မိမိတို့လို CLM နိုင်ငံများထက် အာဆီယံ+၆ နိုင်ငံများ၊ အာဆီယံ၏ဆွေးနွေးဖက် နိုင်ငံများက ပိုမိုအကျိုးရမည်လားစသည့် မေးခွန်းများသည် ပညာရှင်များ၊ စီးပွားရေးလုပ်ငန်းရှင်ကြီးများအနေဖြင့် သိရှိပြီးသားဖြစ်သော်လည်း သာမန်ပြင်ပရှိပုဂ္ဂိုလ်များအတွက်မူ အစိမ်းသက်သက်ဖြစ်နိုင်ပေသည်။ သို့ဖြစ်ပါ၍ စာရေးသူကိုယ်တိုင်ကပင် စတင် လေ့လာနေဆဲဖြစ်ရာ မိမိသိသလောက်အား ဝါသနာ အတိုင်း မျှဝေရေးသားလိုက်ခြင်း ဖြစ်ပါသည်။
ရှေးဦးစွာ တင်ပြလိုသည်မှာ အာဆီယံစီးပွားရေး အသိုက်အဝန်း၏ သွင်ပြင်လက္ခဏာများပင်ဖြစ်သည်။
ယင်းတို့မှာ-
ယခုနှစ်ပိုင်းတွင် အေအီးစီဆိုသည့် အသုံးအနှုန်းအား အစိုးရဌာနများ၊ ပုဂ္ဂလိကကဏ္ဍနှင့် တက္ကသိုလ် ကျောင်းသား ကျောင်းသူများအကြား တွင်ကျယ်စွာ ပြောဆိုနေကြသည်။ လွယ်ကူစွာ ပြောဆိုရလျှင် အေအီးစီဟု အတိုကောက်ခေါ်သည့် အာဆီယံ စီးပွားရေးအသိုက်အဝန်း၏ အန္တိမရည်မှန်းချက်မှာ အာဆီယံရည်မှန်းချက် ၂ဝ၂ဝ ပါ စီးပွားရေး ပေါင်းစည်းမှုပင်ဖြစ်သည်။ (၁၂)ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးတွင် ခေါင်းဆောင်ကြီးများ က အာဆီယံမျှော်မှန်းချက် ၂ဝ၂ဝ နှင့် အာဆီယံ ကွန်ကော့-၂ တို့တွင် ရည်မှန်းထားသည့်အတိုင်း အာဆီယံအသိုက်အဝန်းတည်ထောင်မှုကို ရှေးရှု၍ ၂ဝ၁၅ ခုနှစ်တွင် တည်ထောင်ရန် ထပ်မံကတိကဝတ် ပြုခဲ့ပြီး စီဘူးကြေညာချက်ကို လက်မှတ်ရေးထိုးခဲ့သည်။
စီဘူးကြေညာချက်အရ အာဆီယံဒေသကို-
(က) ကုန်စည်များ၊
(ခ) ဝန်ဆောင်မှုများ၊
(ဂ) ရင်းနှီးမြှုပ်နှံမှုနှင့်
(ဃ) ကျွမ်းကျင်လုပ်သားများ
လွတ်လပ်စွာ ရွှေ့ပြောင်းနိုင်ရန်နှင့် ငွေကြေး အရင်းအနှီးများ ပိုမိုလွတ်လပ်စွာ စီးဆင်းနိုင်သည့် ဒေသဖြစ်စေရန် သဘောတူခဲ့သည်။ ဤသည်က အေအီးစီ ၂ဝ၁၅ ပေါ်ပေါက်လာခြင်း၏ အုတ်မြစ်ပင် ဖြစ်သည်။
စီဘူးကြေညာချက်အရ အေအီးစီ ၂ဝ၁၅ သည် မကြာမီကျရောက်တော့မည်ဖြစ်ရာ မိမိတို့ မျှော်မှန်း သည့်အတိုင်း အမှန်တကယ် ဖော်ဆောင်နိုင်ပြီလား၊ အေအီးစီ ၂ဝ၁၅ ဖြစ်လာလျှင် ရရှိနိုင်သည့် အကျိုး ကျေးဇူးက အဘယ်နည်း၊ လက်ရှိကျွန်ုပ်တို့ လုပ်ကိုင် ဆောင်ရွက်နေသည့် စီးပွားရေး၊ ပြည်တွင်းလုပ်ထုံးလုပ်နည်းများသည် သွေဖည်သွားမည်လား၊ အေအီးစီ ၂ဝ၁၅ ဖြစ်လာလျှင် မိမိတို့လို CLM နိုင်ငံများထက် အာဆီယံ+၆ နိုင်ငံများ၊ အာဆီယံ၏ဆွေးနွေးဖက် နိုင်ငံများက ပိုမိုအကျိုးရမည်လားစသည့် မေးခွန်းများသည် ပညာရှင်များ၊ စီးပွားရေးလုပ်ငန်းရှင်ကြီးများအနေဖြင့် သိရှိပြီးသားဖြစ်သော်လည်း သာမန်ပြင်ပရှိပုဂ္ဂိုလ်များအတွက်မူ အစိမ်းသက်သက်ဖြစ်နိုင်ပေသည်။ သို့ဖြစ်ပါ၍ စာရေးသူကိုယ်တိုင်ကပင် စတင် လေ့လာနေဆဲဖြစ်ရာ မိမိသိသလောက်အား ဝါသနာ အတိုင်း မျှဝေရေးသားလိုက်ခြင်း ဖြစ်ပါသည်။
ရှေးဦးစွာ တင်ပြလိုသည်မှာ အာဆီယံစီးပွားရေး အသိုက်အဝန်း၏ သွင်ပြင်လက္ခဏာများပင်ဖြစ်သည်။
ယင်းတို့မှာ-
Subscribe to:
Posts (Atom)





