ရင်ဆိုင်မှု
နိုင်ငံခြားကုမ္ပဏီများဝင်လာရင် ရင်ဆိုင်ကြုံတွေ့နိုင်တဲ့
မြန်မာလုပ်ငန်းရှင်တို့၏ ပြဿနာများမှာ ကျွမ်းကျင်လုပ်သားရှာပါးမှုပင် ဖြစ်သည်။ ဟိုတလောက
နိုင်ငံခြားဘဏ် ၅ ခုကို ပြည်တွင်းမှာ ဖွင့်ခွင့်ပြု လိုက်ပါတယ်။ အဲဒီမှာ ပြည်တွင်းက
တချို့ဘဏ်တွေက မိမိတို့ ၀န်ထမ်းတွေကို သင်တန်းတွေ ပေးဖို့လုပ်လာပါတယ်။နောက်ပြီး မိမိတို့
ဘဏ်တွေကနေ ထွက်သွားမယ့် ကျွမ်းကျင်လုပ်သားတွေ အတွက် ရင်လေးနေရတယ်လို့ သတင်းတစ်ပုဒ်မှာ
ဖတ်လိုက်ရပါတယ်။ဒါတွေဟာ ပြည်တွင်းမှာ ကျွမ်းကျင်လုပ်သား ရှာပါးနေတဲ့အတွက် မိမိတို့ရရှိထားတဲ့
လူကောင်းတွေကို လက်လွတ်မခံချင်လို့ မက်လုံးတွေပေး စာချုပ်တွေ ချုပ်ဆိုလာပါတယ်။
ကျွမ်းကျင်လုပ်သား
လုပ်ငန်းတွေမှာ ဗျုဟာတွေရှိကြပါတယ်။ဗျုဟာတွေ
အကောင်အထည်ဖော်ဖို့ ရည်မှန်းချက်တွေရှိကြတယ်။ အဲဒီ ရည်မှန်းချက်တွေကို အကောင်အထည်ဖော်ဖို့
သက်ဆိုင်ရာ ဌာနတွေမှာ လူစွမ်းအား အရင်းမြစ်တွေ ရှိကြတယ်။ လူစွမ်းအားအရင်းမြစ်ဆိုတာ
လူငယ်တွေပေါ့။အထူးသဖြင့် ကိုယ်လုပ်ကိုင်နေတဲ့ လုပ်ငန်း နယ်ပယ်မှာ ကျွမ်းကျင်သူတွေ ဖြစ်တယ်။
ကျွမ်းကျင်တယ်ဆိုတာ ဒီနယ်ပယ်မှာ နှစ်နဲ့ကြာပြီး လုပ်ကိုင်ခဲ့ရ တာလည်းဖြစ်မယ်၊ ပညာရပ်တစ်ခုကို
ကျွမ်းကျွမ်းကျင်ကျင် တက်မြှောက်ထားတာလည်း ဖြစ်မယ် ။လုပ်ငန်းသဘောကို နားလည်ကြတယ်။ဒီလူတွေကို
ကျွမ်းကျင်လုပ်သားလို့ ခေါ်နိုင်တယ်။
စီမံခန့်ခွဲမှု
ဒီလူတွေ လက်ရှိလုပ်နေတဲ့ လုပ်ငန်းမှာ
လုပ်ငန်းရှင်တွေကို ကျေနပ်ကြရဲ့လား။လုပ်ငန်းရှင်တွေက ခေါင်းပုံဖြတ် နေတာတွေကို ခံနေကြရလား။လူငယ်တွေကို နေရာပေးမှုတွေကော ရှိကြရဲ့လား။ ရာထူးက မပေးနိုင်တော့
လစာ ကများလာမလားလို့ တစ်နှစ်လုံးနေမှ ၂သောင်းတိုးနဲ့ ကောင်းမွန်တဲ့ စီမံခန့်ခွဲမှု မရှိတဲ့
ကုမ္ပဏီတွေ အများကြီးပါ။ ကျွမ်းကျင်လုပ်သားတွေကို ကုမ္ပဏီက ထက်ရှာနေမယ့်အစား လက်ရှိ ကိုယ့်စီမှာ
ရှိနေတဲ့သူတွေကို လုပ်ငန်းအတွက် အသုံးတည့်မယ့် သင်တန်းမျိုးတွေ ပေးတက်သင့်တယ်။ ကုမ္ပဏီရဲ့
ရှေ့ဆက်လုပ်မယ့် အလားလာတွေမှာ သူတို့အတွက် နေရာတွေလုပ်ပေးသင့်တယ်။ စီမံခန့်ခွဲမှုမှာ
အရေးကြီးဆုံးက ခေါင်းဆောင်ပဲ။ ခေါင်းဆောင်ရဲ့ ပြောစကား၊ ခေါင်းဆောင်ရဲ့ အမူအရာတွေဟာ
ဝန်ထမ်းတွေအတွက် အားဆေးပါ။ # ခါင်းဆောင်ကောင်းတွေရှိတဲ့ အရပ်မှာ နောက်လိုက်ကောင်းတွေရှိ
စမြဲပါ။
ယှဉ်ပြိုင်မှု
မြန်မာပြည်မှာ လူငယ်တွေကို လူကြီးတွေက
လက်တွဲခေါ်ရမယ့် အချိန်ရောက်နေပါပြီ။ ၂၀၁၅ အလွန်မှာ စီးပွားရေးဟာ ပူးဖောင်းသဖွယ် မြန်မာပြည်မှာ
ဖြစ်ပေါ်လာလိမ့်မယ်။ ပြည်တွင်းကုမ္ပဏီတွေဟာ ယှဉ်ပြိုင်မှုတွေ ရင်ဆိုင်ရတော့မယ်။ တချို့
ကုမဏီတွေ မပြိုင်နိုင်လို့ ပေါင်းတဲ့သူကပေါင်း ၊ ရောင်းတဲ့သူကရောင်း၊ တောင့်ခံတဲ့သူက
တောင့်ခံ၊ ကုမ္ပဏီ အကြီးကြီးတွေကတော့ လုပ်ငန်းအသစ်တွေရှာ စသဖြင့် မြင်တွေ့လာ ရတယ်။ နိုင်ငံခြားကုမ္ပဏီတွေ
ဘယ်လောက်ပဲလာလာ နောက်ဆုံး ပြည်တွင်းကုမ္ပဏီတွေကသာ ကိုယ့်လုပ်ငန်းရဲ့သဘောသဘာဝကို နားလည်ဆုံးပါ။
ယှဉ်ပြိုင်မှုတွေ ရှိမှ တိုးတက်မှာပါ။ ယှဉ်ပြိုင်ပြီးဆို တစ်ဖက်က ပြည်တွင်းကုမ္ပဏီ တစ်ဖက်က
နိုင်ငံခြားကုမဏီပေါ့။ အဲဒီထဲမှာ ကွာခြားလာမှာက ကျွမ်းကျင်လုပ်သားတွေပါ။ လှေလှော်ပြိုင်ပွဲနဲ့
တင်စားရရင် အနီလှေလှော်အသင်းက အားနည်းတဲ့ လူတွေနဲ့ ခေါင်းဆောင်ကောင်းမရှိတဲ့ အဖွဲ့၊
တစ်ဖက်လှေလှော် အ၀ါအသင်းမှာ တစ်ဦးချင်းဆီက အရည်ချင်း အပြည့်အ၀နဲ့ ခေါင်းဆောင်ကောင်းရှိတဲ့
အဖွဲ့ပေါ့။ ဒါဆိုဘယ်အဖွဲ့က အားသာမလဲဆိုတာ သိသားပါတယ်။မကျွမ်းကျင်တဲ့ သူတွေနဲ့ လည်ပတ်နေရတဲ့
ကုမ္ပဏီတွေ ဘယ်လောက် တောင့်ခံနိုင်မှာလဲ။ လုပ်သားထုကလည်း အာမခံချက်အပြည့်ရှိတဲ့ လုပ်ငန်းမျိုးမှာပဲ
ပြောင်းလုပ်ကြမှာ သေချာပါတယ်။
လုပ်ငန်းခွင်
လုပ်ငန်းတစ်ခုမှာ ရည်မှန်းချက်တစ်ခုဖြစ်
ဝင်ရောက်လုပ်ကိုင်နေတဲ့ လူငယ်တစ်ယောက်ဟာ လုပ်စမှာတော့ တက်ကြွလန်းဆန်ပြီ လုပ်သမျှ ပြီမြှောက်တယ်။
တစ်ဖြည်းဖြည်း လုပ်ငန်းထဲမှာ အထက်လူကြီးတွေဟာ ပြောသလောက် မလုပ်ကြတာတွေတွေ့လာရတယ်ပေါ့။
ဝန်ထမ်းတွေကိုလည်း စိတ်ဓါတ် တက်ကြွအောင် မလုပ်ပေးနိုင်တဲ့ အပြင် ဖိအားတွေပေးလာတယ်။ ၀န်ထမ်းတွေက စောဒက တက်လို့မရဘူး။
Rule and Regulation ဆိုတာကို လက်ကိုင်ထားပြီ အုပ်ချုပ်တယ်ပေါ့။ လုပ်ငန်းတိုင်းမှာ Rule and
Regulation ဆိုတာ အမြဲရှိပါတယ်။အဲဒီအပေါ်မှာမှ စီမံခန့်ခွဲကြရတယ်။ ဒါပေမယ့် စီမံခန့်ခွဲတယ်ဆိုတဲ့
အပိုင်းမှာတော့ အများကြီးကွာသွားပြီ။ အသစ်သစ်သော စီမံခန့်ခွဲမှု ပုံစံတွေ ရှိပါတယ်။
ဟောင်းနွမ်းနေတဲ့ အုပ်ချုပ်မှု ပုံစံတွေကို သုံးနေတဲ့ လုပ်ငန်းတွေ အများကြီးပါ။ အဓိက
ကုမ္ပဏီရဲ့ Mission ကို ဘယ်လိုရွေ့မယ်၊ ဘယ်ပုံစံနဲ့ ရွေ့မယ်၊ ဘယ်သူတွပါမယ် စသဖြင့် ရှိပါတယ်။
ဥပမာ ပိုင်ရှင်၊ ပိုင်ရှင်အောက်မှာ မန်နေဂျာ၊ မန်နေဂျာအောက်မှာ စီမံခန့်ခွဲရေး၊ စီမံခန့်ခွဲရေးအောက်မှာ
ဝန်ထမ်း စသဖြင့် အုပ်ချုပ်မှုပုံစံရှိတယ်ပေါ့။ အားလုံးဟာ အကျိုးအမြတ်တစ်ခုအတွက် အတူတကွ
လုပ်ကိုင်ကြတယ်။ အထက်အောက်စနစ်ဆိုတာ ရှိပါတယ်။ ၀န်ထမ်းတွေက တစ်ဆင့် စီမံခန့်ခွဲရေး၊စီမံခန့်ရေးမှာ
မန်နေဂျာ၊ မန်နေဂျာမှ ပိုင်ရှင် ဆင့်ကဲ ဆင့်ကဲ တင်ပြမှုတွေ လုပ်ကြရမယ်။ စေ့စပ်ဆွေးနွေးမှုတွေ
အမြဲလုပ်ရပါမယ်။ ၀န်ထမ်းတွေကလည်း လုပ်ငန်းမှာ အားမရတာ ၊မကျေနပ်တာတွေကို တင်ပြခွင့်ရှိသလို၊
အထက်လူကြီးတွေကလည်း အကျိုးသင့် အကြောင်းသင့် ပြောပြသင့်ပါတယ်။ ၀န်ထမ်းတွေကို လစာလည်း
မတိုးပေးခြင်း၊ ရာထူးလည်း မပေးခြင်းတဲ့ အဖြစ်မျိုးတွေလည်း တွေ့ရပါတယ်။ အထက်ကိုသာ ကြည့်ပြီ
အောက်ကို ပြန်မကြည့်တဲ့ လုပ်ငန်းခွင်တွေ ရှိပါတယ်။ အဲဒီမှာ ၀န်ထမ်းတွေ အလုပ်ထွက်ခြင်းဆိုတာ
ဖြစ်ပေါ်လာပါတယ်။ လက်ရှိ ၀န်ထမ်းတစ်ယောက်ထွက်သွားတိုင်း ကုမ္ပဏီက ၀န်ထမ်းအသစ်ရှာပြီ အရင်လူကဲ့သို့
ထပ်မံသင်ကြားပေးရပြန်တယ်။ နည်းနည်းလေကြာတော့ အဲလူက ထွက်ပြန်နဲ့ မမြဲတဲ့ လုပ်ငန်းခွင်တစ်ခု
ဖြစ်လာပါတယ်။ ဒါဆို အုပ်ချုပ်မှု ပုံစံကို အထက်လူကြီးတွေက ပြန်လည် သုံးသပ်သင့်ပါပြီ။
လူငယ်ဆိုတာ
မြန်မာနိုင်ငံမှာ ၃ပုံ ၂ပုံက လူငယ်တွေပါ။
တစ်ချို့က ရည်မှန်းချက်ကိုယ်စီရှိကြတယ်။ တချို့က ဘ၀ကို ဖြစ်သလို နေကြတယ်။ လုပ်ငန်းတွေမှာလည်း
ရည်မှန်းချက်ရှိတဲ့ လူငယ်တွေ တစ်ပုံကြီးပါ။ မြန်မာပြည် ပညာရေးကိုတော့ ထည့်မပြောတော့ပါဘူး။လက်ရှိ
ဘွဲ့ရပြီ လုပ်ငန်းခွင်ဝင်နေတဲ့ လူငယ်တော်တော်များများဟာ သင်တန်းပေါင်းစုံတက်ရ၊ လိုအပ်ချက်တွေဖြည့်ရနဲ့
ရည်းမှန်းချက်တွေ များကြပါတယ်။ ကျွန်တော်တို့ လူငယ်တွေဟာ ပညာရေး ဖောင်းဒေးရှင်မခိုင်ခဲ့ပါဘူး။
နှစ်ပေါင်းများစွာ နောက်ကျကျန်ရစ်ခဲ့တဲ့ ပညာရေးဖြင့် အသက်မွေးလို့မရခဲ့ပါဘူး။ ဒါကြောင့်
လိုအပ်ချက်တွေအရ ကွန်ပြူတာသင်တန်းတွေ၊ ဘာသာစကား သင်တန်းတွေ၊ သင်တန်းပေါင်း မြောက်များစွာ
တက်ပြီမှ အလုပ်တစ်ခုဆိုတာ ရလာပါတယ်။ အလုပ်တစ်ခု ရဖို့ကလည်း မလွယ်လေတော့ ရတဲ့အလုပ်လေးမှာပဲ
မြဲအောင်လုပ်ရင် လုပ်သက်တွေ ရင့်လာပါတော့တယ်။ အလုပ်မှာ လုပ်သက်နဲ့အတူ ရာထူးလေး၊လစာလေးလည်း
တိုးခြင်းကြတာပေါ့။ ကိုယ့်နောက်မှာလည်း မိသားစုဆိုတာရှိလေပြန်တော့ ကြိုးစားရပါတယ်။
လူငယ်တွေ တော်တော်များများ လုပ်ငန်းခွင်မှာ ပြောလာကြတာက #“လုပ်ရင် လုပ်သလောက်၊ ကြိုးစားရင်
ကြိုးစားသလောက် ရချင်ပါတယ်” ဆိုတာပါ။ ဒီစကားကို ဘာကြောင့် ပြောလာကြလည်းဆိုတော့ လုပ်သလောက်မရလို့ပဲ
ဖြစ်ပါတယ်။ ဒါကြောင့် ဆန္ဒတွေ ပြလာကြတယ်။ အုပ်ချုပ်မှု
ညံဖျင်းတဲ့ လုပ်ငန်းတွေမှာ ဒီလိုမျိုးတွေ ဖြစ်ပေါ်နေပါတယ်။ “လူငယ်တွေကို အလုပ်သမားတွေကို
ရသင့်တဲ့ ရပိုင်ခွင့်၊ လုပ်ပိုင်ခွင့်လေတွေ ပေးလုပ်ကြည့်လိုက်ပါ။ သင်တို့ထက် ပိုလုပ်နိုင်တာတွေ့ရပါမယ်”လို့
ပညာရှင်တစ်ဦးက ဆိုဖူးတယ်ဗျာ။
ပြင်ဆင်ချိန်ရောက်ပြီ
လူငယ်တွေ အခုကစ ကိုယ်ဝါသနာပါတဲ့ အလုပ်တွေကို
လုပ်ဖို့လိုအပ်လာပြီ။ တောင်းဆိုမှုတွေ ခဏရပ်ပြီး အကောင်းဆုံးလုပ်ပြပါ။ လုပ်ဆောင်ချက်တွေ
ကောင်းပါရဲ့နဲ့ လျစ်လျူရှုထားရင်တော့ အမြန်သာ ပြောင်းဖို့ လုပ်ပါ။ ပညာရပ်တစ်ခုကို ကျွမ်းကျွမ်းကျင်ကျင်
တတ်မြှောက်ဖို့လိုအပ်လာပြီ။ ဟိုယောင်ယောင် ဒီယောင်ယောင် လုပ်ဖို့ အချိန်မရှိတော့ဘူး။
ဝါသနာပါတဲ့ ဘက်မှာ ကျွမ်းကျင်ရတော့မယ်။ ကျွမ်းကျင်လုပ်သား၊ ကျွမ်းကျင်လုပ်ငန်းရှင်
စသဖြင့် Professioinal တစ်ယောက်ဖြစ်ဖို့ လိုအပ်လာပြီ။ ကိုယ်ဘက်က လုံလောက်တဲ့ ကျွမ်းကျင်မှုရှိရင်
ဘယ်လုပ်ငန်းပဲထောင်ထောင်၊ ဘယ်လုပ်ငန်းပဲလုပ်လုပ် အဆင့်သင့်ပါပဲ။ ဒါကြောင့် စိန်ခေါ်မှုတွေရင်ဆိုင်ရင်
စွန့်လွတ်စွန့်စားသင့်တဲ့ အချိန်မှာ စွန့်စားဖို့ လိုအပ်ကြောင်း ဖော်ပြလိုက်ရပါတယ်။
# ဆရာချစ် (Motivator)
No comments:
Post a Comment