Monday, December 1, 2014

SINGAPORE


ü  ကျွန်းပေါင်း ၅၈ကျွန်းရှိ
ü  ကျွန်း ၂၀ခန့်မှာပဲလူနေ
ü  အာဆီယံမှာ အသေးဆုံးနိုင်ငံ (ဖွံ့ဖြိုးပြီ)
ü  ဧရိယာ စတုရန်းမိုင် ၂၃၈.၅ မိုင်ရှိ (၆၁၈ ကီလိုမီတာ)ကျယ်ဝန်း
ü  City State (မြို့ပြနိုင်ငံ)
ü  ၀န်ကြီးချုပ်က လီကွမ်ယူ (People Action Party ကိုတည်ထောင်)
ü  အရင်က စင်ကာပူရမြို့လို့ခေါ် ၁၂၉၉~၁၃၇၇ မှာပျက်ပြီ အိန္ဒိယမင်းသားတစ်ပါးအုပ်စိုးခဲ့
ü  ၁၉၅၇မှာ မလေးရှားလွတ်လပ်ရေးရ
ü  ၁၉၅၉မှာ မလေးရှားကနေ စင်ကာပူက ခွဲထွက်၍ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ
ü  ၁၉၆၃ မှာ မလေးရှားပြည်ထောင်စုမှာ စင်ကာပူပါဝင်
ü  လူဦးရေး ၅၃၁၂၄၄၀၀ ရှိ
ü  အာရှမှာ ရေနံချက်လုပ်ငန်း အကြီးဆုံးရှိ
ü  Per income $47200 ရှိ (မြန်မာနဲ့ ၅၈ဆကွာ)
ü  ၁၉၆၅ သြဂုတ်မှာ ခွဲထွက်
ü  ကုမ္ပဏီလိုင်စင်တင်ရင် ၂ရက်ခွဲပဲကြာ
ü  ၁၉၆၇ မှာ စင်ကာပူငွေကို သီခြားငွေအဖြစ်သုံးစွဲ
ü  Import တင်ရင် ၄ရက်ကြာ

ü  Export တင်ရင် ၆ရက်ကြာ

zဖိုးချစ်မှတ်စုများ

Monday, November 17, 2014

ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမတွင် အာဆီယံလူငယ်ခေါင်းဆောင်များနှင့် တွေ့ဆုံပွဲတွင် အိုဘားမားပြောကြားခဲ့သော မိန့်ခွန်း



ကျွန်တော်ဟာ ဒီတိုင်းပြည်ကို လွန်ခဲ့တဲ့ နှစ်နှစ်တုန်းက ပထမဦးဆုံး အမေရိကန်သမ္မ တအဖြစ် ရောက်ရှိခဲ့ပါတယ်။ ကျွန်တော်လာခဲ့ တဲ့အချိန်တုန်းက ကလေးငယ်တွေ၊ ဆိုင်းဘုတ် တွေကိုရမ်းပြီး ကြိုဆိုတာ တွေ့ရပါတယ်။ ဒီ တိုင်းပြည်မှာ ယုံကြည်ချက်မျိုးစုံရှိပါတယ်။
ဘာသာကွဲပြားမှုတွေ တွေ့ရပါတယ်။ ဒီနေ့ ကျွန်တော် အတွင်းဝန်ရုံးကိုသွားတဲ့အခါမှာ မြန်မာပြည်ပြုပြင်ပြောင်းလဲရေးတွေကို စပြီး တွေ့ရပါတယ်။ တရုတ်၊ မူဆလင်၊ အိန္ဒိယ၊ ခရစ်ယာန်၊ ဟိန္ဒူ၊ ဗုဒ္ဓဘာသာ အားလုံးက ငြိမ်းချမ်းချစ်ကြည်စွာ အတူတူရှိနေတာတွေ့ ရပြီး ဒါကြောင့်မို့ ယုံကြည်ချက်များစွာနဲ့အတူ တူ ရှင်သန်ရပ်တည်ချက်များစွာနဲ့ရှိနေလို့ ဝမ်း သာပါတယ်။ ဒီတိုင်းပြည်က တကယ်အလား အလာကောင်းတွေ အများကြီးရှိနေပါတယ်။ ကျွန်တော် ကမ္ဘာအနှံ့ သွားလာတဲ့အခါမှာ ဥရောပ၊ အာဖရိကတိုက်၊ အရှေ့တောင်အာရှ ဒီခရီးတွေသွားတဲ့အခါမှာ အများဆုံးဝမ်းသာ အားရဖြစ်မိတာကတော့ ဒီလိုလူငယ်တွေတွေ့ ရခြင်းဖြစ်ပါတယ်။ ဒီလိုလူငယ်တွေတွေ့ရခြင်း က သိပ်အရေးကြီးပါတယ်။ ဘာကြောင့်လဲဆို တော့ ဒီလူငယ်တွေက တိုင်းပြည်ရဲ့အနာဂတ် ခေါင်းဆောင်တွေဖြစ်တဲ့အတွက်ဖြစ်ပါတယ်။ ဒါကြောင့်မို့ ဒီလူငယ်တွေဆီကနေ မေးခွန်း တွေအများကြီးလိုချင်ပါတယ်။ အမေရိကန် သမ္မတတစ်ယောက်အနေနဲ့ ကျွန်တော်ပြော ချင်တာက ဒီအရှေ့တောင်အာရှမှာရှိတဲ့တိုင်း ပြည်တွေက လူငယ်တွေအများကြီးနဲ့ ကျွန် တော်တို့ တွေ့ချင်ပါတယ်။ အများကြီးအဆက် အသွယ်လုပ်ချင်ပါတယ်။ ကျွန်တော်ရဲ့လူငယ် ဘဝ ကလေးဘဝတွေကို အရှေ့တောင်အာရှ တိုင်းပြည်တွေမှာ ကြီးပြင်းခဲ့ရပါတယ်။ ဒါ ကြောင့်မို့ ဒီဟာက ကျွန်တော့်အတွက်တကယ် ကို ခံစားချက်အစစ်ဖြစ်ပါတယ်။ ဒါကြောင့်မို့ ဒီအရှေ့တောင်အာရှမှာ ကျွန်တော် အများ ကြီးဖြစ်စေလိုပါတယ်။

အချိန်တန်ပြီး လူငယ်တွေ





ရင်ဆိုင်မှု
နိုင်ငံခြားကုမ္ပဏီများဝင်လာရင် ရင်ဆိုင်ကြုံတွေ့နိုင်တဲ့ မြန်မာလုပ်ငန်းရှင်တို့၏ ပြဿနာများမှာ ကျွမ်းကျင်လုပ်သားရှာပါးမှုပင် ဖြစ်သည်။ ဟိုတလောက နိုင်ငံခြားဘဏ် ၅ ခုကို ပြည်တွင်းမှာ ဖွင့်ခွင့်ပြု လိုက်ပါတယ်။ အဲဒီမှာ ပြည်တွင်းက တချို့ဘဏ်တွေက မိမိတို့ ၀န်ထမ်းတွေကို သင်တန်းတွေ ပေးဖို့လုပ်လာပါတယ်။နောက်ပြီး မိမိတို့ ဘဏ်တွေကနေ ထွက်သွားမယ့် ကျွမ်းကျင်လုပ်သားတွေ အတွက် ရင်လေးနေရတယ်လို့ သတင်းတစ်ပုဒ်မှာ ဖတ်လိုက်ရပါတယ်။ဒါတွေဟာ ပြည်တွင်းမှာ ကျွမ်းကျင်လုပ်သား ရှာပါးနေတဲ့အတွက် မိမိတို့ရရှိထားတဲ့ လူကောင်းတွေကို လက်လွတ်မခံချင်လို့ မက်လုံးတွေပေး စာချုပ်တွေ ချုပ်ဆိုလာပါတယ်။

 ကျွမ်းကျင်လုပ်သား
လုပ်ငန်းတွေမှာ ဗျုဟာတွေရှိကြပါတယ်။ဗျုဟာတွေ အကောင်အထည်ဖော်ဖို့ ရည်မှန်းချက်တွေရှိကြတယ်။ အဲဒီ ရည်မှန်းချက်တွေကို အကောင်အထည်ဖော်ဖို့ သက်ဆိုင်ရာ ဌာနတွေမှာ လူစွမ်းအား အရင်းမြစ်တွေ ရှိကြတယ်။ လူစွမ်းအားအရင်းမြစ်ဆိုတာ လူငယ်တွေပေါ့။အထူးသဖြင့် ကိုယ်လုပ်ကိုင်နေတဲ့ လုပ်ငန်း နယ်ပယ်မှာ ကျွမ်းကျင်သူတွေ ဖြစ်တယ်။ ကျွမ်းကျင်တယ်ဆိုတာ ဒီနယ်ပယ်မှာ နှစ်နဲ့ကြာပြီး လုပ်ကိုင်ခဲ့ရ တာလည်းဖြစ်မယ်၊ ပညာရပ်တစ်ခုကို ကျွမ်းကျွမ်းကျင်ကျင် တက်မြှောက်ထားတာလည်း ဖြစ်မယ် ။လုပ်ငန်းသဘောကို နားလည်ကြတယ်။ဒီလူတွေကို ကျွမ်းကျင်လုပ်သားလို့ ခေါ်နိုင်တယ်။

စီမံခန့်ခွဲမှု
ဒီလူတွေ လက်ရှိလုပ်နေတဲ့ လုပ်ငန်းမှာ လုပ်ငန်းရှင်တွေကို ကျေနပ်ကြရဲ့လား။လုပ်ငန်းရှင်တွေက ခေါင်းပုံဖြတ် နေတာတွေကို ခံနေကြရလား။လူငယ်တွေကို  နေရာပေးမှုတွေကော ရှိကြရဲ့လား။ ရာထူးက မပေးနိုင်တော့ လစာ ကများလာမလားလို့ တစ်နှစ်လုံးနေမှ ၂သောင်းတိုးနဲ့ ကောင်းမွန်တဲ့ စီမံခန့်ခွဲမှု မရှိတဲ့ ကုမ္ပဏီတွေ အများကြီးပါ။ ကျွမ်းကျင်လုပ်သားတွေကို ကုမ္ပဏီက ထက်ရှာနေမယ့်အစား လက်ရှိ ကိုယ့်စီမှာ ရှိနေတဲ့သူတွေကို လုပ်ငန်းအတွက် အသုံးတည့်မယ့် သင်တန်းမျိုးတွေ ပေးတက်သင့်တယ်။ ကုမ္ပဏီရဲ့ ရှေ့ဆက်လုပ်မယ့် အလားလာတွေမှာ သူတို့အတွက် နေရာတွေလုပ်ပေးသင့်တယ်။ စီမံခန့်ခွဲမှုမှာ အရေးကြီးဆုံးက ခေါင်းဆောင်ပဲ။ ခေါင်းဆောင်ရဲ့ ပြောစကား၊ ခေါင်းဆောင်ရဲ့ အမူအရာတွေဟာ ၀န်ထမ်းတွေအတွက် အားဆေးပါ။ # ခါင်းဆောင်ကောင်းတွေရှိတဲ့ အရပ်မှာ နောက်လိုက်ကောင်းတွေရှိ စမြဲပါ။


Tuesday, November 4, 2014

အာဆီယံစီးပွားရေးအသိုက်အဝန်း(အေအီးစီ)ဆိုသည်မှာ

ဆောင်းပါး

ယခုနှစ်ပိုင်းတွင် အေအီးစီဆိုသည့် အသုံးအနှုန်းအား အစိုးရဌာနများ၊ ပုဂ္ဂလိကကဏ္ဍနှင့် တက္ကသိုလ် ကျောင်းသား ကျောင်းသူများအကြား တွင်ကျယ်စွာ ပြောဆိုနေကြသည်။ လွယ်ကူစွာ ပြောဆိုရလျှင် အေအီးစီဟု အတိုကောက်ခေါ်သည့် အာဆီယံ စီးပွားရေးအသိုက်အဝန်း၏ အန္တိမရည်မှန်းချက်မှာ အာဆီယံရည်မှန်းချက် ၂ဝ၂ဝ ပါ စီးပွားရေး ပေါင်းစည်းမှုပင်ဖြစ်သည်။ (၁၂)ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးတွင် ခေါင်းဆောင်ကြီးများ က အာဆီယံမျှော်မှန်းချက် ၂ဝ၂ဝ နှင့် အာဆီယံ ကွန်ကော့-၂ တို့တွင် ရည်မှန်းထားသည့်အတိုင်း အာဆီယံအသိုက်အဝန်းတည်ထောင်မှုကို ရှေးရှု၍ ၂ဝ၁၅ ခုနှစ်တွင် တည်ထောင်ရန် ထပ်မံကတိကဝတ် ပြုခဲ့ပြီး စီဘူးကြေညာချက်ကို လက်မှတ်ရေးထိုးခဲ့သည်။

စီဘူးကြေညာချက်အရ အာဆီယံဒေသကို-

(က) ကုန်စည်များ၊
(ခ) ဝန်ဆောင်မှုများ၊
(ဂ) ရင်းနှီးမြှုပ်နှံမှုနှင့်
(ဃ) ကျွမ်းကျင်လုပ်သားများ

လွတ်လပ်စွာ ရွှေ့ပြောင်းနိုင်ရန်နှင့် ငွေကြေး အရင်းအနှီးများ ပိုမိုလွတ်လပ်စွာ စီးဆင်းနိုင်သည့် ဒေသဖြစ်စေရန် သဘောတူခဲ့သည်။ ဤသည်က အေအီးစီ ၂ဝ၁၅ ပေါ်ပေါက်လာခြင်း၏ အုတ်မြစ်ပင် ဖြစ်သည်။

စီဘူးကြေညာချက်အရ အေအီးစီ ၂ဝ၁၅ သည် မကြာမီကျရောက်တော့မည်ဖြစ်ရာ မိမိတို့ မျှော်မှန်း သည့်အတိုင်း အမှန်တကယ် ဖော်ဆောင်နိုင်ပြီလား၊ အေအီးစီ ၂ဝ၁၅ ဖြစ်လာလျှင် ရရှိနိုင်သည့် အကျိုး ကျေးဇူးက အဘယ်နည်း၊ လက်ရှိကျွန်ုပ်တို့ လုပ်ကိုင် ဆောင်ရွက်နေသည့် စီးပွားရေး၊ ပြည်တွင်းလုပ်ထုံးလုပ်နည်းများသည် သွေဖည်သွားမည်လား၊ အေအီးစီ ၂ဝ၁၅ ဖြစ်လာလျှင် မိမိတို့လို CLM နိုင်ငံများထက် အာဆီယံ+၆ နိုင်ငံများ၊ အာဆီယံ၏ဆွေးနွေးဖက် နိုင်ငံများက ပိုမိုအကျိုးရမည်လားစသည့် မေးခွန်းများသည် ပညာရှင်များ၊ စီးပွားရေးလုပ်ငန်းရှင်ကြီးများအနေဖြင့် သိရှိပြီးသားဖြစ်သော်လည်း သာမန်ပြင်ပရှိပုဂ္ဂိုလ်များအတွက်မူ အစိမ်းသက်သက်ဖြစ်နိုင်ပေသည်။ သို့ဖြစ်ပါ၍ စာရေးသူကိုယ်တိုင်ကပင် စတင် လေ့လာနေဆဲဖြစ်ရာ မိမိသိသလောက်အား ဝါသနာ အတိုင်း မျှဝေရေးသားလိုက်ခြင်း ဖြစ်ပါသည်။

ရှေးဦးစွာ တင်ပြလိုသည်မှာ အာဆီယံစီးပွားရေး အသိုက်အဝန်း၏ သွင်ပြင်လက္ခဏာများပင်ဖြစ်သည်။

ယင်းတို့မှာ-

Friday, October 31, 2014

HALLOWEEN


Halloween ရဲ့ဇစ်မြစ်က ရှေးဟောင်း Celtic လူမျိုးတွေရဲ့ Sa- mhain ပွဲတော်က လာပါတယ်။ ဒီ Celt လူမျိုးတွေရဲ့ဒေသ ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ထောင် ကအခု Ireland၊ UK နဲ့ ပြင်သစ် တောင်ပိုင်းမှာ ဖြစ်ပြီး သူတို့ရဲ့ နှစ်သစ်ကူးက နိုဝင်ဘာ တစ်ရက်နေ့ ဖြစ်ပါတယ်။ ဒီနေ့ ဟာ နွေရာသီ ကုန်လို့ သီးနှံတွေ ရိတ်သိမ်းပြီး အမှောင် ကြီးစိုးချိန်၊ အေး စက်တဲ့ ဆောင်းရာသီနဲ့ နှစ်တစ်နှစ်ရဲ့ လူတွေ သေဆုံးတာနဲ့ ဆက်စပ် တဲ့ အချိန် ကာလ ရယ်လို့ မှတ်သား ကြပါတယ်။ ဒါတင်မက သူတို့ဟာ နှစ်သစ်ကူး အကြိုနေ့ကို မရဏ လောက နဲ့လူ့လောက ကြားကစည်း တွေ ခြားနားမှုတွေေ၀၀ါး သွားတဲ့ အချိန်လို့လဲ ယုံကြည် ကြပါတယ်။ ဒါကြောင့် အောက်တိုဘာ ၃၁ညမှာ သူတို့က သေဆုံးသွား သူတွေ ပြန်လာ တယ်လို့ ယုံကြည်ပြီး Samhain ပွဲကို ကျင်းပ ကြပါတယ်။
ထို့အပြင် Druids လို့ခေါ်တဲ့ သူတို2့ လူမျိုးစု တရားဟော နတ်ဆရာ တွေကနေ အနာဂတ်မှာ သီးနှံတွေ ပျက်စီးမလား၊ ဘေးအန္တရာယ် ကြုံမလား ဆိုတာ ခန့်မှန်းရာမှာ ၀ိညာဉ်တွေ ရှိနေလို့ ပိုလွယ်ကူ စေတယ်လို့ ထင်ကြပါတယ်။ ဒါဟာ ပျက်စီး လွယ်တဲ့ သဘာဝကို မှီခိုနေရသူ လူသားတွေ အတွက်တော့ မှောင်မိုက် ကြာရှည်တဲ့ ဆောင်းတွင်းမှာ စိတ်သက်သာရာ ရစရာ တစ်မျိုးပါပဲ။ ဒီပွဲတော် အတွက် နတ်ဆရာ တွေက ကြီးမားတဲ့ ယဇ်မီးပုံတွေ ဖိုထားတယ်၊ ပြီးတော့ လူတွေ စုဝေးကြပြီး ကောက်ပဲသီးနှံ တွေနဲ့ တိရစ္ဆာန် တွေကို ယဇ်ပူဇော် ကြတယ်။ ဒီအခမ်းအနား အတွင်းမှာ Celtic လူမျိုး တွေဟာ တိရစ္ဆာန် ခေါင်းတွေ အရေပြား တွေနဲ့ စီယင်ထားတဲ့ ၀တ်စုံတွေ ၀တ်ပြီး တစ်ယောက် ကံကြမ္မာကို တစ်ယောက် နိမိတ်ဖတ် ကြတယ်။ ဒီပူဇော်ပွဲ ပြီးတဲ့အခါ မနေ့ ညနေ အစောပိုင်းက သူတို့ ငြိမ်းထားတဲ့ ကိုယ်ပိုင် မီးပုံလေး တွေကို ယဇ်မီးပုံက မီးကူးပြီး ပြန်ထွန်းညှိ ကြတယ်။ ဒါက သူတို့ကို လာမယ့် ဆောင်းတွင်းမှာ ကာကွယ် စောင့်ရှောက် ပေးစေဖို့လို့ ယူဆကြ ပါတယ်။
A.D.43 မှာတော့ ရောမ အင်ပါယာက Celtic တွေရဲ့ နယ်မြေ အများစုကို သိမ်းပိုက် လိုက်ပါတယ်။ သူတို့က Celts တွေကို အုပ်စိုးခဲ့တဲ့ နှစ်လေးရာကျော်ခုနှစ် အတော အတွင်းမှာ Celts ရိုးရာပွဲတော် Samhain ဟာရောမ ရိုးရာပွဲတော် နှစ်ခုနဲ့ ပေါင်းစည်း သွားတယ်။ ပထမ တစ်ခုက အောက်တိုဘာ နှောင်းပိုင်းမှာ ကျင်းပတဲ့ ရောမ တွေရဲ့ သေပြီး သားသူတွေ အမှတ်တရ ပွဲတော် Feralia နဲ့ဒုတိယ တစ်ခု ကတော့ အသီးနဲ့ အပင်တွေကို စောင့်ရှောက်တဲ့ ရောမ နတ်သမီး Pomona ကိုဂုဏ်ပြုတဲ့ ပွဲပဲ ဖြစ်ပါတယ်။ ရောမ နတ်သမီးရဲ့ သင်္ကေတဟာ ပန်းသီး ဖြစ်တာမို့ အခု ဟောလိုးဝင်း ရိုးရာ ကစားနည်း ဖြစ်တဲ့ ပေါလောပေါ် နေတဲ့ ပန်းသီး တွေကို ကိုက်ဖမ်းတဲ့ ကစားနည်းဟာ Samhain ပွဲက ပါလာတာ ဖြစ်ပါတယ်။ A.D. ၆၀၉ မေ၁၃ရက် မှာတော့ ပုပ်ရဟန်း မင်းကြီး Boniface IV ကရောမရဲ့ Pantheon မှာခရစ်ယာန် သူရဲကောင်း တွေကို ဂုဏ်ပြုပြီး ကတ်သလစ် သူရဲကောင်း အပေါင်းတို့ရဲ့ စားပွဲကို အနောက် နိုင်ငံတွေရဲ့ ဘုရားကျောင်း တွေအတွက် ပြဋ္ဌာန်း ပါတယ်။

Wednesday, October 29, 2014

အာဆီယံ (၁၀) နိုင်ငံ နှင့် အုပ်ချုပ်ခံခဲ့ရသည့်နိုင်ငံများ


ဗြိတိလျ အုပ်ချုပ်ခဲ့သည့် နိုင်ငံ (၄) နိုင်ငံရှိပါသည်။၎င်းမှာ-
1.Mynamar
2.Singapore
3.Malaysia
4.Brunei
ပြင်သစ် အုပ်ချုပ်ခဲ့သည့် နိုင်ငံ (၃) နိုင်ငံရှိပါသည်။၎င်းမှာ-
1.Cambodia
2.Laos
3.Vietnam
ဒတ်(ခ်ျ) အုပ်ချုပ်ခဲ့သည့် နိုင်ငံ (၁)နိုင်ငံရှိပါသည်။၎င်းမှာ-
1.Indonesia

စပိန်အုပ်ချုပ်ခဲ့သည့် နိုင်ငံ (၁)နိုင်ငံရှိပါသည်။၎င်းမှာ-
1.Philippines

* အုပ်ချုပ်ခွင့် မခံရသည့် နိုင်ငံ တစ်နိုင်ငံမှာ Thailand ဖြစ်ပါသည်။

- 1967 ခုနှစ်မှာ ASEAN လို့စတင်သတ်မှတ်ပြီး (၅)နိုင်ငံဖြင့် စတင်ဖွဲ့စည်းခဲ့သည်။၎င်း နိုင်ငံများမှာ -
ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ အင်ဒိုနီရှား၊ ဖိလစ်ပိုင် တို့ဖြစ်သည်။ 1995 မှာ ဘရူးနိုင်း၊ 1997 မှာ မြန်မာ လာအို၊ 1999 မှာ ကမ္ဘောဒီယား တို့ အသီးသီး ၀င်ရောက်လာခဲ့သည်။

ဆရာချစ်
www.phochitnotes.blogspot.com

Tuesday, October 28, 2014

ကန် ရင်းနှီးမြုပ်နှံမှုနဲ့ မြန်မာနိုင်ငံ


၂၀၁၁ခုနှစ် မြန်မာနိုင်ငံမှာ အစိုးရတွေ အပြောင်းအလဲတွေ ဖြစ်ပြီးကတည်းက မြန်မာနိုင်ငံထဲ နိုင်ငံခြားရင်းနှီးမြှပ်နှံမှုတွေ တိုးတက်လာခဲ့ရာမှာ ၂၀၁၂-၁၃ထဲ ဒီမြန်မာနိုင်ငံမှာ နိုင်ငံခြားရင်းနှီးမြှပ်နှံမှုဟာ အမေရိကန်ဒေါ်လာ ၄၀ ဘီလီလျံကျော်အထိ တိုးလာတယ်လို့ မြန်မာအစိုးရဘဏ္ဍာရေး ၀န်ကြီးဌာနက ထုတ်ပြန်ပါတယ်။မြန်မာနိုင်ငံမှာ နိုင်ငံရေးနဲ့စီးပွားရေး အပြောင်းအလဲတွေ ဖြစ်ပြီးနောက် တံခါးဖွင့်လိုက်တာကြောင့် နိုင်ငံခြားရင်းနှီးမြှပ်နှံသူတွေအတွက် မြန်မာနိုင်ငံဟာ နေရာအသစ်တစ်ခုလိုမျိုး စိတ်ဝင်စားဖွယ်ရာ ဖြစ်ခဲ့ရပါတယ်။မြန်နိုင်ငံမှာ အရင်တုန်းကဆို အိမ်နီးချင်း တရုတ်ကအများဆုံးရင်းနှီးမြှပ်နှံ လုပ်ကိုင်ခဲ့တာပါ။ ဒါကြောင့်မို့ နိုင်ငံခြားရင်းနှီးမြှပ်နှံသူတွေအနေနဲ့ ရှိပြီးသာ တရုတ်ပိုင်လုပ်ငန်း တွေနဲ့ယှဉ်ရသလိုပဲ တစ်ဖက်မှာလည်းတရုတ်နိုင်ငံစီးပွားရေးဖက်ကလည်း အသစ်ဝင်လာတဲ့ နိုင်ငံခြားရင်းနှီးမြှပ်နှံမှုတွေနဲ့ ယှဉ်လာရတဲ့ သဘောမှာရှိပါတယ်။