Tuesday, November 14, 2017

‪အောင်မြင်တဲ့‬မန်နေဂျာ‬တစ်ယောက်ဖြစ်လာရန်‬ နည်းလမ်းများ


(၁) လူများကို မျှမျှတတဆက်ဆံပါ။ (Treat people fairly)
လုပ်ငန်းမန်နေဂျာများအဖို့ အဖွဲ့ အစည်းအတွင်းရှိ လူများနှင့်ဆက်ဆံနေကြ ရသည်ဖြစ်ရာ ၎င်းတို့ကို မျှမျှတတဆက်ဆံ ဖို့အရေးကြီးပါသည်။ အားလုံးကိုတစ်ပြေး ညီဆက်ဆံတတ်ဖို့လိုပါသည်။ လူတို့သည် လူ့သဘာဝအရ မျှတမှု၊ ညီမျှမှုတို့ကို တောင့်တကြပါသည်။ ဤနေရာ၌အလုပ် မလုပ်သူကိုလည်း အတူတူ၊ အလုပ်လုပ်သူ ကိုလည်း အတူတူဆိုပါက တူညီသော် လည်း မျှတသည်ဟုမဆိုနိုင်ပါ။ ၎င်းတို့၏ လုပ်ဆောင်ချက်(performance)အပေါ် မူတည်၍စဉ်းစားရပါမည်။ တစ်နည်းဆို သော် တစ်ဦးတစ်ယောက်ကထည့်သွင်းလိုက်သည့်အားထုတ်မှု(ပညာအရည် အချင်း၊အတွေ့အကြုံ၊ ကြိုးပမ်းမှု)နှင့် ထွက်ပေါ်ရရှိလာသည့်ရလဒ်(လုပ်ခ၊ လစာ၊ အသိအမှတ်ပြုမှု၊ ချီးမြှင့်မှု)တို့အချိုး ကျကျဖြစ်မှသာ မျှတမှုရှိသည်ဟု ဆိုနိုင် ပါသည်။
(၂) အခြားလူများက ၎င်းတို့အရေးပါ သည်ဟု ယူဆနိုင်ပါစေ။ (Make other people feel important)
လုပ်ငန်းအဖွဲ့အစည်းများ၌လူတိုင်းသည်သူ့နေရာနှင့်သူအရေးပါကြပါသည်။ အောက်ခြေဝန်ထမ်း တစ်ဦး၏အားနည်း ချို့ယွင်းမှုသည် အဖွဲ့အစည်းတစ်ခုလုံး၏ လုပ်ဆောင်ချက်ကိုထိခိုက်စေပါ သည်။ အောက်ခြေဝန်ထမ်းများ၏ကြိုးပမ်းအား ထုတ်မှုကြောင့်လည်းလုပ်ငန်းအဖွဲ့အစည်း များအောင်မြင် လာရပါသည်။ ဤအချက် ကို မေ့လျော့ထား၍မရပေ။
များသောအားဖြင့်လုပ်ငန်းမန်နေဂျာ များအနေဖြင့် ၎င်းတို့သာအရေးကြီးသည်၊ အရေးပါသည်။ ကျန်သောလူများမှာ အရေးပါမှုမရှိဟုယူဆတတ်ကြသည်။ လုပ် ငန်းစီမံခန့်ခွဲသူမန်နေဂျာများအဖို့အလုပ် တာဝန်များ မည်မျှများပြားနေစေကာမူ လုပ်ငန်းအောင်မြင်မှုအတွက်
အခြားလူ များ၏အရေးပါမှုကိုလက်ခံတန်ဖိုးထားရ ပေမည်။ ထိုသို့တန်ဖိုးထားသည်ကိုလည်း အခြားသူများသိရှိအောင် ဆောင်ရွက်ရ ပေမည်။ သို့မှသာ လက်အောက်ဝန်ထမ်း များအနေဖြင့်နိုးကြား တက်ကြွကာလုပ်ငန်း များအောင်မြင်တိုးတက်လာပေမည်။
(၃) ချီးကျူးစကားပြောခြင်းဖြင့်အလုပ် လုပ်ချင်စိတ်ကိုပျိုးထောင်ပေးပါ။ (Motivate people through giving praise)
လက်အောက်ဝန်ထမ်းများသည် လူများဖြစ်သည့်အားလျော်စွာအထက်လူကြီး ၏ချီးကျူးမှုကိုခံယူ လိုကြသည်။ အထက် လူကြီး၏ချီးကျူးမှုသည် လက်အောက်ဝန် ထမ်းများအဖို့ ဆုချီးမြှင့်မှု(reward)တစ်ခု ပင်ဖြစ်သည်။ ဝန်ထမ်းများအတွက်အလုပ် လုပ်ချင်စိတ်ကိုများစွာဖွံ့ဖြိုးတိုးတက်စေပါ သည်။ သို့ဖြစ်၍ အချို့သောပညာရှင်များ ကငွေကြေးအနည်းဆုံးဆုချီးမြှင့်မှုဟုသတ် မှတ်ကြပါသည်။
ချီးကျူးသည်ဆိုရာ၌ ဘာလုပ်လုပ် ချီးကျူးရမည်ဟုမဆိုလိုပါ။ အထက်လူကြီး ၏ချီးကျူးစကားနှင့် လက်အောက်ဝန်ထမ်း ၏လုပ်ဆောင်ချက်ညီမျှနေဖို့လိုပါသည်။ သဟဇာတဖြစ်ကာ လိုက်လျော ညီထွေဖြစ် နေဖို့အရေးကြီးပါသည်။ ထို့ပြင် ချီးကျူးဖို့ အကြောင်းပေါ်လာပါကလည်းနှောင့်နှေး ခြင်းမရှိဘဲ ချက်ချင်းချီးကျူးဖို့လိုပါသည်။
(၄) တုံ့ပြန်ချက်ပေးနိုင်ပါစေ။ (En-courage feedback)
ပညာရှင်တို့၏အလိုအရ လုပ်ဆောင် ချက်တိုင်း၌ တုံ့ပြန်ချက်များ(feedback) ရှိပေသည်။ လက်အောက်ဝန်ထမ်းများ၏ ကျေနပ်မှု၊ မကျေနပ်မှု၊ အားတက်မှု၊ အား ပျက်မှုများသည် လုပ်ငန်းမန်နေဂျာများ အလေးထားရမည့်အချက်များဖြစ်ပါသည်။ ၎င်းတုံ့ပြန်ချက်များကိုအလေး
ဂရုပြုနေဖို့ လိုပါသည်။
မန်နေဂျာများအဖို့ လက်အောက်ဝန် ထမ်းများထံမှ ထိရောက်သောတုံ့ပြန်ချက် များရရှိရန် ဂရုတစိုက်နားထောင်မှု(active listening) သည် အရေးပါပေသည်။ အောင်မြင်သော မန်နေဂျာများသည် နား ထောင်ကောင်းသူများဖြစ်ကြသည်
(effe-ctive managers are good listen-ers) ဆိုသည့်အတိုင်း များများနားထောင် လေလေ လက်အောက်ဝန်ထမ်းများ၏ခံ စားချက်များကို ပိုသိရလေလေဖြစ်ကာ ၎င်းတို့ကိုဖြည့် ဆည်းဆောင်ရွက်ပေးခြင်း ဖြင့် လုပ်ငန်းအောင်မြင်တိုးတက်မှုများရရှိ နိုင်ပေသည်။
(၅) စနစ်တကျဝေဖန်စိစစ်ပြောဆိုပါ။ (Criticism)
လက်အောက်ဝန်ထမ်းများအား ချီးကျူးစကားပြောဆိုရသကဲ့သို့ ၎င်းတို့၏ အားနည်းချက်များရှိပါကလည်း စနစ် တကျဝေဖန်ပြောဆိုဖို့လိုပါသည်။ အမှန် စင်စစ်လုပ်ဆောင်ချက်များကိုအပြုသဘော ဖြင့် စနစ်တကျဝေဖန်ခြင်းသည်များစွာ ကောင်းမွန်သောအပြုအမူတစ်ခုပင်ဖြစ်
သည်။ မြန်မာမှုနယ်ပယ်၌ ‘အနင်းခံနိုင် သော စပါးသည် သန်၏။ အဝေဖန်ခံနိုင် သော သူသည် လိမ္မာ၏’ ဟူသောစကား ရှိပါသည်။ သို့ဖြစ်၍ လုပ်ငန်းအဖွဲ့အစည်း အတွင်းရှိ လူများအဖို့ မိမိတို့၏လုပ်ဆောင် ချက်များနှင့်စပ်လျဉ်း၍အဝေဖန်ခံနိုင်ဖို့ လိုပါသည်။
လုပ်ငန်းမန်နေဂျာများအဖို့ မိမိကိုယ် တိုင်ဝေဖန်ခံနိုင်ရသကဲ့သို့ လက်အောက် ဝန်ထမ်းများကိုလည်း အပြုသဘောဖြင့် ဝေဖန်မှုပြုဖို့လိုပါသည်။ လက်အောက်ဝန် ထမ်းများအားဝေဖန်ထောက်ပြ၍ တိုးတက် အောင်ဆောင်ရွက်စေခြင်းသည်လုပ်ငန်း မန်နေဂျာတိုင်း၏တာဝန်ပင်ဖြစ်ပါသည်။ သို့ဖြစ်၍အပြုသဘောဝေဖန်ခြင်းဖြင့်လက် အောက်ဝန်ထမ်းများကိုနည်းပြပေးရပါမည် (coaching)။ ဖွံ့ဖြိုးတိုးတက်အောင်ပုံ လောင်းပေးရပါမည်(mentoring)။
(၆) တံခါးဖွင့်ဝါဒကို ကျင့်သုံးပါ။ (An-open-door philosophy)
အောင်မြင်တိုးတက်သောလုပ်ငန်း မန်နေဂျာများသည် လက်အောက်ဝန်ထမ်း များအတွက် အတားအဆီးဖြစ်စေမည့် အရာများကို ဖယ်ထုတ်ပေးပါသည်။ လုပ်ငန်းဆိုင်ရာကိစ္စရပ်များ၊ ပြဿနာများကို ပွင့်ပွင့်လင်းလင်းတင်ပြနိုင်စေရန် ဖန်တီး ထားပါသည်။
လက်အောက်ဝန်ထမ်းများ ဖော်ထုတ်ထားသည့်တီထွင်ဖန်တီးမှုများ၊ အကြံဉာဏ်များကို အချိန်မရွေးတင်ပြခွင့် ပေးထားပါ။ ယင်းသို့ မန်နေဂျာနှင့်လက် အောက်ဝန်ထမ်းများ နီးနီးကပ်ကပ်ရင်းနှီး ပွင့်လင်းစွာ ဆောင်ရွက်ပြုမူခြင်းဖြင့် လုပ်ငန်းများထိရောက်အောင်မြင်လာနိုင်ပါသည်။
(၇) လက်အောက်ဝန်ထမ်းများလိုချင် သည့်အရာများ ရရှိအောင်ဖန်တီးပေး ပါ။ (Help other people get what they want) ဗုဒ္ဓစာပေ၌ ‘ကံ ကံ၏အကျိုးတရား’ ရှိပါသည်။ မိမိပြုမူသောကံအတွက် တူညီ သောအကျိုးကိုခံစားရပါမည်။ သိပ္ပံပညာ ရပ်နယ်ပယ်တွင် ‘လုပ်ဆောင်ချက်တိုင်း အတွက် တန်ပြန်အကျိုးသက်ရောက်မှုရှိ သည်’ ဟူသော နိယာမရှိပါသည်။ စီမံခန့် ခွဲမှုပညာရှင်တစ်ဦးကလည်း
‘မိမိဖွံ့ဖြိုးတိုးတက်လိုပါကအခြားလူများကိုဖွံ့ဖြိုးတိုးတက် အောင်ဆောင်ရွက်ပေးပါ’ ဟုဆိုပါသည်။
သို့ဖြစ်၍ လုပ်ငန်းအဖွဲ့အစည်းရှိ စီမံခန့်ခွဲသူမန်နေဂျာများသည် လက်အောက် ဝန်ထမ်းများအလိုရှိသည့်အရာများကိုရရှိ အောင် ဖန်တီးပေးခြင်းဖြင့် မိမိအလိုရှိ သည့်အရာများလည်း ရရှိလာလိမ့်မည်ဟု ယုံကြည်ထားရပါမည်။ သို့ဖြစ်၍ လုပ်ငန်း မန်နေဂျာများအဖို့
လက်အောက်ဝန်ထမ်း များ ဘာလိုအပ်သည်ကို သိရှိအောင်ကြိုး ပမ်းနေရပါမည်။ သို့မှသာ မိမိအလိုရှိသည့် အရာများ၊ တစ်နည်းဆိုသော် လုပ်ငန်းဆိုင် ရာရည်မှန်းချက်များ၊ လျာထားချက်များ ရရှိလာနိုင်ပေသည်။
(၈) ဝင့်ဝါစွာ မနေထိုင်ပါနှင့်။ (Never pomposity)
ဆောင်းပါးအစတွင် ဖော်ပြထား သကဲ့သို့ စီမံခန့်ခွဲမှုဆိုသည်မှာ အလုပ်များ ပြီးမြောက်အောင် ဆောင်ရွက်ခြင်းပင်ဖြစ် သည်။ အလုပ်များပြီးမြောက်ဖို့သည်သာ အဓိကဖြစ်သည်။ ရုံးဆန်ဆန်ပြုမူဆောင် ရွက်ခြင်း၊ ကိန်းကြီးခန်းကြီး ပြုမူခြင်းများကို တတ်နိုင်သမျှရှောင်ကြဉ်ရပေမည်။
အောင် မြင်တိုးတက်နေသည့်ပုဂ္ဂိုလ်ကြီးများ၊ ပညာ ရှင်ကြီးများ၊ လုပ်ငန်းရှင်ကြီးများသည် ရိုး ရိုးသားသား ပြုမူနေထိုင်ကြသူများဖြစ် သည်။ ပြုမူပြောဆိုမှု ရိုးသားသော်လည်း အတွေးအခေါ် မှာမူ မြင့်မားကြပေသည်။ ရင့်ကျက်ကြပေသည်။ စာရေးသူတို့ဆရာ သမားများကို
လေ့လာစိစစ်ကြည့်ပါက ရိုးသားကြသည်ကိုတွေ့ရပါသည်။ ရိုးသား ခြင်းဂုဏ်နှင့်ပြည့်စုံကြပေသည်။ ရိုးသားစွာ နေထိုင်ခြင်းဖြင့် အလုပ်များပြီးမြောက်ကာ လူအများအတွက် တန်ဖိုးရှိကြပေသည်။
အထက်ဖော်ပြပါအချက်များသည် အောင်မြင်ကြသူတိုင်းလုပ်ငန်းအဖွဲ့အစည်း အတိုင်းလိုက်နာကျင့်ကြံသင့်သည့်အခြေခံ သဘောတရားများပင်ဖြစ်သည်။ စီမံခန့်ခွဲ မှုပညာရှင်တို့၏ အလိုအတိုင်း စီမံခန့်ခွဲမှု သည် အလုပ်ပင်ဖြစ်ပါသည်။ ထိုသို့လုပ် ဆောင်ရာတွင်အဆိုပါနည်းစဉ်များကို လိုက်နာကျင့်သုံးခြင်းဖြင့်အောင်မြင်တိုး တက်ကြသည့်လုပ်ငန်းများမှာအများအပြား ရှိပါသည်။ သို့ဖြစ်၍ အထက်ပါစီမံခန့်ခွဲမှု ဆိုင်ရာ သဘောတရားများကို လိုက်နာ ကျင့်သုံးခြင်းဖြင့် အောင်မြင်တိုးတက်သော
လုပ်ငန်းအဖွဲ့အစည်းများဖြစ်လာနိုင်ပေသည် ဟုတင်ပြလိုက်ရပေသည်။
Credit : ဒေါက်တာထွန်းအောင်(စီမံခန့်ခွဲမှု)
Ref: Laurie J.Mullins’s Management and Organizational Behavior

Friday, November 10, 2017

50 Common Interview Question And Answers

အင်တာဗျူးမှာ အမေးအများဆုံး မေးခွန်လေးတွေနဲ့ ဘယ်လိုပြန်လည်ဖြေဆိုရမယ်ဆိုတာ လမ်းညွန်းပေးထားတဲ့ "50 Common Interview Question And Answers" ဆိုတဲ့ PDF ဖိုင်လေးမျှဝေပေးလိုက်ပါတယ်။
PDF :  https://my.pcloud.com/publink/show?code=XZqIGV7ZvPsEqdTDVxbYbBsYi3y4eBSfTPck
Credit : 4HRM

Monday, April 3, 2017

Non-Corporate Organization

> Sole Proprietors (တစ်ဦးတည်းပိုင်လုပ်ငန်း)
- တစ်ဦးတည်းပိုင်လုပ်ငန်းအမျိုးအစားဖြစ်ပြီး ကိုယ်ပိုင်ငွေအရင်းအနှီးဖြင့်စတင်နိုင်၍ အမြတ်ဝေစုရလျှင်လည်း တစ်ဦးတည်းသာရရှိပါသည်။
- လုပ်ငန်းသေးအမျိုးအစားဖြစ်ပြီး အရင်းအနှီးနဲနဲဖြင့်စတင်နိုင်ပါသည်။
ကောင်းကျိုးများမှာ-
- လုပ်ငန်းစတင်ရလွယ်ကူခြင်း။
- လုပ်ငန်းဖျက်သိမ်းရလွယ်ကူခြင်း။
- အမြတ်ဝေစုကိုတစ်တည်းပိုင်ဆိုင်နိုင်ခြင်း။
- ဘဏ်ကနေ ကုမ္ပဏီတွေထက် ငွေပိုချေးနိုင်ခြင်း။
- အခွန်တစ်ကြိမ်ပဲဆောင်ရခြင်း။
ဆိုးကျိုးများ-
- အကန့်အသတ်မရှိဘဲ အကြွေးတင်ရင် အကြေပြန်ဆပ်ကခြင်း။
- လုပ်ငန်းကြီးထွားနိုင်ဖို့ကြန့်ကြာစေခြင်း။
- ကိုယ်မဦးဆောင်ရင် ပြိုလဲနိုင်ချေရှိခြင်း။
~~~~~~~~
> Partnership
- အစုပ်စပ်သည် ၂ယောက်ကနေ အယောက် ၂၀ထိ စုပေါင်းလုပ်ကိုင်နိုင်သည်။
- Sole Proprietors ထက် လုပ်ငန်းဆိုဒ်ကြီးပြီး လုပ်ငန်းအကြီးစားထဲတော့မပါဝင်ပေ။
ဥပမာ - Finance, Insurance, Real Estate Firms, Wholesale and retail firms တို့လိုမျိုးဖြစ်သည်။
Partnership ရဲ့ကောင်းကျိုး၊ဆိုးကျိုးမပြောခင် Partnership Contract အကြောင်းကိုသိထားဖို့လိုပါတယ်။
Partnership Contract မှာပါရဲ့အချက်တွေကတော့ -
- လုပ်ခလစာရှင်းတမ်း
- အမြတ်၊အရှုံးကို ဘယ်လိုခွဲဝေမလဲဆိုတဲ့အချက်
- လုပ်ငန်းဖျက်သိမ်းတဲ့အခါ လုပ်ငန်းထဲက ဘယ်ပစ္စည်းတွေကို ပြန်လည်ခွဲဝေယူကြမလဲဆိုတဲ့အချက်
တွေ ကြိုတင်ထည့်သွင်း ချုပ်ဆိုထားဖို့လိုပါတယ်။

ကောင်းကျိုးများ-
- လုပ်ငန်းပေါင်းလုပ်ရတာလွယ်ကူခြင်း။
- အစုစပ်တွေက အမြတ်ကိုယ်စီခွဲဝေယူနိုင်ခြင်း။
- ငွေချေးရတာလွယ်ကြူ်ခင်း။
- အခွန်ကို အစုစပ်တစ်ဦးချင်းဆီကသာ ဆောင်ရခြင်း။
- အရင်းအနှီးများများသုံးနိုင်ခြင်း။
- လုပ်ငန်းကြီးထွားဖို့အလာလားကောင်းခြင်း။
ဆိုးကျိုးများ-
- အကြွေးဆပ်ရန်တာဝန်အကန့်အသတ်မရှိခြင်း။
- လုပ်ငန်းကြီးထွားဖို့ ဥပဒေအရအကန့်အသတ်ရှိနေခြင်း။
- အစုစပ်တစ်ဦးသေဆုံးခဲ့လျှင် အဖွဲ့ဝင်တွေကဆက်လက်လုပ်ကိုင်လိုခြင်းမရှိခြင်း။
- အစုစပ်တွေအကြား အငြင်းပွားမှု၊ မသမာမှု ခဏ ခဏဖြစ်ခြင်း။

Jimmy Hein (HRM Revolution)

Sunday, January 29, 2017

U Ko Ni

အမြင်တူမှ မဟုတ်ဘူး
ဘာသာတူမှ မဟုတ်ဘူး
လူမျိုးတူမှ မဟုတ်ဘူး
နိုင်ငံသားတစ်ဦး ဆုံးရှုံးတာဟာ ဆုံးရှုံးတာပဲ
မတရားတာ မတရားတာပဲ
မင်းဟာမင်း ဘာယုံယုံ ဘယ်ဘက်ကဖြစ်ဖြစ်
-------


Tuesday, January 10, 2017

HR Sales & Service


HR Call Center
ကုမ္ပဏီမှာဆို ဖုန်းလက်ခံရဆုံးကတော့ Reception ပါ။ ဒုတိယလက်ခံရဆုံးကတော့ HR ဌာနမှာရှိသော R&S service ပါ။ ကြေငြာလိုက်တဲ့ လစ်လပ်နေရာတွေအတွက် ဝန်ထမ်းလိုသေးလား? ဘယ်မှာလုပ်ရမှာလဲ? ဘာလုပ်တဲ့ ကုမ္ပဏီလဲ? လစာကကော? စုံလို့ပါပဲ။ Call တွေက နည်းတာမဟုတ်ဘူး။ ရုံးဖုန်းပါ မလောက်တော့ external ဖုန်းတစ်လုံးပါဆောင်ထားရတယ်။ ဒါကြောင့် ၀င်လာတဲ့ ဖုန်း call တိုင်းဟာ ကိုယ့်ကုမ္ပဏီကို အကျိုးပြုနိုင်မဲ့ ၀န်ထမ်းကောင်းတွေ ဖြစ်မလာဘူးလို့ မပြောနိုင်ဘူးလေ။ဒါကြောင့် Call center က အသံချိုချို၊ ကြားလိုက်တာနဲ့ အင်တာဗျူး ချက်ချင်းဝင်သွားစေမယ့် လေသံမျိုးနဲ့ ပြောရပါတယ်။ လိုအပ်ရင် လမ်းညွန်းမှုတွေပြန်ပေးရပါတယ်။ Conversation တစ်ခုမှာ ကိုယ့်ရဲ့ အပြောအဆိုဟာ ကိုယ့်ကုမ္ပဏီရဲ့ image ကို ထိခိုက်စေနိုင်ပါတယ်။ ငါတို့က အလုပ်ခန့်မယ်သူမယ် ငါတို့ကဘာလို့ချိုသာရမှာလဲ၊ မအားသေးဘူး နောက်မှ ဆက်လို့ လုပ်လို့မရပါဘူး။ R&S ကို တာဝန်ယူထားရင် Candidate တစ်ယောက် ကိုယ့်ကုမ္ပဏီ ထိုင်ခုံမှာ လာထိုင်နိုင်တဲ့အထိ ၀န်ဆောင်မှု ပေးရပါမယ်။ ပထမခြေလှမ်းကတော့ call တစ်ခုကစတာပါပဲ။ ကိုယ့်ရဲ့ စိတ်နေသဘောထားဟာ ဒီနေရာမှာ အရေးကြီးပါတယ်။
---------------------
HR Customer Service
HR ဌာနတစ်ခုဟာ Customer service ဆိုလည်းမမှားပါဘူး။ နေ့စဉ်ပေးနေရတဲ့ ၀န်ဆောင်မှုတွေဟာ ကုမ္ပဏီနဲ့ ၀န်ထမ်းတွေကြား အဆင်ပြေချောမွေ့စေဖို့ ရည်ရွယ်ပါတယ်။ လူလူချင်း ချိတ်ဆက်လုပ်ကိုင်ရသည့်အပြင် ပြောဆိုဆက်ဆံရေးပါကောင်းရပါတယ်။ နေ့စဉ်လက်ခံရရှိလာတဲ့ Customer (Staffs) complain တွေကို စိတ်ရှည်စွာ နားထောင်ပေးရပြီး အကြံဥာဏ် ၀န်ဆောင်မှုတွေပါ ပြန်ပေးရပါတယ်။ ဆိုးဆိုးဝါးဝါးအခြေအနေမှာ ရှိနေတဲ့ customer တွေရဲ့ အပြုမူတွေကိုပါ HR ကဒဏ်ခံရပါတယ်။ HR ကပေးနေတဲ့ Service တွေကတော့ အများကြီးပါ။ R&S service , T&D service, Payroll service , PR service စသော ပေးနေတဲ့ service တွေကတော့ ပုံစံမတူပါဘူး။ R&S မှာဆို Candidate တွေဟာ မတူကွဲပြားတဲ့ လုပ်ငန်းအတွေ့အကြုံ နောက်ခံတွေလာကြတဲ့အတွက် ကိုယ့်ကုမ္ပဏီနဲ့ ကိုက်ညီမယ့်သူကို R&S က စစ်ထုတ်ပြီးရွေးပါမယ်။ ခန့်အပ်ထားတဲ့ ၀န်ထမ်းတစ်ယောက်ကိုလည်း follow လိုက်ပြီး Performance Appraisal လုပ်ရပါမယ်။ တိုင်းတာချက်တွေအရ လိုအပ်ရင် T&D service ကိုသုံးရပါမယ်။ Organization ထဲမှာ T&D အတွက် သင်တန်းနေရာ၊ ပေးသူ၊ ယူသူ၊ ကျွမ်းကျင်သူ
 

Friday, January 6, 2017

မှတ်တမ်းတစ်ခုရဲ့ နောက်ကွယ်


--- နေ့စဉ်နှင့်အမျှ သွားလာလှုပ်ရှား ရုန်းကန်ရင် ပျော်စရာအချိန်လေးတွေရှိသလို စိတ်ညစ်စရာအချိန်လေးတွေလည်း လူတိုင်းကိုယ်စီမှာ ရှိကြပါတယ်။ တစ်နေ့တာဖြစ်ပျက်သမျှအကြောင်းအရာတွေဟာ အနာဂတ်အတွက် ဖြစ်တည်းမှုတစ်ခုပါ။ ခံစားချက်တွေ ရောထွေးနေတဲ့ လူတွေမှာ အားနည်းချက်တွေအများကြီးရှိကြတယ်။ စိတ်၏စေရာကို လိုက်နေရင် မသိစိတ်နဲ့ သိစိတ်ကြားထဲမှာ အဆင်ပြေသလိုနေနေရတယ်။ ကိုယ်စိတ်ကို ထိန်းနိုင်တဲ့သူတစ်ယောက်ဟာ ကမ္ဘာကြီးတစ်ခုကို အုပ်စိုးနေရသလိုပါပဲ။ ကိုယ်ဘယ်လိုရပ်နေလည်းဆိုတာ ကိုယ်အပေါ်မှာသာ မူတည်ပါတယ်။
--- ပုံစံတူတွေများထဲကြားထဲမှာ အတုမခိုးမိဖို့အရေးကြီးတယ်။ Simpler တွေများတဲ့ကြားထဲမှာ Different ဖြစ်နေဖို့လိုတယ်။ ဆန့်ကျင်နေဖို့ ပြောတာမဟုတ်ဘူးနော်။ ကိုယ်ရည်ကိုယ်သွေးကြောင့် ထင်ရှားပြီး ကိုယ့်ကိုကိုယ် လေးစားနေတဲ့လူတစ်ယောက်ဖြစ်နေဖို့လိုတယ်။ တစ်ချို့လူတွေဟာ လူဂွစာ ပေါင်းသင်းရခက်တယ်လို့ ဆိုကြတယ်။ ထိုသူတို့နဲ့ လူအများက မပေါင်းသင်းလိုကြဖူး။ တကယ်တော့ သူတို့ဟာ သူတို့ယုံကြည်ရာအတွက် ရပ်တည်နေကြတာပါ။ အစွန်းမရောက်သွားရင်တော့ အများထက်သာတယ်လို့ သတ်မှတ်လို့ရပါတယ်။
--- ကိုယ်ကိုကိုယ် အားကျနိုင်ဖို့ထက် အမြင်မှာပေါ်လာတဲ့သူတွေကိုပဲ အားကျမိတတ်ကြတာများပါတယ်။ ပတ်ဝန်းကျင်ကို သိပ်ဂရုစိုက်လွန်အားကြီးတယ်။ သူများတွေ ချမ်းသာနေရင် ကိုယ်လည်းချမ်းသာချင်တယ်၊ အောင်မြင်နေတာမြင်ရင် အောင်မြင်ချင်တယ်၊ လှနေပြန်ရင်လည်းလှချင်ပြန်တယ်၊ စသော အတော်မသတ်နိုင်သော လောဘတွေနဲ့ ဖြည့်ဆည်လို့ကို ဆုံးမှာမဟုတ်တော့ပါဘူး။ ကိုယ်မှာ ရှိနေတဲ့ ကောင်းမွန်တဲ့အရည်ချင်းလေးတွေနဲ့ ကိုယ့်ကိုကိုယ် ပြန်လည်းမွမ်းမံမယ်ဆိုရင် သူများထက်မသာရင်တောင် ကိုယ်ဘ၀မှာ ကိုယ်နေပျော်နေမှာပါ။ ဘ၀ဟာ ဓါတ်ပုံတွေနဲ့ ဖွဲ့စည်းထားတာမဟုတ်ပါဘူး။
--- သင်တို့မြင်တွေ့နေရတဲ့ အားကျရတဲ့ ဓါတ်ပုံတွေရဲ့နောက်မှာ တစ်ချို့တွေဟာ အလိမ်အညာတွေပါ။ တစ်ချို့အရာတွေကတော့ ရာနှုန်းပြည့် မပြည့်စုံပါဘူး။ ခံစားချက်တွေနဲ့လူမှာ ဖွင့်ဟဖို့အတွက် နေရာတစ်နေရာလိုတယ်။ ကိုယ်ဘေးမှာ နားထောင်ပေးမယ့်သူရှိတဲ့အတွက် အကြောင်းမဟုတ်ပေမယ့် နားထောင်ပေးမယ့်သူမရှိတဲ့သူအတွက် ဖြေဖျောက်ရာတစ်ခုတော့လိုပါတယ်။ဒါကတော့ ဖုန်းတစ်လုံးပါ။ ခေတ်မှီလာတာမှန်ပေမယ့် သိသင့်တဲ့ ခေတ်အတွင်းက အရာတွေဟာ ခရေစေ့တွင်းကြ သိမလာခဲ့ကြတော့ပါဘူး။ ခေတ်ကျော်ခေတ်ပါ။
--- ပေါ်ပင်တွေ အပေါ်ယံတွေနဲ့သာ ဖြစ်တည်လာတဲ့ အတုအပခေတ်တစ်ခုပါ။ လူအများတွေရောက်နေကြတဲ့ နေရာကို ရောက်ဖူးချင်တယ်၊ ငါလည်းသွားနိုင်တယ်ဆိုတာမျိုးပေါ့။ ဒီလိုပဲ လူအများ . . . လူအများ . . . တွေရဲ့အရိပ်ဟာ ကိုယ်မှာ လွမ်းမိုးမှုတွေများလာတော့ ငါဆိုတာ ဘာလဲလို့တောင် ပြန်မေးချိန်တောင် မရှိတော့ဘူး။ သေချာစဉ်စားကြည့်ပါ။ သင့်ကျန်ခဲ့အချိန်တွေမှာ ဓါတ်ပုံတွေရဲ့ နောက်ကအကြောင်းအရာတွေ ပြန်မှတ်မိသေးရဲ့လား? အဲတုန်က ပျော်ခဲ့ရတဲ့အချိန်တွေကကော ခုချိန်ထိရှိနေတုန်လား? အဲတုန်က လူတွေကကော တကယ်ပဲ ကိုယ်အတွက် အရေးပါခဲ့ကြလား? သူအတွက်ကော ကိုယ်က အရေးပါတဲ့သူတစ်ယောက်ဖြစ်ခဲ့ရဲ့လား?
--- ဓါတ်ပုံဆိုတာ မှတ်တမ်းတစ်ခုပါပဲ။ ကိုယ်အသုံးပြုခဲ့အချိန်တစ်ခုမှာ ကိုယ်နဲ့ အနီးစပ်ဆုံးလူတွေနဲ့ ခဏတာရှိခဲ့တာပါ။ ဆက်ပြီးထိန်းထားနိုင်တဲ့ မှတ်တမ်းတွေတော့ တွေ့ဖူးပါတယ်။ များသောအားဖြင့် နည်းပါတယ်။ အချိန်တန်ရင် အိမ်ပြန်ရစမြဲပါ။ အိမ်မှာတော့ အမြဲအသစ်ဖြစ်နေတဲ့ မှတ်တမ်းစဉ်တစ်ခုတော့ရှိနေတယ်။အဲဒါ မိသားစု မှတ်တမ်းပါပဲ။ ပျော်ရွင်နေတဲ့ မိသားစု၊ ထမင်းဝိုင်းတစ်ဝိုင်းထဲမှာ ပျော်ရွင်စွာ စားသောက်နေတဲ့မိသားစု၊ ကလေးတွေအတွက် အချိန်ပေးနေတဲ့ မိသားစု။ အဖေပြန်မလာခင် အဖေကို စောင့်ပြီးမှ ညတူတူစားကြတဲ့ မိသားစု၊ စိတ်ကူးနဲ့တင်ပျော်စရာကောင်းနေတဲ့ မှတ်တမ်းတစ်ခုပါ။
--- ခေတ်အရ culture ချိန်းနေပေမယ့် မိသားစုမှတ်တမ်းမှာတော့ ထိန်းသိမ်းသင့်တဲ့ ယဉ်ကျေးမှုတစ်ခုပါ။ မိသားစုထက် ဖုန်းတစ်လုံးပေါ်မှာ အချိန်တွေ ပိုသုံးမိတဲ့အခါ ဖုန်းတစ်လုံးဟာ ကိုယ်အတွက်သီသန့် သူငယ်ချင်းဖြစ်လာတယ်။ အထူးသဖြင့် Facebook လိုနေရာမှာ အချိန်တွေရင်းနှီးမြှပ်နှံထားမယ်ဆိုရင် သင်ဟာ အတွေးအခေါ် ပညာရှင်ကြီးတစ်ယောက် သို့မဟုတ် ပရိတ်သတ်တစ်ယောက် ဒါမှမဟုတ် စိတ်ရောဂါသည်တစ်ယောက်တော့ ဖြစ်နေလောက်ပါပြီ။ ဘာလို့လဲဆိုတော့ ခင်ဗျားရဲ့ နေ့စဉ်ဘ၀ထဲမှာ ဒီအရာဟာ အသက်ရှင်ဖို့အတွက် ဆေးတစ်လုံးလို လိုအပ်နေတယ်လို့ ထင်နေလို့ပါ။ လက်တွေ့ဘ၀ထဲပြန်လာခဲ့ကြပါတယ်။ ဟိုအရင်လို လူလူချင်း စကားတွေပြောကြမယ်လေ။
--- မြင်နေရတာလေးနဲ့ စကားသတ်ရရင် “လူတစ်ယောက် ဖုန်းတစ်လုံး ဘ၀တစ်ခု နိဂုံး” ။ ဒါပါပဲ … စိတ်ထဲပေါ်လာတာလေး ပြန်လည်းမျှဝေတာပါ။ ဒါဟာ ကျွန်တော်ရဲ့ ထင်မြင်ချက်တစ်ခုပါ။ ဆွေးနွေးနိုင်ပါတယ်။
#Jimmy_Hein

Thursday, January 5, 2017

Mark Zuckerberg နိုင်ငံရေးဘက်ကို ကူးဖို့ပြင်ဆင်နေပြီလား လို့ ယူဆချက်တွေထွက်ပေါ်

 Facebook တည်ထောင်သူ Mark Zuckerberg ဟာ ယခုနှစ်
၂၀၁၇ မှာ အမေရိကန်မှာရှိတဲ့ ပြည်နယ်တွေအားလုံးကို အရောက်
သွားဖို့ စီစဉ်ထားတယ်လို့ ထုတ်ပြန်ပြောဆိုခဲ့တာကြောင့် ၎င်းဟာ
နိုင်ငံရေးဘက်ကို ကူးပြောင်းသွားကောင်းသွားနိုင်တယ်လို့ ထုတ်
ဖော်အရိပ်ပြလိုက်သလိုဖြစ်ခဲ့တယ်လို့ နိုင်ငံတကာသတင်းတစ်ရပ်
မှာ ဖော်ပြထားပါတယ်။

အရင်နှစ်တွေတုန်းကတော့ သူဟာမန်းဒရင်းတရုတ်စာကို သင်
ယူခဲ့သလို နေ့စဉ်ခရီးမိုင်တစ်မိုင်နီးပါးပြေးမယ်လို့ ကတိပြုပြော
ကြားခဲ့သူဖြစ်ပါတယ်။ အလားတူ သူရဲ့ နေအိမ်ကိုထိန်းချုပ်ဖို့အ
တွက် Jarvis လို့ခေါ်တဲ့ Virtual assistant ကိုပါ ဖန်တီးခဲ့သူဖြစ်
ပါတယ်။

ယခုနှစ်မှာတော့ ၎င်းအနေနဲ့ အမေရိကန်မှာရှိတဲ့ ပြည်နယ်တွေ
အားလုံးကို သွားရောက်လည်ပတ်ပြီး ပြည်နယ်တိုင်းက ဒေသခံတွေ
နဲ့ တွေ့ဆုံချင်တယ်လို့ ထုတ်ဖော်သွားခဲ့ပါတယ်။ ၎င်းဟာ လက်ရှိအ
ချိန်ထိ ပြည်နယ် ၂၀ အထိ သွားခဲ့ပြီး အခုနှစ်ကုန်မတိုင်ခင် ပြည်နယ်
၃၀ ခန့်အထိ သွားရောက်လည်ပတ်ဖို့ရှိနေတာလည်း ဖြစ်ပါတယ်။

" ဒီနှစ်ပိုင်းမှာတော့ ကျွန်တော်ဆန္ဒရှိနေတာက ဒီမှာရှိတဲ့ လူတွေ
သူတို့ ဘယ်လိုတွေ နေထိုင်နေကြတယ်၊ ဘယ်လိုတွေ အလုပ်လုပ်
နေကြတယ်၊ အနာဂတ်အတွက် သူတို့ဘာတွေတွေးနေကြတယ်ဆို
တာတွေ့ပြီး ပြောချင်မိပါတယ်" လို့ Zuckerberg ကသူရဲ့ ဖေ့
ဘွတ်ခ်ပို့မှာ ရေးသားထားခဲ့ပါတယ်။

သူသွားလာမယ့်ခရီးစဉ်တွေထဲမှာ ဇနီးသည် Priscilla Chan နဲ့
အတူ သွားမယ့်လမ်းခရီးစဉ်တွေပါဝင်ပြီး ဖေ့ဘွတ်ခ် ရုံးတွေကို ၀င်
ရောက်မှာဖြစ်သလို ဆရာဆရာမတွေ၊ သိပ္ပံပညာရှင်တွေနဲ့ တွေ့ဆုံ
ဖို့ရှိတဲ့အပြင် မြို့ငယ်လေးတွေနဲ့ တက္ကသိုလ်တွေကိုပါ ၀င်ရောက်ဖို့
ရှိနေတယ်လို့ သိရပါတယ်။

ယခုပြောဆိုမှုဟာ သူ့အနေနဲ့ အစိုးရလုပ်ငန်းထဲကို ပါဝင်ပတ်သက်ဖို့
ရည်ရွယ်နေတယ်ဆိုတာကို ပြသလိုက်တဲ့ အရွေ့တစ်ခုဖြစ်တယ်လို့
လည်း ယူဆနေကြပါတယ်။ ပြီးခဲ့တဲ့ဒီဇင်ဘာလအစပိုင်းကတော့
ထွက်ပေါ်လာတဲ့သတင်းတွေအရ Facebook CEO Zuckerberg
နဲ့ အခြားဘုတ်အဖွဲ့ဝင်နှစ်ဦးတို့ဟာ လက်ရှိကုမ္ပဏီကို ထိန်းချုပ်ရင်း
နဲ့ပဲ နိုင်ငံရေးဘက်ကို စီအီးအိုတစ်ယောက်အနေနဲ့ ဘယ်လိုမျိုး
ကူးပြောင်းလုပ်ဆောင်နိုင်မလဲဆိုတာကို ဆွေးနွေးခဲ့ကြ
တယ်လို့လည်း သိရပါတယ်။
Credit to ; Strategy First Journal
photo;wired.com
source;https://www.theguardian.com/…/mark-zuckerberg-facebook-2017