Thursday, October 9, 2014

ပညာတတ်များ မေ့လျော့နေသော အမှန်တရားများ



မြန်မာမှုနယ်ပယ်တွင် “သ တိမမူ ဂူမမြင်” ဟူသော မြန်မာစကား ပုံတစ်ခုရှိပေသည်။ မေ့လျော့ပေါ့ဆ ခြင်းမရှိစေရန် ဆုံးမထားသည့် စကား ပုံပင်ဖြစ်သည်။ လူဟူသည် အတတ် ပညာ၊ အသိပညာအနေဖြင့် မည်မျှ ပင် တတ်မြောက်သော်လည်း တစ်ခါ တစ်ရံတွင် သတိမပြုမိသော အချက် များရှိနေတတ်ပေသည်။ ပညာတတ် များအနေဖြင့် ထိုသို့သတိမပြုမိသဖြင့် အမှားများလည်း ကြုံတွေ့ရတတ်ပေ သည်။ ယခုဆောင်းပါးတွင် ပညာ တတ်များအနေဖြင့် သတိ မပြုမိတတ် သည့် အချက်အချို့ကို လေ့လာတင်ပြ လိုက်ပါသည်။

၁။ မည်မျှပင် ပညာတတ်မြောက် ပြီး၊ ဉာဏ်ရည်မြင့်မားပါစေ လက် တွေ့ လုပ်ဆောင်ချက် မရှိလျှင် မည့်သည့်အရာကိုမျှ အောင်မြင်ပြီး မြောက်အောင် မလုပ်ဆောင်နိုင် ချေ။

ပညာတတ်များအနေဖြင့် လက်တွေ့နှင့်စာတွေ့ကို ပေါင်းစပ် မှုမရှိလျှင် မအောင်မြင်နိုင်ကြောင်းကို သတိပေးထားခြင်း ဖြစ်သည်။ သင်ယူ ထားသည့်ပညာရပ်ကို လက်တွေ့နယ် ပယ်တွင် ပေါင်းစပ်အသုံးမချနိုင်လျှင် ဘွဲ့ဒီဂရီရရှိသူသာ ဖြစ်နေလိမ့်မည်။ အမှန်တကယ် ပညာတတ်မြောက် သူအဖြစ် မခေါ်ဆိုနိုင်ပေ။

၂။ ပျော်ရွှင်မှုနှင့် အောင်မြင်မှု သည် တစ်သီးတစ်ခြားစီရှိနေသော အရာများသာ ဖြစ်သည်။

ပညာတတ်များအနေဖြင့် သတိပြုသင့်သည်မှာ လူ့ဘ၀ဟူသည် ပျော်ရွှင်စွာနေတတ်ဖို့လည်း အရေး ကြီးပေသည်။ ပျော်ရွှင်မှုကို ဘ၀ အောင်မြင်မှုနှင့် ဟန်ချက်ညီအောင် ထိန်းထားနိုင်ဖို့ လိုအပ်ပေသည်။ အပျော်လွန်ခြင်းသည် ဘ၀အောင် မြင်မှုကို အဟန့်အတားဖြစ်နိုင်သလို အောင်မြင်မှုနောက်ကို လိုက်လွန်း သဖြင့် ဘ၀ပျော်ရွှင်မှုလည်း ပျောက် ဆုံးတတ်ပေသည်။

 ၃။ အလွန့်အကျွံ ရွေးချယ်မှုသည် ဆုံးဖြတ်ချက်ချရာတွင် အနှောင့် အယှက် ဖြစ်စေတတ်သည်။   

“အတတ်ကြူး အရူးဖြစ်” ဟူသော ဆုံးမစကားအတိုင်း အလုပ် တစ်ခုကို လုပ်ဆောင်ရာ တွင်ဖြစ်စေ၊ ဆုံးဖြတ်ချက်ချမှတ်ရာတွင်ဖြစ်စေ တစ်ဖက်စွန်းရောက် တွေးခေါ်ဆုံး ဖြတ်မှုသည် အောင်မြင်မှုကို အဟန့် အတား ဖြစ်စေနိုင်ကြောင်းကိုလည်း ပညာတတ်များအနေဖြင့် သတိပြုသင့် ပေသည်။ ထို့ကြောင့် တစ်ခါတစ်ရံ တွင် အခွင့်အလမ်းကောင်းကို လက် လွှတ် ဆုံးရှုံးရတတ်ပေသည်။

၎။ လူသားတိုင်းတွင် အောင်မြင်မှု အထွေထွေနှင့် ကျရှုံးမှုအဖုံဖုံ ရှိနေ တတ်သည်။   

ဘ၀ဆိုသည်မှာ နိမ့်တုံ/ မြင့်တုံရှိသည့် တရားသဘောကိုလည်း ဆင်ခြင်သတိပြုဖို့လိုပေသည်။ အ ကောင်းဆုံးအတွက် ပြင်ဆင်ထားဖို့ လိုသလို အဆိုးဆုံးဖြစ်လာလျှင်လည်း ရင်ဆိုင်ရဲဖို့လိုအပ်ကြောင်း သတိပြု အပ်ပေသည်။ လူသားတိုင်းအတွက် လောကဓံသည် အကောင်းနှင့်အဆိုး ကို ဒွန်တွဲလျက် ဖန်တီးပေးထားသည်။

၅။ အမှားများမှတစ်ဆင့် တိုးတက် မှု တစ်စုံတစ်ရာကို ရှာဖွေနိုင်ရန် လိုအပ်ပေသည်။

ပညာတတ်များအနေဖြင့် အမှားကိုရင်ဆိုင်ရမှာ စိုးရိမ်လွန်ပြီး တစ်စုံတစ်ရာမပြုမိဘဲ နေခြင်းထက် အမှားများမှလည်း တိုးတက်မှု တစ်စုံ တစ်ရာရရှိနိုင်ကြောင်းကို သတိပြုရန် လိုအပ်ပေသည်။ အမှားပြုလုပ်မိ ခြင်းမှ သင်ခန်းစာယူနိုင်ပြီး ဘ၀ကို အောင်မြင်စွာ တည်ဆောက်နိုင်ဖို့ရာ အရေးကြီးကြောင်းကိုလည်း သတိပြု သင့်ပေသည်။ အမှားပြုလုပ်မိတိုင်း ကျဆုံးမှုကို ရင်ဆိုင်ရမည်ဟု ဧကန် မုချမသတ်မှတ်နိုင်ခြင်းကြောင့် ပင် ဖြစ်သည်။

၆။ မိမိ၏၀ါသနာနှင့် တစ်ထပ် တည်းမကျသည့် အလုပ်များတွင် လည်း အောင်မြင်မှုများ ရှိနေတတ် သည်။

လူသားတိုင်းသည် ၀ါသ နာနှင့်အလုပ်ကို ထပ်တူထပ်မျှရှိခြင်း ကိုသာ မျှော်လင့်ပေလိမ့်မည်။ သို့ သော် ဘ၀ဟူသည် မိမိမျှော်လင့်ထား သကဲ့သို့ ဖြစ်လာလိမ့်မည်ဟု လှေနံ ဓားထစ်မှတ်ယူခြင်းငှာ မဖြစ်နိုင်ပေ တစ်ခါတစ်ရံတွင် လုပ်သလို မဖြစ်သ ဖြင့် ဖြစ်သည့်အရာပေါ်တွင် မှန်ကန် စွာ လုပ်ဆောင်ရင်းဖြင့် အောင်မြင်မှု များ ရရှိတတ်ကြောင်းကို ပညာတတ် များအနေဖြင့် သတိပြုရန် လိုအပ်ပေ သည်။

၇။ ပြဿနာကို ဖန်တီးသူမှာ တစ်ခါတစ်ရံတွင် မိမိကိုယ်တိုင် သာ ဖြစ်တတ်ပေသည်။

ပညာတတ်များအနေဖြင့် တစ်ပါးသူ၏ အမှားကို မြင်လွယ် တွေ့လွယ်သော်လည်း မိမိကိုယ်တိုင်၏ အမှားကို မမြင် တတ်ကြောင်း သတိ ပေးထားခြင်းဖြစ်သည်။ လူသားတိုင်း ၏ ဘ၀အောင်မြင်မှုအတွက် အ ကောင်းဆုံးသော နည်းလမ်းမှာ မိမိ ကိုယ်တိုင်ကို ပထမဦးစွာ ဆန်းစစ်သုံး သပ်ခြင်းဖြစ်ပေသည်။

၈။ ကောင်းမွန်သည့် ဆုံးချက်ကို ချမှတ်နိုင်ရန် စိတ်ခံစားမှုကို ဦးစား မပေးမိရန်သတိပြုဖို့ လိုအပ်ပေ သည်။

မိမိ၏ စိတ်ခံစားမှုကို ဦး စားပေးပြီး ချမှတ်သည့် ဆုံးဖြတ်ချက် သည် မှန်ကန်မှုနှင့်နီးစပ်ဖို့ရာ မဖြစ် နိုင်ပေ။ ကြောင်းကျိုး ဆီလျော်မှုဖြင့် စဉ်းစားဆုံးဖြတ်မှသာလျှင် မှန်ကန် သည့် ဆုံးဖြတ်ချက်ကို ချမှတ်နိုင်ပေ လိမ့်မည်။ စိတ်ခံစားမှုကို ဦးစားပေး လွန်ခြင်းသည် အမှားများပင်ဖြစ် တတ်ကြောင်းကိုလည်း သတိပြုသင့် ပေသည်။

 ၉။ အခွင့်အလမ်းများကို ဆုပ်ကိုင် နိုင်ဖို့ရာ အဆင်သင့်မဖြစ်သေးဟု ထင်မြင်နေသမျှ အောင်မြင်မှု လမ်းကြောင်းနှင့် ဝေးကွာနေပေ လိမ့်မည်။

အခွင့်အလမ်းရှိသည်ဖြစ်စေ။ မရှိသေး သည်ဖြစ်စေ မိမိတို့အနေဖြင့် ပြုလုပ်ထားရမည့်အရာမှာ ကြိုတင် ပြင်ဆင်ထားခြင်းပင် ဖြစ်သည်။ ကြို တင်ပြင်ဆင်ထားခြင်းဖြင့် မိမိ၏ လက်တစ်ကမ်းတွင်ရှိသော အခွင့် အလမ်းများကို အမိအရဆုပ်ကိုင် နိုင်ပေလိမ့်မည်။ ပညာတတ်များ အနေဖြင့် မိမိသည် အခွင့်အလမ်း ကောင်းများကို အမိအရဆုပ်ကိုင်နိုင် ဖို့ရာ အဆင်သင့်မဖြစ်သေးကြောင်း ရံဖန်ရံခါ ထင်မြင်တတ်ပေသည်။ ထိုသို့ထင်မြင်နေလျှင် အောင်မြင်မှု နှင့် ဝေးကွာနေပေလိမ့်မည်။ ခြေလှမ်း ကိုရဲဝံ့စွာဖြင့် ရှေ့သို့ တစ်လှမ်းတိုး ခြင်းသည်သာ အောင်မြင်မှု၏ လမ်းစ ကို ရောက်ရှိခြင်းဖြစ်သည်။

ပညာတတ်များ အနေဖြင့် အထက်ပါအချက်များကို မမေ့မ လျော့ သတိပြုရန်လိုအပ်ပေသည်။ မိမိတို့သင်ယူထားသည့် အတတ် ပညာနှင့် အသိပညာများကို အစွန်း မရောက်ဘဲ အလယ်အလတ် လမ်း စဉ်ဖြင့်ဘ၀ကို လျှောက်လှမ်းနိုင်ပြီး အားနည်းချက်များကို ပြင်ဆင်ကာ အောင်မြင်မှုပန်းတိုင်ကို ဆုပ်ကိုင် နိုင်ပါစေဟု ဆန္ဒပြုလိုက်ရပါသည်။

 လျှံဇွဲကို (စီးပွားရေးတက္ကသိုလ်)

“ငါ ဘယ်လိုအလုပ်မျိုးနဲ့အသက်မွေးရပါ့မလဲ” ဆိုတဲ့ သူတွေအတွက် အဆင့် ၃ဆင့်နဲ့ LinkedIn ကိုသုံးပြီး အဖြေရှာရအောင်


အလုပ်ရှာတယ်ဆိုတာ တကယ်တော့ သိပ်မလွယ်လှပါဘူး။ ဘယ်လိုအလုပ်မျိုးကို လုပ်ရမယ်ဆိုတာ မသေချာတဲ့သူအတွက်ဆိုရင်တော့ အလုပ်တစ်ခုရှာရတာ တကယ့်ကို ခက်ခဲတဲ့အလုပ်ပါ။

အဲ့အတွက် နယ်ပယ်အသီးသီးက ကျွမ်းကျင်ပညာရှင်တွေ စုစည်းတဲ့ကမ္ဘာ့အကြီးဆုံးကွန်ရက် (network)တစ်ခုဖြစ်တဲ့ LinkedIn ကိုသုံးပြီးသင်နဲ့ကိုက်ညီမယ့် အလုပ်တစ်ခုကိုရှာလို့ရပါတယ်။ သင်ဟာ မကြာသေးခင်ကမှ ဘွဲ့တစ်ခုရထားပြီးတော့ ရှေ့ဆက် “ငါ ဘယ်လိုအလုပ်မျိုးကို လုပ်ရမလဲ” လို့ ကိုယ့်ကိုယ်ကိုယ် မေးနေခဲ့မယ်ဆိုရင်တော့ စာရေးသူ ထောက်ခံထားတဲ့ အချက်လေးတွေကိုသာကြည့်ပြီး ကိုယ့်ဘ၀အတွက် ဘာလုပ်ရမယ်ဆိုတာကို ဆုံးဖြတ်နိုင်ပါလိမ့်မယ်။

(၁) အလုပ်အကိုင် စာရင်းခပ်ကြီးကြီး (Big List) တစ်ခုရအောင် ပြင်းပြင်းထန်ထန် အာရုံစိုက် စဉ်းစားရအောင်

သင်ဟာ ဘယ်လမ်းကြောင်းနဲ့အသက်မွေးရမယ်ဆိုတာကို ရေရေရာရာ မသိသေးဘူးဆိုရင် ကျွန်မကသင့်ကို ဘယ်လိုလမ်းကြောင်းကိုရွေးချယ်သင့်တယ်ဆိုတဲ့ အကြံဉာဏ်မျိုးတွေကို တင်ပြပေးသွားမှာဖြစ်ပါတယ်။

ပထမဆုံး သင့်ရဲ့စိတ်ကူးတွေကိုစပြီး စုလိုက်ရအောင်

(၁) လုပ်ချင်တဲ့ အလုပ်အကိုင်အမည် (Job Title)

(၂) ဘယ်လို အလုပ်ရှင်မျိုးဆီမှာလုပ်ချင်တာလဲ

(၃) သင့်ရဲ့ ၀ါသနာ

(၄) သင်ဘာကို စိတ်ဝင်စားတာလဲ စတာတွေက သင့်ရဲ့အသက်မွေးဝမ်းကျောင်း တစ်ခုဖြစ်လာနိုင်ပါတယ်။

ဒုတိယအနေနဲ့ သင့်ရဲ့ အယုံကြည်ရဆုံး မိတ်ဆွေသူငယ်ချင်းတွေကို သင်က ဘယ်လိုအလုပ်မျိုးမှာကျွမ်းကျင်တယ်လို့ မြင်လဲ၊ ဘယ်လိုအလုပ်မျိုးကို သင်ဆက်လုပ်သင့်သလဲဆိုတာကို အကြံဉာဏ်တောင်းကြည့်ပြီး သင့်ရဲ့စာရင်း(List)ထဲမှာ မှတ်ထားလိုက်ပါ။ သင့်ရဲ့စာရင်း(List)ထဲမှာ အလုပ်ခေါင်းစဉ်တွေက အမျိုးမျိုးကွဲနေပါလိမ့်မယ်။ အဲဒါပြဿနာမရှိပါဘူး။

(၂) ရှာမယ်၊ ရှာမယ်၊ ရှာမယ်

နောက်တစ်ဆင့်အနေနဲ့ စောစောက ချမှတ်ထားတဲ့ စာရင်းကိုယူပြီးLinkedIn's Advanced Searchထဲမှာ တစ်ခုချင်းစီကို ရိုက်ထည့်လိုက်ပါ။ အဲအခါမှာ သင်ရိုက်ထည့်လိုက်တဲ့စာလုံးနဲ့ပတ်သက်တဲ့ လင့်တွေပေါ်လာပါလိမ့်မယ်။ အဲဒီထဲကမှ သင်စိတ်ဝင်စားစရာကို ဆက်ပြီးကြည့်သွားနိုင်ပါတယ်။ ဥပမာ "writing"ဆိုတဲ့စာလုံးနဲ့ စလိုက်ရအောင်။ သင်ကစာရေးတာကိုဝါသနာပါတယ်။ စာရေးတာကိုလည်း သင့်ရဲ့ အသက်မွေးဝမ်းကျောင်းအစိတ်အပိုင်းတစ်ခုအနေနဲ့လုပ်ချင်တယ်။ ဒါပေမဲ့ အဲဒါနဲ့ ကိုက်တဲ့အလုပ်ကလည်းရှိ၊ မရှိ မသေချာဘူး၊ သင့်မှာလည်း စာရေးတဲ့အလုပ်ရဖို့ လိုအပ်တဲ့အရည်အချင်းရှိ၊ မရှိလည်း မသေချာသေးဘူးဆိုရင်တောင်မှ ပြဿနာမရှိသေးပါဘူး။ "Writing"ဆိုတဲ့စာလုံးကို LinkedIn's AdvancedSearch box ထဲမှာ ရိုက်ထည့်လိုက်ရင် LinkedIn Profile ထဲမှာ"writing" ဆိုတဲ့ စာလုံးပါတဲ့ သူတွေကျလာပါလိမ့်မယ်။

ဘယ်လိုအလုပ်ကို လုပ်မလဲ

"Writing" နဲ့ရှာလိုက်ရင်financial marketing writer, SEO copywriter, editor အစရှိတဲ့ အလုပ်တွေထွက်လာပါလိမ့်မယ် အဲဒီထဲမှာမှကိုယ်ကြိုက်တဲ့ ခေါင်းစဉ်ကိုတွေ့ရင်ဘယ်လိုလူမျိုးက ဒီအလုပ်ကို တင်ထားတာလည်း နောက်ဘာအလုပ်တွေ ဒီလူက ထပ်တင်ထားသေးလဲဆိုတာက သင့်ကိုစိတ်ဝင်စားစေမှာပါ။

ကိုယ်စိတ်ဝင်စားတဲ့ အလုပ်မျိုးကို ခန့်မယ့် အလုပ်ရှင်

ကိုယ်စိတ်ဝင်စားတဲ့ အလုပ်ကိုလက်ရှိလုပ်နေတဲ့ လူရဲ့ Profile မှာသူ့ company ကိုတွေ့ရင် အဲဒီcompany page ကိုသွားလေ့လာလိုက်ပါ။ Company ရဲ့အလုပ်အကိုင် အခွင့်အလမ်းတွေကို ဖော်ပြထားတဲ့ page မှာ သူတို့ ဘယ်လိုလူတွေကိုခေါ်နေလဲ၊ အခြား ဘယ်အလုပ်တွေက ကိုယ်နဲ့ကိုက်ညီလဲ၊ဆိုတာကို လေ့လာလို့ရပါတယ်။ Company ဘယ်လိုလူမျိုးကို ခန့်ထားချင်လည်းဆိုတာကိုလည်း လေ့လာလိုက်ပါ။

ဘယ် LinkedIn Group ထဲက လူတွေကို သင်နဲ့စိတ်ဝင်စားတာတူလဲ

LinkedIn Groups တွေကအလုပ်အကိုင်အခွင့်အလမ်းနဲ့ ပတ်သက်ပြီး ကျယ်ပြန့်တဲ့ ကွန်ရက်တစ်ခုဖြစ်တဲ့အတွက် အလုပ်ရဖို့ အလားအလာရှိတဲ့ အခွင့်အလမ်းတစ်ခုပါပဲ။ကိုယ့်မှာ မရှင်းမလင်းတာ တစ်ခုခုရှိနေရင်လည်း အဲဒါနဲ့ပတ်သက်ပြီးGroup ထဲမှာရှိတဲ့သူတွေကို တိုင်ပင်ပြီး အကြံဉာဏ်ရယူနိုင်ပါတယ်။

(၃) ကိုယ့်အတွက် စံပြပုဂ္ဂိုလ်တစ်ယောက်ကိုရှာထားလိုက်ပါ။

သင်ဟာ LinkedIn ထဲမှာအလုပ်အကိုင်သစ်ကို ရှာထားမယ်ဆိုရင် သင့် network ထဲက လူတချို့သို့မဟုတ် company တချို့ကို သတိပြုမိပါလိမ့်မယ်။ တချို့လူတွေက သူတို့အတွေ့အကြုံ၊ သူတို့ဖြတ်သန်းခဲ့ရတဲ့ လမ်းကြောင်းတွေနဲ့ ပတ်သက်တဲ့သတင်းတွေကို အခြားလူကို မျှဝေဖို့ဆန္ဒရှိနေတဲ့အတွက်ကြောင့် သူတို့ပေးမယ့် သတင်းတွေက ကိုယ်ဆုံးဖြတ်ချဖို့အတွက် အထောက်အကူ အများကြီးဖြစ်ပါလိမ့်မယ်။ ဥပမာ အတွေ့အကြုံတွေကို ဖော်ပြပေးလေ့ရှိတဲ့ လူ၅ယောက်လောက်ရှာပါ၊ ပြီးရင် သူတို့ရဲ့ Profile တွေကို သေချာလေ့လာပြီးကိုယ်လေးစားတဲ့တစ်ယောက်ကိုရွေးပြီး သူ့ဆီကို မေးကနေတစ်ဆင့်မိတ်ဆက်စာပေးခြင်းမျိုး သင့်အတွက်အကြံဉာဏ်ပေးဖို့ တောင်းဆိုနိုင်ပါတယ်။

အီးမေးလ်ပို့တဲ့အခါမှာတော့အကြောင်းအရာ တိတိကျကျရှိပြီးကျစ်ကျစ်လျစ်လျစ် လိုတိုရှင်းယဉ်ယဉ်ကျေးကျေးနဲ့ အပြုသဘောအဓိပ္ပာယ်ရတဲ့ စာမျိုးတော့ဖြစ်သင့်ပါတယ်။သင့်ရဲ့ Big List ထဲက သင်စိတ်ဝင်စားတဲ့ အလုပ်မျိုးကို ခုလိုရိုးရိုးရှင်းရှင်းရှိတဲ့ အဆင့်လေးတွေကိုသုံးပြီး သင်နဲ့ကိုက်ညီတဲ့ အလုပ်ကို ရှာနိုင်ပါတယ်။လူတိုင်းတော့ သင့်ကို စာပြန်မှာမဟုတ်ပါဘူး။ ဒါပေမဲ့ သင့်ရဲ့လေ့လာမှုတိုင်း၊ သင့်ရဲ့တိုင်ပင်မှုတိုင်း ကတော့သင့်ကို အလုပ်သစ်ဆီကို နီးစပ်အောင်ခေါ်ဆောင်သွားပါလိမ့်မယ်။ခုလိုရှာဖို့အတွက် သင့်မှာ LinkedInခေခသကညအ တစ်ခုတော့ လိုပါလိမ့်မယ်။ www.linkedin.com မှာ ကိုယ်ပိုင်account တစ်ခုဖွင့်ပြီး ခုပဲအလုပ်ရှာလိုက်ရအောင်။
Ref: LinkedIn.com

Tuesday, October 7, 2014

ဖိုင်တွေ ပုံတွေ upload တင်ဖို့  ဆိုဒ်များ



မင်္ဂလာပါ......အင်တာနက် ကို အခု မှစသုံးတဲ့ မိတ်ဆွေ တွေအတွက်ရော...

သုံးနေတဲ့ မိတ်ဆွေ တွေ အတွက် ပါ.......ကျနော် လေ့ လာထားသလောက် 

hosting နဲ့ ပက်သက်တဲ့  ဆိုဒ်ကလေး တွေကို ပြန်လည် မျှဝေလိုက်ပါတယ်။

ဒီလို ဖိုင်တွေ upload တင်တာကို အားလုံးသဘောပေါက် တယ်လို့  

ယူဆပါတယ်....လုံးဝ 

နားမလည်တဲ့ မိတ်ဆွေ တွေအနေနဲ့ အားမနာတမ်း မေးလို့ ရပါတယ်......

ကွန်မန့် လေးသာပေးခဲ့ ပါ။

file တွေ upload တင်ဖို့ ဆိုဒ်များ
======================

4FileHosting
4shared
Axifile
BestSharing
Box.net
Boxstr
FasterUpload
FileAve
FileCrunch
FileDen
FileFactory
FreeFileHosting
FileFreak
FileHigh
FileHosting
FileNanny
FileWind
fileXoom
GigaFiles
GoogleGroups [read]
GooglePages [read]
HappyUpload
HotLinkFiles
HugeUploads
Mediafire
MediaMax
Megaphile
mFileStash
OneDump
Pixilive
PutFile
Rapidshare
Ripway
SaveFile
ShareBig
ShareBigFile
SnapDrive
UploadingIt
UploadJar
Woofiles
YahooBriefcase
YourFileLink
YouShare

ပုံတွေ ( image ) တွေ တင်ဖို့  hositing ဆိုဒ်များ
============================

4FreeImageHost
Alkaspace
Allyoucanupload
BagThatPic
BlogPulp
DropFiles
EasyPics
ElectronicFiles
ezyPhotoShare
Flickr
Forumsigs
FreeFileHosting
FreeImageHome
FreeImageHost
FreeImageHosting
FreeMyImage
FreeShare
Hostforpic
i-ImageHost
Image4you
ImageBeaver
ImageCabin
ImageCave
ImageCloset
ImageDip
ImageDoll
ImageGrip
ImageHigh
ImageHostFree
ImageOx
ImageShack
ImageUpload
ImageUploads
ImageVenue
ImageViper
Img4Free
ImgFreeHost
Imgjax
imgPire
ImgSync
ImgUpp
InstantImageHosting
iWebPhoto
KeepMyFile
LargeImageHost
MiamiHost
myNetImages
Myonlineimages
Mypicshare
pHosted
PhotoAmp
Photobucket
PhotoCrib
PhotoJerk
Photolinko
PhotoPeg
Photoserver
Picasa Web
Picburst
picLynk
PicTiger
PictureRack
Piczs
Pixloads
PixUpload
PostThatPic
Prntscrn
ProPhotoHost
Ruid
Sourimage
Superfilehosting
Supload
TheImageHosting
TheImagePlace
ThePixPlace
TurboImageHost
Upithere
Upload2
Uploadhouse
UploadYourImages
Village Photos
Warst
Ximages
Xs.to
Yoxio

ဘလော့ မှာ ဝင်ဖတ်မယ်ဆိုရင် သက်ဆိုင်ရာ ဆိုဒ်တွေနဲ့  link 

ချိတ်ထားတာဖြစ်ပါတယ်။ ဘလော့ မှဝင်ဖတ်ပြီး မိမိတို့  ဝင်ရောက် 

လိုတဲ့ ဆိုဒ် ကို တိုက်ရိုက်သွားနိုင်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။

http://saithu102.blogspot.com/2014/03/hosting.html

Wishing you to be a Great Leader!!!!

ခေါင်းဆောင်များအတွက် စီမံခန့်ခွဲရေးဆိုင်ရာအကြံပေးချက် ၁၀ ချက် ။ ။


1. Share information ။ ။ မိမိသိရှိ၊ ရရှိသည့်သတင်းအချက်အလက်များကို လုပ်ဖော်ကိုင်ဘက်များကို အမြဲအသိပေးဝေမျှနေပါ။ ထိုသို့လုပ်မှ ယုံထင်ကြောင်ထင် အဖြစ်မျိုးမရှိနိုင်မှာပါ။

2. Say Thanks ။ ။ ရင်ထဲကလာသည့် ကျေးဇူးတင်စေကားပြောပါ။ လူဆိုတာ အသိအမှတ်ပြုခံချင်ကြတာချည်းပါ။ Thank you note ရေးပါ။ Thank you note ရေးခြင်းသည် ကုန်ကျမှုမရှိပါ။ သို့သော် မဟာသက်ရောက်မှုရှိစေပါသည်။

3. Empower through delegation ။ ။ အလုပ်တာဝန်ခွဲဝေပေးခြင်းဖြင့် လုပ်ပိုင်ခွင့် အပ်နှင်းပါ။ မိမိလုပ်နိုင်သလိုအခြားသူများလုပ်နိုင်ချင်မှလုပ်နိုင်မည်။ သို့သော် ပိုအရေးကြီးသော အရာများကို လုပ်ဆောင်နိုင်ရန် မိမိမှာ အချိန်ရှိရမည်ကိုမမေ့ပါနဲ့။

4. Adjust your style ။ ။ လုပ်နည်းလုပ်ဟန်ကို တသမတ်တည်းမထားပါနဲ့ ။ သင်၏အဖွဲ့ထဲမှာ စရိုက်မျိုးစုံ၊ လူပေါင်းစုံပါဝင်ပါသည်။ တပုံစံတည်း လူအားလုံးကို စီမံခန့်ခွဲ လို့မရပါ။ သင်စီမံအုပ်ချုပ်ခံချင်သလို အခြားသူများလည်းစီမံအုပ်ချုပ်ခံချင်ကြမည်လို့တွေး မထင်လိုက်ပါနဲ့။

5. Set small milestones ။ ။ တခါတလေ မနှစ်က ရရှိခဲ့သည့်အောင်မြင်မှုမျိုး ဒီနှစ်မှာ မရနိုင်ပါ။ ရနိုင်ခြေရှိသည့် target ကိုထားပါ။

6. Have fun ။ ။ ပျှော်ရွင်သောအလုပ်ခွင်ဖန်တီးပါ။ သင်၏ လုပ်ဖော်ကိုင်ဘက်များ သည် ပျှော်ပျှော်ရွှင်ရွှင်အလုပ်လုပ်ချင်ကြပါသည်။ အလုပ်ခွင်မှာ ၁၀ မီနစ်လောက် ပျှော်ရွှင်ဖွယ်ကစားနည်းကစားစေပါ။

7. Remove obstacles။ ။ကြိုးနီစနစ်ကို ဖယ်ရှားပါ။ ကြိုးနီစနစ်သည် တီထွင်ဖန်တီးဆန်းသစ်မှုကို အဟန့်အတားဖြစ်စေပါသည်။ paperwork တွေကို လျှော့ချပစ်ပါ။

8. Give feedback ။ ။ အကြံအဥာဏ်ပေးထောက်ပြနေပါ။ သင့်ကို အစီရင်ခံနေသော လုပ်ဖော်ကိုင်ဘက်များသည် သင်၏ ထောက်ပြအကြံအဥာဏ်တွေကို အလိုရှိပါသည်။ အကြံအဥာဏ်ပေးထောက်ပြနေခြင်းသည် သင်၏အဖွဲ့ကို ကုန်ထုတ်စွမ်းအားပိုမိုမြင့်မားစေရေး လုပ်ဆောင်ရာတွင် မရှိမဖြစ်အလွန်အရေးကြီးသော အရာတစ်ခုဖြစ်ပါသည်။

9. Raise your hand ။ ။ အားစိုက်လုပ်ဆောင်ပါ။ သင် အားစိုက်ကြိုးစားလုပ်ဆောင်နေသော အခါ သင်၏လုပ်ဖော်ကိုင်ဘက်များသည်လည်း အားစိုက်လုပ်ဆောင်လာကြမည်ဖြစ်ပါသည်။

10. Focus your time ။ ။ 80/20 ဥပဒေကျင့်သုံးပါ။ သင့်အလုပ်ချိန်၏ ၈၀% ကို အလုပ်၏ ၈၀% ကို ပြီးမြောက်စေသော ၀န်ထမ်းထု ၂၀%ပေါ်တွင် အသုံးပြုနေပါ။

မှတ်ချက် ။ ။ ဆီလျော်အောင်ဘာသာပြန်ထားခြင်းဖြစ်သည်။

Credit to Khaunglwan Chawzang

Monday, October 6, 2014

ဖယောင်းတိုင်လေး လေးတိုင်...


ဖယောင်းတိုင်လေး လေးတိုင်ဟာ တစ်ငွေ့ ငွေ့ နဲ့ လောင်ကျွမ်းနေတယ်။ ပတ်ဝန်းကျင်တစ်ခုလုံးကလည်း တိတ်ဆိတ်နေတာကြောင့် ဒီဖယောင်းတိုင်လေး လေးတိုင်ပြောနေတာတွေကို ကြားနေရတယ်။

ပထမ ဖယောင်းတိုင်လေးက ငါကတော့ ငြိမ်းချမ်းခြင်းပဲ ဖြစ်တယ်။ ဒါပေမယ့် ဘယ်သူကမှ ငါ့ကို မီးမညှိနိုင်ကြဘူး။ ငါ့ရဲ့ မီးညွန့် လေး ငြိမ်းတော့မယ်လို့ ငါယုံကြည်နေတယ်။

ဒီလိုနဲ့ ပထမဖယောင်းတိုင်လေးရဲ့ မီးတောက်ဟာ မြန်ဆန်စွာနဲ့ လျော့နည်းလာပြီး နောက်ဆုံးမှာ မီးငြိမ်းသွားတယ်။

ဒုတိယဖယောင်းတိုင်လေးက ငါကတော့ ယုံကြည်ခြင်းပဲဖြစ်တယ်။ အများစုက ငါ့ကို မလိုအပ်ကြတော့ဘူး။ ဒါကြောင့် ငါဆက်ပြီး ထွန်းလင်းနေလည်း ဘာမှ အဓိပ္ပါယ်မရှိတော့ပါဘူး။

Tuesday, August 5, 2014

ပရော်ဖက်ရှင်နယ်ဆိုတာ--


ကျွန်တော်ဟာ ၀ယ်ပြီးခါစ Levi's ကိုဆွဲပြီး Shopping Mall ထဲကထွက်လာတယ်..။ အပေါက်ဝမှာ
သူငယ်ချင်းတစ်ယောက်ကို စောင့်နေတုန်း professional သူတောင်းစားတစ်ယောက် 
ကျွန်တော့်ကို တွေ့သွားတယ်.။ ကျွန်တော့်ရှေ့မှာ လာရပ်တယ်..။
"ညီလေးရယ်.....သနားပါကွယ်..။ နည်းနည်းလောက် သနားခဲ့ပါ" ကျွန်တော်လည်း ပျင်းပျင်းနဲ့ 
အိပ်ကပ်ထဲက အကြွေစေ့တစ်စေ့ ထုတ်ပေးလိုက်တယ်.။ ပြီးတော့ သူနဲ့ 
စကားပြောဖြစ်သွားတယ်.။အဲဒီသူတောင်းစားက အရမ်းစကားပြောလို့ကောင်းတယ်.။ 
".........ကျွန်တော်က ဒီဘက်တစ်ကြောမှာပဲ တောင်းဖြစ်တယ်.။ သိလား။ ခင်ဗျားကို ကျွန်တော် 
အစောတည်းက တွေ့တယ်။ ဒီShopping Mall မှာ Levi's ၀ယ်တည်းက ပိုက်ဆံမနှမျောဘူးဆိုတာ 
ကျွန်တော်သိတယ်..............."
ကျွန်တော် အရမ်းအံ့သြသွားပြီး ပြောမိတယ်..."ခင်ဗျား နားလည်တာ များသားပဲ.."
"သူတောင်းစား လုပ်တယ်ဆိုတာလဲ၊ သိပ္ပံနည်းကျ လုပ်ရတယ်ဗျ"လို့သူကပြောတယ်..။
ကျွန်တော်ကြောင်သွားတယ်...။ စိတ်ဝင်စားသွားပြီး သူ့ကို "ဘယ်လို သိပ္ပံနည်းကျလဲဗျ၊ 
လုပ်စမ်းပါဦး"လို့ မေးလိုက်တယ်..။
သူက "ကျွန်တော့်မှာ တစ်ခြား သူတောင်းစားနဲ့ မတူတဲ့အချက် ဘာတွေရှိလဲ ခင်ဗျား အရင် ကြည့်ပါဦး" 
လို့ပြန်ပြောတယ်.။
ကျွန်တော် သူ့ကို စေ့စေ့စပ်စပ် အကဲခတ်လိုက်တယ်.။ ဆံပင်တွေ ရှုပ်ပွနေတယ်၊ 
အင်္ကျီအ၀တ်အစားတွေ 
စုတ်ပြတ်နေတယ်.။ အရမ်းပိန်တယ်..။ ဒါပေမယ့် ပေရေမနေဘူး.။
သူကကျွန်တော့်အတွေးတွေကို စကားသံနဲ့ ဖြတ်လိုက်တယ်..။ "လူတွေက သူတောင်းစားဆို 
ရွံကြတယ်ဗျ၊ 
ဒါပေမယ့် ခင်ဗျားကျွန်တော့်ကို မရွံဘူးဆိုတာ ကျွန်တော် ပြောရဲတယ်..။ အဲဒါက ကျွန်တော် 
တစ်ခြားသူတောင်းစားတွေနဲ့ မတူတဲ့အချက်ပဲ..။"
ကျွန်တော် ခေါင်းငြိမ့်ဝန်ခံလိုက်တယ်.။ အဟုတ်ကို ရွံစရာမကောင်းပါဘူး..။ မဟုတ်ရင် ကျွန်တော် 
ဘယ်လိုလုပ် သူတောင်းစား တစ်ယောက်နဲ့ စကားလက်ဆုံကျနေပါ့မလဲ..။
" ကျွန်တော် SWOT (Strengths, Weaknesses, Opportunities and Threats) ခွဲခြမ်းစိတ်ဖြာနည်းကို 
နားလည်တယ်။ ကျွန်တော့်ရဲ့ ပြိုင်ဘက်တွေကြားမှာ ကျွန်တော့်ရဲ့ strength ဟာ 
ရွံစရာကောင်းမနေတာပါ။ Opportunities နဲ့ Threats ကတော့ အပြင်က အခြေအနေတွေပါ။ ဒီမြို့မှာ 
လူဦးရေများတာတို့၊ မြို့ရဲ့ အင်္ဂါရပ်ကို မြှင့်တင်မှာတို့ပေါ့ဗျာ"
"ကျွန်တော် အသေးစိတ်တွက်ချက်ဖူးတယ်ဗျ။ ဒီနေရာမှာ တစ်နေ့ကို 
လူဦးရေ သောင်းဂဏာန်းလောက် ဖြတ်သန်းသွားလာနေတာ.။ ဆင်းရဲတဲ့သူတွေများတယ်။
ဒါပေမယ့် ပိုက်ဆံချမ်းသာတဲ့သူတွေ ပိုများတာပေါ့ဗျာ.. သီအိုရီအရ ပြောရရင် အကယ်၍ ကျွန်တော်ဟာ 
တစ်ရက်ကို လူ၁ယောက်ဆီက တစ်ကျပ်ပဲတောင်းဦးတော့၊ ၁လကို သုံးသိန်းလောက်ဝင်နိုင်တယ်..။ 
ဒါပေမယ့် လူတိုင်းက ပေးမှာမဟုတ်ဘူးလေ၊ ပြီးတော့ ကျွန်တော်လည်းတစ်နေ့တည်းနဲ့ 
လူအဲလောက်အများကြီးဆီက တောင်းဖို့ဆိုတာ မဖြစ်နိုင်ဘူး.။ အဲဒါကြောင့် ကျွန်တော်
ခွဲခြမ်းစိတ်ဖြာရတယ်၊ ဘယ်ဟာတွေကတော့ target customer၊ ဘယ်ဟာတွေကတော့ potential 
customers ဆိုတာပေါ့ဗျာ"
သူက တံတွေးမျိုပြီး ဆက်ပြောပြန်တယ်.."ဒီဘက်ပိုင်းမှာ ကျွန်တော့်ရဲ့ target customers က 
စုစုပေါင်း ဖြတ်သန်းသွားလာနေတဲ့လူအရေအတွက်ရဲ့ ၃၀ရာခိုင်နှုန်းပေါ့..၊ အောင်မြင်နိုင်ခြေက 
၇၀%ရှိတယ်..။ potential customers က ၂၀% ရှိတယ်၊ အောင်မြင်နိုင်ချေက ၅၀%၊ ကျန်တဲ့ 
၅၀%ကတော့ကျွန်တော် လက်လျှော့ဖို့ ရွေးချယ်လိုက်တယ်.။ ကျွန်တော့်မှာ သူတို့နဲ့ ကံစမ်းနေဖို့ 
အချိန်မလောက်လို့""အဲဒါဆို ခင်ဗျားရဲ့ customer ကို ခင်ဗျား ဘယ်လို သတ်မှတ်လဲ" 
ကျွန်တော် မေးလိုက်မိတယ်..။
"အရင်ဆုံး target customer ကို ပြောပြမယ်။ ခင်ဗျားတို့လို လူငယ်တွေပေါ့၊ ၀င်ငွေရှိတယ်.။ 
ရက်ရောတယ်။ ဒါ့အပြင် စုံတွေရောပဲ။ သူတို့က တစ်ဖက်သားရှေ့မှာ မျက်နှာပျက်မခံချင်လို့၊ 
ရက်ရက်ရောရော ပေးတတ်ကြတယ်၊ ဒုတိယအနေနဲ့က တစ်ယောက်တည်းဖြစ်နေတဲ့
မိန်းမလှလေးတွေကို ကျွန်တော်က potential customer လို့ သတ်မှတ်ထားတယ်..။ သူတို့က 
ရှုပ်ရှုပ်ယှက်ယှက်တွေကြောက်တတ်ကြတော့၊ အများအားဖြင့် ပေးတတ်ကြတယ်။ အဲဒီ 
လူအုပ်စု၂မျိုးလုံးကို အသက် ၂၀ကနေ ၃၀ကြားကို ထားတယ်.။ သိပ်အသက်ငယ်ရင်လည်း 
ဝင်ငွေသိပ်မရှိတတ်ကြဘူးလေ။ အသက်အရမ်းကြီးရင်လည်း 
အိမ်ထောင်ကျပြီးလောက်ပြီ။ ငွေရေးကြေးရေး မိန်းမက ထိန်းချုပ်နေပြီ။ အဲလို လူတွေက 
ဘာမှ မျှော်မှန်းစရာ သိပ်မရှိဘူး"
"အဲဒါဆို ခင်ဗျားတစ်နေ့ကို ဘယ်လောက်လောက် ရတတ်သလဲ"ကျွန်တော် မေးလိုက်တယ်.။
"Monday to Friday ကတော့ နည်းနည်း ပါးတယ်ဗျ၊ ဒေါ်လာ၂၀၀လောက်တော့ ရတာပေါ့..။ စနေ၊ 
တနင်္ဂနွေဆိုရင် လေးငါးရာလောက်တော့ ရတာပေါ့ဗျာ"
"အဲလောက်တောင် များများ ရလား"
ကျွန်တော်နည်းနည်း သံသယရှိနေတာ တွေ့တော့ သူက ကျွန်တော့ကို တွက်ပြတယ်..။"ခင်ဗျားတို့လိုပဲ 
ကျွန်တော်လည်း ၁ရက်ကို ၈နာရီ အလုပ်လုပ်တယ်ဗျာ။ မနက် ၁၁နာရီကနေ ည ရနာရီထိ၊ 
စနေ၊တနင်္ဂနွေလည်း မနားဘူး။ ကျွန်တော် တခါတောင်းတဲ့ ကြာချိန်က ၅မိနစ်ပေါ့။ လမ်းလျှောက်ပြီး 
ပစ်မှတ်ရှာတဲ့ အချိန်တွေကို နှုတ်လိုက်ရင်၊ အကြမ်းအားဖြင့် ၁မိနစ်ကို ၁ယောက်၊ဒေါ်လာ ၁ကျပ်နှုန်းနဲ့ရတယ်။ 
၈နာရီဆိုတော့ဒေါ်လာ ၄၈၀ ရတာပေါ့။ ပြီးတော့မှ အောင်မြင်နိုင်ခြေ ၆၀% (၅၀%+၇၀%)/၂ 
နဲ့ မြှောက်လိုက်ရင် ၊ ၃၀၀ နီးပါးလောက်ရတာပေါ့။ customer ကို အမြီးဆွဲပြီး 
တစ်လမ်းလုံး လျှောက်လိုက်နေလို့ လုံးဝမဖြစ်ဘူး၊ ဘာလို့လဲဆိုတော့ သူသာ ပေးချင်ရင် 
အစောတည်းက ပေးပြီးနေပြီလေ။ အဲဒါကြောင့် ဇွတ်လိုက်နေလည်း အောင်မြင်ချင်မှ အောင်မြင်မှာကိုး။ 
အဲဒါကြောင့် အကန့်အသတ်ရှိတဲ့ အချိန်တွေကို မပေးချင်တဲ့ customer ဆီမှာ 
မဖြုန်းပစ်ရဘူး။ နောက်တစ်ယောက် ရှာတာကမှ ဟုတ်သေးတယ်။"
ကောင်းလှချည်လား။ ဒီသူတောင်းစားမခေဘူးပဲ။ ရုပ်နဲ့တောင်မလိုက်ဘူး။
ပြောတဲ့စကားတွေက ၀ါရင့် Marketing Supervisor လားကျနေတာပဲ..။
"ခင်ဗျား ဆက်ပြောပါ။" ကျွန်တော် ပိုစိတ်ဝင်စားလာတယ်..။ ဒီနေ့တော့ ပညာတွေရပြီ..။
"တစ်ချို့က သူတောင်းစားဟာ ကံကိုမှီပြီး စားရတယ်လို့ ပြောကြတယ်။ ကျွန်တော်ကတော့ အဲလို 
မသတ်မှတ်ဘူး။ ဥပမာ ပြောမယ်ဗျာ..။ မိန်းကလေးပစ္စည်းတွေချည်းပဲ ရောင်းတဲ့ဆိုင်ရှေ့မှာ 
အမျိုးသားချောချော၁ယောက်နဲ့၊ ကောင်မလေး ချောချောလေး ၁ယောက်ရပ်နေရင် ဘယ်၁ယောက်ကို 
ခင်ဗျား တောင်းမလဲ။" ကျွန်တော်စဉ်းစားလိုက်ပြီး၊ မသိဘူးလို့ ဖြေလိုက်တယ်..။
"ခင်ဗျား ယောက်ျားလေးကို သွားတောင်းသင့်တယ်.။ ဘေးမှာ မိန်းမချောလေး ရပ်နေတော့၊ 
သူမပေးဘဲ နေရမှာ ရှက်လိမ့်မယ်။ ကောင်မလေးသာ 
သွားတောင်လို့ကတော့ ကြောက်ချင်ယောင်ဆောင်ပြီး ဝေးဝေး ရှောင်သွားလို့ရတာပေါ့။"
"ခင်ဗျားကို နောက်ဥပမာ၁ခု ထပ်ပေးမယ်။ တစ်နေ့က shopping mall ၁ခု ရှေ့မှာ ပစ္စည်းဝယ်ပြီးခါစ 
ထွက်လာတဲ့ အထုပ်တွေနဲ့ မိန်းမငယ် ၁ယောက်ရယ်၊ ရေခဲမုန့်စားနေတဲ့ လူငယ်ပိုင်း စုံတွဲ၁တွဲရယ်၊ 
သပ်သပ်ရပ်ရပ် ၀တ်စားထားတဲ့ laptop အိတ်ဆွဲထားတဲ့ လူငယ်တစ်ယောက်ရယ်ရှိနေတယ်။ ကျွန်တော် 
လူတစ်ယောက်ကို သုံးစက္ကန့်စာလောက်ပဲ အကဲခတ်လိုက်တယ်.။ ပြီးတော့ ကောင်မလေးဆီကို 
သွားတောင်းလိုက်တယ်။ သူက အိတ်ထဲက အကြွေစေ့ ၂စေ့ကို နှိုက်ပေးပြီး ထူးဆန်းတကြီးကျွန်တော့်ကို 
ဘာလိုသူ့မှတောင်းတာလဲလို့ မေးတယ်။ ကျွန်တော်က ဟိုစုံတွဲက ရေခဲမုန့်စားနေကြတာ၊ 
ပိုက်ဆံနှိုက်ဖို့လက်မအားဘူး၊ ဟို ယောက်ျားကတော့ အရာရှိပိုင်း ကုမ္ပဏီ ၀န်ထမ်းဆိုတော့ 
အကြွေမပါလောက်ဘူး၊ မင်းကတော့ ခုမှ ပစ္စည်းဝယ်ပြီးထွက်လာတာဆိုတော့၊ သေချာပေါက် 
အကြွေပါမှာကြောင့်လို့ ပြန်ဖြေလိုက်တယ်.။"
ယုတ္တိရှိသား! ကျွန်တော်နားထောင်လေ စိတ်ဝင်စားလေ ဖြစ်လာတယ်.။
"သိပ္ပံနည်းကျ တောင်းရမယ်။ နေ့တိုင်း ဂုံးတံတားပေါ် သွားထိုင်နေလို့ ဘယ်ဖြစ်ပါ့မလဲ။
ဂုံးတံတားပေါ်က ဖြတ်ကြတဲ့သူတွေက အလျင်စလိုတွေချည်းပဲ။ ဘယ်သူက ဂုံးတံတားပေါ်အားယားယား 
သွားလျှောက်နေမလဲ။ လှေကား တက်လိုက် ဆင်းလိုက်နဲ့ မောကမောသေး၊ ကိုယ့်ကို ကိုယ် ပညာနဲ့ 
တန်ဆာဆင်ထားရမယ်ဗျ၊ ဗဟုသုတလိုက်စားတာ လူတစ်ယောက်ကို ထက်မြက်လာစေတယ်။ 
ထက်မြက်တဲ့သူဟာ အဆက်မပြတ် ဗဟုတ်သုတ ရှာမှီးနေမှ လူတော်ဖြစ်လာမှာပေါ့။၂၁ရာစုမှ 
အလိုအပ်ဆုံးက လူတော်တွေပဲလေဗျာ"
"တစ်ခါက လူတစ်ယောက် ကျွန်တော်ကို ငွေငါးဆယ်ပေးပြီး တိုက်အောက်ကနေ နီရေ လွမ်းလိုက်တာလို့ 
အခါ၁၀၀ သွားအော် ပေးရမတဲ့။ ကျွန်တော် တွက်ကြည့်လိုက်တယ်။ တစ်ခါအော်ရင် 
ငါးစက္ကန့်လောက်အော်ရမယ်။ ကျွန်တော် တစ်ခါတောင်းတာနဲ့ ညီမျှတယ်။ 
ရတာကကျတော့ ပြား၅၀ပဲရတယ်။ အဲဒါနဲ့ ကျွန်တော် ငြင်းလိုက်တယ်။"
"ဒီ စိန်းကျိန့်မြို့မှာ သာမာန် သူတောင်းစားဆိုရင် ၁လကို ဒေါ်လာ၈၀၀/တစ်ထောင် ရအောင် တောင်းနိုင်တယ်။ 
ကံကောင်းရင်တော့ ဒေါ်လာ၂၀၀၀ စွန်းစွန်းရတာပေါ့..။ စိန်းကျိန့် ၁မြို့လုံး သူတောင်းစား အယောက်၁သိန်းမှာ 
၁၀ယောက်လောက်ပဲ ၁လကို ဒေါ်လာ၁သောင်းအထက်ရအောင် တောင်းနိုင်တယ်။ ကျွန်တော်က အဲဒီ 
၁၀ယောက်ထဲက တစ်ယောက်ပဲ..။ ပြီးတော့ ၀င်ငွေက ငြိမ်တယ်။ အများအားဖြင့် အရမ်းကြီး 
အတက်အကျမရှိဘူး။"
မိုက်လှချည်လား။ ကျွန်တော် ဒီသူတောင်းစားကို တော်တော် လေးစားသွားတယ်။
"ကျွန်တော်က ကျွန်တော့်ကို ကျွန်တော် ပျော်ရွှင်တဲ့ သူတောင်းစားလို့ အမြဲပြောတယ်။
အခြားသူတောင်းစားတွေကတော့ ကျွန်တော့်ကို အဲဒါ ပိုက်ဆံများများ 
ဝင်လို့ပျော်တာလို့ ပြောကြတာပေါ့။ 
ကျွန်တော်က သူတို့ကို ပြန်ပြောတယ်။ ခင်ဗျားတို့ မှားနေတယ်။ ကျွန်တော့်မှာ ပျော်ရွှင်တက်ကြွတဲ့ 
စိတ်ရှိနေလို့ ၀င်ငွေများနေတာလို့။"
အပြောကောင်းချက်ဗျာ
"တောင်းတယ်ဆိုတာ ကျွန်တော့်အလုပ်ပဲဗျ။ အဲဒီတော့ အလုပ်ကပေးလာတဲ့ ပျော်ရွှင်မှုလေးတွေကို 
ခံစားတတ်ရတယ်.။ မိုးရွာတဲ့နေ့ လူသွားလူလာနည်းတဲ့အခါ၊ တခြား သူတောင်းစားတွေက 
ညည်းတဲ့သူညည်း အိပ်တဲ့သူ အိပ်နေကြတယ်။ အဲလို လုပ်လို့ လုံးဝမဖြစ်ဘူးဗျ။ စိတ်ထဲကနေ ဒီမြို့ရဲ့ 
အလှကို ခံစားရမယ်..။ ညအလုပ်သိမ်းလို့ အိမ်ပြန်တဲ့အခါ မိန်းမနဲ့ 
ကလေးကို ခေါ်ပြီး ဈေးလေးဘာလေးပတ်၊ အစားလေးဘာလေးစားပေါ့၊ ညရှုခင်းလေးခံစားရင်း 
တစ်မိသားစုလုံး ပျော်ပျော်ပါးပါးပေါ့..။ အဲလိုဆိုရင် ဒီဘ၀ အသက်ရှင်ရတာ 
အဓိပ္ပါယ်မမဲ့တော့ဘူးပေါ့ဗျာ။ 
အကယ်၍များ လုပ်ငန်းတူတွေ့လို့ တစ်ခါတစ်လေလည်း အကြွေလေး ဘာလေး ပစ်ပေးလိုက်တာပေါ့။ 
သူတို့ ပျော်ပျော်ရွှင်ရွှင်နဲ့ ကျေးဇူးတင်စကားပြောရင်း ထွက်သွားတာကို တွေ့တော့လည်း ကိုယ့်ကို 
ကိုယ် ပြန်မြင်နေသလိုပေါ့"
"ခင်ဗျားက မိန်းမနဲ့ ကလေးနဲ့?" ကျွန်တော်အလန့်တကြားမေးလိုက်မိတယ်။ 
လမ်းသွားလမ်းလာတွေတောင် ငဲ့ကြည့်သွားကြတယ်။
"ကျွန်တော်မိန်းမက အိမ်ရှင်မ တာဝန်ကို အပြည့်ယူထားတယ်။ ကလေးက မူလတန်းတက်နေပြီ။ 
ကျွန်တော် ဖူထျန် ရပ်ကွက်ဘက်မှာ တိုက်ခန်းလေးတစ်ခန်း installment နဲ့ ၀ယ်ထားတယ်.။ 
၁၀နှစ်ခွဲပေးရမယ်.။ နောက် ၆နှစ်ဆို ကြေပြီဗျ.။ ကျွန်တော် ကြိုးစားမှဖြစ်မယ်။ ကျွန်တော့သားလေး 
ကြီးလာရင် တက္ကသိုလ်မှာ Marketing Major ယူခိုင်းရမယ်။ ပြီးရင် အဖေ့အမွေဆက်ခံပြီး 
ကျွန်တော့်ထက်သာတဲ့ 
သူတောင်းစားဖြစ်အောင် ကြိုးစားခိုင်းရမယ်.။"
"လွန်ခဲ့တဲ့ ၅နှစ်တုန်းက PROFIBUS ဆိုတဲ့ ကုမ္ပဏီမှာ Market planning လုပ်ခဲ့ဖူးတယ်။ လွန်ခဲ့တဲ့ 
၂နှစ်တုန်းကတော့ Sales Manager အဖြစ် promotion ရတယ်ဗျ။ ၁လကို ဒေါ်လာ၅၀၀၀နဲ့ပေါ့..။
အဲချိန်တုန်းက 
၁သောင်းကျော်တန် Samsung Laptop ၁လုံးကို installment နဲ့ ၀ယ်ခဲ့တယ်။ ၁လကို 
၂၀၀၀သွင်းရတယ်။ သေမလိုရှင်မလိုပဲဗျာ..။ နောက်တော့ ကျွန်တော် စဉ်းစားတယ်။ 
ဒီလိုသာဆက်သွားရင်တော့ ၁သက်လုံး လူမွှေးလူတောင် ပြောင်မှာ မဟုတ်ဘူးလို့။ အဲဒါနဲ့ 
အလုပ်ထွက်လိုက်တာ။ ပြီးတော့ ကျွန်တော်ဒီမြို့ကို ပြောင်းလာပြီး သူတောင်းစားလာလုပ်နေတာ။
ကျွန်တော်က အဆင့်မြင့် သူတောင်းစားတစ်ယောက်ဖြစ်ချင်တာဗျ.. "
သူ့စကားလည်း ဆုံးရော ကျွန်တော် စိတ်လှုပ်ရှားစွာနဲ့ ပြောလိုက်မိတာက..."ကျွန်တော့်ကို 
တပည့်အဖြစ်လက်ခံနိုင်မလားဗျာ...."
Credit to Serein Ma Yu Hninn

လုပ်ပိုင်ခွင့်


လုပ်ပိုင်ခွင့်ဆိုတာ ရောက်ရှိနေတဲ့ခေတ်ကာလ၊ မတူတဲ့အခြေအနေနဲ့ ကွဲပြားတဲ့ရာထူးအဆင့်အတန်းတွေအလိုက်သတ်မှတ်ချက်အမျိုးမျိုးရှိတတ်တယ်။ ပုံသေသတ်မှတ်ထားလို့မရတဲ့အတွက် သက်ဆိုင်ရာ အခန်းကဏ္ဍအလိုက် ကွဲပြားခြားနားနေမှာအမှန်ပဲ။ ဒီနေရာမှာပြောချင်တာက တခြားတခြားသောအသင်းအဖွဲ့တွေထက် ကုမ္ပဏီတွေ၊ လုပ်ငန်းအဖွဲ့အစည်းတွေမှာ လုပ်ကိုင်ဆောင်ရွက်နေကြတဲ့ အလုပ်သမားတွေရဲ့ လုပ်ပိုင်ခွင့်ကို အဓိကပြောချင်တာဖြစ်ပါတယ်။

အဲဒီလုပ်ပိုင်ခွင့်ဆိုတာကလည်း သက်ဆိုင်ရာက ဥပဒေပြဋ္ဌာန်းထားတာမျိုးထက်အလုပ်လုပ်နေတဲ့လုပ်ငန်းအဖွဲ့အစည်းနဲ့အလုပ်လုပ်နေသူအလုပ်သမားတွေရဲ့ကြားကလုပ်ပိုင်ခွင့်လို့ဆိုရင်လည်း မှားမယ်မထင်ပါဘူး။ အဲဒီလုပ်ပိုင်ခွင့်ဟာ ဒီနေ့အထိအပြောင်းမလဲမရှိသေးဘဲ ရှင်သန်နေတဲ့လုပ်ပိုင်ခွင့်လို့ပြောရင်လည်း ရပါလိမ့်မယ်။

 လုပ်ငန်းခွင်များထဲက အဲဒီလုပ်ပိုင်ခွင့်တွေဟာ မဖြစ်မနေတောင်းဆိုထားတာသို့မဟုတ် တာဝန်ရှိသူများကပြဋ္ဌာန်းထားတာထက် ကာယကံရှင်ကိုယ်တိုင်နဲ့ သူလုပ်ကိုင်နေတဲ့ ကုမ္ပဏီအဖွဲ့အစည်းတွေက ကြည်ကြည် ဖြူဖြူပေးအပ်ထားတဲ့ လုပ်ပိုင်ခွင့်တွေပဲဖြစ်ပါတယ်။ ကုမ္ပဏီမှာအလုပ်လုပ်ကိုင်နေတဲ့ဝန်ထမ်းတွေ၊ အလုပ်သမားတွေရဲ့မျှော်မှန်းချက်တွေအပြင် ကုမ္ပဏီရဲ့မျှော်မှန်းချက်တွေကိုလည်း အဲဒီလုပ်ပိုင်ခွင့်တွေက အထောက် အကူပေးနိုင်ပါတယ်။ “ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီ” အခြေအနေမှာနှစ်ဖက်စလုံးရဲ့ ရှေ့ရေးကိုအောင်မြင်အောင် ဆောင်ရွက်ပေးပါလိမ့်မယ်။

 လုပ်ပိုင်ခွင့်တွေနဲ့ပတ်သက်ရင် ဘယ်လုပ်ငန်းခွင်မှာမဆို လေးမျိုးလောက်ရှိတတ်ပါတယ်။ အဲဒီလေးမျိုးဟာ တန်းစီရာမှာ ရှေ့နောက်လွဲချင်လွဲနိုင်ပေမဲ့ အခြေခံကတော့အတူတူပဲဖြစ်ပါလိမ့်မယ်။ ဘယ်ဝန်ထမ်း ဒါမှမဟုတ် ဘယ်အလုပ်သမားမဆိုသူလုပ်ကိုင်နေတဲ့ အလုပ်နဲ့ ပတ်သတ်ရင် တရားမျှတစွာဖြေရှင်းနိုင်ခွင့် ရှိရပါလိမ့်မယ်။ ဒါဟာပထမလုပ်ပိုင်ခွင့်ပါ။ အဲဒီလုပ်ပိုင်ခွင့်ကို သူ့ဘက်ကတောင်းဆိုထားတာရှိနိုင်သလို ကုမ္ပဏီအဖွဲ့အစည်းဖက်ကလည်း ခွင့်ပြုထားပြီးဖြစ်ပါလိမ့်မယ်။

တရားမျှတစွာရင်ဆိုင်ဖြေရှင်းခွင့်ဆိုရာမှာ ဘက်နှစ်ဖက်စလုံးဟာ အဲဒီဝေါဟာရကိုညီညွတ်မျှတစွာသုံးစွဲကြဖို့လိုပါလိမ့်မယ်။ တစ်ဖက်က တရားတယ်လို့ထင်ထားတာတွေဟာ တခြားတစ်ဖက်မှာ တရားမျှတမှု ကင်းမဲ့တဲ့ကိစ္စတွေဖြစ်နေတတ်ပါတယ်။ ကိုယ်ကျိုးစီးပွားကိုလွန်ကဲစွာဖော်ဆောင်တတ်တဲ့ဘက်တစ်ဖက်ကြောင့်ဝိရောဓိနဲ့ ပဋိပက္ခတွေပေါ်လာတတ်တာကို အားလုံးအသိပဲဖြစ်မှာပါ။ ဒါကြောင့် တရားမျှတစွာ ရင်ဆိုင်ဖြေရှင်းခွင့် ဆိုတာဝန်ထမ်း သို့မဟုတ် အလုပ်သမားသာမကအလုပ်ရှင်ဘက်ကလည်း လိုအပ်မှာအမှန်ပဲဖြစ်ပါလိမ့်မယ်။

 ဘယ်သူမဆို ကိုယ့်ရဲ့အလုပ်အကိုင်တည်မြဲဖို့၊ တစ်ဆင့်တိုးရာထူးတာဝန်ကိုထမ်းဆောင်နိုင်ဖို့ ဒီကတစ်ဆင့်သူ့ဘ၀(သူ့မိသားစုရဲ့ဘ၀) ကိုကောင်းမွန်တဲ့အနာဂတ်သစ်ဆီ သယ်ဆောင် သွားနိုင်ဖို့ကြိုးစား ကြစမြဲဖြစ်ပါတယ်။ ဒီအတွက်လိုအပ်တဲ့အခွင့်အလမ်းများဟာလည်း လုပ်ငန်းခွင်မှာရှိနေရပါလိမ့်မယ်။ ဘ၀ရဲ့အခွင့်အလမ်းများဟာလည်း လုပ်ငန်းခွင်မှာရှိနေရပါလိမ့်မယ်။ ဘ၀ရဲ့အခွင့်အလမ်းတွေနဲ့ ပြည့်စုံနေတဲ့ လုပ်ငန်းခွင်တစ်ခုဟာ သူ့အတွက်စဉ်ဆက်မပြတ်လေ့လာသင်ယူကြိုးစားအားထုတ်နိုင်တဲ့ကွင်းတစ်ကွင်းဖြစ်နေပါလိမ့်မယ်။

လုပ်ငန်းခွင်မှာ စဉ်ဆက်မပြတ်လေ့လာသင်ယူခွင့်ရယူတာ၊ ကိုယ့်ကိုယ်ကိုယ်လေ့ကျင့်ပျိုးထောင်နိုင်တာ၊ ကိုယ့်ရဲ့အားထုတ်မှု အရကြီးပွားတိုးတက်ခွင့်ရတာဟာ သူ့ရဲ့လုပ်ပိုင်ခွင့်ကို အပြည့်အ၀ အသုံးပြုနိုင်တာ ပဲဖြစ်ပါတယ်။ သူ့လုပ်ပိုင်ခွင့်ဟာ သူလုပ်ငန်းခွင်ဝင်နေတဲ့သူ့ကုမ္ပဏီကို ထိခိုက်နစ်နာမှုမရှိစေရုံမက သူ့လုပ်ပိုင်ခွင့်ကိုသူယူပြီးလုပ်ကိုင်တာဟာ သက်ဆိုင်ရာလုပ်ငန်းရှင် သို့မဟုတ် ကုမ္ပဏီအတွက် လည်းအကျိုးရှိစေမှာ အမှန်ပဲဖြစ်ပါတယ်။ ဒါကြောင့် လုပ်ငန်းခွင်းအတွင်း စဉ်ဆက်မပြတ်သင်ယူလေ့လာခွင့်နဲ့ ကြိုးပမ်းဆောင်ရွက်ခွင့် ဟာလုပ်ပိုင်ခွင့်အဖြစ် ရိုးရိုးလေး နားလည်နိုင်ပါသည်။

ဒီလိုပဲ ကိုယ့်လုပ်ပိုင်ခွင့်အရ ကိုယ်လုပ်နေကြပေမဲ့ တစ်ခါတစ်ခါမှာတော့ကိုယ့်ကုမ္ပဏီ၊ အဖွဲ့အစည်းရဲ့လုပ်ငန်းရည်မှန်းချက်ကဘာလဲဆိုတာ အသေအချာမသိဘဲရမ်းကြိတ်နေကြရတဲ့အဖြစ်မျိုးတွေရှိတတ်တယ်။ မြင်းစီးပြီးအထီးမှန်းမသိ၊ အမမှန်းမသိကြသလိုပေါ့။ ဒီတော့ ကိုယ့်မိခင်ကုမ္ပဏီရဲ့ရည်မှန်းချက်၊ မျှော်မှန်းချက်တွေကို အရင်ဆုံးသိရှိအောင်ကြိုးစားသင့်တယ်။ အဲဒီလိုသိရှိပါမှလည်း လိုအပ်နေတဲ့ ကွက်လပ်တွေကို အလစ်အဟာမရှိ ကြိုးစားဖြည့်ဆည်းနိုင်ခွင့်နဲ့ အောင်မြင်အောင်လုပ်ဆောင်နိုင်ခွင့်တွေရှိပြီး အဲဒါကိုယုံကြည်ခွင့်လည်းရနိုင်မှာဖြစ်ပါတယ်။ အဲဒါဟာ လုပ်ပိုင်ခွင့်ပဲဖြစ်ပါတယ်။

တတိယလုပ်ပိုင်ခွင့်ရဲ့ အရှင်းလင်းဆုံးအဓိပ္ပာယ်ဖွင့်ဆိုချက်ကတော့ ကိုယ်လုပ်နေတဲ့ အလုပ်ရဲ့ လုပ်ငန်းရည်မှန်းချက်ကို သိရှိနားလည်ပြီး အဲ့ဒီရည်ရွယ်ချက် ပေါက်မြောက်အောင်မြင်အောင် ဆောင်ရွက်ရမယ်ဆိုတဲ့ တာဝန်ကို ယုံကြည်ထက်သန်ခွင့်ပဲ ဖြစ်ပါတယ်။ ဒါဟာ အလုပ်သမားတစ်ဦးရဲ့ဖက်က “လုပ်ပိုင်ခွင့်” ဖြစ်သလို အလုပ်ရှင်ဖက်ကလည်း မိမိအလုပ်သမားများရဲ့အဲဒီလုပ်ပိုင်ခွင့်ကို နားလည်ခွင့်ပြုတာဟာ သူ့ဖက်ကလုပ်ပိုင်ခွင့်ပဲဖြစ်ပါလိမ့်မယ်။

ဘယ်အလုပ်သမားမဆို ဘယ်သူမဆိုကိုယ်လုပ်ကိုင်ဆောင်ရွက်လိုက်တဲ့ အလုပ်တစ်ခုရဲ့ အသီးအပွင့်ကိုမြင်တွေ့လို၊ ရရှိခံစားလိုကြတာဓမ္မတာပါ။ အောင်မြင်မှုပီတိဆိုတာ မနှိုင်းယှဉ်ကောင်းတဲ့အရာပဲဖြစ်ပါတယ်။ အဲ့ဒီတော့ မိမိရဲ့ လုပ်ပိုင်ခွင့်များအရ လုပ်ကိုင်ဆောင်ရွက်ပြီး အောင်မြင်နေတဲ့ အကျိုးရလဒ်ဟာ ထင်သာမြင်သာ သိသာခွင့် ရရှိလိုအပ်ပါတယ်။ အဲဒီလိုသိရှိဖို့အတွက် ကြိုးစားတာဟာ သူတို့ရဲ့လုပ်ပိုင်ခွင့်ပဲဖြစ်ပါတယ်။ ဒီလုပ်ပိုင်ခွင့်ဟာ တရားမျှတတဲ့အတွက် ဘယ်သူ့ကိုမှထိခိုက်နစ်နာစေမယ်မထင်ဘူး။

ဒါပေမဲ့ တစ်ခါတစ်ခါမှာတော့ အဲဒီကိစ္စကိုပဲတွန့်တိုနေတဲ့လုပ်ငန်းရှင်တွေရှိတတ်တယ်။ ဘယ်လောက်လုပ်လို့ဘယ်လောက်ရပြီး ဘယ်လောက်အကျိုးခံစားခွင့်ရှိလိမ့်မယ်ဆိုတာကို လျှို့ဝှက်ထားချင်ကြတယ်။ ဒါဟာ သင့်မသင့်စဉ်းစားဖို့လိုလိမ့်မယ်။ တချို့လုပ်ငန်းအဖွဲ့အစည်းတွေကုမ္ပဏီတွေဟာ စောစောကတင်ပြခဲ့တဲ့လုပ်ပိုင်ခွင့်လေးမျိုးကို မသိဟန်ဆောင်နေတတ်ကြတယ်။ အဲဒီလုပ်ပိုင်ခွင့်တွေဟာဝန်ထမ်းတွေ၊ အလုပ်သမားတွေရဲ့ အကျိုးကိုပဲရှေးရှုပြီး သူတို့အတွက်မပါဘူးလို့ထင်နေတတ်ကြတယ်။

အဲဒီလုပ်ပိုင်ခွင့်တွေပျောက်ကွယ်နေတဲ့အလုပ်ဌာနနဲ့ လုပ်ငန်းခွင်မျိုးမှာဘယ်လိုလူမျိုးမှကြိုးစားပမ်းစားအလုပ်လုပ်ကြမှာမဟုတ်ဘူး။ တန်သလောက်ပဲလုပ်ကြလိမ့်မယ်။ တကယ့်ကိုဘ၀ရဲ့ ရှေ့ရေးကို မျှော်မှန်းချက်ကြီးကြီးနဲ့ တည်ဆောက်လိုတဲ့သူတွေအဖို့ မသင့်တဲ့အရပ်ဖြစ်သွားလိမ့်မယ်။ ဒီတော့ သူတို့ဟာသူတို့ရဲ့လုပ်ပိုင်ခွင့်တွေကိုမှန်မှန်ကန်ကန်ဖြည့်ဆည်းဆောင်ရွက်ပေးမယ့် တခြားနေရာ၊ တခြား လုပ်ငန်းခွင်တွေဆီကို ထွက်သွားကြမှာသေချာတယ်။

HR journal