Tuesday, June 3, 2014
လုပ်ငန်းနယ်ပယ်မှာ မိတ်ဆွေအပေါင်းအသင်း တိုးလာဖို့ Networking နည်းလမ်းတချို့
ကိုယ်လုပ်တဲ့လုပ်ငန်းနယ်ပယ်မှာ မိတ်ဆွေအပေါင်းအသင်း တိုးလာဖို့ Networking နည်းလမ်းတချို့ကို သိချင်ပါတယ်။
အောင်မြင်တဲ့အသက်မွေးဝမ်းကျောင်းတစ်ခု တည်ဆောက် တဲ့အခါမှာ ကိုယ်ဘာသိထားတယ်ဆိုတာထက် ကိုယ်ဘယ်သူ့ ကို သိတယ်ဆိုတာက ပိုပြီးအရေးပါလာတယ်ဆိုတာကို တွေ့ရပါတယ်။ Networking နဲ့ပတ်သက်တဲ့ အသုံးဝင်မယ့် နည်းလမ်းတချို့ကို ဖော်ပြပေးချင်ပါတယ်။
၁။ ကိုယ်ဘာလုပ်ချင်တယ်ဆိုတာကို အရင်ဆုံးသတ်မှတ်ပါ။
ကိုယ်ဘာကြောင့် Networking လုပ်ချင်မှန်း ကိုယ့် ဘာသာကိုယ် မသိဘူးဆိုရင် ကိုယ့်ရဲ့ပေါင်းသင်းဆက် ဆံမှုကွန်ရက်ကို မှန်မှန်ကန်ကန်တိုးချဲ့နိုင်မှာ မဟုတ်တဲ့ အတွက် နည်းဗျူဟာအရင်ချမှတ်ဖို့ အရေးကြီးပါတယ်။ အပြန်အလှန် ပေါင်းသင်းဆက်ဆံမှုထဲကနေ ဘယ်လို ရလဒ်မျိုးရရှိချင်တယ်ဆိုတာကို သတ်မှတ်ဆုံးဖြတ်ပါ။ ကိုယ့်ရဲ့စီမံကိန်းတစ်ခု ပိုမိုကောင်းမွန်လာဖို့အတွက်၊ ဒါမှမဟုတ် ကိုယ့်ရဲ့စလုပ်ခါစလုပ်ငန်း ပိုပြီးချဲ့ထွင်ချင် တဲ့အတွက် အကြံဉာဏ်လိုအပ်တာမျိုးဆိုရင်တော့ ကိုယ့် ရဲ့ပေါင်းသင်းဆက်ဆံမှုချဲ့ထွင်တဲ့ ရည်ရွက်ချက်က သတင်းအချက်အလက် (အဲဒီအကြံဉာဏ်) ရဖို့အတွက် ဆိုတာကို ရည်ရွယ်သတ်မှတ်ပါ။ ပရော်ဖက်ရှင်နယ် အဖွဲ့အစည်းတစ်ခု၊ ဒါမှမဟုတ် ကုမ္ပဏီတစ်ခုမှာအလုပ်ရ ဖို့အတွက် ကိုယ့်ရဲ့ကျွမ်းကျင်မှုစွမ်းရည်တွေကို ထုတ် ဖော်ပြသချင်တယ်ဆိုရင်တော့ အဲဒီအလုပ်အကိုင်နဲ့ အသင့်တော်ဆုံးပုဂ္ဂိုလ်ဟာ သင်ပဲဖြစ်တယ်ဆိုတာကို ပြသနိုင်ဖို့အတွက် လိုအပ်တဲ့အရာတွေကို ပြင်ဆင်ဖို့ လိုပါတယ်။ Networking လုပ်ရတဲ့ ရှင်းလင်းတဲ့ရည်ရွယ် ချက်အကြောင်းအရာရှိပြီဆိုရင်တော့ တွေ့ဆုံရင်းနှီးတဲ့ အပိုင်းကို ပျိုးထောင်ဖို့ လွယ်ကူသွားပါပြီ။
၂။ အကျိုးရှိပြီး ထိရောက်တဲ့စကားဝိုင်းတွေကို ဖန်တီးပါ။
ဓာတ်လှေကားထဲမှာ ထိပ်တန်းပရော်ဖက်ရှင်နယ်သမား တွေနဲ့ တွေ့ဆုံရတဲ့အခါမျိုးမှာ သင့်အနေနဲ့ စက္ကန့် ၆၀ လောက်အချိန်ပိုင်းအတွင်းမှာ သင်ဘယ်သူဆိုတာကို သူတို့သိအောင်နဲ့ သူတို့နဲ့ စကားပြောဆိုတာကနေ သင်ဘာကို ရချင်သလဲဆိုတာကို လုပ်ဆောင်နိုင်တဲ့ အ စွမ်းအစ သင့်မှာရှိပါတယ်။ Networking ဆိုတာ အပြန်အလှန်အားထုတ်ပြောဆိုမှုဖြစ်တယ်ဆိုတာကို မမေ့ပါနဲ့။ လိုအပ်တာကိုပြော၊ ဆီလျော်တဲ့မေးခွန်းတွေ ကိုမေးပြီး အချိန်မလောက်တော့ရင် ကော်ဖီသောက်ဖို့ ဆက်သွယ်မယ်ဆိုတဲ့အကြောင်းပြောပါ။ တွေ့ဆုံဆွေး နွေးပွဲတွေမှာဆိုရင် ဆက်သွယ်ရမယ့်အချက်အလက် တွေကိုတောင်းဖို့ အမြဲသတိရပါ။ အဓိပ္ပာယ်ရှိတဲ့စကား ၀ိုင်းတွေကို အခွင့်ရေးရသမျဖန်တီးပြီး နောက်ပိုင်းမှာ လည်း ကိုယ်နဲ့မိတ်ဖွဲ့စကားပြောတဲ့သူကို ဆက်သွယ်ပြီး ပိုမိုလေးနက်တဲ့စကားဝိုင်းနဲ့ ရင်းနှီးမှုကို ပိုမိုတိုးတက် အောင် အားထုတ်ပါ။
၃။ ကိုယ့်ရဲ့ ပေါင်းသင်းဆက်ဆံမှုအသိုင်းအ၀ိုင်းကို ချဲ့ထွင်ဖို့အတွက် အချိန်ဇယားသတ်မှတ်ပါ။
Networking အတွက် အချိန်ဇယားသတ်မှတ်ပြီး လုပ်ဆောင်မယ်ဆိုရင် တကယ့်ကို အကျိုးရှိထိရောက်လာမှာပါ။ ပရော်ဖက်ရှင်နယ်ပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံဆက်ဆံ မှုများလာလေလေ သင့်ရဲ့လုပ်ငန်းခွင်ဘ၀မှာ ကြီးမားတဲ့ အကျိုးကျေးဇူးတွေ ရရှိလာမှာဖြစ်တယ်။ ကိုယ့်ရဲ့နေ့စဉ်၊ အပတ်စဉ်၊ လစဉ်အချိန်ဇယားထဲမှာ Networking အတွက် အချိန်သတ်သတ်မှတ်မှတ်ထားရှိလုပ်ဆောင် မယ်ဆိုရင်တော့ ကိုယ့်မှာအရေးပါတဲ့အဆက်အသွယ်တွေ တိုးပွားလာပါလိမ့်မယ်။
၎။ ကိုယ့်လုပ်ငန်းအပေါ်မှာ စိတ်အားထက်သန်မှုရှိပါ။
သင့်အနေနဲ့ ကိုယ့်ရဲ့လုပ်ငန်းအပေါ်မှာ စိတ်အားထက် သန်ပြင်းပြမှုမရှိဘူးဆိုရင်တော့ သင့်ရဲ့လုပ်ငန်းခွင်ဘ၀ အဆင့်မြင့်တက်လာဖို့ အခွင့်အလမ်းနည်းပါးသွားပါလိမ့်မယ်။ မေးခွန်းတွေမေးတာမျိုးနဲ့ သင့်ရဲ့ ကျွမ်းကျင်မှုနဲ့ တစ်မူထူးခြားတဲ့စွမ်းရည်တွေကို ဖော်ထုတ်ပြသတာမျိုးလုပ်ပြီး သင့်ရဲ့လုပ်ငန်းနယ်ပယ်က အဆက်အသွယ်အပေါင်းအသင်းတွေနဲ့ အမြဲထိတွေ့ဆက်ဆံပါ။ ဒါကသင့်ရဲ့ပေါင်းသင်းဆက်ဆံမှု အသိုင်းအ၀ိုင်း ချဲ့ထွင်ရေးရည်ရွယ်ချက်တွေကို ရှေ့ဆက်အကောင်အ ထည်ဖော်နိုင်ဖို့ အထောက်အကူဖြစ်စေမှာပါ။
၅။ ကိုယ်ပြောခဲ့တဲ့စကားအပေါ်မှာ အလေးထားပြီး တာဝန်ယူပါ။
ကိုယ်က ဘာလုပ်မယ်ဆိုပြီးပြောခဲ့တဲ့ စကားအပေါ်မှာ တာဝန်ယူပြီး ဆက်လက်အကောင်အထည်ဖော်ပါ။ ပရော်ဖက်ရှင်နယ်ပုဂ္ဂိလ်တွေဟာ အလုပ်များတဲ့သူတွေ ဖြစ်တဲ့အတွက် သင်က သင့်ရဲ့ကိုယ်ရေးအချက်အလက်၊ ဒါမှမဟုတ် လုပ်ငန်းအကြောင်းကို အီးမေးလ်ပို့ပေးမယ် လို့ပြောခဲ့ရင် အဲဒါကို ဖြစ်နိုင်သမျအမြန်ဆုံးလုပ်ဆောင်ပါ။ ကိုယ်ပေးခဲ့တဲ့ကတိတွေကို ထိန်းသိမ်းတာဟာ သင်ဟာ ယုံကြည်စိတ်ချရတဲ့သူဖြစ်တယ်ဆိုတာကို ပြသနေခြင်းပဲ ဖြစ်ပါတယ်။
၆။ ကိုယ့်ရဲ့အဆက်အသွယ်တွေကို အစီစဉ်တကျ စာရင်းပြုစုပါ။
ကိုယ့်ရဲ့အပေါင်းအသင်း အဆက်အသွယ်စာရင်းဟာ ရှင်းရှင်းလင်းလင်းမရှိဘဲ ရှုပ်ထွေးနေမယ်ဆိုရင် ဂရု မစိုက် အလေးမထားတာကို သက်သေပြနေတာဖြစ် တယ်။ လူမှားပြီးဆက်သွယ်မိတဲ့အဖြစ်မျိုးကို သင့်အနေနဲ့ ကြုံချင်မှာ မဟုတ်ပါဘူး။ဒါကြောင့် ကိုယ့်ရဲ့လုပ်ငန်းခွင် အပေါင်းအသင်းအဆက်အသွယ်တွေရဲ့စာရင်း၊ ကုမ္ပဏီအကြောင်း အသေးစိတ်အချက်အလက်တွေနဲ့ တစ်ဦး ချင်းစီရဲ့ ကျွမ်းကျင်မှုစွမ်းရည်တွေကို စာရင်းပြုစုပါ။
၇။ ပေါင်းသင်းဆက်ဆံရေးကို ရဲရဲဝံ့ဝံ့တည်ဆောက်ပါ။
ကိုယ်က ကြိုတင်စီမံကိန်းချထားတာမျိုးမဟုတ်တဲ့ ပေါင်း သင်းဆက်ဆံမှု အခွင့်အရေးတွေအတွက် တံခါးဖွင့်ထား ပါ။ ကိုယ့်ရဲ့ဘ၀တစ်ခုလုံးကို လူတွေနဲ့ ပေါင်းသင်းဆက် ဆံမှုအခွင့်အရေးတစ်ရပ်လို့ရှုမြင်ပြီး ပရော်ဖက်ရှင်နယ် ပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံချဉ်းကပ်ရတဲ့အခါမျိုးမှာ ကြောက် လန့်မိတာမျိုးဖြစ်တတ်ပေမဲ့ ရဲရဲရင့်ရင့်နဲ့ ပြုမူဆက်ဆံပါ။ ဒါဟာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတိုးပွားလာစေပြီး သင့်ရဲ့လုပ်ငန်းခွင်ဘ၀ တိုးတက်မြင့်မားစေမှာ ဖြစ်ပါတယ်။
CEO
၂၀၁၅ ၌ စတော့အိတ်ချိန်းအတွက် စာရင်းတင်ရန် ပြင်ဆင်သည့် ကုမ္ပဏီနှစ်ခုသာရှိဟုဆို
ဂျပန်နှင့် မြန်မာ ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ၂၀၁၅ ခုနှစ်တွင် ပေါ်ပေါက်လာမည့် ရန်ကုန် စတော့အိတ်ချိန်းအတွက် စာရင်းတင်ရန် ပြင်ဆင်သည့်ကုမ္ပဏီနှစ်ခုရှိ ရှိသေးကြောင်း စတော့ အိတ်ချိန်း အကောင်အထည်ဖော်ရေး အဖွဲ့ဦးဆောင်သူတစ်ဦးဖြစ်သည့် ဒေါက်တာမောင်မောင်သိမ်း က ၂၄-၅-၂၀၀၄ ရက်တွင် ပြောကြားသည်။
ပြည်တွင်းရှိ အများပိုင်ကုမ္ပဏီများအနေဖြင့် မိမိရှယ်ယာများကို ရောင်းချလိုပါက စတော့ အိတ်ချိန်းတွင် စာရင်းတင်၍ ရောင်းချမည်ဖြစ်သောကြောင့် ကုမ္ပဏီများအနေဖြင့် ကြိုတင်ပြင်ဆင်ရန် လိုအပ်လာခြင်းဖြစ်ကြောင်း သိရသည်။ ဒေါက်တာမောင်မောင်သိမ်းက “ရှယ်ယာတွေ အရောင်း အ၀ယ်လုပ်တဲ့ ဈေးကွက်ကြီးတစ်ခုပေါ့နော်။ ခေတ်မီတဲ့နိုင်ငံတိုင်းမှာ ဒါရှိတယ်။ အများပိုင်ကုမ္ပဏီက ရှယ်ယာထုတ်ရောင်းချင်ရင် စတော့အိတ်ချိန်းမှာ စာရင်းသွင်းရတယ်။ ကုမ္ပဏီတိုင်းကိုတော့ စာရင်း တင်ခွင့်မပေးဘူး။ သူတို့မှာပေတံတွေရှိတယ်။ ဆိုလိုတာက ဒီကုမ္ပဏီသည် ခိုင်မာမှုရှိ၊ မရှိ၊ ကုမ္ပဏီ အုပ်ချုပ်တဲ့သူတွေက တော်၊ မတော်၊ အဲဒါတွေကို စီစစ်တဲ့ပေတံတွေရှိတယ်။ သတ်မှတ်ထားတဲ့ အချက်တွေနဲ့ကိုက်ညီတဲ့ ကုမ္ပဏီတွေကိုပဲ စာရင်းတင်ခွင့်ပေးတယ်။ စာရင်းတင်ခွင့်ရတဲ့ ကုမ္ပဏီတွေ ကသာလျှင် ရှယ်ယာထုတ်ရောင်းခွင့်ရှိတယ်။ စာရင်းတင်ခွင့်ရတဲ့ ကုမ္ပဏီတွေက ရောင်းတဲ့ရှယ်ယာ တွေကို ရောင်းမယ်ဆိုရင် အပြင်ကရောင်းတဲ့ ရှယ်ယာတွေထက်စာရင် ပိုပြီးစိတ်ချရတာပေါ့” ဟုဆို သည်။
လက်ရှိတွင် စတော့အိတ်ချိန်းအတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် AGD ဘဏ်နှင့် MAPCO တို့က ဆောင်ရွက်လျက်ရှိပြီး ထက်မံ၍လည်း ကုမ္ပဏီသုံးခုခန့် စတော့အိတ်ချိန်းတွင် စာရင်းတင်ရန်အတွက် ပြင်ဆင်မှုများပြုလုပ်ရန်ရှိကြော
KnowledgeOfManagement
စတော့ဈေးကွက် ဥပဒေများနှင့်လိုက်လျောညီထွေရှိရေး
စတော့ရှယ်ယာဈေးကွက်ကို အကောင်အထည်ဖေါ်ဆောင်ရွက်နေတဲ့ကာလ မှာဘဲ အများနဲ့ သက်ဆိုင်တဲ့ ကုမ္ပဏီတွေဟာလဲ မိမိတို့ရဲ့ ရှယ်ယာတွေကို အ များပြည် သူကို ထုတ် ရောင်းဖို့ စီစဉ်နေကြတာကို တွေရ ပါတယ်။ အခိျု့ကုမ္ပဏီတွေ ဟာလည်း လုပ်ငန်းစတင်ဖို့ အဆင့်သင့်ဖြစ်နေကြပြီး အများပြည်သူကို ရှယ်ယာတွေ ဖိတ်ခေါ်ရောင်းချဖို့ပြင် ဆင်နေ ကြသလို အခိျု့လဲ လုပ်ငန်းမစတင်နိုင်သေး ဘဲ ကြို တင်ပြင်ဆင်မှု တွေ၊ ဖြစ်နိုင်ခြေရှိမှု လေ့လာရေးလုပ်ငန်းတွေ ၊ ထုတ်ဝေသူ နဲ့ ဖြန့်ဝေရောင်းချသူများ၊ ရှေ့နေများ၊ စာရင်းကိုင် အဖွဲ့များ နဲ့ ကြိုတင်ညှိနှိုင်း မှုတွေ လုပ်နေကြတာကိုလဲ တွေ့မြင်နေရပါတယ်။
ဒီနေရာမှာ ရှယ်ယာထုတ်ဝေသူနဲ့ ရင်းနှီးမြှုပ်နှံသူတို့ အကြားမှာ ရှယ်ယာတွေကို တာဝန်ခံဖြန့် ချိရောင်းချပေးမယ့်အဖွဲ့အစည်းများရဲ့ အခန်းကဏ္ဍဟာအရေးပါတဲ့နေရာမှာ ရပ်တည်လျက်ရှိပါတယ်။ အဲဒီ တာဝန်ခံဖြန့်ချိရောင်းချမယ့် လုပ်ငန်းဟာ စတော့ဈေး ကွက်ကြီး ရဲ့ ကနဦးရှေ့ပြေးအဆင့်ဖြစ်ပါတယ်။ ဒီနေ ရာမှာ ထုတ်ဝေရောင်း ချမည့် ကုမ္ပဏီနဲ့ ရှယ်ယာဖြန့်ချိရောင်းချပေးမယ်သူတို့ဟာ(due-diligence) လို့ခေါ် တဲ့ ကြိုတင်ညှိ နှိုင်း မှုအစည်းအဝေးများကို ကြိမ်ဖန်များစွာဆွေးနွေး လုပ်ဆောင်ကြ ရပါတယ်။ ဆွေးနွေးပြီးတဲ့ နောက် အများပြည်သူတွေကို ရှယ်ယာ ထုတ်ဝေရောင်း ချမယ့်(IPO process) အတွက် ထုတ်ဝေ သူနဲ့ ဖြန့်ဝေ ရောင်းချ ပေး မယ့်သူများဟာ စာချုပ်စာတမ်းများချုပ်ဆိုကာ လုပ်ငန်း စဉ်အဆင့်များချမှတ်ဆောင် ရွက်ကြရပါတယ်။ စတော့ဈေးကွက် စည်းမျဉ်းတွေအရ ထုတ် ဝေရောင်းချသူတို့ရဲ့ အကြောင်းချင်း ရာတွေကိုကျကျနန မလေ့ လာဘဲ ပြည်သူကို ရောင်းချပေး လို့ တစ်ချိန်မှာ မှားယွင်း မှုဖြစ်လာပါက တရားစွဲမှုတွေဖြစ်လာ နိုင်လို့ ဖြစ်ပါ တယ်။ တာ ဝန်ခံဖြန့် ချိ ရောင်း ချမယ့်အဖွဲ့တွေဟာ ရှယ်ယာရောင်းချတဲ့(underwriting) နည်းစနစ် များ ဖြစ်တဲ့ firm commitment, best effort, stand-by agreement တစ် ခုခုနဲ့ ရောင်းချပေး လေ့ ရှိပါတယ်။ ဘယ်လိုနည်းစနစ်နဲ့ဘဲ ရောင်းချသည်ဖြစ်စေ ဒီလိုတာဝန်ခံဖြန့်ချိရောင်းချ မယ့် အဖွဲ့ တွေဟာ တည်ဆဲ ဥပဒေများအရ ဖြန့်ချိရေးလိုင်စင်များရယူဖို့လိုအပ်ပါတယ်။
ကုမ္ပဏီများဟာ ရှယ်ယာမရောင်းခင်မှာ underwriter များနဲ့တိုင်ပင်ရေးဆွဲထားတဲ့ ကုမ္ပဏီရဲ့ လုပ်ငန်းလမ်းညွှန်ရှင်းတမ်း (prospectus) ကို ကြိုတင်ဝေငှရမှာဖြစ်ပြီး ပြည် သူတွေအနေနဲ့ လုပ်ငန်း လမ်းညွှန်ရှင်းတမ်းထဲ အချက်တွေ၊ ဦးဆောင်မယ့်လူတွေကို ယုံကြည်စိတ်ချရင် ဝယ်ယူနိုင်ကြပါတယ်။ ဒါပေ မယ့် လုပ်ငန်းလမ်း ညွှန်ရှင်းတမ်း ကိုတော့ ရင်းနှီး မြှုပ်နှံသူတွေ ၊ သုတေသီတွေ လေ့လာကြဖို့ အချိန် တစ်ခု တော့ ပေးရ မှာဖြစ်ပါတယ်။ အဲဒီ အလားအလာ ညွှန်း တမ်းမှာ risk factor တွေထည့် ရေးထား သလား၊ ကုမ္ပဏီရဲ့ ရေတို-ရေရှည်စီမံကိန်း တွေပါဝင်သလား၊ တည်ထောင်သူ ဒါရိုက် တာများနဲ့သူတို့ရဲ့ အကြောင်း ချင်းရာတွေ ပါဝင်ရဲ့လား၊ ကုမ္ပဏီကိုနေ့တဓူဝ မောင်းနှင် မယ့် အဆင့်မြင့်အရာရှိတွေက ဘယ်သူတွေလဲ ၊ ရောင်းချလို့ရမယ့် ငွေကို သုံးစွဲမယ့် နေရာတွေ ဖေါ်ပြထားရဲ့လားစသည်ဖြင့် စစ်ဆေးကြည့် သင့်ပါတယ်။
၂ဝ၁၃ ခု ဇူလိုင်လ (၃၁) ရက်နေ့ကမှ နိုင်ငံတော်ကပြဌာန်းခဲ့တဲ့ ငွေချေးသက်သေ ခံလက် မှတ် များ လဲလှယ်ရောင်းဝယ်ရေး ဥပဒေ ပုဒ်မ (၂၃) မှာ စတော့ဈေးကွက် မှာ လျှောက်ထားနိုင်တဲ့ လိုင်စင် အမျိုး အစားတွေကိုဖေါ်ပြထားပြီး အဲဒီလိုင်စင်တွေ ကတော့ (က) ငွေချေးသက်သေခံလက်မှတ်များ ကိုယ်ပိုင် ရောင်း ဝယ်ခြင်း လုပ်ငန်း လိုင်စင် (ခ) ငွေချေး သက်သေခံလက်မှတ်အကျိုးဆောင် သို့မဟုတ် ကိုယ်စား လှယ်လုပ် ငန်း လိုင်စင် (ဂ) ငွေချေးသက်သေခံ လက်မှတ်များကို တာဝန်ခံ၍တစ် ဆင့် ဖြန့်ချိရောင်းချခြင်းလုပ်ငန်းလိုင်စင် (ဃ) ငွေချေးသက်သေခံလက်မှတ် ရင်းနှီးမြှုပ်နှံမှုအတွက် အကြံပေးလိုင်စင် (င) ငွေချေး သက်သေ ခံလက် မှတ် ကုမ္ပဏီ ကိုယ်စားလှယ်လိုင်စင် စသည်ဖြင့် သတ်မှတ်ထား ကြောင်းတွေ့ ရှိရပါတယ်။ တစ်ခါ ငွေချေးသက် သေခံ လက်မှတ်လဲလှယ်ရောင်းဝယ်ရေး ဥပဒေ အခန်း(၁၂) တားမြစ်ချက်နှင့် ပြစ်ဒါဏ်များဆိုတဲ့ အပိုင်းရဲ့ ၊ ပုဒ်မ (၅၆) မှာမည်သူမျှ (က) လုပ်ငန်းလိုင်စင်မရှိဘဲ ငွေချေး သက်သေခံလက်မှတ်လုပ်ငန်း တစ်ခုခုကို လုပ် ကိုင်ခြင်း မပြုရဆိုပြီးဖေါ်ပြထားတာကိုတွေရပါတယ်။
မကြာသေးမီက သတင်းစာထဲမှာကုမ္ပဏီကြီးတစ်ခုက ရှယ်ယာတွေကို အများပြည်သူကို ကမ်း လှမ်း ရောင်းချခြင်း (IPO) ပြုလုပ်ရာမှာ ပုဂ္ဂလိကဘဏ်တွေ မှတစ်ဆင့်ရောင်းချဖို့စီစဉ်နေတဲ့ သတင်းကိုဖတ် လိုက်ရပါတယ်။ ရုတ်တရက် ကြည့် လိုက်ရင်တော့ နိုင်ငံတစ်ဝှမ်းလုံးမှာရှိတဲ့ ပြည်သူတွေ ရဲ့ လက်ထဲကို ပုဂ္ဂလိ ကဘဏ်များမှတစ်ဆင့် ရှယ်ယာတွေ အရောက် ထည့်မယ် ဆိုတာ ကောင်းမွန် သလိုလိုဖြစ်ပေမယ့် ဘဏ်များကို ရှယ်ယာ ဈေးကွက်မှာ အရောင်းကိုယ် စား လှယ်အဖြစ်ခန့် အပ်တယ်ဆိုတာဟာ ပြဌာန်းထားတဲ့ ငွေချေး သက်သေခံ ဥပဒေနဲ့ညီ ညွတ် ခြင်းရှိမရှိတော့ ပြန်လည်စိစစ်ဖို့လိုပါတယ်။ ဘဏ်တစ်ခုဖြစ်ဖြစ် ၊ အခြား သော ကုမ္ပဏီ အဖွဲ့အစည်း တစ်ခုပဲ ဖြစ်ဖြစ်ဒီလိုစတော့ရှယ်ယာတွေကို အများပြည်သူကို တာဝန်ခံဖြန့်ချိ ရောင်း ချသူ underwriter အဖြစ်၊ sale agent အဖြစ် တာဝန်ပေးရောင်း ခွင့်ပြုဖို့ဆိုရင် ဥပဒေအရ လိုင်စင် ရယူရမယ်ဆိုတာကတော့ မငြင်း နိုင်တဲ့ အချက်ဖြစ်ပါတယ်။ ဘဏ် တွေ ဟာ ကုမ္ပဏီရဲ့ banker အဖြစ်ဆောင် ရွက်နိုင်ပေ မယ့် sale agent အဖြစ်အသုံး ချနိုင်မချနိုင် ဆိုတာ ပြန်သုံး သပ်ကြ ရမှာဖြစ်ပါတယ်။ ဒါကြောင့် ပြဌာန်းထားတဲ့ ဥပဒေတစ်ရပ်ကို လျစ်လျူ ရှု ဆောင်ရွက်ပြီး ဘဏ်တွေကို ရှယ်ယာ ကိုယ်စား လှယ်တွေ အဖြစ်ပေးမယ်ဆိုစေဦးတော့ အခြားသော public company အသစ်များကပါ ဘဏ်တွေကို ရောင်းချဖို့ ကမ်းလှမ်းလာရင် ဘဏ်တွေက ရောင်းချပေး မှာလား၊ ဒီတစ်ခုကျတော့ ရောင်းပေးပြီး အခြား ကုမ္ပဏီ တွေကျ တော့ မရောင်းပေးနိုင်ဘူးလားဆိုတဲ့ စောဒက များ တက်လာ နိုင်မှာဖြစ်ပါတယ်။ မြန်မာနိုင်ငံ မှာမကြာခဏ ကြားနေရတဲ့ level playing field ဆိုတဲ့ မျှတစွာ ယှဉ်ပြိုင်နိုင်မှု တစ်ခု ဆုံးရှုံး သွားနိုင်တဲ့ အခြေ အနေလဲ ဖြစ်ပါတယ်။
တကယ် လို့ ပုဂ္ဂလိကဘဏ်များကို စတော့ရှယ်ယာဈေးကွက်မှာ ပါဝင်လိုပါကလည်း ၄င်းဘဏ် တို့ကို လက်အောက်ခံ ကုမ္ပဏီများအဖြစ် ဖွဲ့စည်းစေကာ ငွေချေး သက်သေခံ လက်မှတ်ဥပဒေ အခန်း(၄)ပါပြဌာန်း ချက်များနဲ့ အညီ ငွေချေးသက်သေ ခံ လက်မှတ်လုပ်ငန်းလိုင်စင်များ လျှောက် ထား ရယူရမှာဖြစ်ပါတယ်။ ဒါဆို ရင်စတော့အိတ်ချိန်းရဲ့ အဖွဲ့ဝင်များအဖြစ်လဲ ပါဝင်ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။
စတော့ဈေးကွက်က သတ်မှတ်ထားတဲ့ စာရင်းဝင်စံများကို မမှီသေးတဲ့စတော့များကို အရောင်း အဝယ်ပြု လုပ်တဲ့ကောင်တာဈေးကွက် (over-the -counter) ကိုတည်ထောင် လိုပါကလည်း ငွေချေး သက်သေခံလက်မှတ် ဥပဒေ အခန်း (၈) ပါသတ်မှတ်ပြဌာန်းချက်များနဲ့ အညီ securities company အနည်းဆုံး (၃) ခုပါဝင်တဲ့ ကောင်တာဈေးကွက် ထူထောင်ရန် လျှောက် ထားနိုင်ပါတယ်။ အဲဒီကောင်တာ ဈေးကွက်မှာ စတော့အိတ်ချိန်း ကြီးမှာ စာရင်း မဝင်နိုင်သေးတဲ့ စတော့တွေကိုရောင်း ချနိုင် မှာ ဖြစ်ပါတယ်။ ဝယ်ထားသူတွေအတွက်လဲ liquidity ဖြစ်စေသလို မျှတ ၊ ပွင့်လင်းပြီး ထိရောက်တဲ့ ဈေးကွက်တစ်ခုကိုလည်း ဖန်တီး ပေးရာရောက်ပါတယ်။
မြန်မာနိုင်ငံရဲ့ စတော့ဈေးကွက်ဟာ ယခုမှစတင်ကာစဖြစ်ပါတယ်။ ကြိုတင်ပြင် ဆင်မှုများစွာ ဆောင် ရွက်နေသောကြားကာလဖြစ်ပါသည်။ ဥပဒေပြဌာန်းပြီး စည်းမျဉ်းများ မထွက်သေးသည့် အချိန်၊ စည်းမျဉ်း ထိန်း ကျောင်းသည့်အဖွဲ့ SEC ဖွဲ့စည်းရန်ပြင်ဆင် နေတဲ့ကာလ ဖြစ်ပါတယ်။ အများနှင့် သက်ဆိုင်သည့်ကုမ္ပဏီများ အနေနဲ့ မြန်မာနိုင်ငံ ကုမ္ပဏီဥပဒေအရ အများပြည်သူသို့ ကမ်းလှမ်း ရောင်းချ ခြင်းကို မိမိတို့ ကိုယ်တိုင် ရောင်း ချနိုင်ပေမယ့်လည်း တာဝန်ခံဖျန့်ချိရောင်းချဖြင်းများဟာ အခြား သော ဥပဒေများဖြစ်တဲ့ မြန်မာနိုင်ငံတော် ငွေရေးကြေးရေးအဖွဲ့ အစည်း များဥပဒေ၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဥပဒေများနှင့်ကိုက်ညီမှုရှိမရှိ ကိုလည်း ပြန် လည် သုံးသပ်ကြ ဖို့ လို မယ် လို့ထင် ပါတယ်။ “Bagan Capital မှ အကြီး တန်း ဒုတိယ ဥက္ကဌ ဝီလီယံအောင်းက မြန်မာနိုင်ငံ စတော့ ဈေးကွက် မှာ ရှယ်ယာ ထုတ်ဝေရောင်းချသူတွေဟာ ရင်းနှီးမြှုပ်နှံသူတွေလက်ထဲကို တိုက်ရိုက် ရောင်း ချတဲ့ စနစ်ကို ကျင့်သုံးနေဆဲဖြစ်ပါတယ်၊ နိုင်ငံခြားစတော့ဈေးကွက်တွေမှာဆိုရင် အများပြည်သူကိုရောင်းချရာမှာ အဆင့် ပေါင်းများစွာကိုဖြတ်သန်းရပါတယ်။ သုတေသန အဖွဲ့တွေ၊ ရင်းနှီးမြှုပ်နှံမှုဘဏ်တွေ၊ တာဝန်ခံဖြန့်ချိ ရောင်းချ သူတွေ၊ တွဲဖက်တာဝန်ခံရောင်း ချသူတွေ စသည့်ဖြင့်အဆင့်များစွာကို ဖြတ်သန်းကြ ရပါတယ်။ နိုင်ငံခြားမှာက အများနဲ့ သက်ဆိုင် တဲ့ ကုမ္ပဏီကို စတော့အိတ်ချိန်းမှာ စာရင်းဝင်မယ် ဆိုတဲ့စိတ်နဲ့ဖွဲ့ကြပါတယ်၊ ဒီမှာတော့ ဘာကြောင့်မှန်းမသိပေမယ့် အခိျု့အများပိုင်တွေက စတော့အိတ်ချိန်း ကို စာရင်း ဝင်ဖို့ စိတ်မဝင်စား ကြတာကို တွေ့ရပါ တယ်၊ အများပိုင်ကုမ္ပဏီ တွေဟာ စတော့ အိတ်ချိန်း ဥပဒေ ကိုလိုက်နာဖို့လိုပါတယ်” လို့ဆိုခဲ့ ပါ တယ်။
https://www.facebook.com/KnowledgeOfManagement
ကောင်းမွန်သော စတော့ဈေးကွက်တစ်ခုထူထောင်ရေး
ဈေးကွက်စီးပွားရေးစနစ်တစ်ခုအတွင
ရင်းနှီးမြှုပ်နှံသူတို့သည် မိမိတို့၏ငွေကြေးများကို စတော့ရှယ်ယာများဝယ်ယူရင်းနှီးကြ
ပညာရှင်များက ကောင်းမွန်စွာလည်ပတ်နိုင်သည့် စတော့အိတ်ချိန်းတစ်ခုပေါ်ပေါက်နိ
ကုမ္ပဏီများ၊ ရင်းနှီးမြှုပ်နှံသူများနှင့် ကြားခံအဖွဲ့အစည်းများ ရှင်သန်ကြီးထွားစေရေးသည် စီးပွားရေးစနစ်တစ်ခု အားကောင်းစေရေးအတွက် အရေးပါသောတွန်းအားတစ်ရပ်ဖြစ်ပါသ
ခိုင်မာသည့်စည်းမျဉ်းနှင့် ဥပဒေရေးရာများပြဌာန်းရေးကိုဆောင
ငွေချေးသက်သေခံလက်မှတ်လဲလှယ်ရော
စတော့အိတ်ချိန်းသည်လည်း မိမိကိုယ်တိုင်းစည်းမျဉ်းထိန်းေ
နောက်ဆုံးလုပ်ဆောင်ရန်လုပ်ငန်းမ
စတော့အိတ်ချိန်းတစ်ခုပေါ်ပေါက်ရေ
ခိုင်မာ၍ အောင်မြင်သော မြန်မာကုမ္ပဏီများဖြစ်ပေါ်လာရေး၊ နိုင်ငံတကာဈေးကွက်များနှင့် ယှဉ်ပြိုင်နိုင်ရေး အတွက် McKinsay စီးပွားရေးသုတေသနအစီရင်ခံစာ က အောက်ပါအတိုင်း မှတ်ချက်ပြုခဲ့ပါသည်။ “မြန်မာကုမ္ပဏီ များ ယှဉ်ပြိုင်မှုစွမ်းရည် မြင့်မားလာစေရေးအတွက် တစ်ခုတည်းသောနည်းလမ်းမှာ အောင်မြင်မှုရရှိပြီးသော နိုင်ငံခြား ကုမ္ပဏီများနှင့် လက်တွဲပူးပေါင်းဆောင်ရွက်သွားရန
ZTK
Mutual Fund ©
ရင်းနှီးမြုပ်နှံမှု ဆိုင်ရာ ရံပုံငွေ တစ်ခုဖြစ်ပြီး စတော့ရှယ်ယာများ၊
ငွေကြေးလုံခြုံမှုဆိုင်ရာ လုံခြုံရေးစာချုပ်များ နှင့်
ငွေကြေးဈေးကွက်များတွင် ရင်းနှီးမြုပ်နှံရန် အတွက် ရင်းနှီးမြုပ်နှံသူများ
က စုပေါင်းကာ ရင်းနှီးထားသော ရံပုံငွေတစ်ခုဖြစ်သည်။ Mutual Funds များကို
ငွေကြေး မန်နေဂျာများက စီမံခန့်ခွဲလေ့ ရှိကြပြီး သူတို့သည် Funds ၏
ငွေကြေးများကို မည်သည့်နေရာတွင် ရင်းနှီးမြုပ်နှံမည် ကို စီမံခန့်ခွဲ
ကြပြီ ထိုရင်းနှီး မြုပ်နှံ မှုမှ တဆင့် Mutual Fund များတွင်
ရင်းနှီးမြုပ်နှံထားသူများ ကို အကျိုးအမြတ်ရရှိအောင်ဆောင်ရွက် ပေးသည်။
Mutul င်္Funds များတွင်ရင်းနှီး မြုပ်နှံထားခြင်းဖြင့် ရရှိနိုင်သောကောင်းကျိုးများမှာ ပမာဏ အနည်းငယ်သာ ရင်းနှီးမြုပ်နှံ လိုသူများ ကို ရင်းနှီးမြုပ်နှံထားသော ပမာဏ ထက်များသော ငွေကြေးဆိုင်ရာစာချုပ်များနှင့် ပိုင်ဆိုင်မှုများကို စီမံနိုင်ခွင့်ရရှိစေခြင်းဖြစ်ြ ပီး
ပုံမှန် အားဖြင့် ထိုအခွင့်အရေးကို ပမာဏ အနည်းငယ်သာ
ရင်းနှီးမြုပ်နှံသူများက ရရှိလေ့မရှိပေ။ ဤရံပုံငွေတွင်ပါဝင်သူများသည်
ရင်းနှီးမြုပ်နှံမှုမှရရှိသော အရှုံးနှင့် အမြတ်များကို တူညီစွာခံစားကြသည်။
ဤရံပုံငွေ၏ ရှယ်ယာများကို ပုံမှန် အားဖြင့်ရောင်းဝယ်နိုင်ပြီး
ရရှိလာသောအမြတ်များကိုခံစားနိုင်သည်။ထို့အပြင် လက်ရှိရှယ်ယာပေါက်ဈေးအတိုင်း လည်းငွေပြန် အမ်းယူနိုင်သည်။
ztk
Mutul င်္Funds များတွင်ရင်းနှီး မြုပ်နှံထားခြင်းဖြင့် ရရှိနိုင်သောကောင်းကျိုးများမှာ
ztk
Capital Market ©
အရင်းအနှီးဈေးကွက် (Capital Market) ဘာကြောင့်လိုအပ်သလဲ
အရင်းအနှီးဈေးကွက်ထဲမှာ တစ်ဦးချင်းသော်လည်းကောင်း ၊
အဖွဲ့အစည်းအလိုက်သော်လည်းကောင်း ၊ ငွေချေးသက်သေခံလက်မှတ် (Securities)
တွေကို ရောင်းဝယ်နိုင်ပါတယ်။ ပုဂ္ဂလိကပိုင်အဖွဲ့အစည်းတွေရော ၊
အစိုးရကဏ္ဍထဲမှာပါတဲ့ အဖွဲ့အစည်းတွေပါ ငွေချေးသက်သေခံလက်မှတ် တွေကို
ထုတ်ဝေရောင်းချနိုင်ပါတယ်။ သူတို့ရဲ့  ငွေကြေးရန်ပုံငွေအင်အားကို
မြှင့်တင်နိုင်ဖို့ ဖြစ်ပါတယ်။
အရင်းအနှီးဈေးကွက်ထဲမှာ အစုရှယ်ယာ (Stock) ၊ ငွေချေးစာချုပ်(Bond) တွေ
ထုတ်ဝေရောင်းချခြင်းပါဝင်ပါတယ်။ အရင်းအနှီးဈေးကွက်ရှိခြင်းကြော င့်
အဖွဲ့အစည်းတွေရဲ့  ဓနအင်အားကိုတိုးပွားစေနိုင်ပါတယ်။ ဥပမာအားဖြင့်
ကုမ္ပဏီတစ်ခုဟာ အများပိုင်အဖြစ်ပြောင်းလဲတဲ့အခါ Initial Public Offering
(IPO) လို့ခေါ်တဲ့ ရှယ်ယာအသစ်တွေကို အများပြည်သူထံသို့
ထုတ်ဝေရောင်းချခြင်းပြုပါတယ်။ အစိုးရတစ်ရပ်အနေနဲ့လည်း ၎င်းရဲ
့အသုံးစရိတ်လိုအပ်တဲ့အခါ (ဥပမာ - ဒေသတစ်ခုမှာ လမ်း ၊ တံတား
စီမံကိန်းတစ်ခုအတွက် ငွေလိုအပ်တယ်ဆိုပါစို့။ အဲဒီအခါ Bond စာချုပ်အသစ်တွေ
ထုတ်ဝေပြီး ပြည်သူတွေထံကို ရောင်းချခြင်းပြုကာ လိုအပ်တဲ့
အရင်းအနှီးရနိုင်ပါတယ်။ Bond ထုတ်ဝေသူက စာချုပ်သက်တမ်းအတွင်း
အတိုးနှုန်းကိုတော့ ပေးအပ်ရမှာဖြစ်ပါတယ်။)
အရင်းအနှီးဈေးကွက်မှာ Primary Market နဲ့ Secondary Market ဆိုပြီး
ခွဲခြားခေါ်လေ့ရှိပါတယ်။ Primary Market ဆိုတာ ငွေချေးသက်သေခံလက်မှတ်
အသစ်တွေကို အခုမှ စတင်ထုတ်ဝေရောင်းချတာကို ရည်ညွှန်းတာဖြစ်ပါတယ်။ IPO နဲ့
တူတယ်လို့ သတ်မှတ်လို့ရပါတယ်။ Secondary Market ကတော့
ရင်းနှီးမြှုပ်နှံသူအချင်းချင်း သူတို့ပိုင်ဆိုင်ပြီးသား
ငွေချေးသက်သေခံလက်မှတ်တွေကို Stock Exchange မှာ ရောင်း ၊ ဝယ်ကြတာကို
ဆိုလိုတာဖြစ်ပါတယ်။
ztk
အရင်းအနှီးဈေးကွက်ထဲမှာ တစ်ဦးချင်းသော်လည်းကောင်း ၊
အဖွဲ့အစည်းအလိုက်သော်လည်းကောင်း
တွေကို ရောင်းဝယ်နိုင်ပါတယ်။ ပုဂ္ဂလိကပိုင်အဖွဲ့အစည်းတွေရော ၊
အစိုးရကဏ္ဍထဲမှာပါတဲ့ အဖွဲ့အစည်းတွေပါ ငွေချေးသက်သေခံလက်မှတ် တွေကို
ထုတ်ဝေရောင်းချနိုင်ပါတယ်။ သူတို့ရဲ့  ငွေကြေးရန်ပုံငွေအင်အားကို
မြှင့်တင်နိုင်ဖို့ ဖြစ်ပါတယ်။
အရင်းအနှီးဈေးကွက်ထဲမှာ အစုရှယ်ယာ (Stock) ၊ ငွေချေးစာချုပ်(Bond) တွေ
ထုတ်ဝေရောင်းချခြင်းပါဝင်ပါတယ်။
အဖွဲ့အစည်းတွေရဲ့  ဓနအင်အားကိုတိုးပွားစေနိုင်ပါတယ
ကုမ္ပဏီတစ်ခုဟာ အများပိုင်အဖြစ်ပြောင်းလဲတဲ့အခါ
(IPO) လို့ခေါ်တဲ့ ရှယ်ယာအသစ်တွေကို အများပြည်သူထံသို့
ထုတ်ဝေရောင်းချခြင်းပြုပါတယ်။ အစိုးရတစ်ရပ်အနေနဲ့လည်း ၎င်းရဲ
့အသုံးစရိတ်လိုအပ်တဲ့အခါ (ဥပမာ - ဒေသတစ်ခုမှာ လမ်း ၊ တံတား
စီမံကိန်းတစ်ခုအတွက် ငွေလိုအပ်တယ်ဆိုပါစို့။ အဲဒီအခါ Bond စာချုပ်အသစ်တွေ
ထုတ်ဝေပြီး ပြည်သူတွေထံကို ရောင်းချခြင်းပြုကာ လိုအပ်တဲ့
အရင်းအနှီးရနိုင်ပါတယ်။ Bond ထုတ်ဝေသူက စာချုပ်သက်တမ်းအတွင်း
အတိုးနှုန်းကိုတော့ ပေးအပ်ရမှာဖြစ်ပါတယ်။)
အရင်းအနှီးဈေးကွက်မှာ Primary Market နဲ့ Secondary Market ဆိုပြီး
ခွဲခြားခေါ်လေ့ရှိပါတယ်။ Primary Market ဆိုတာ ငွေချေးသက်သေခံလက်မှတ်
အသစ်တွေကို အခုမှ စတင်ထုတ်ဝေရောင်းချတာကို ရည်ညွှန်းတာဖြစ်ပါတယ်။ IPO နဲ့
တူတယ်လို့ သတ်မှတ်လို့ရပါတယ်။ Secondary Market ကတော့
ရင်းနှီးမြှုပ်နှံသူအချင်းချင်း
ငွေချေးသက်သေခံလက်မှတ်တွေကို Stock Exchange မှာ ရောင်း ၊ ဝယ်ကြတာကို
ဆိုလိုတာဖြစ်ပါတယ်။
ztk
ငွေကျပ် ၃၂ ဘီလျံ မတည်ရန် လျာထားသည့် ရန်ကုန်စတော့ အိတ်ချိန်းအတွက် ဖက်စပ်လုပ်ကိုင်ရန် ဂျပန်ဘက်မှ Daiwa တစ်ခုတည်း မဟုတ်ဘဲ အခြားကုမ္ပဏီများ ပါဝင်မည်
ရန်ကုန်စတော့အိတ်ချိန်း ပေါ်ပေါက်ရန် ပထမအရစ်အဖြစ် ငွေကျပ် ၃၂ ဘီလျံ မတည်ရင်းနှီးမှု ပြုလုပ်ရန် လျာထားပြီး မြန်မာနှင့် ဖက်စပ်လုပ်ကိုင်ရန် ဂျပန်ဘက်မှ Daiwa ကုမ္ပဏီ တစ်ခုတည်း မဟုတ်ဘဲ အခြားဂျပန် ကုမ္ပဏီများလည်း ပါဝင်မည် ဖြစ်ကြောင်း Japan Exchange Group, Inc မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
ထိုသို့ ဖက်စပ်လုပ်ကိုင်ရာတွင် မြန်မာဘက်မှ ၅၁ ရာခိုင်နှုန်း ထည့်ဝင်မည်ဖြစ်ပြီး ဂျပန်ဘက်မှ ၄၉ ရာခိုင်နှုန်း ထည့်ဝင်သွားမည်ဖြစ်ရာ မြန်မာနိုင်ငံ အနေနှင့် ၁၆ ဒသမ ၃၁ ဘီလျံကျပ် ထည့်ဝင်ရမည် ဖြစ်ကြောင်း ဘဏ္ဍာရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမောင်မောင်သိမ်းက ပြောကြားသည်။
မြန်မာနိုင်ငံတွင် ၂၀၁၅ ခုနှစ် အောက်တိုဘာတွင် စတော့အိတ်ချိန်း ပေါ်ပေါက်ရန် ရည်မှန်းချက်ထား လုပ်ဆောင်နေပြီး စတော့အိတ်ချိန်း အဆောက်အအုံအဖြစ် ကမ်းနားလမ်းရှိ မြ၀တီဘဏ် ရုံးချုပ်ဟောင်းတွင် စတင်လုပ်ဆောင် သွားမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိအချိန်တွင် မြန်မာနိုင်ငံတွင် အများပိုင်အဖြစ် ဖွဲ့စည်းထားသည့် ကုမ္ပဏီပေါင်း ၁၀၀ ကျော်ရှိသော်လည်း စတော့အိတ်ချိန်းတွင် စာရင်းဝင်ရန် အရည်အချင်း ပြည့်မီသည့် အများပိုင်ကုမ္ပဏီ ငါးခုခန့်သာ ရှိနေသေးကြောင်း စတော့အိတ်ချိန်း ပေါ်ပေါက်ရေး ကူညီလုပ်ဆောင် နေသူများထံမှ သိရသည်။
စတော့အိတ်ချိန်းတွင် စာရင်းဝင်ရန် အများပိုင်ကုမ္ပဏီ အနည်းဆုံး ၈၀ ခန့် လိုအပ်နေကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် တရားဝင် အသိအမှတ် ပြုထားခြင်း မဟုတ်ဘဲ ရောင်းသူဝယ်သူ တိုက်ရိုက် ဆွေးနွေးရောင်းဝယ်သည့် စနစ်ဖြင့် စတော့ရှယ်ယာ အရောင်းအ၀ယ် ပြုလုပ်သည့်ဈေးကွက် (Over the Counter Market) လည်း မရှိသေးဘဲ Myanmar Securities Exchange Center (MSEC) တွင် စာရင်းဝင်ထားသည့် ကုမ္ပဏီနှစ်ခုသာ ရှိနေသည်။
အဆိုပါ အများပိုင်ကုမ္ပဏီ နှစ်ခုမှာ သစ်တောထွက်ပစ္စည်း ဖက်စပ်ကော်ပိုရေးရှင်းနှင့် မြန်မာနိုင်ငံသားများ ဘဏ်တို့ဖြစ်ကြောင်း သိရသည်။
မြန်မာငွေချေး သက်သေခံ လက်မှတ်များ လဲလှယ်ရောင်းဝယ်ရေး ဥပဒေကို ပြီးခဲ့သည့် ဇူလိုင် ၃၁ ရက်က လွှတ်တော်တွင် အတည်ပြု ပြဋ္ဌာန်းခဲ့ပြီး ဖြစ်သည်။ လက်ရှိအချိန်တွင် ဆက်စပ်အဖွဲ့အစည်းများ ဖွဲ့စည်းနိုင်ရန် နည်းဥပဒေများကို စောင့်ဆိုင်းလျက်ရှိသည်။
(မြန်မာနိုင်ငံသားများ စာရင်းဝင်ရန် စိတ်ဝင်စားမှု မြင့်မားနေသည့် စင်ကာပူ စတော့အိတ်ချိန်း )
Eleven
Subscribe to:
Posts (Atom)

