Maslow ရဲ့ need theory ကို လက်ရှိမှာ အကြိုက်တွေ့နေတယ်။ အခုတလောမှာ
သူပြောခဲ့ သီအိုရီဟာ ကိုယ့်အတွက်တော့ အသုံးဝင်လာတယ်။ သူပြောခဲ့တဲ့ အဆင့်
(၅)ဆင့်ရှိတယ်။ အောက်ဆုံးအဆင့် မပြည့်မ၀သေးဘဲနဲ့ နောက်အဆင့်တွေကို
တက်လှမ်းဖို့အဆင်မပြေဘူးဆိုတာ ပြောပြထားတယ်။ အောက်အဆင့်ကနေ စပြီး
ရှင်းပြကြည့်မယ်။
1) Physiological needs
2) Safety needs
3) Love/social needs
4) Esteem needs
5) Self-actualisation
- ပထမအဆင့်က လူ့ဘ၀မှာ အရေးကြီးဆုံးဖြစ်တယ်။ နေ့စဉ် စားဝတ်နေရေးပြေလည်ဖို့ ရုန်းကန်နေရသူဟာ သူ့မိသားစုအတွက် အစားအသောက် လုံလုံလောက်လောက်ရမယ်ဆိုရင် သူ့ပြည့်စုံတယ်လို့ခံစားရမယ်။ ဒီထက်နဲနဲ ပြည့်စုံလာရင်တော့ ဒုတိယအဆင့်အနေနဲ့ နေစရာနေရာလေးလိုအပ်လာပါတယ်။ စားဝတ်နေရေး ပြေလည်တဲ့သူကလည်း နေစရာအိမ်လေးတစ်လုံးလောက် လိုချင်လာပြန်တယ်။ သူနဲ့သူ့မိသားစုဘ၀ လုံခြုံဖို့ နေရာစရာနေရာလေး တစ်ခုလောက်ဖြစ်ဖြစ် ကိုယ်ပိုင်အိမ်လေးတစ်လုံး လောက်ဖြစ်ဖြစ် ပိုင်ဆိုင်ချင်လာပြန်တယ်။ ဒီအဆင့် ၂ချက်က အခြေခံအကျဆုံး လိုအပ်ချက်ဖြစ်တယ်။
- စားဝတ်နေရေး ပြေလည်သွားသူကတော့ မိတ်ဆွေသူငယ်ချင်းတွေ ချစ်သူအဖော်ရှာတာတွေ အပျော်အပါးတွေ လိုချင်လာပြန်တယ်။ စားဝတ်နေရေးမပြေလည်တုန်ကတော့ ဒီတတိယအဆင့်ကို တက်လှမ်းဖို့ခက်ခဲပါတယ်။
- Esteem needs ဆိုတာကတော့ ကိုယ့်ကိုသူများတွေက အသိအမှတ်ပြုတာလိုချင်တယ်။ ဒါကြောင့် သူအောင်မြင်အောင်ကြိုးစားတယ်။ မိဘ၊ ချစ်သူ၊ သူငယ်ချင်း ဆိုတာတွေ ခဏမေ့ထားပြီးသူ့ဘ၀ အောင်မြင်ဖို့အတွက် သူကြိုးစားတယ်။
- နောက်ဆုံးတစ်ချက်ကတော့ သူများတွေက သူ့ကိုအသိမှတ်ပြုတာ မပြုတာတွေ ဂရုမစိုက်တော့ဘဲ သူဝါသနာပါတာကို တစိုက်မက်မက်လုပ်တာကို self-actualisation လို့ခေါ်တယ်။ ငါဘာအတွက်တည်ရှိနေတာလဲ ငါရဲ့လုပ်ရပ်တွေအတွက် အကောင်းဆုံးရပ်တည်သွားမယ်ဆိုတဲ့ စိတ်မျိုးခံယူထားတဲ့သူကိုဆိုလိုတယ်။
- ဒါကြောင့် Maslow ရဲ့ သီအိုရီအရ လူဆိုတာ ဘယ်တော့မှ ပြည့်စုံတယ်လို့မရှိဘူး။ သူ့သီအိုရီက တစ်ခုမပြည့်စုံပဲ တစ်ခုကို မတက်လှမ်းနိုင်ဘူးလိုဆိုခဲ့ပေမယ့် လက်ရှိအခြေအနေမှာတော့ အခြေအနေနဲ့ အချိန်အခါအရတော့ လွဲတာရှိနိုင်ပါတယ်။ ကိုယ်တန်ဖိုးထားမှုအပေါ်မှာ အဆင့်တွေလွဲနိုင်ပါတယ်။
- သူပြောခဲ့တဲ့ အဆင့်ဆင့်သွားတာကို ပိုသဘောကျတယ်။ လူဆိုတာ ၀မရှိဘဲဝိ လုပ်ချင်ကြသူများတယ်။ ကိုယ့်ဘ၀အခြေအနေမှန်ကို ကိုယ်ကိုတိုင်တောင်မေ့နေတတ်ကြပါတယ်။ #Jimmy_Hein