ကမ္ဘာမှာအချမ်းသာဆုံး၁၀ယောက်..မှ နံပါတ်၁
(၁)Carlos Slim Helu&Family
သူရဲချမ်းသာကြွယ်ဝမူ့က ၆၉ဘီလီယံအထိရှိတယ်။ကမ္ဘာပေါ်မှာ နံပါတ်တစ်အချမ်းသာဆုံးဖြစ်တဲ့ ဘီလ်ဂိတ်ကို နံပါတ်(၂)နေရာပို့နိုင်ခဲ့တဲ့ သူ့ရဲချမ်းသာကြွယ်ဝမူ့က အံမခန်းပါပဲ။အသက်၇၂နှစ်ရှိပြီး မက္ကစီကိုနိုင်ငံသား ခလေး(၆)ယောက်ဖခင်တစ်ဥိးဖြစ်ပါတယ်။သူရရှိခဲ့တဲ့ ဘွဲပညာအရည်အချင်းတွေက တော့ Bachelor of Art Sience,Universidad Naccional Autonoma de mexico ဖြစ်ပါတယ်။သူရဲလုပ်ငန်းတွေက telecom,Self made ဆက်သွယ်ရေးလုပ်ငန်းတွေဖြစ်ပါတယ်။ ။
(၂)Bill Gates
သူရဲချမ်းသာကြွယ်ဝမူ့က၆၁ဘီလီယံရှိတယ်။အမေရိကန်နိုင်ငံသားခလေး(၃)ယောက်ဖခင်ပါ။
အမေရီကန်နိုင်ငံရဲကမ္ဘာကျော် ဟားဗက် တက္ကသိုလ်ကျောင်းထွက်တစ်ဥိးပါ။သူရဲ စီးပွားရေးလုပ်ငန်းက အားလုံးသိထားပြီးသားဖြစ်တဲ့ Microsoft ကုမ္ပဏီ ဖြစ်ပါတယ်။
ကမ္ဘာမှာအချမ်းသာဆုံး၁၀ယောက်..မှ (၃) Warren Buffett
ကမ္ဘာမှာတတိယမြောက်အချမ်းသာဆုံးဖြစ်တဲ့ သူရဲပိုင်ဆိုင်မူ့က ၄၄ဘီလီယံရှိပါတယ်။သူ့စိးပွားရေး လုပ်ငန်းကတော့ Berkshire hathaway ပါ။အသက်၈၁နှစ်ရှိပြီး သားသမိး ၃ယောက်ဖခင် အမေရိကန် နိုင်ငံသားပါ။သူရဲ့ပညာအရည်အချင်းက bachelor of art science ကို University of Nebaraska lincon တက္ကသိုလ်နဲ Master of Science ကိုတော့ Colaumbia University ကရယူခဲ့တာပါ။
ကမ္ဘာမှာအချမ်းသာဆုံး၁၀ယောက်..မှ(၄)Bernard Arnault
(၄)Bernard Arnault
သူရဲပိုင်ဆိုင်မူ့က ၄၁ဘီလိယံရှိပါတယ်။သူရဲစိးပွားရေးလုပ်ငန်းတွေက Louis Vuitton Moet Hennessy ဖြစ်ပါတယ်။အသက်၆၁နှစ်ရှိပြီး ပြင်သစ်နိုင်ငံသား သားသမိး၅ယောက် ဖခင်တစ်ဥိးပါ။သူရဲပညာအရည်အချင်းကBachelor of Arts Science, Ecole Polytechnique de paris ဖြစ်ပါတယ်။
ကမ္ဘာမှာအချမ်းသာဆုံး၁၀ယောက်..မှ (၅)Omancio Lindi Ortega
(၅)Omancio Ortega
သူရဲပိုင်ဆိုင်မူ့က၃၇.၅ ဘီလီယံရှိပါတယ်။စီးပွားရေးလုပ်ငန်းရဲအမည်က Zara ပါ။အသက် ၇၆နှစ်ရှိပြီး သားသမိး(၃)ရှိပါတယ်။စပိန်နိုင်ငံသားပါ။
ရွှေအိမ်စည်စာကြည့်တိုက် - စာပေဒါနပြုသည်
Wednesday, November 27, 2013
Thursday, November 21, 2013
ကိုကာကိုလာ၏ FIFA wORLD cUP ဆုဖလားခရီးစဉ် မြန်မာနိုင်ငံသို့  ဒီဇင်ဘာလအတွင်းရောက်ရှိမည်
၂၀၁၄ခုနှစ်တွင် ကျင်းပမည့် FIFA wORLD cUP အား မျှော်မှန်းလျှက် ကိုကာ ကိုလာ၏ FIFA wORLD cUP ဆုဖလားခရီးစဉ်မြန်မာ နိုင်ငံသို့ ဒီဇင်ဘာ ၂၅ရက်မှ ၂၇ ရက်အထိရောက်ရှိ မည်ဖြစ်ကြောင်းသိရသည်။
အဆိုပါ အစီစဉ်မှာ ကမ္ဘာဘောလုံးအဖွဲ့ ချုပ် (FIFA) နှင့် မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ ချုပ် (MFF) တို့ ပူးပေါင်းဆောင်ရွက်သည့် FIFA wORLD cUP ၏ တစ်ခု တည်းသော ဆုဖလားကိင မြန်မာနိုင်ငံသို့  ပထမဆုံးအကြိမ် ယူဆောင် လာမည်ဖြစ်ပြီး မြန်မာပြည်သူပြည်သားတို့ သည် ဘောလုံးလောက၏ အမြင့် ဆုံး ရွေသားအစစ်အတိပြီးသည့် ဆုဖလားကို အနီးကပ်ကြည့်ရူ့ ခွင့်ရမည် ဖြစ်ကြောင်းသိရသည်။
ကိုကာကိုလာနှင့် FIFA သည် လူသိများထင်ရှားလှသော FIFA wORLD cUP ၏ ဆုဖလားကို ကမ္ဘာတစ်ဝှမ်း နိုင်ငံပေါင်း၈၉ နိုင်ငံသို့ အကြီးကျယ်ဆုံးနှင့် အရှည်လျားဆုံးသော ကမ္ဘာဖလားခရီးစဉ် အတွင်း လှည့်လှည်ယူဆောင်လာ မည်ဖြစ်ပြီး ယခုတစ်ကြိမ်တွင် ယခင်လက်ခံပြသခဲ့ဖူးခြင်းမရှိသည့် မြန်မာ နိုင်ငံ အပါဝင် နိုင်ငံပေါင်း ၅၀ ထံသို့ ပထမဆုံးအကြိမ် အဖြစ်လှည့်လှည် ရောက်ရှိမည်ဖြစ်ကြောင်းသိရသည်။
ကိုကာကိုလာမြန်မာ၏ အရောင်းမြှင့်တင်ရေးဆိုင်ရာ ဒါရိုက်တာ Rommel P.Fuentebella က " မြန်မာပြည်သူတွေကို ဒီကမ္ဘာလုံးဆိုင်ရာ အခမ်း အနားမြင်တွေ့ ခွင့်ရအောင် FIFA wORLD cUP ရဲ့ ဆုဖလားခရီးစဉ်ရောက် တဲ့နေရာတိုင်းမှာ ချက်ချင်းဓါတ်ပုံထုတ် ချက်ခြင်းကြည့်နိုင်အောင်စီစဉ် ထားပါတယ်။ ရောင်စဉ်တန်းများနဲ့ ပုံဖော်မူ (hologram) အစီစဉ်ကိုမြင်ရင်လဲ ဘောလုံးဝါသနာရှင်တွေရဲ့ စိတ်ကိုဖမ်းစားနိုင်မှာ အမှန်ပါပဲ " ဟုပြောကြား ခဲ့သည်။
ကိုကာကိုလာ၏ FIFA wORLD cUP ဆုဖလားခရီးစဉ်အတွင်း ဈေးကွက် ဖော်ဆောင်မူဆိုင်ရာ ကဏ္ဍပေါင်းစုံဖြင့် ဒီဇင်ဘာ၂၇ရက်နေ့ တွင်
သူဝဏမိုးလုံလေလုံ အားကစားကွင်းတွင် ခင်းကျင်းပြသထားမည်ဖြစ် ကြောင်းသိရသည်။
ယင်းဆုဖလားသည် အမြင့် ၃၆.၈စင်တင်မီတာ (၁၄.၅ လက်မ) အလေးချိန် ၆ယ၁၇၅ ဂ၇မ်( ၁၃.၆၁ ပေါင်)ရှိပြီး ၁၈ကာရတ် ရွေအတိဖြင့်ပြုလုပ်ထားခြင်း ဖြစ်ကြောင်းသိရသည်။ မြန်မာနိုင်ငံသို့  FIFA ကမ္ဘာဖလားဆု လာရောက်မည့် အကြောင်းကိုwww.facebook.com/cocacolamyanmar တွင်ဝင်ရောက် ကြည့်ရူနိုင်ကြောင်း သိရသည်။
ပန်မိုးဝါ (ရိုးရာလေး)
Wednesday, September 18, 2013
Zawgyi Keyboad 32bit & 64 bit
ကွန်ပျုတာမှာ ဇော်ဂျီဖောင့် မရသူများအတွက် ဇော်ဂျီ ကီးဘုတ် ဖောင့်လေးတင်ပေးလိုက်ပါတယ်ဗျာ။
32bit ကော 64bit ပါ နှစ်မျိုးလုံးထည့်ပေးထားပါတယ်။လိုအပ်ရင်ဒေါင်းသွားနိုင်ပါတယ်။
ကျေးဇူးတင်ပါတယ်။
Download >>>
http://www.mediafire.com/download/x347ns7jd36xz1c/ZG_32%2664_Key_Boad.rar
နည်းပညာကိုလေးစားသူ
ဖိုးချစ်
Whizzo Dictionary
အင်္ဂလိပ်-မြန်မာ အဘိဓါန်
ကဲ.. ဒီ အဘိဓါန်လေးကတော့ ပေါ့ပေါ့ပါးပါးနဲ့ သုံးရတာ အဆင်ပြေပါတယ်။ကျွန်တော်လည်း mediafire မှာ အကောင့် အသစ်လုပ်ကြည့်ရင် စမ်းတင်ကြည့်တာပါ။တင်ရတာ အဆင်ပြေတာကြောင့် နောက်လည်း ကောင်းနိုးရာရာ ဆော့ဝဲလေးတွေကို တတ်နိုင်သလောက်တင်ပေးပါမယ်ခင်ဗျာ။လိုချင်တဲ့သူရှိရင်တော့ ဒေါင်းသွားလိုက်ပါနော်။
ကျေးဇူးတင်ပါတယ်။
Download >>> http://www.mediafire.com/download/vk594r4z6rrk561/English-To-Myanmar-Dictionary%283%29.rar
Tuesday, September 17, 2013
ဗိုလ်ရဲလှ (ခေါ်) မောင်မောင်ရှိန် အကြောင်း
ဗိုလ်ရဲလှ (ခေါ်) မောင်မောင်ရှိန် အကြောင်း (ကျွန်တော်၏ အဖိုး)
ကျွန်တော် အဖိုးကို အရမ်းလေးစားပါတယ်။အဖိုးကို မမီလိုက်ပေမယ့် အဖွားကတော့ ကျွန်တော်တို့မိသားစုနဲ့ အတူ နှစ်တွေ အကြာကြီးနေသွားပါတယ်။အဖွားရဲ့ ပြောစကားတွေအရ အဖိုးဟာ နိုင်ငံရေးကို အလွန်မှ စိတ်ဝင်းစားပြီး နိုင်ငံရေးလောကမှာ ကျင်လည်တာ အိမ်ကကိုယ်မိန်းမတောင်မသိ ရပါဘူးတဲ့။
တစ်ခါ တစ်ခါ ပျောက်သွားလိုက်ရင် နှစ်နဲ့ချီကြာတယ်တဲ့ နောက်ဆိုးတာက အိမ်ကမိသားစုကိုလည်း လောက်လောက်ငှငှ ရှာမကျွေးနိုင်ပါဘူး။အဖွားကနောက်မှ သိရတာ အဖိုးဟာ ကိုယ်နိုင်ငံ ကိုယ်လူမျိုးတွေကို သူကျွန်ဘ၀မှ လွတ်မြောက်ဖို့ အတွက် မိသားစုကို ပစ်ပြီး လက်နက်စွဲကိုင်ကာ နယ်ချဲ့ဖတ်ဆစ်တို့ကို ယွန်ယွန်ချွန်ချွန် တိုက်ထုတ်ခဲ့တဲ့အထဲမှာ တစ်ယောက်အပါဝင်ပေါ့။
ဟိုတိုင်းက နိုင်ငံရေးလုပ်တာဟာ ကိုယ်မိဘတောင်မသိလိုက်ပါ။အဖိုးရဲ့ ရဲစွမ်းသတ္တိကို အရမ်းပဲ လေးစား ဂုဏ်ယူမိပါတယ်။အဖိုးဟာ အင်္ဂလိပ်နယ်ချဲ့ ပြီးတော့ ဖက်ဆစ်ဂျပန် တို့ကို အသက်စွန့်ပြီး ဘာကြောင့်တိုက်ခိုက်တာလဲဆိုတာ ကျွန်တော် သိပါသည်။ငြိမ်းချမ်းရေးကို လိုလား လို့ပဲပေါ့။ုငြိမ်းချမ်းရေးကို လူတိုင်လိုလားကြပါတယ်။နိုင်ငံတိုင်း ငြိမ်းချမ်းရေး ရဖို့ပဲ ကြိုးစားနေကြတာပဲ။ခုကျွန်တော်တို့ နိုင်ငံမှာပဲကြည့် "အေးချမ်းသာယာပြီး ခေတ်မီ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်ဆီသို့" တဲ့ ဆောင်းပုဒ်ကတော့လှပါတယ်။ခေတ်မီ ဖွံ့ဖြိုးတာထက် နိုင်ငံအတွင်းမှာ
အေးချမ်းသာယာဖို့က အရေးကြီးပါတယ်။အေးချမ်းသာယာတယ်ဆိုတာကလည်း ငြိမ်းချမ်းမှ ဖြစ်တာ မဟုတ်လား။ပြောချင်တာ နိုင်ငံအတွင်းမှာ ပြည်တွင်းစစ်တွေ မရှိတော့ရင် ငြိမ်းချမ်းမှာ အမှန်ပါပဲ။ကိုယ်တိုင်းပြည်ထဲမှာ မငြိမ်းချမ်းပဲနဲ့တော့ ဒီမိုကရေစီလမ်းကြောင်းဟာ
မမှန်သေးဘူးထင်ပါတယ်။အရင်ဆုံး ငြိမ်းချမ်းရေးရအောင်လုပ်ရပါမယ်။ကိုယ်နေတဲ့တစ်နေရာတည်း ငြိမ်းချမ်းလို့မရပါဘူး။နွားကွဲရင် ကျားဆွဲတယ် ဆိုတဲ့စကားပုံ အတိုင်းတော့ မဖြစ်စေနဲ့ပေါ့။အားလုံးဟာ ဒီရေကိုသောက် ဒီမြေမှာကြီး ဒီတိုင်းပြည်ထဲမှာ အတူနေကြတာပဲလေ အားလုံးဟာ တိုင်းရင်းသား ညီအစ်ကို မောင်နှမတွေပဲပေါ့။
မပြေလည်တာတွေရှိရင် ပြေလည်အောင်ညှိယူကြရမယ်လေ။ဒီမိုကရေစီ လမ်းကြောင်းမှန်ဖို့အတွက် အားလုံးပူးပေါင်းပါဝင်မှသာ အေးချမ်းသာယာပြီး ခေတ်မီ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်ဆီသို့ ရောက်ရှိတော့မှာ အမှန်ပင်ဖြစ်ပါတယ်။သီးသန့်ခွဲထွက်ဖို့တော့ မလုပ်လိုက်ပါတယ်ကွယ်။တို့တိုင်းပြည်ဟာ နောင်တများစွာ
ဖြင့် နောက်ကျကျန်ခဲ့တာ နှစ်ပေါင်းမနည်းတော့ဘူးကွယ်။အလင်းကိုမြင်နေချိန်မှာ အမှောင်ကိုစွန့်ခွာပြီး အမှောင်တိုက်က အပြီးထွက်ကြပေတော့။တစ်ယောက်အားကနေ တစ်တိုင်းပြည်လုံးအားဖြင့် ငြိမ်းချမ်းရေးကို ရှာကြပေတော့။မြန်မာတွေ အိပ်နေရတော့မယ့် အချိန်
မဟုတ်တော့ဘူး။အားကြိုးမာန်တက်နဲ့ ကြိုးစားကြရတော့မယ်လို့ ဒီနေရာကနေပဲ လက်သီးလက်မောင်းတန်ပြီး ပြောလိုက်ပါတယ်။သြော်... အဖိုးကြောင်းကိုပြောရင်နဲ့ ငြိမ်းချမ်းရေးဘက်ကို ရောက်သွားပါလား။အဖိုးရဲ့သွေးပါတယ်ဆိုတော့ အဖိုးလိုပဲ ငြိမ်းချမ်းရေးကိုလိုလားတာတော့ အမှန်ပါပဲ။
အရေးသားမကောင်းရင် ခွင့်လွတ်ပါ။
လေးစားစွာဖြင့်
ဖိုးချစ်
မေတ္တသုတ် ( မြန်မာပြန်)
နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ
၁။ ယဿာနုဘာဝတော ယက္ခာ၊ နေဝ ဒေဿန္တိ ဘီသနံ။
ယဥှိ စေဝါနုယုဉ္ဇန္တော၊ ရတ္တိ္တန္ဒိဝ' မတန္ဒိတော။
၁။ မေတ္တာသုတ်ပရိတ်တော်၏ တန်ခိုးရှိန်စော်အာနုဘော်ြေ
၂။ သုခံ သုပတိ သုတ္တော စ၊ ပါပံ ကိဉ္စိ န ပဿတိ။
ဧဝမာဒိ ဂုဏူပေတံ၊ ပရိတ္တံ တံ ဘဏာမဟေ။
၂။ ချမ်းသာစွာအိပ်ရ၏၊ အိပ်သော်လည်း မကောင်းသော အိပ်မက်ကို တစိုးတစိ မျှ မမြင်မက်၊ ဤသို့ အစရှိသော ဂုဏ်ကျေးဇူးအပေါင်းနှင့် ပြည့်စုံသော မေတ္တာသုတ် ပရိတ်တော်ကို အို- သူတော်ကောင်းတို့ ငါတို့ရွတ်ဖတ်ကြပါကုန်စို့။
၃။ ကရဏီယ' မတ္ထကုသလေန၊ ယန္တ သန္တံ ပဒံ အဘိသမေစ္စ။
သက္ကော ဥဇူ စ သုဟုဇူ စ၊ သူဝစော စဿ မုဒု အနတိမာနီ။
၃။ လောကီလောကုတ္တရာ အကျိုးစီးပွား၌ လိမ္မာသောသူသည်ငြိမ်သက်အေး ချမ်းသော နိဗ္ဗာန်ကိုအာရုံပြု၍ ဤဆိုလတ္တံ့သော သူတော်ကောင်းနည်းလမ်းကို ကျင့်ကြံ အားထုတ် ပြုလုပ်အပ်၏၊ ကိုယ်နှင့်အသက်တို့ကို မငဲ့ကွက် မညှာတာ ပြုလုပ်ခြင်းငှာ စွမ်းနိုင်ရာ၏၊ ကိုယ်နှုတ်နှစ်ပါး ရိုးသားဖြောင့်မတ်ရာ၏၊ စိတ် သဘောထား ကောင်းစွာ ဖြောင့်မတ်ရာ၏၊ ဆိုဆုံးမလွယ်ရာ၏၊ နူးညံ့သိမ်မွေ့ရာ ၏၊ သူတစ်ပါးအပေါ် ထောင်လွှားသော မာန်မာနမရှိရာ။
၎။ သန္တုဿကော စ သုဘရော စ၊ အပ္ပကိစ္စော စ သလ္လဟုကဝုတ္တိ။
သန္တိန္ဒြိယော စ နိပကော စ၊ အပ္ပဂဗ္ဘော ကုလေသွ' နနုဂိဒ္ဓေါ။
၎။ ရောင့်ရဲလွယ်ရာ၏၊ မွေးမြူလွယ်ရာ၏၊ နည်းပါးသော အမှုကိစ္စရှိရာ၏၊ ပေါ့ပါးသော အသက်မွေးခြင်း ရှိရာ၏၊ ငြိမ်သက်သော ဣနြေ္ဒရှိရာ၏၊ အရာရာ၌ ခွဲခြမ်းစိတ်ဖြာ ရဲရင့်သော ဉာဏ်ပညာရှိရာ၏၊ ကိုယ်နှုတ်နှလုံး သုံးပါးလုံး ရုန့်ရင်း ကြမ်းတမ်းမှု မရှိရာ၊ ဒါယကာတို့၌ တွယ်တာမက်မောမှုမရှိရ။
၅။ န စ ခုဒ္ဒ' မာစရေ ကိဉ္စိ၊ ယေန ဝိညူ ပရေ ဥပဝဒေယျုံ။
သုခိနော ဝ ခေမိနော ဟောန္တု၊ သဗ္ဗသတ္တာ ဘဝန္တု သုခိတတ္တာ။
၅။ ပညာရှိတို့ ကဲ့ရဲ့ရှုတ်ချအပ်သော တစုံတစ်ခုသော မကောင်းမှုကို အနည်း ငယ်မျှသော်လည်း မပြုမလုပ်ရာ၊ ခပ်သိမ်းသော သတ္တဝါတို့သည် ကိုယ်၏ချမ်း သာခြင်းနှင့် ပြည့်စုံကြပါစေကုန်သတည်း၊ စိတ်ချမ်းသာခြင်းနှင့် ပြည့်စုံကြပါစေ ကုန် သတည်း၊ ဘေးရန် ဥပဒ္ဒဝေါ မရှိကြပါစေကုန်သတည်း။
၆။ ယေ ကေစိ ပါဏဘူတတ္ထိ၊ တသာ ဝါ ထာဝရာ ဝ' နဝသေသာ။
ဒီဃာ ဝါ ယေ ဝ မဟန္တာ၊ မဇ္ဈိမာ ရဿကာ အဏုကထူလာ။
၆။ အကြွင်းမရှိ အလုံးစုံ ထွက်သက် ဝင်သက်ရှိသော သတ္တဝါ၊ ထင်ရှားရှိသော သတ္တဝါ၊ ထိတ်လန့် တတ်သော သတ္တဝါ၊ တည်ကြည်ငြိမ်သက်သော၊ သတ္တဝါ၊ ရှည်သော သတ္တဝါ၊ တိုသော သတ္တဝါ၊ ပုကွသော သတ္တဝါ၊ မတိုမရှည်သော သတ္တဝါ၊ ကြီးသော သတ္တဝါ၊ ငယ်သော သတ္တဝါ၊ မကြီးမငယ်သော သတ္တဝါ၊ ဆူသော သတ္တဝါ၊ ကြုံသော သတ္တဝါ၊ မဆူမကြုံသော သတ္တဝါ။
၇။ ဒိဋ္ဌာ ဝါ ယေ ဝ အဒိဋ္ဌာ၊ ယေ ဝ ဒူရေ ဝသန္တိ အဝိဒူရေ။
ဘူတာ ဝ သမ္ဘဝေသီ ဝ၊ သဗ္ဗသတ္တာ ဘဝန္တု သုခိတတ္တာ။
၇။ မျက်စိဖြင့် မြင်ကောင်းသော သတ္တဝါ၊ မျက်စိဖြင့် မမြင်ကောင်းသော သတ္တဝါ၊ အဝေး၌နေသော သတ္တဝါ၊ အနီး၌နေသော သတ္တဝါ၊ ထင်ရှားဖြစ်ပေါ်ပြီးသော သတ္တဝါ၊ ဖြစ်ဆဲတည်နေသော သတ္တဝါ၊ ဤအလုံးစုံသော သတ္တဝါတို့သည် ကိုယ်စိတ်နှစ်ဖြာ ချမ်းသာခြင်း ရှိကြပါစေကုန်သတည်း။
၈။ န ပရော ပရံ နိကုဗ္ဗေထ၊ နာတိမညေထ ကတ္ထစိ န ကဉ္စိ။
ဗျာရောသနာ ပဋိဃသည၊ နာညမညဿ ဒုက္ခမိစ္ဆေယျ။
၈။ တစ်ယောက်သောသူက တစ်ယောက်သောသူကို အမျက်မထွက်ပါစေလင့်၊ တစ်စုံတစ်ခုသော အမှုကိစ္စ၌ တစ်ယောက်သောသူက တစ်ယောက်သောသူကို ညှဉ်းဆဲချုပ်ချယ်သော ကာယကံ ဝစီကံဖြင့် လည်းကောင်း၊ ခိုက်ရန်မျက်ပွား အငြိုးထားသောစိတ်ဖြင့် လည်းကောင်း၊ အနည်းငယ်မျှသော်မှ မထီမဲ့မြင် မအောက်မေ့ပါစေလင့်၊ အချင်းချင်း၏ ဆင်းရဲဒုက္ခကို အလိုမရှိပါစေလင့်။
၉။ မာတာ ယထာ နိယံပုတ္တ၊ မာယုသာ ဧကပုတ္တ မနုရက္ခေ။
ဧဝမ္ပိ သဗ္ဗဘူတေသု၊ မာနသံ ဘာဝယေ အပရိမာဏံ။
၉။ အမိသည် မိမိရင်သွေးဖြစ်သော တစ်ယောက်တည်းသော သားငယ်ကို အသက်အတွက်ကြောင့် အဖန်တလဲလဲ စောင့်ရှောက်သကဲ့သို့ ဤနည်းအတူ သာလျှင် ခပ်သိမ်းသော သတ္တဝါတို့၌ အတိုင်းအရှည်မရှိသော မေတ္တာစိတ်ကို ပွားစေရာ၏။
၁ဝ။ မေတ္တဉ္စ သဗ္ဗလောကသ္မိ၊ မာနသံ ဘာဝယေ အပရိမာဏံ။
ဥဒ္ဓံ အဓော စ တိရိယဉ္စ၊ အသမ္ဗာဓံ အဝေရ မသပတ္တံ။
၁ဝ။ ကာမဘဝတည်းဟူသော အောက်လောက၌ လည်းကောင်း၊ ရူပဘဝတည်း ဟူသော အလယ်လောက၌ လည်းကောင်း၊ အရူပဘဝတည်းဟူသော အထက် လောက၌ လည်းကောင်း၊ ဤလောကသုံးပါးတို့၌ ပိုင်းခြားလွတ်ကင်း ကျဉ်း မြောင်းခြင်းလည်းမရှိ ကိုယ်တွင်းဘေးရန် လည်းမရှိ အပဘေးရန်လည်းမရှိ အတိုင်းမသိ ချစ်ခင်မြတ်နိုးသော မေတ္တာစိတ်ကိုလည်း ပွားစေရာ၏။
၁၁။ တိဋ္ဌံ စရံ နိသိန္နော ဝ၊ သယာနော ယာဝတာ'ဿ ဝိတမိဒ္ဓေါ။
ဧတံ သတိံ အဓိဋ္ဌေယျ၊ ဗြဟ္မ'မေတံ ဝိဟာရ' မိဓ' မာဟု။
၁၁။ ရပ်နေစဉ်သော်လည်းကောင်း၊ သွားနေစဉ်သော် လည်းကောင်း၊ ထိုင် နေစဉ်သော် လည်းကောင်း၊ လဲလျောင်းနေစဉ်သော် လည်းကောင်း၊ မအိပ် မငိုက်သမျှ ကာလပတ်လုံး သာသနာတော်ကြီး၌ မေတ္တာစိတ်နှင့် ယှဉ်၍ နေထိုင်ခြင်းကို ''မြတ်သောနေထိုင်ခြင်း'' ဟူ၍ မြတ်စွာဘုရားတို့ ဟောတော်မူ ကုန်၏။
၁၂။ ဒိဋ္ဌိဉ္စ အနုပဂ္ဂမ္မ၊ သီလဝါ ဒဿနေန သမ္ပန္နော။
ကာမေသု ဝိနေယျ ဂေဓံ၊ န ဟိ ဇာတုဂ္ဂဗ္ဘသေယျ ပုန ရေတိ။
မေတ္တသုတ္တံ နိဋ္ဌိတံ။
၁၂။ မေတ္တာကမ္မဋ္ဌာန်းကို စီးဖြန်းအားထုတ် ပြုလုပ်သောသူသည် အမြင်ဖောက် ပြန် မိစ္ဆာဉာဏ်သို့ မကပ်မရောက်သောကြောင့် လောကုတ္တရာသီလ ရှိသည် ဖြစ်၍ မဂ်ဉာဏ်အမြင်နှင့် ပြည့်စုံပြီးလျှင် ဝတ္ထုကာမ ကိလေသာကာမတို့၌ တပ်မက်မောခြင်း ကင်းသောကြောင့် နောက်တဖန် အမိဝမ်းတွင်း ပဋိသန္ဓေ နေခြင်း သို့ ဧကန်မရောက်တော့ပြီ။
မေတ္တသုတ်တော် မြန်မာပြန်ပြီး၏။
Friday, September 13, 2013
Dictionaries and thesaurus
(အဘိဓါန်နှင့်ဝေါဟာရပဒေသာ)
ဒီဝက်ဘ်ဆိုဒ်တွေက အွန်လိုင်းမှာ အကောင်းဆုံးနဲ့ လူကြိုက်အများဆုံး၊အသုံးအများဆုံး တွေ ဖြစ်ပါတယ်။ ဘယ်လိုကောင်းတာလဲဆိုတာ သိချင်ရင်တော့ လက်တွေ့ ဝင်သုံးကြည့်လိုက်ပေါ့။ အားလုံးပေါင်းဝက်ဘ်ဆိုဒ်၂၉ခု ရှိပါတယ်။ ဒီဆိုက်ကတော့ RFA,VOA,NATO,NASA, စတဲ့အတိုကောက်စာလုံးတွေ ကို အကျယ်ချဲ့ပြ တဲ့ ဆိုဒ်ဖြစ်ပါတယ်။ Abbreviations.com Directory and search engine for acronyms and abbreviations. abbreviations.com - Acronyms - Also see: Definitions.net ဒါကလည်း အတိုကောက်စာလုံးတွေကို အကျယ်ချဲ့ရှင်းပြတာပါပဲ။ Acronym Finder Dictionary of acronyms and abbreviations. Contains over 750,000 definitions. www.acronymfinder.com - Acronyms ဒီဆိုဒ်က ကိုယ်မေးချင်တာ သွားမေးလို့ ရပါတယ်။ ကိုယ်မေးတဲ့ မေးခွန်းက မှားနေရင်တောင် အနီးစပ်ဆုံးဖြစ်နိုင်မဲ့ မေးခွန်းတွေကို သူကထုတ်ပြပေးပါတယ်။ Answers.com Aggregator of definitions, encyclopedia entries, and language translations. reference.answers.com - Aggregator ဒီဆိုဒ်ကတော့ ကိမ်းဘရစ်ဂ်ျ ကပါ။စီးပွားရေးဆိုင်ရာအင်္ဂလိပ်၊ပညာရေးဆိုင်ရာ အင်္ဂလိပ်၊ အမေရိကန်အင်္ဂလိပ်၊ဗြိတိသ်ျှအင်္ဂလိပ် စသည်စုံစုံလင်လင် ရှိလှပါတယ်။ Cambridge Search multiple dictionaries from Cambridge University Press. dictionary.cambridge.org ဒါက ကွန်ပျူတာနဲ့ ပတ်သက်တဲ့ စကားလုံးတွေကို ရှင်းပြထားတဲ့ ဆိုဒ်ပါ။ Computer Definitions Featuring 20,000 topics and 2,500 images. Search field at bottom of page. www.computerlanguage.com - Computers ဒီဆိုဒ်ကတော့ အဓိပ္ပါယ်ဆင်တူရိုးမှားလေတွေ၊အသံထွက်ဆင်တူရိုးမှားလေးတွေ၊စာလုံးပေါင်း ဆင်တူရိုးမှားလေး စသည်သည် ရှုပ်ထွေးဖွယ်ရာလေးတွေကို ရှင်းပြပေးတဲ့ ဆိုဒ်ပါ။ Confusing Words Collection of more than 3,200 often-troublesome words.www.confusingwords.com - Dictionary ဒီဆိုဒ်ကတော့ ရိုးရိုး အဓိပ္ပါယ်ဖွင့်ဆိုချက်များတင်မကပါဘူး။စကားလုံးတစ်လုံးကို ရှာလိုက်ရင် သူနဲ့ ပတ်သက်တဲ့ အီဒီယံ၊စလန်း၊ပုဒ်စု၊စသည်ကိုပါ စုံလင်အောင် ဖော်ပြပေးပါတယ်။ပြီးတော့ လူပုဂ္ဂိုလ်နာမည် များ၊ရွာနာမည်မြို့ နာမည်များကိုဖော်ပြပေးတဲ့အပြင် ၄င်းတို့ ရဲ့ အသံတွေကိုပါ ထွက်ပြပေးပါတယ်။ Definitions.net Multilingual dictionary that provides definitions and translations. definitions.net - Aggregator - Also see: Synonyms.net ဒီဟာကတော့ အဓိပ္ပါယ်ဖွင့်ဆိုချက်များနဲ့ အတူ အသံထွက်၊ဘာသာပြန်စသည်အတော်ကို စုံလင်ပါတယ်။ Dictionary.com Includes definitions from American Heritage, Random House, and Merriam-Webster. dictionary.reference.com - Aggregator - Also see: Thesaurus.com ဒါကတော့ စီးပွားရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်စကားလုံးတွေပေါင်း ၇၅၀၀ လောက်ရဲ့ အဓိပ္ပါယ်တွေကို ဖွင့် ဆိုပြပေးထားပါတယ်။ Investor Words Financial glossary with a comprehensive index of 7,500 definitions. www.investorwords.com - Financial ဒါကတော့ ဥပဒေသမားတွေအတွက်ပါ။ Law.com Dictionary Concise, easy-to-read definitions from The People's Law Dictionary. dictionary.law.com - Legal ဒီဆိုက်ကလည်း အဓိပ္ပါယ်နဲ့ အသံထွက် စုံလင်လွန်းလို့ လူကြိုက်များတဲ့ ဆိုဒ်တစ်ခုပါပဲ။အမေရိကန်၊ဗြိတိသှ်ျ နှစ်မျိုးလုံးရှာနိုင်ပါတယ်။ Macmillan British English and American English dictionaries. www.macmillandictionary.com - Dictionary ဒီဆိုဒ်ကတော့ ဈေးကွက်ဆိုင်ရာ အဘိဓါန်ပါ။ ဒီဆိုဒ်ကတော့ ကိုယ်ကစကားလုံးတစ်ခုကိုရှာလိုက်ရင် သူနဲ့ ဆက်စပ်နေတဲ့ စကားလုံးတွေ၊ဆင်တူရိုးမှားတွေ၊ နီးစပ်တာတွေအားလုံးကို ရှာပေးတဲ့ အဘိဓါန်ပါ။ Roget's Thesaurus Over 17,000 entries. Find synonyms, antonyms, and brief definitions. thesaurus.reference.com - Thesaurus ဒီဆိုဒ်ကတော့ ရိုးရိုးစကားလုံးတွေအပြင် ဆေးပညာဝေါဟာရ၊ငွေရေးကြေးရေး၊ပုဒ်စုဝိဘက်၊အီဒီယံနဲ့ စလန်း စသည်ကိုပါ ရှာပေးပါတယ်။ကိုယ်ရှာပြီးသား စကားလုံးတွေကိုလဲ မှတ်ပြီး အဲ့ဒိထဲမှာတင် ပြန်စုထားလို့ ရပါတယ်။ The Free Dictionary General and subject dictionaries for financial, legal, and medical terms. www.thefreedictionary.comဒီဆိုက်ကတော့ အဓိက အမေရိကန်စလန်းတွေကို အဓိပ္ပါယ်ဖွင့်ဆိုပေးတဲ့အပြင် အခြားအဘိဓါန်အတော်များ များကို မဖော်ပြချင်လို့ တားထားတဲ့ ညစ်ညမ်းစကားလုံးတွေနဲ့ ကိုပါ ဖော်ပြပေးပါတယ်။ Urban Dictionary Dictionary of contemporary American slang. Not appropriate for children. www.urbandictionary.com - Slang ဒီဟာလေးကလဲ အတော်ကိုထူးဆန်းပါတယ်။ ရှာလိုက်တဲ့စကားလုံးကို ဆက်စပ်တဲ့ ပုံစံတွေကို ကွန်ယက် တစ်ခုလိုကို ဖော်ပြပေးထားတာပါ။ သူကတော့ ဆိုင်း အင် မလုပ်ရင် စကားလုံးတွေအများကြီး ရှာခွင့်မပြုပါဘူး။ Visual Thesaurus Displays a unique visualization of connections between words.www.visualthesaurus.com - Thesaurus ဒါကလည်းဆေးပညာရပ်အတွက်ပါပဲ။ WebMD Medical Dictionary Thousands of medical entries from abdomen to zygote. dictionary.webmd.com - Medical ဒါကတော့ ကွန်ပြူတာ၊အင်တာနက်နဲ့ နည်းပညာရပ်ပိုင်းဆိုင်ရာ အဘိဓါန်ပါ။ Webopedia Dictionary for computer and Internet terms. www.webopedia.com - Technology ဒီဝက်ဘ်ဆိုဒ်ကတော့ ကိုယ်ကိုယ်တိုင်လည်း ဝင်ပြီး ရေးလို့ ရပါတယ်၊ကိုယ်ကိုယ်တိုင် အဘိဓါန်ကျမ်းပြုဆရာ ဝင်လုပ်လို့ ရတာပေါ့။ ဘာသာပေါင်း ၅၀၀ ကျော်ရဲ့ အဓိပ္ပါယ်တွေကိုရှာဖွေနိုင်တယ်။ စွယ်စုံကျမ်းဆန်ဆန် အဘိဓါန် ပါ။ Wiktionary Multilingual dictionary and thesaurus written and edited by the public. en.wiktionary.org - Dictionary ဒီဆိုက်ကတော့ စကားလုံးအသစ်တွေ၊ပုဒ်စုအသစ်တွေအားလုံးကို စောင့်ကြည့်နေပြီး အသစ်တွေ့ တာနဲ့  တန်းပြီး တင်ပေးတဲ့ဆိုက်ပါ။ပြီးတော့ ပေါ်ပျူလာစကားလုံးတွေကိုလဲ သူပြထားပါသေးတယ်။ Word Spy Blog tracking new words and phrases in popular use. www.wordspy.com ဒီဟာလေးကလည်း အတော်စုံစုံကို ရှင်းပြနိုင်တဲ့ အဘိဓါန်တစ်ခုပါပဲ။ Wordnik Aggregator of definitions, images, and word usage statistics. www.wordnik.com - Aggregator ဒီဆိုက်ကတော့ တစ်ခုကိုရှာလိုက်ရင် ဘယ်အဘိဓါန်မှာ ဘယ်လိုဖွင့်ဆိုကြောင်းနဲ့ ပတ်သက်ရာ အီဒီယန်၊ပုဒ်စု စသည်ကိုပါရှာပေးပါတယ်။ YourDictionary Definitions, thesaurus entries, spelling, pronunciation, and etymology results. www.yourdictionary.com - Aggregator word tools ဒီဟာလေးကတော့ ဂိမ်းတစ်ခုလိုပဲ။ ပြောနေတာထက် ချက်ချင်းသွားကြည့်ပြီး စမ်းသပ်လိုက်တာပို ကောင်းတယ်။  Crossword Dictionary Find answers to crossword puzzles, anagrams and cryptograms. www.oneacross.com - Crosswords ဒီဆိုဒ်ကတော့ ကိုယ်ရှာတဲ့ စကားလုံးတစ်ခုမှာပါတဲ့ အက္ခရာတွေနဲ့ တခြားဘယ်လို စကားလုံးတွေ ရှိသေးလဲ ဆိုတာကိုပါ ရှာဖွေပေးတဲ့ အဘိဓါန်ပါ။ Internet Anagram Server Remarkable, robust anagram lookup service from Wordsmith. wordsmith.org/anagram - Anagrams ဒီဟာကတော့ ကဗျာဆရာတို့ ၊သီချင်းရေးဆရာတို့ ဆောင်ထားရမဲ့ အဘိဓါန်တစ်ခုပါ။ RhymeZone Writing tool for poetry, song lyrics, greeting cards, and more.www.rhymezone.com - Rhymes ဒီဟာလေးကလည်း ဂိမ်းဆန်ဆန်ပါပဲ။စိတ်ဝင်စားစရာပါ။ WordCount Artistic experiment that presents 86,800 English words, ranked in order of frequency. www.wordcount.org ကဗျာဆရာတွေအတွက် ကာရံတို့ နဘေတို့ လေ့ကျင့်ချင်ရင် ဒီဆိုဒ်ကိုသွားလိုက်ပါ။ Write Rhymes Simple online notepad with rhyme suggestions for poets.www.writerhymes.com - Rhymes မှတ်ချက်။ ။တစ်ချို့ စကားလုံးတွေက မြန်မာအဘိဓါန်ထက်စာရင် အင်္ဂလိပ်လိုက ပိုလွယ်ပါတယ်။ ဒါပေမဲ့ အဲ့ဒိအင်္ဂလိပ် အဘိဓါန်ကျတော့လဲ တစ်ချို့ နေရာမှာ မြန်မာအဘိဓါန်အကူနဲ့ ပြန်ဖတ်ရပြန်ပါ တယ်။ဒါဟာဘာသာ စကားလေ့လာသူတိုင်းကြုံရတတ်တဲ့ အခက်ခဲတစ်ခုပါ။ မြန်မာအဘိဓါန်တွေ ထဲမှာတော့ ဧရာကို အတော်လေးကြိုက်ပါတယ်။ မရှိသေးသူများ ဒီလင့် မှာ သွားမွှေနိုင်ပါတယ်။ အွန်လိုင်းရော အော့်ဖ်လိုင်းဆော့ဖ်ဝဲရော ပေးထားပါတယ်။
Credit to တီအာဝိုင်
Subscribe to:
Posts (Atom)









