Thursday, November 21, 2013
ကိုကာကိုလာ၏ FIFA wORLD cUP ဆုဖလားခရီးစဉ် မြန်မာနိုင်ငံသို့  ဒီဇင်ဘာလအတွင်းရောက်ရှိမည်
၂၀၁၄ခုနှစ်တွင် ကျင်းပမည့် FIFA wORLD cUP အား မျှော်မှန်းလျှက် ကိုကာ ကိုလာ၏ FIFA wORLD cUP ဆုဖလားခရီးစဉ်မြန်မာ နိုင်ငံသို့ ဒီဇင်ဘာ ၂၅ရက်မှ ၂၇ ရက်အထိရောက်ရှိ မည်ဖြစ်ကြောင်းသိရသည်။
အဆိုပါ အစီစဉ်မှာ ကမ္ဘာဘောလုံးအဖွဲ့ ချုပ် (FIFA) နှင့် မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ ချုပ် (MFF) တို့ ပူးပေါင်းဆောင်ရွက်သည့် FIFA wORLD cUP ၏ တစ်ခု တည်းသော ဆုဖလားကိင မြန်မာနိုင်ငံသို့  ပထမဆုံးအကြိမ် ယူဆောင် လာမည်ဖြစ်ပြီး မြန်မာပြည်သူပြည်သားတို့ သည် ဘောလုံးလောက၏ အမြင့် ဆုံး ရွေသားအစစ်အတိပြီးသည့် ဆုဖလားကို အနီးကပ်ကြည့်ရူ့ ခွင့်ရမည် ဖြစ်ကြောင်းသိရသည်။
ကိုကာကိုလာနှင့် FIFA သည် လူသိများထင်ရှားလှသော FIFA wORLD cUP ၏ ဆုဖလားကို ကမ္ဘာတစ်ဝှမ်း နိုင်ငံပေါင်း၈၉ နိုင်ငံသို့ အကြီးကျယ်ဆုံးနှင့် အရှည်လျားဆုံးသော ကမ္ဘာဖလားခရီးစဉ် အတွင်း လှည့်လှည်ယူဆောင်လာ မည်ဖြစ်ပြီး ယခုတစ်ကြိမ်တွင် ယခင်လက်ခံပြသခဲ့ဖူးခြင်းမရှိသည့် မြန်မာ နိုင်ငံ အပါဝင် နိုင်ငံပေါင်း ၅၀ ထံသို့ ပထမဆုံးအကြိမ် အဖြစ်လှည့်လှည် ရောက်ရှိမည်ဖြစ်ကြောင်းသိရသည်။
ကိုကာကိုလာမြန်မာ၏ အရောင်းမြှင့်တင်ရေးဆိုင်ရာ ဒါရိုက်တာ Rommel P.Fuentebella က " မြန်မာပြည်သူတွေကို ဒီကမ္ဘာလုံးဆိုင်ရာ အခမ်း အနားမြင်တွေ့ ခွင့်ရအောင် FIFA wORLD cUP ရဲ့ ဆုဖလားခရီးစဉ်ရောက် တဲ့နေရာတိုင်းမှာ ချက်ချင်းဓါတ်ပုံထုတ် ချက်ခြင်းကြည့်နိုင်အောင်စီစဉ် ထားပါတယ်။ ရောင်စဉ်တန်းများနဲ့ ပုံဖော်မူ (hologram) အစီစဉ်ကိုမြင်ရင်လဲ ဘောလုံးဝါသနာရှင်တွေရဲ့ စိတ်ကိုဖမ်းစားနိုင်မှာ အမှန်ပါပဲ " ဟုပြောကြား ခဲ့သည်။
ကိုကာကိုလာ၏ FIFA wORLD cUP ဆုဖလားခရီးစဉ်အတွင်း ဈေးကွက် ဖော်ဆောင်မူဆိုင်ရာ ကဏ္ဍပေါင်းစုံဖြင့် ဒီဇင်ဘာ၂၇ရက်နေ့ တွင်
သူဝဏမိုးလုံလေလုံ အားကစားကွင်းတွင် ခင်းကျင်းပြသထားမည်ဖြစ် ကြောင်းသိရသည်။
ယင်းဆုဖလားသည် အမြင့် ၃၆.၈စင်တင်မီတာ (၁၄.၅ လက်မ) အလေးချိန် ၆ယ၁၇၅ ဂ၇မ်( ၁၃.၆၁ ပေါင်)ရှိပြီး ၁၈ကာရတ် ရွေအတိဖြင့်ပြုလုပ်ထားခြင်း ဖြစ်ကြောင်းသိရသည်။ မြန်မာနိုင်ငံသို့  FIFA ကမ္ဘာဖလားဆု လာရောက်မည့် အကြောင်းကိုwww.facebook.com/cocacolamyanmar တွင်ဝင်ရောက် ကြည့်ရူနိုင်ကြောင်း သိရသည်။
ပန်မိုးဝါ (ရိုးရာလေး)
Labels:
သတင်းများ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment