Tuesday, February 18, 2014

ငွေမည်းကို ခ၀ါဖွပ် ကြေးကမကျွတ်၊ အရောင်ကျွတ်






ငွေမည်းများကို ခ၀ါချခြင်းကို အလွယ်တကူငွေကြေးခ၀ါချခြင်းဟုသုံးနှုန်း သည်ကို တွေ့ဖူးပါသည်။သို့သော်လည်း ငွေကြေးခ၀ါမချမီ၊ ငွေမည်းဆိုသည် ကား မည်သည့် ငွေကြေးကို ခေါ်ပါသနည်းဟူသော အဓိပ္ပာယ် ဖွင့်ဆိုချက် သည်လည်း အရေးကြီးလာပါသည်။ ငွေမည်း(Black Money) ဟုခေါ်ခေါ် ငွေ ညစ် (Dirty Money) ဟုခေါ်ခေါ် အားလုံးသည် တရားမ၀င်ပိုင်ဆိုင် ထားသောငွေကြေးများကိုသာ ရည် ညွှန်းပါသည်။ ငွေကြေးလောက်ပဲပိုင်ဆိုင် ထားသည်ကို ငွေမည်းဟုခေါ်မလားဟူသော မေးခွန်းလည်းရှိလာပါသည်။ ငွေကြေးဟုခေါ်လိုက်သည်နှင့် တရားမ၀င်ပိုင်ဆိုင် ထားသောငွေကြေးသာ မဟုတ်တော့ ငွေကြေး money supply များတွင်ငွေဖြစ်လွယ်မှုများ liquidity များကို ပါပိုင်ဆိုင်ထားသော Near money များပါ ပါဝင်လာနိုင်ပါသည်။ တရားမ၀င်ငွေကြေးများကို အသွင်ပြောင်းထားသော ငွေဖြစ်လွယ်မှုများဖြစ် သည့်တိုက်တာ၊ အိမ်ခြေအဆောက်အအုံ၊ မြေများအားလုံးသည် ငွေမည်း စာရင်းတွင် အကျုံးဝင်လာပါသည်။ ပစ္စည်းဥစ္စာပိုင်ဆိုင်မှုများ သည်လည်း ပိုင်ဆိုင်မှုကို ခြေခြေ မြစ်မြစ်မပြဆိုနိုင်ပါကလည်း ထိုဥစ္စာ ပစ္စည်းများသည် near money များဖြစ်သောကြောင့် ငွေမည်းစာရင်းတွင် ထည့်သွင်းရမည့် သဘောဖြစ်လာပါသည်။ Money Laundering သဘောသည် တရားမ ၀င်သော ငွေကြေးနှင့် ငွေကြေးဖြစ်လွယ်မှုရှိ မည့်အရာအားလုံးကိုတရား ၀င်ဖြစ်လာအောင် လုပ်သည့်နည်းပင်ဖြစ်တော့သည်။ တရားမ၀င်ပုံမှန် မဟုတ်သောနည်းဖြင့် ရရှိလာသည့် ငွေညစ်၊ ငွေမည်းများ dirty money ကို တရားဝင်ငွေကြေး legitimate income ဖြစ်လာအောင် ကြံဆောင် ခြင်းဖြစ် သည်။ တစ်နည်းအားဖြင့် dirty money များကို legitimate money ဖြစ်အောင် လုပ်ခြင်းမဟုတ်ဘဲ၊ တရားဝင် ၀င်ငွေ legitimate income ဖြစ်လာစေရန်လုပ်ဆောင်ခြင်းသာဖြစ်သည်။ တရားဝင် ၀င်ငွေ ဖြစ်လာမည်ဆိုပါက ၀င်ငွေ လည်ပတ်စီးဆင်းမှုများတွင် ၀င်ငွေ တစ်ရပ်အသွင်ဖြင့်ထည့်သွင်းပြီး ငွေကြေးအပေးအယူများကို တရားဝင်အကူး အပြောင်း လုပ်နိုင်သော ကြောင့်ဖြစ်သည်။

သို့သော်လည်း ငွေကြေးခ၀ါချမှုဖြစ်စဉ်တစ်ခုလုံးသည် လူသိ ထင်ရှား လုပ်လို့မရသောသဘောရှိသလို၊ ထိုသို့လည်းလုပ်ခွင့်မရှိပါ။ အစိုးရအနေဖြင့် လည်း လက်ခံဆောင်ရွက်ပေးလို့မရသောသဘော ရှိသည်။ ငွေကြေးခ၀ါချ နည်းကား နည်းမျိုးစုံရှိသည်။ ထိုနည်းမျိုးစုံသည်လည်း နေရာဒေသ၊ အချိန် အခါ နှင့်အခြေအနေပေါ်မူတည်ပြီး သင့်တော်မည့်နည်းဖြင့်ခ၀ါချကြသည်။ နည်းတိုင်းတွင်လည်း ပုံသေကားချပ် မရှိသလို၊ ပရိယာယ်လည်း ကြွယ် ကြသည်ချည်းဖြစ်သည်။ ငွေကြေး ခ၀ါချမှုတွင်ဝင်ငွေခွန်သဘော မဆောင်ခြင်းကြောင့်ဖြစ်သည်။ အခွန်ရှောင်သော ငွေကြေးများဖြစ်သည် ဟူသောအနေအထားမျိုးမြင်တတ်ကြမည်ဖြစ်သော်လည်း၊ ငွေမည်းတိုင်း သည်အခွန်ဆောင်လို့မရသော သဘောရှိသည်။ အခွန်ဆောင်ခွင့်ရပါလျှင် လည်း ငွေဖြူဖြစ်သွားနိုင်သည်။အခွန်ဆောင်ခွင့်ဆိုသည်မှာလည်းအစိုးရတွင် သာအခွင့်အာဏာရှိသည်။ အခြားသောတစ်ဖက်တွင်လည်းငွေမည်းဟု သတ်မှတ်သော ငွေညစ်များဆိုသည်မှာလည်း၊တော် ရုံပမာဏ ရှိသော ငွေများမဟုတ်၊ အစွန်းထွက်လောက်သော ငွေပမာဏလည်းမဟုတ် သည်ကားသေချာသည်။ မီလီယံလောက်စကားမပြော၊ ဘီလီယံနှင့်ထရီလီ ယံလောက်ရှိသောငွေပမာဏများသာ ဖြစ်နေသောကြောင့်လည်းခ၀ါချ လိုကြခြင်းဖြစ်သည်။

ထိုငွေပမာဏမျိုးရဖို့ဆိုသည်မှာလည်း နိုင်ငံတကာအဆင့်အလိုက်နိုင်ငံ လိုက်ဖြစ်ပေါ်တတ်သော အဖြစ်အပျက်များအရ ကြည့်လျှင် စစ်လက်နက် မှောင်ခို တင်သွင်းမှုများ၊ မူးယစ်ဆေးဝါး ရောင်းဝယ်မှု များ၊ လူကုန်ကူးမှုများ၊ နိုင်ငံပိုင်သယံဇာတများကိုလက်လွတ်စပယ်ရောင်း ချမှု များစသည့်ရငွေများတွင်အများဆုံးဖြစ်ပေါ်တတ်သည့် သဘောကို လည်းတွေ့ရှိနိုင်ပါသည်။ ငွေမည်း ခါဝချမှုနှင့်ပတ်သက်သောအဓိပ္ပာယ် ဖွင့်ဆိုချက်များသည်လည်း တစ်ကျောင်းတစ်ဂါထာ၊ တစ်ရွာတစ်ပုဒ် ဆန်းသဘောမျိုးလည်း ရှိချင်ရှိပါမည်။ အကြောင်းမှာဖြစ်ပေါ် လာသောငွေမည်းဇာစ်မြစ်များကလည်း မတူသောကြောင့်ဖြစ်သည်။ ငွေ မည်းရရှိနိုင်မှု ဇာစ်မြစ်များသည် အတော်များများမသိရှိနိုင်သောဇာစ် မြစ်များ (Obfuscating sources of money ဟု ခေါ်သည်။) ဖြစ်နေသောကြောင့်ဖြစ် သည်။ ထို့ကြောင့် အတော်များများသည် ငွေမည်းမှန်း လည်းသိသည်။ သို့သော်လည်း တိတိကျကျဘယ်ကမည်းသောငွေမှန်း မဖော်ထုတ်နိုင်ခြင်း လည်းရှိသည်။ ထင်ကြေးဖြင့်သာ ငွေမည်းရရှိရာ ဇာစ်မြစ်ကို ကာယကံရှင်မှ လွဲပြီး၊ ထင်ကြေးဖြင့် ပြောဆိုနေကြခြင်းဖြစ်သည်။ ငွေမည်းဖြစ်ပေါ်လာရာ လမ်းကြောင်းကို ကာယကံရှင်မှ လွဲလျှင် ကျန်သူများအနေဖြင့် ထင်ကြေးဖြင့် သာပြောနိုင်သောကြောင့် ဖြစ်သည်။ သေချာသောအချက်က ငွေမည်းများ မည်သည် ရာဇ၀တ်မှု နှင့်မကင်းသော၊ ဥပဒေနှင့်မကင်းသောငွေ များဖြစ်သည်ဆိုသည့်သဘောထား၊ အလွဲသုံးစားမှုများနှင့်ပတ်သက်နေသည် ဟူသောအယူအဆများလည်းငွေမည်းအတွက် အဓိပ္ပာယ်ဖွင့်ဆိုမှုများလည်း ရှိကြပါသေးသည်။ ငွေကြေးခ၀ါချသည် ဆိုသည်မှာလည်း ကြိုတင်စီမံလို့ မရသောအခြေအနေမျိုးဖြစ်သည်။ အချိန်အခါနှင့် အခွင့်အရေးပေါ် မူတည်ပြီး လုပ်ကိုင်ရခြင်းဖြစ်သည်။ တည်ရှိနေသော အခြေအနေပေါ်မူတည်ပြီး တိုက်ဆိုင်လာမှသာလုပ်နိုင်သောခ၀ါချမှုမျိုးဖြစ်သည်။ မီးစင်ကြည့်ပြီး ကသွားခြင်းမျိုးလည်း ဖြစ်သည်။ ယင်းကို အချို့သောငွေကြေးဆိုင်ရာပညာ ရှင်များက ''Financial Thought-crime'' ဟုလည်းခေါ်ကြသည်။ Thought Crime ဟူသောဝေါဟာရသည် ဘာသာရေး နှင့် ဆက်နွယ်နေသောဝေါဟာ ရလည်းဖြစ်သည်။ လူမှုရေးအရ လက်မခံနိုင်သောသဘောဖြစ်သည်။ ဘုရားမဲ့၊ တရားမဲ့မျိုးဖြစ်သည်။ လူမှုပတ်ဝန်းကျင်နှင့် ဆန့်ကျင်သော သဘောလည်းရှိသည်။ မှန်သည်ထင်လျှင် လုပ်ရဲသောလူများဖြစ်သည်။ မှားသည်မှန်သည်ဆိုသည်မှာလည်း လူမှုရေးအရ လုပ်သင့် မလုပ်သင့် မဆုံးဖြတ်ဘဲ၊ ကိုယ့်ဘာ သာကိုယ်ဆုံးဖြတ်လုပ်ကိုင်ခြင်းမျိုးဖြစ် သည်။ ငွေကြေး ခ၀ါချမှုမျိုးဆို သည်မှာလည်း ထိုနည်းနှင်နှင်ဖြစ်သည်။ လူမှုရေးအရ မကြည့်ဘဲ၊ တိုင်းပြည်အတွက် မကြည့်ဘဲရသော အခွင့် အရေးပေါ်မူတည်ပြီး ရှိသောငွေကြေးများကို တရားဝင် ဖြစ်စေရန် ကြံဆောင်ခြင်းသာဖြစ်သည်။ထိုစကားလုံးကိုစာရေးဆရာကြီး ဂျော့အိုဝဲလ် ရေးသော Nineteen Eighty Four ၀တ္တုမှ အစ ပြုသုံးစွဲလာခြင်းဖြစ်သည်။ ငွေကြေး ခ၀ါချခြင်းမျိုးသည် တိုင်းပြည်တစ် ပြည်နှင့်တစ်ပြည်အနေအထားခြင်း လည်းတူညီကြမည်မဟုတ်ပါ။ ထို့ အတူ ပမာဏခြင်းလည်း တူညီကြ မည်မဟုတ်ပါ။ များသောအားဖြင့် တိုင်းပြည်များသည် အနည်းအများ ဆိုသလို တိုင်းပြည်တွင် ခန့်မှန်းခြေ ငွေကြေးခ၀ါချမှု ပမာဏမည်မျှရှိ သည်ဆိုသည့် အစီရင်ခံစာမျိုးကို နှစ်စဉ်ခန့်မှန်းခြေသဘောမျိုး ထုတ် ပြန်လေ့ရှိကြပါသည်။ ထိုသို့ခန့်မှန်း ခြေမျိုးထုတ်ပြန်ရာတွင်လည်း အပြည်ပြည်ဆိုင်ရာအဆင့်တွင်ဖြစ်စေ၊ ပြည်တွင်းအဆင့်နှင့်ပင်ဖြစ်စေ၊ ခန့် မှန်းခြေစာရင်းအင်းများကို ထုတ်ပြန်ပေးတတ်ကြသည်။ ၁၉၉၆ခုနှစ် အတွင်း က အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့(IMF: International Monetary Fund) ခန့်မှန်းချက်အရဆိုပါလျှင် တစ်ကမ္ဘာလုံး စီးပွားရေး လုပ်ငန်းများတွင် ၂% မှ ၅% အဆင့်သည် ငွေကြေးခ၀ါချ ထားသော ငွေ များအဖြစ် ပါဝင်နေသည်ကို အစီရင်ခံ ဖော်ပြထားဖူးသည်။ ငွေကြေးခ၀ါချ မှုများနှင့် ပတ်သက်သည့် စောင့်ကြည့်လေ့ လာသည့်အဖွဲ့ဖြစ်သည့်FATF: Financial Action Task Force on Money Laundering အဖွဲ့အနေ ဖြင့် ငွေကြေးခ၀ါချမှုပမာဏကို ကိန်းဂဏန်းအားဖြင့် တိတိ ကျကျ ဖော်ပြနိုင်ခြင်းသည် အခက်အခဲဆုံးသောအလုပ်တစ်ခုဖြစ်နေသည့် သဘောကိုလည်းတင်ပြခဲ့ဖူးသည်။ ရေရာသေချာမှုလည်း မရှိသည့်သဘော မျိုး တင်ပြခဲ့ဖူးသည်။ ငွေကြေးခ၀ါချမှုမျိုးသည် လူသိသူသိ မခံသောလုပ်ငန်း မျိုးမှ ပေါက်ဖွားလာခြင်းဖြစ်ရာ မြင်တာမြင်သော်လည်း၊ ထင်ကြေးဖြင့်သာ သွားနေရသည့်အဖြစ်ကြောင့်လည်း တိတိကျကျ မဆိုမတင်ပြနိုင်ကြခြင်းဖြစ် သည်။ ငွေကြေးခ၀ါချမှုမျိုးများကို မည်သည့်မည်မျှ အတိအကျစုံစမ်း ခန့်မှန်း ရန်လည်း ခက်သောအခြေအနေ ဖြစ်နေသောကြောင့်လည်း အစိုးရ များနှင့် အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများအနေဖြင့် ငွေကြေး ခ၀ါချမှုကို တိုင်းတာနေခြင်းထက်၊ ငွေကြေးခ၀ါချမှုမျိုးများ မပြုလုပ် နိုင်စေရန် ဟန့်တားခြင်း၊ ကာကွယ်ခြင်း၊ အရေးယူခြင်း စသည့်အလုပ်များကို လုပ်ကိုင်ခြင်းက ပိုမိုထိရောက်စေနိုင်မည့်သဘောမျိုး သုံးသပ် ဆွေးနွေး လာကြသည်။ ငွေကြေးခ၀ါချမှုနှင့်ပတ်သက်ပြီး ဖွံ့ဖြိုး ဆဲနိုင်ငံများနှင့် ဖွံ့ဖြိုးပြီးနိုင်ငံများ အခြေအနေချင်းမတူသည့်သဘောကို လည်းတွေ့နေ ရသည်။ ဖွံ့ဖြိုးပြီး နိုင်ငံများအနေဖြင့် ငွေကြေးခ၀ါ ချမှုများတွင် ငွေကြေး ဆိုင်ရာအဖွဲ့ အစည်းများ၏ဟာကွက်၊ ယိုပေါက် များကြောင့် ခ၀ါချနိုင်ခြင်းဆို သည့် အတွေးမျိုးရှိနိုင်သော်လည်း၊ ဖွံ့ဖြိုးဆဲနိုင်ငံများအနေဖြင့် ငွေကြေးဆိုင် ရာအဖွဲ့အစည်းများသည် အခန်းကဏ္ဍနှင့် ထိရောက်မှုတို့သည် အရေးပါ အရာရောက်မှုနည်းနေသော ကြောင့် အစိုးရအနေဖြင့် တိုက်ရိုက် ပိုမိုတာဝန် ယူရမှုအပိုင်း ပိုရှိလာမည် ဖြစ်သည်။

သတိထား "စာ" အဆိပ်သင့်တတ်သည်။




မြန်မာနိုင်ငံလွတ်လပ်ရေးရပြီး ပါလီမန်ဒီမိုကရေစီစနစ်ကျင့်သုံးနိုင်ခဲ့သည့် (၁၄)နှစ်တာခရီးတွင်ကွန်မြူနစ်စာပေတစ်စုံတစ်ရာအင်အားကောင်းခဲ့သည် ဆိုသော်လည်း အတော်စုံလင်သော စာပေများ ရှိခဲ့သည်။ တံခါး ပိတ်ဝါဒ ကျင့်သုံးခဲ့သော (၂၆)နှစ်တာ ကာလတွင်ကား ထွက်ရှိပြီးစာစောင် များစွာ တဖြည်းဖြည်းကွယ်ပျောက်ခဲ့ရာမှမြန်မာလူမျိုးတို့ မျက်စိပိတ် နားပိတ်ဘ၀ သို့ရောက်ချင်းမလှရောက်ခဲ့ ရတော့သည်၊ သုတနှင့်ပညာနည်းပါး လှသော မဂ္ဂဇင်း၊ အားကစားစာစောင်၊ ရုပ်ပြတို့မှလွဲ၍ ရွေးချယ်စရာ မယ်မယ်ရရ မတွေ့ရတော့၊တစ်ခေတ်တစ်ခါကအကြောင်းသိချင်လျှင်ပန်းဆိုးတန်း လမ်းဘေး စာပေအရောင်းဘက်တွင်သာ မွှေနှောက်ရှာဖွေရတော့၏။ စနစ် ၏ရလဒ်၊ စိုးရိမ်လွန်ကြသူတို့၏အဆုံးအဖြတ်တို့မှရလိုက်သောအကျိုး တရားဖြစ်သည်။ အသိအမြင်နည်းပါးလျှင်ပညာနည်းပါးတတ်သည့် သဘာဝ ရှိပါသည်၊ ကျောင်းစာသင်ခန်းတို့တွင်လည်း ကျောင်းသာဗဟိုပြုသင်ကြားရေးစနစ်အစား၊ ဆရာဗဟိုပြုသင်ကြားရေးစနစ် ဖြစ်ခဲ့ပြန်သဖြင့် မြန်မာလူမျိုးတို့ အနေဖြင့် ရှိစုမဲ့စု ကဏ္ဍနှစ်ရပ်လုံး၌ ပညာရရာရကြောင်း ရှားပါးခဲ့ရ၏။

(၁၉၈၈-၂၀၁၁) ကာလတွင် အနည်းငယ်လူးလူးလွန့်လွန့်ရှိခဲ့သည်၊ မဂ္ဂဇင်း စာစောင်အချို့ထွက်ခဲ့သည်၊ စာပေစိစစ်ရေးရုံးရှိခဲ့သော်လည်း စာဖတ်သူ များအနေဖြင့်မည်သို့ဆိုစေရွေးချယ်စရာတော့ရှိခဲ့သည်၊ စံမီ၊ ပေမီ အချိန်အခါ မဟုတ်သော်လည်း ဈေးကွက်စီးပွားရေးဟူသော စီးပွားရေး စနစ်သစ်အရ ယခင်ခေတ်ထက်စာလျှင် မြန်မာ့စာပေလောက အတက် ဘက်ဟုယူဆနိုင် ပါ၏။ အချိန်နှင့်အချိုးတကျရှိသောအတက်မျိုးမဟုတ်သော်လည်း ဈေးကွက် စီးပွားရေး အစဦးတွင်ထွက်ခဲ့သော“ဓန” “မြန်မာ့ဓန” မဂ္ဂဇင်းများသည် စာ ဖတ်သူတို့၏ စိတ်ဝင်စားမှုကို များစွာရယူနိုင်ခဲ့သော မဂ္ဂဇင်းများ ဖြစ်ပါသည်။
ကန့်သတ်ခဲ့သည်ဆိုသော်လည်းမှန်ကန်စွာအကဲဖြတ်ရလျှင်အတော် အသင့် အရေအတွက်ရှိလှသော စာစောင်၊ မဂ္ဂဇင်း၊ ဂျာနယ်များကို ဖတ်နိုင်ခွင့်ရှိခဲ့ သည်၊ စာပေစိစစ်ရေးကြားကသွယ်ဝိုက်ရေးနိုင်သူများ ရေးခဲ့ကြသည်။ သတင်းခေတ်တွင်ပွင့်လင်းမြင်သာ မဟုတ်သေးသော်လည်း မှုန်မှုန်ဝါးဝါးဖြင့် ခန့်မှန်း၍ရနိုင်သော သတင်းတို့စီးဆင်းနိုင်ခဲ့ကြသည်။
x x x

ခေတ်ပြောင်း စနစ်ပြောင်းတော့မည်ဟူသောမိုးဦးကျသံကြားရသည့် ၂၀၀၈ -လောက်မှစ၍ နိုင်ငံရေးစာပေတို့ရုတ်တရက် အားကောင်းလာခဲ့၏။ အထူး သဖြင့်ဒီမိုကရေစီနိုင်ငံရေးသို့ဦးတည်ကြတော့မည်ဟူသောသတင်းသေချာလာသည့်အခါဒီမိုကရေစီကိုအခြေပြု၍တစ်စတစ်စအား ကောင်းလာသော ဝေဖန်ရေးဆောင်းပါး၊ သုံးသပ်ရေးဆောင်းပါး၊ အတွေးအမြင်ဆောင်းပါးများ၏ ဦးဆောင်မှုမှအခြားနိုင်ငံရေး၊ ပညာရေး၊ သုတ၊ အခြေခံရေးသားမှုများကို အိပ်မက်ကောင်းတစ်ခုအလား စတင်ထိတွေ့ခဲ့ရပါသည်။ အချို့သောဆောင်း ပါးများမှာ ၂၀၁၁-အစိုးရသစ် အပြောင်းအလဲမတိုင်မီမှာပင် နိုင်ငံရေးသုံးသပ် မှု ခပ်ပြင်းပြင်းများကိုဖတ်ခဲ့ရသည်။ မည်သို့ဆိုစေမြန်မာ့စာပေလောက တစ်ကျော့ပြန်ပြန်လည်ဦးမော့လာပြီဟူ၍ ၀မ်းသာခဲ့ရပါ၏။

၂၀၁၁-မတ်လနောက်ပိုင်းတွင် အစိုးရသစ်အနေဖြင့်သူစွမ်းဆောင် နိုင်သမျှ အား၏စိုက်ထုတ်၍ရှည်လျားစွာအကျပ်အတည်းဘ၀မှ ရုန်းမထွက်နိုင်ခဲ့သော သက်တမ်းရှည်နိုင်ငံရေးအိပ်မက်ဆိုးကြီးကို ရပ်တန့်သွားစေရန် ကြိုးပမ်းခဲ့ သည်။ရလဒ်ကောင်းလည်းထွက်ခဲ့ပါသည်။အားလုံးပါဝင်သောမြန်မာ့နိုင်ငံရေး ပုံစံသစ်၏အဦးအစခရီးကိုလည်းအတူတကွစတင်လျှောက်လှမ်းနိုင်ခဲ့ကြသည်

ဒီမိုကရေစီသည်ပြည်သူတို့၏ “ရွေးချယ်နိုင်ခွင့်” အပေါ် အခြေခံသည်။ လွတ်လပ်စွာထုတ်ဖော်ခွင့်၊ လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ကိုအလေး ထား သည်။ သို့နှင့် ဒီမိုကရေစီ၏လက္ခဏာရပ်များကို အစိုးရမှတစ်စတစ်စ ပိုမိုဖြည့်ဆည်းပေးလာရင်းစာပေစိစစ်ရေးအဖွဲ့ကိုဖျက်သိမ်းပေးခဲ့ပါတော့ သည်။ စာစောင်အသီးသီးလွတ်လပ်စွာထွက်ပေါ်လာသလို၊ စာရေးကြသူ များ၊ သတင်းရေးကြသူများလည်းတစ်ဟုန်ထိုးများပြားလာခဲ့ကြ၏။ ထွက်ပေါ် လာသောစာစောင်အသီးသီးတွင်အရည်အချင်းပြည့်သတင်းထောက်၊ အယ်ဒီ တာများကိုရုတ်တရက်ဖြည့်ဆည်းပေးနိုင်ခြင်းမရှိသောလိုအပ်မှုပင် ဖြစ်ခဲ့ရ ပါသေးသည်။

တစ်ချိန်က နိုင်ငံပိုင်သတင်းစာ လက်ငါးချောင်းမပြည့်သောအရေ အတွက် အပေါ်မှာသာအားထားခဲ့ရသောမြန်မာပြည်လူထုမှာယနေ့ထွက် ရှိနေသော စာစောင်အသီးသီးကိုပင် စုံအောင်မဖတ်နိုင်တော့၊ အချိန်တို အတွင်း တစ် ဟုန်ထိုးတိုးတက်လာသောစာစောင်အရေအတွက်နှင့် အဖြာဖြာသော ရှုထောင့်စုံမှ သတင်းတို့က ဖတ်သူတို့၏ရှေ့သို့ များစွာရောက်ရှိ နေခဲ့ပြီဟု ဆိုနိုင်ပါလိမ့်မည်။

တိုးတက်ဖွံ့ဖြိုးပြီးငွေကြေးများစွာအသုံးပြုနိုင်သောအမေရိကန်အပါအ၀င် နိုင်ငံကြီးများသည် “သတင်း” အပေါ် အခြေခံသည်၊ သတင်းပေါ် အလေးထား သည်။ ထိုသို့သတင်းပေါ်အားပြုရာမှတိုးတက်လွန်သောအခါ “သတင်း လျှံခြင်း”ဟူသည့် Information flood ဟူသောအဆင့်သို့ ရောက်ခဲ့၍ အမေရိ ကန် ကိုယ်တိုင် ထုတ်ဖော်ညည်းတွားခဲ့သည့်သတင်းကို ဖတ်မိလိုက်ရဖူး ပါသေးသည်။ နှစ်ပေါင်းများစွာအချိန်ယူခဲ့သောနိုင်ငံကြီးများ၏ သတင်းလျှံမှု အဆင့်ကိုမြန်မာတို့ (၂)နှစ်ဟူသော ကာလအတွင်း ရောက်ခဲ့ ပြီလားဟု ပင် စောကြောမိရပါသေးသည်။

မီဒီယာသည် IT ခေတ်တွင်တစ်စုံတစ်ရာမကသြဇာကြီးမားခဲ့ရသည့် ကဏ္ဍဖြစ်ပါ၏။ အသိပညာများကိုအချိန်နှင့်အမျှ-မျှဝေနိုင်သည်ဖြစ်သလို၊ သတင်းအချက်အလက်များကိုလည်း မိနစ်နှင့်မခြား ပြည်သူတို့ထံသို့ အရောက်ပို့ပေးနိုင်သောကဏ္ဍဖြစ်သည်။ သတင်းလျှံခြင်းသည် ကောင်း ကျိုးပြုနိုင်ခြင်း မရှိသလို “သတင်းမမှန်” ခြင်းကကြီးမားသော ဆိုးကျိုး ကိုဖြစ်စေနိုင်ပါသည်။ နိုင်ငံတစ်ခုအတွင်းရှိသတင်းအပေါ်မှီခိုနေကြသော သန်းပေါင်းများစွာသောလူထု၏နိစ္စဓူဝမှသည် အနာဂတ်အစိတ်အပိုင်း တစ်ခုအပေါ် မီဒီယာတို့၏ သက်ရောက်မှု ကြီးမားစွာရှိနေသည်ကတော့ အမှန်ဖြစ်သည်။

မှန်ကန်သောသတင်း၊ အသိအမြင်တို့ကို မျှဝေနိုင်ခြင်းသည် မီဒီယာ တို့တွင် တာဝန်ရှိကြသော ထုတ်ဝေသူ၊ အယ်ဒီတာချုပ်၊ အယ်ဒီတာများ၊ သတင်းသမားများပေါ်တွင်များစွာမူတည်နေပါသည်။ အဓိကနှစ်ပိုင်းရှိ သည်ဟုတွေ့မြင်ပါသည်။ မှန်ကန်သောစေတနာရှိခြင်းနှင့် မီဒီယာသမား တို့၏ ပြည့်ဝသော အရည်အချင်းပေါ်တွင် မူတည်သည်ကိုတွေ့ရသည်။ အခြေအမြစ်ရှိသောသတင်း၊ မှန်ကန်သောသတင်း၊ အတည်ပြုနိုင်သော သတင်း၊ တာဝန်ယူနိုင်သောသတင်းနှင့် ဆောင်းပါးများကိုသာရေးသား၊ မျှဝေနိုင်ကြရမည်ဖြစ်ပြီး၊ အယ်ဒီတာများ၊ တာဝန်ခံစာတည်းများက ထပ်ဆင့် စစ်ဆေးနိုင်ကြရမည်ဖြစ်သည်၊ မီဒီယာတစ်ခုတွင် ဖော်ပြနိုင်သော အဆင့်၊ ဖော်ပြသင့်သည့်အဆင့်သည် လွယ်လွယ်ကူကူမဟုတ်၊ ဖြစ်လည်း မဖြစ်သင့်၊ တာဝန်အသီးသီးရှိကြပြီး အဆင့်ဆင့် တာဝန်ယူနိုင်ကြပါက မီဒီယာများတွင် ဖော်ပြနိုင်ပါသည်။ အောက်ခြေသတင်းထောက်များ၏ သတင်းမှန်ကန်မှုရှိ-မရှိကိုအဆင့်ဆင့်စစ်ဆေးကြရပါသည်။ အရည်အချင်း မပြည့်ဝသေးသော လက်သင်သတင်းထောက်တို့၏ သတင်းတစ်ခုဖြစ်ခဲ့ လျှင်မူ၊ ကောင်းစွာစိစစ်နိုင်ခဲ့ခြင်းမရှိခဲ့ပါက အားလုံးတွင် တာဝန်အသီးသီး ရှိကြမည်ဖြစ်သည်။ တာဝန်ရှိခြင်းကို “တာဝန်ရှိပါသည်” ဟူ၍ပြင်ဆင်ချက် ထည့်ပေးရုံဖြင့်မပြီးချေ။ တစ်ဖက်၏နစ်နာမှုအတွက်ဥပဒေအရတာဝန်ယူ ကြရမည်ဖြစ်ပါသည်။
x x x

အထူးသဖြင့်ပြုပြင်ပြောင်းလဲရေးများ ဆောင်ရွက်ဆဲနိုင်ငံ၊ လူ့အဖွဲ့ အစည်း တို့တွင်မီဒီယာသည် များစွာသြဇာကြီးမားသလို တာဝန်လည်း ကြီးမားစွာ ရှိနေပါ၏။ မြန်မာသည်အကူးအပြောင်းကာလ၏ အစဦးခရီးကိုဖြတ်သန်းနေရ ချိန်ဖြစ်သည်။ ဒီမိုကရေစီ၏ အနှစ်သာရထဲမှအခြေခံဖြစ် သောမီဒီယာများ လွတ်လပ်စွာဖော်ထုတ်ရေးသားခွင့်ရနေချိန်လည်း ဖြစ်သည်။ အများပြည်သူ တို့၏ အနာဂတ်လမ်းကြောင်းသည် မီဒီယာတို့၏ တွဲခေါ်မှုအပေါ်တစ်စိတ် တစ်ပိုင်းမက မှီတည်နေသည်ဟုလည်း ဆိုနိုင်ပါသည်။ မြန်မာ့မီဒီယာ အနေဖြင့် မှန်မှန်ကန်ကန်ရပ်တည်နိုင်ဖို့လိုသည်။ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး မဏ္ဍိုင်သုံးရပ်ကိုထိန်းညှိပေးရ မည့်တာဝန်ရှိ၏သလို၊ ပြည်သူ တို့ကိုလည်းမှန်ကန်သောသတင်း၊မှန်ကန်သောအသိတို့ကိုမျှဝေနိုင်ရမည်ဖြစ် သည်၊ ခံစားချက်၊ ပုဂ်္ဂိုလ်ရေးယုံကြည်ချက်၊ ပုဂ်္ဂိုလ်ရေးမုန်းတီးမှု ပါဝင်ရမည် မဟုတ်ပါ၊

မီဒီယာအနေဖြင့်သာမန်အများစုဖြစ်သောပြည်သူတို့ကိုမှန်ကန်သော လမ်းကြောင်းဆီသို့ညွှန်ပြနိုင်သလို၊ မှားယွင်းသောလမ်းသို့ လည်းခေါ်ဆောင် ခွင့်ရှိနေပါသည်၊ ပြဿနာတို့ကိုပုံကြီးချဲ့နိုင်သလို၊ ပြဿနာအတော် အတန် ကိုလည်းလျော့ပါးအောင် ဆောင်ရွက်နိုင်ခွင့်ရှိနေပါသည်။ ယနေ့ မြန်မာ့ မီဒီယာလောကသည်များစွာလွတ်လပ်၍အတော်ကျယ်ကျယ် ပြန့် ပြန့် ရှိနေနိုင်သည့်အခြေအနေဖြစ်သည်။ များမကြာသေးမီကဖြစ်ပေါ်ခဲ့သော ပဋိပက္ခများ၊သတင်းများနှင့်ပါတီနိုင်ငံရေးများနှင့်ပတ်သက်၍ယနေ့ မီဒီယာ တို့၏ရပ်တည်ချက်၊ ဆောင်ရွက်ချက်များကိုမှန်မှန်ကန်ကန်ပြန်လည် သုံးသပ်နိုင်ကြရန်လိုအပ်ပါသည်။ မိမိတို့၏စာစောင်များ ဈေးကွက်ဝင်နိုင်ရေး၊ မိမိတို့အတွက်အကျိုးကျေးဇူး ပိုမိုဖြစ်ထွန်းရေး စသည်တို့အပေါ် အခြေခံမှု လွန်ကဲနေသည်လား၊ပြည်သူတို့အပေါ်မှန်ကန်သောအသိပညာနှင့် တိကျသေချာသောသတင်းမျှဝေရေးအပေါ်ရပ်တည်နေနိုင်ကြသည်လား ကိုပြန်လည်သုံးသပ်သင့်သည်ဟုရှုမြင်ပါသည်။ အများစုမှာမီဒီယာ ကျင့် ၀တ်၊ စာပေကျင့်ဝတ်များကိုလိုက်နာကြသော်လည်း အနည်းစုမှာမှန်ကန် စွာလိုက်ပါမနိုင်ကြဟု ဝေဖန်မှုများထွက်ပေါ်နေပါသည်။ စာပေမြင့်မှလူမျိုး တင့်သည်ဟူသောစကားပုံရှိပါသည်။ စာပေသည် ပညာအာဟာရကို မျှဝေပေးနိုင်သလို၊ နိုင်ငံသူနိုင်ငံသားတို့အတွက်အဆိပ် ဖြစ်စေမည့်အသိတို့ကိုလည်းသွတ်သွင်းနိုင်ခွင့်ရှိနေပါသည်။ အထူးသဖြင့် ပြင်ပလောကနှင့် အဆက်အသွယ်တစ်စုံတစ်ရာ ပြတ်တောက်ခဲ့ကြရသည် ဖြစ်၍အမှန်အမှား ခွဲခြမ်းဝေဖန်နိုင်မှုကောင်းစွာအများစုမရရှိနိုင်ကြသေးသောအချိန်တွင် စာပေယဉ်ကျေးမှုနှင့်မီဒီယာယဉ်ကျေးမှု၏ မှန်ကန်သော ပံ့ပိုးမှုကောင်းများ အမှန်ပင်လိုအပ်နေပါ၏။ အသိမှန်ရာမှန်ကြောင်း အထောက်အပံ့ဖြစ်စေနိုင် သလိုအသိမှားရာမှားကြောင်း လမ်းလွဲပေးရာလည်း ဖြစ်နေနိုင်ပါ၏၊
အသွင်ကူးပြောင်းစလွန်ခဲ့သောသုံးနှစ်ခန့်အတွင်းမြန်မာ့စာပေနှင့်မီဒီယာလောကကို ထိန်းသိမ်းမှုတစ်စုံတစ်ရာ လိုအပ်နေပါသည်ဟု နိုင်ငံတကာ ကျွမ်းကျင် သူများကမှတ်ချက်ပေး၊ သုံးသပ်ထားမှုမှာ ကျယ်ကျယ်ပြန့်ပြန့်ရှိနေသည်ကို သတိထားမိကြရန်လိုသည်ဟုယူဆပါသည်။ “အစကောင်း၊အနှောင်းသေချာ” ဟူသော ဆိုရိုးစကားအတိုင်း အသွင်ကူးပြောင်းရေးတွင် မိမိတို့ကျရာတာဝန် ကို ထမ်းဆောင်နေကြသူအားလုံးသည် အနှောင်းသေချာရန် အစကောင်း ယဉ်ကျေးမှုကောင်းများကို ကောင်းစွာကျင့်သုံးပြနိုင်ရန်လိုပါသည်။

မကြာသေးသော အတိတ်ကာလဖြစ်ပွားခဲ့သော ပဋိပက္ခအချို့တွင် မလိုလား အပ်သော ထိတ်လန့်မှု၊ မုန်းတီးမှု၊ ပေါက်ကွဲမှုတို့ဖြစ်ပွားခဲ့ကြသည်။ မီဒီယာ အချို့၏ တင်ပြပုံကြောင့်ဖြစ်သည်ဟု အားလုံးက သုံးသပ် ချက်ပေးခဲ့ကြ သည်။ ရက်ပိုင်းအတွင်းကဖြစ်ခဲ့သော သာသနာရေးဆိုင်ရာ အစည်းအဝေး ကိစ္စတစ်ခုတွင်လည်း မီဒီယာအချို့၏ ရေးသားမှုကြောင့် “သို့လော” “သို့လော” များ ဖြစ်ခဲ့ကြသည်၊ အပေါင်းလက္ခဏာဆောင်သည့် ဖြစ်စဉ် အချို့ဟု ယူဆရန်ခက်ခဲလှပါ၏။

အမျိုးမျိုးသောအကြောင်းတို့ကြောင့်တစ်ချိန်က မြန်မာတို့ပြင်ပကမ္ဘာနှင့် ထိတွေ့ခွင့်အဆက်ပြတ်ခဲ့ရဖူးပါသည်၊ ယခုအခါရတောင့်ရခဲလှစွာပင် ထို အခွင့်အရေးကိုပြန်၍ ရခဲ့ကြသည်၊ အကောင်းနှင့်အဆိုး ကောင်းစွာ ခွဲခြား ရန်အတွေ့အကြုံနုနယ်သေးချိန်၊ အမှန်နှင့်အမှားကိုထင်ရှားစွာမဝေခွဲနိုင်သေး ချိန်တွင် မြင်တွေ့၊ ကြားသိကြမည့်အရာတို့တွင်ရသမျိုးစုံ၊ ရည်ရွယ်ချက် မျိုးစုံ ကိုတွေ့ကြရမည်သာဖြစ်၏။ အချို့အသိပညာ၊ အတတ် ပညာများပေးစွမ်းနိုင် သည်ရှိသလိုအချို့အဆိပ်ပါသော၊ အသိလွဲမှားစေ နိုင်သောအရာများ လည်းရောပြွန်းပါဝင်လာကြမည်မှာ သဘာဝဖြစ်ပြန်ပါ၏။ မိမိတို့၏ တစ်ဦး ချင်း အနာဂတ်မှသည်နိုင်ငံနှင့်လူမျိုးတို့၏ မှန်ကန်သောအနာဂတ်အတွက် အဆိပ်များကိုရှောင်ရှားနိုင်ပြီး၊ မှန်ကန်သော အသိပညာများ ရယူနိုင်စေ ရန်ဆန္ဒပြုရပါသည်။

နေဇင်လတ်

ခေါင်းပန်းစုံတဲ့ ဒင်္ဂါးပြား






ရှေးတုန်းက ရွာကြီးတစ်ရွာမှာနေကြတဲ့ ချမ်းသာကြွယ်ဝတဲ့ သူဌေးကလေး ဇနီးမောင်နှံနှစ်ဦးမှာ သားယောက်ျားလေး မွေးဖွားလာတယ်။ နားလည်တတ် ကျွမ်းသူတွေဆီမှာဇာတာဖွဲ့ခိုင်းတော့ဒီကလေးဟာဘုရင်မင်းတို့နဲ့နီးစပ်သူဖြစ် မယ်။ ဘုရင်မင်းတို့အနားမှာ ခစားရပြီး ဘုရင်မင်းတို့ရဲ့ ယုံကြည်မှုကိုရရှိမယ်။ အင်မတန် ဘုန်းတန်ခိုးအာဏာကြီးမယ့် ကလေးဖြစ်တယ်လို့ ဟောလိုက်ပါ တယ်။ ကလေးရဲ့ အဖေနဲ့ အမေကလည်း အဲဒီဟောပြောချက်ကို ယုံကြည် တယ်။ ကလေးကိုလည်း မနက်ဖြန် သဘက်ခါဆိုသလိုပဲ မင်းခစား မှူးကြီး မတ်ရာ ဖြစ်လာတော့မယ် အတိုင်းဆက်ဆံတယ်။အနီးအနားမြို့တွေ ရွာတွေ ကဆရာတွေကိုအကုန်အကျခံပင့်ပြီးပညာရှိအမတ်ကြီးတွေတတ် သင့်တတ် ထိုက်တယ်လို့ထင်တဲ့ ပညာမှန်သမျှ လက်လှမ်းမီသရွေ့သင်ပေးတယ်။ အစစအရာရာ ဦးစားပေးတယ်။ ကလေးကလည်း တစ်နေ့မှာ ဘုရင့်ထံမှာ အမတ်ချုပ်ကြီးဖြစ်ဖြစ်၊ အမတ်ချုပ်ကြီးထက်ကြီးတဲ့ ရာထူးကြီးဖြစ်ဖြစ် မုချရ မှာပဲလို့ ယုံကြည်ပြီး ကြီးပြင်းလာပါသတဲ့။

အဲဒီကလေး လူငယ်ဘ၀ရောက်တဲ့တစ်နေ့ကျတော့တကယ်ပဲ သူတို့ ရွာကိုမင်းသားတစ်ပါးရောက်လာတယ်။အမတ်ချုပ်ကြီးဖြစ်မယ်လို့ယုံကြည်နေတဲ့လူငယ်နဲ့တွေ့ပြီးခင်မင်ရင်းနှီးသွားတယ်။ မကြာပါဘူးမင်းသား က ဖခင် ရဲ့အရိုက်အရာကို ဆက်ခံပြီးဘုရင်ဖြစ်လာတယ်။ တောရွာမှာ တွေ့ဆုံ ရင်းနှီး ခဲ့တဲ့လူငယ်ကိုလည်းခေါ်ပြီး အတွင်းဝန်ခန့်တယ်။ အချိန်တိုအတွင်း ဘုရင်ရဲ့ အတွင်းရေးမှန်သမျှသိတဲ့သူ၊ ဘုရင့်လက်ရုံး၊ ဘုရင်ရဲ့ ယုံကြည်အားကိုးမှုကို အခံရဆုံးသူဖြစ်လာတယ်။ ဘုရင်ကြီးဟာနတ်ရွာစံ တဲ့အထိတစ်သက်လုံး မနက်မိုးလင်းရင်အဲဒီအတွင်းဝန်ဝန်ကြီးကို ခေါ်တယ်။ ညမိုးချုပ်စက်တော် မခေါ်ခင်မှာလည်းအဲဒီအတွင်းဝန်ဝန်ကြီးနဲ့ တွေ့တယ်။မနက်နဲ့ညအကြား နေ့ခင်းဘက်မှာလည်း အကြောင်းပေါ်ရင် ပေါ်သလိုခေါ်တွေ့သေးတယ်။ အဲဒီလောက်အထိ ဘုရင်ကြီးနဲ့ နီးစပ်မှု ရတဲ့ ၀န်ကြီးဖြစ်ပါတယ်။

ဒီဖြစ်စဉ်ကလေးကိုကြည့်ရင် ငယ်စဉ်က ကလေးရဲ့ဇာတာကို ဘုရင် မင်းတို့နဲ့ နီးစပ်သူဖြစ်မယ်၊ မင်းတိုင်ပင်ဖြစ်မယ်၊ အမတ်ချုပ်ကြီး ဖြစ်မယ်၊ ဘုန်းတန်ခိုးအာဏာ အင်မတန်ကြီးမြင့်မယ်လို့ ဟောလိုက်တဲ့ ဟောပြော ချက်တွေရဲ့ အစွမ်းနဲ့ ထိရောက်မှုကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ ပထမဆုံး အဲဒီဟောပြောချက်တွေကိုယုံကြည်တဲ့ မိခင်ဖခင်တွေက ကလေးကို ပြုစု ပျိုးထောင်မွေးမြူပုံက မှူးကြီးမတ်ကြီးဖြစ်ဖို့ အသင့်ဖြစ်အောင် အစွမ်းရှိ သရွေ့ ပြင်ဆင်ပေးလိုက်တာဖြစ်တယ်။ ကလေးရဲ့စိတ်ထဲမှာလည်း ငါဟာ တစ်နေ့အမတ်ချုပ်ကြီးဖြစ်မယ့်သူ၊ တန်ခိုးအာဏာထက်မယ့်သူလို့ ယုံကြည် စိတ်ဝင်သွားပြီး အဲဒီအတိုင်း ဖြစ်အောင်လုပ်နိုင်တဲ့ စွမ်းအားတွေ၊ ရွေးချယ် မှုတွေ၊ အခြေအနေဖန်တီးမှုတွေ၊ ဆုံးဖြတ်ချက်တွေ ဆက်တိုက် ဖြစ်ပေါ် လာတယ်။ ဒါကြောင့်သာမန်လူတွေမမြင်နိုင်မသိနိုင်တဲ့ အတိတ်ကံကို ထည့်မတွက်ဘဲနဲ့တောင် ဒီဘ၀မှာ ကလေးနဲ့ကလေးရဲ့ မိသားစုက ကလေးနောင်ရေးအတွက်ပြောသမျှလုပ်သမျှ တွေးတောကြံစည်သမျှဟာ ကလေးတစ်နေ့ကျ အမတ်ချုပ်ကြီးဖြစ်လာဖို့ကို အထောက်အကူပြုလာ တယ်ဆိုတာ ထင်ရှားပါတယ်။ အဲဒီလို ဟောကိန်းမျိုးဟာ သက်ဆိုင်ရာ အခြေအနေတွေလူပုဂ်္ဂိုလ်တွေနဲ့အံဝင်ခွင်ကျဖြစ်အောင် ဟောကိန်းထုတ်
နိုင်မယ်ဆိုရင်သူ့ဟာသူ မှန်လာအောင် လိုအပ်တဲ့ အခြေအနေတွေကို ဖန်တီးပြီး သက်ဆိုင်ရာ လူပုဂ်္ဂိုလ်တွေကိုလည်း ပြောင်းလဲသွားစေနိုင်တဲ့ အစွမ်းရှိတာမို့ မှားစရာရှိရင်တောင် မမှားတော့ဘဲ မှန်သွားတတ်တယ်။

အခုလောက် ဖတ်ပြီးတဲ့အခါမှာ ဒီလိုစိတ်ပညာသဘောတရားပါတဲ့ နည်း လမ်းတွေနဲ့ အောင်မြင်မှုကိုရယူဖို့ တိုက်တွန်းမှာပဲလို့ထင်မလား မသိဘူး။ အဲဒီလိုမတိုက်တွန်းဝံ့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့အဲဒီဖြစ်စဉ်ထဲက လူငယ် ဟာ တကယ်တမ်းကျတော့ ဘုရင်မလုပ်ချင်တဲ့ သုတ်သင်ရှင်း လင်းရေး၊ ပြေပြစ်ချောမွေ့အဆင်ပြေရေးကိစ်္စတွေကို အလိုက်တသိလုပ် တဲ့နေရာမှာ အင်မတန်တော်ရုံတင်မကလူသိမခံချင်တဲ့ကိစ္စတွေကို လူမသိ ရ အောင်စီစဉ်ရာမှာ ပိရိသေသပ်လွန်းအားကြီးလို့ အမိန့်အာဏာပြင်းထန် တဲ့အမတ်ချုပ်ကြီးဖြစ်လာတာပါ။ နှစ်ပေါင်းများစွာဘုရင်ကြီး နတ်ရွာစံတဲ့ အထိ အဲဒီအလုပ်မျိုးတွေချည်းလုပ်ခဲ့တော့နန်းတော်ကြီးတစ်ခုလုံးတင် မက တစ်ပြည်လုံးကပါ ဖိန့်ဖိန့်တုန်အောင် ကြောက်ရသူဖြစ်လာတယ်။ ဘုရင် ကြီးနတ်ရွာစံပြီးတော့ နောက်ဘုရင်အသစ်လည်း တက်လာရော နန်းတော် တစ်ခုလုံးတင်မကတစ်ပြည်လုံးကပါ ကြောက်နေရတဲ့ အမတ်ချုပ်ကြီးကို အလိုမရှိတော့ဘူး။ သူ့ရဲ့အာဏာတည်ဆောက်မှု လုပ်ငန်းမှာ အကြီးမားဆုံး အနှောင့်အယှက်လို့ မြင်တယ်။ အဲဒီတော့ အမတ်ချုပ်ကြီး ဘာမှမလုပ်နိုင်ခင် မှာပဲလက်ဦးမှုရယူပြီး သုတ်သင်ရှင်းလင်းပစ်လိုက်ပါတယ်။ သုတ်သင်ရှင်း လင်း ပုံကတော့ အိတ်ကြီးတစ်လုံးထဲကိုထည့်၊ အိတ်ကို ကြိုးနဲ့ချည်ပြီး ရေထဲ ကို နှစ်သတ်လိုက်တာ ဖြစ်ပါတယ်။

ဒီအဆုံးသတ်ဖြစ်ရပ်ကိုသာမသိရဘူးဆိုရင်သိပ်ကောင်းမှာပဲ။ လောက ကြီး မှာအောင်မြင်မှုအတွက်နည်းလမ်းတွေရှိနေတာကိုတတ်နိုင် သလောက် သိအောင်လေ့လာသင်ယူ၊လက်တွေ့လည်းအားပါးတရကျင့်သုံးပြီးအောင်မြင် မှုအပေါင်းသရဖူဆောင်းရအောင်လုပ်၊ ဘယ်လောက်ကောင်းသလဲ။ ဒါပေမဲ့ ဒင်္ဂါးပြားတစ်ခုကို ခေါင်းချည်းပဲလည်း မရနိုင်၊ ပန်းချည်းပဲလည်း မရနိုင်၊ ခေါင်းချည်းပဲ ဒါမှမဟုတ် ပန်းချည်း ပဲဖြစ်အောင် ဒင်္ဂါးသွန်း စက်မှာ သွားပြီးသွန်းခိုင်းလို့ရတယ်ဆိုရင်တောင် အများလက်ခံ သုံးစွဲနေတဲ့ဒင်္ဂါးတော့ မဟုတ်နိုင်တော့သလို လောကမှာကျရှုံးမှုနဲ့ မပတ် သက်တဲ့ အောင်မြင်မှုဆို တာ မရှိနိုင်တဲ့ နိယာမတရားကတော့ ဘယ်သူမှ မလွန်ဆန်နိုင်တဲ့ အမှန် တရား ဖြစ်ပါတယ်။
ဆရာသုတ


 

Tuesday, February 11, 2014

Facebook Time Calculator



လာမယ့် အပတ်မှာ Facebook က ၁၀ နှစ်ပြည့် သက်တမ်းကို ကျင်းပတော့မယ်။ Zuckerberg နဲ့ သူ့သူငယ်ချင်း တွေ အဆောင်ရဲ့ အခန်း တခန်းကနေ စခဲ့တဲ့ Facebook.com က ၂၀၀၄ ခုနှစ် February ၄ ရက်နေ့မှာ စပြီး အသက် ၀င်လာခဲ့ပြီး Facebook ရပ်တည်ခဲ့တဲ့ ၁၀စုနှစ် တခု အတွင်းမှာ လူသန်းပေါင်း တစ်ထောင် ကျော်ကို ဆွဲဆောင် နိုင်ခဲ့ ပါတယ်။ Poke တွေ၊ Like တွေ Selfie တွေ၊ Share တာတွေ တနေ့တနေ့ Facebook မှာကုန်တဲ့ အချိန် တွေကို ပေါင်းလိုက်ရင် မနည်း ပါဘူး။ ဆိုတော့ Time က ကိုယ် Facebook Acct စလုပ်တဲ့ အချိန်က စပြီး ဒီနှစ်တွေမှာ တောက်လျှောက် Facebook မှာ ဘယ်လောက် အချိန်တွေ ကုန်နေ ခဲ့လဲ ဆိုတာ တွက်ချက် ပေးတဲ့ Calculator တခုကို တင်ထား လိုက်ပါတယ်။ ကြိုပြော ထားပါမယ်။ ဒါက တကယ် အတိအကျ Data တခု အနေနဲ့ မှန်ချင်မှ မှန်ပါလိမ့်မယ်။ အကြောင်း အမျိုးမျိုးပေါ် မူတည်ပြီး ကွဲပြားမှုတွေ ရှိနိုင်ပါတယ်။ ဒါပေမဲ့လည်း Facebook က data တွေကိုပဲ အသုံးပြု တွက်ချက် ထားတာ ဆိုတော့ အမှားကြီး ဆိုပြီးတော့လည်း ပြောလို့ မရပါဘူး။ ကဲ အောက်က Link လေးမှာ စမ်းသာ ကြည့်ကြ ပေတော့ အောက်က ပုံက ကျွန်တော်ရဲ့ acct ကို နမူနာ အနေနဲ့ သုံးပြ ထားတာပါ။ ၈နှစ်လောက် အတွင်းမှာ Facebook မှာတလကျော်ကျော် အချိန်ဖြုန်း ခဲ့တယ် ဆိုတော့ သိပ်အခြေ အနေ မကောင်းဘူး ဘယ်သူ စံချိန် ချိုးမလဲ
http://techland.time.com/2014/01/27/how-much-time-have-you-wasted-on-facebook/

Tips For Healthy Relationship



ပြည့်စုံ ကောင်းမွန်တဲ့ Relationship တစ်ခု တည်ဆောက်နိုင်ဖို့ ဆိုတာ လူနှစ်ယောက်လုံးနဲ့ သက်ဆိုင်တဲ့ ကိစ္စရပ်တစ်ခု ဖြစ်ပြီး ဒီအချက်တွေက အထောက်အကူ ပြုပေးမယ်လို့ ယူဆပါတယ်။

ကျန်းမာကောင်းမွန်သော ပေါင်းသင်းဆက်ဆံရေး အတွက် လမ်းစများ။ ကျွန်တော်တို့တွေရဲ့ ချစ်သူခင်သူတွေနဲ့ ပေါင်းသင်းဆက်ဆံရာမှာ တယောက်ပေါ်တယောက် အဖုအထစ်မရှိဘဲ ပြေပြေလည်လည် ရေရှည်မှာ ပေါင်းသင်းဆက်ဆံနိုင်ဖို့ နည်းလမ်းအချို့ကို မျှဝေ လိုက်ပါတယ်။ ဘယ်လို နည်းလမ်းကောင်းတွေ ပါဝင်မလဲ ဆိုတာကို ကြည့်ကြရအောင်။
ပထမဆုံး အချက်ကတော့ ကိုယ့်ကိုယ်ကို အရင်မေးရမှာပါ။ ကိုယ်ချစ်တဲ့သူဆီက ကိုယ်က ဘာတွေကို လိုချင်လိုအပ်ပြီး သူတွက်လဲ ဘယ်အရာတွေကို ကိုယ်ဘက်က ဖြည့်ဆည်း ပေးနိုင်မလဲ ဆိုတာပါပဲ။ ဒီလိုသိပြီ ဆိုရင်တော့ သင်တို့ နှစ်ယောက် ရှေ့ဆက်နိုင်ဖို့ အတွက်ကို သင့်ဘက်ကကော သူ့ဘက်ကပါ ကြိုးစားကြရမှာပါ။ သင်ချစ်သူနှင့် အတူ ချစ်ခရီးလမ်းကို အမှန်တကယ်အလေးအနက် အစပြုဖို့ကို ဆုံးဖြတ်ပြီးပြီ ဆိုရင်တော့ အမြဲတမ်းအမှတ်ရနေရမယ့် အချက်ကတော့ သင်တို့ တဦးကိုတဦး ဘာကြောင့် ချစ်ခဲ့ကြသလဲ ဆိုတာပါပဲ။ တယောက်နဲ့ တယောက် ရုပ်ပိုင်းဆိုင်ရာကော စိတ်ပိုင်းဆိုင်ရာပါ ဘာတွေကို ကြိုက်နှစ်သက်လို့လဲ ဆိုတာပဲ ဖြစ်ပါတယ်။ ဒီလို ကြိုးစား အားထုတ်မှုတွေကတော့ အချိန်ကြာတာနဲ့အမျှ မလိုအပ်တော့ဘူးလို့ တချို့ ချစ်သူတွေက ထင်တတ်ကြပါတယ်။တကယ်တော့ဒီလိုနားလည်မှုတွေကကျန်းမာတဲ့ ချစ်သူခင်သူ ပေါင်းသင်း ဆက်ဆံရေး အတွက် အမြဲတမ်း လိုအပ် နေတဲ့ အရာတွေ ဖြစ်ပါတယ်။

ဒုတိယအချက် အနေနဲ့ကတော့ လူတယောက်နဲ့တယောက် ယုံကြည်မှုတွေ ထင်မြင်ယူဆချက်တွေ မတူညီနိုင် ကြပါဘူး။ ဒါကို ကိုယ်ရဲ့ အမြင်နဲ့ အမြဲတမ်း တူညီနေရမယ့် ဆိုတဲ့ မျှောလင့်ချက်မျိုး ဘယ်တော့မှ မထားဘို့တော့ လိုအပ်ပါတယ်။ ဒါပေမယ့်လဲ ချစ်သူနှစ်ယောက်ရဲ့ ရှေ့ ဆက်ခရီးတွက် ထားရှိရမယ့်မျှော်လင့် ချက်တွေကတော့တူညီမှု ရှိသင့်ပါတယ်။ ဒါမှလဲ မကြာခဏ ငြင်းခုံရတာမျိုးကို ရှောင်ရှားနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် တယောက်နဲ့တယောက် ညှိညှိနှိုင်းနှိုင်း ဆွေးနွေးရမယ့် အချက်တွေလဲရှိပါတယ်။တချို့ချစ်သူတွေ အတွက် နေ့တိုင်း တယောက်နဲ့တယောက် တွေ့ဆုံမှုတွေရှိနေမှ အဆင်ပြေမယ့် အနေအထားရှိပေမယ့် တချို့သော ချစ်သူတွေတွက်တော့ ကိုယ်ပိုင်သီးသန့် တယောက်ထဲနေရတဲ့ အချိန်ပိုများတာကို ကြိုက်တဲ့ လူတွေလဲ ရှိတတ်ကြပါတယ်။

တတိယအချက် ကတော့ စိတ်ရှည် နားလည်မှုရှိခြင်းကတော့ ချစ်သူစုံတွဲတိုင်း အတွက် အရေးကြီးဆုံး လိုအပ်ချက်ပဲ ဖြစ်ပါတယ်။ တခါတရံ ကျွန်တော်တို့ရဲ့ ချစ်ခင်သူတွေက ကျွန်တော်တို့ အပေါ် တုံ့ပြန်ချက်တွေက ကျွန်တော်တို့ မျှော်လင့်ထားသလိုမျိုး ဖြစ်ချင်မှ ဖြစ်တတ်ကြပါတယ်။ ဒါပေမယ့် ဒီလို တုံ့ပြန်တဲ့ အခါတိုင်း သူတို့ပေါ် ငြိုငြင်လို့ မရပါဘူး။ ဘာလို့ သူကိုယ့်အပေါ် ဒီလိုတုံပြန် ရသလဲ ဆိုတဲ့ အကြောင်းအရင်းကို အရင်သိအောင် လုပ်ဖို့ လိုအပ် ပါတယ်။ ကိုယ့်ထင်မြင်ချက်နဲ့ ကိုယ်ကြိုက်သလို ထင်မြင်ယူဆပါများ ခဲ့ရင်ကျွန်တော်တို့ ချစ်သူနဲ့ ဆက်ဆံရေး ကို ကြာရှည်မှာ ထိခိုက်လာနိုင်ပါတယ်။ အဲ့ဒါကြောင့် ကျွန်တော်တို့တွေက ကျွန်တော်တို့ရဲ့ ချစ်သူတွေနဲ့ အမြဲတမ်း အချိန်ပေးပြီး ဆွေးနွေးနိုင် ဖို့လိုအပ် ပါတယ်။ ဒါကြောင့် ပေါင်းသင်းဆက်ဆံရေးမှာ ဘယ်လို အခြေအနေမျိုးမှာပဲ ဖြစ်ဖြစ် စိတ်ရှည်ခြင်းက ရွှေလိုပဲ အဖိုးတန် ပါတယ်။ ဒါပေမယ့် တဖက်က သင့်နဲ့ ဆွေးနွေး ညှိုနိုင်းဖို့ကို တွန့်ဆုတ်နေတယ် ဆိုရင်တော့ အခြား အကြံပေးနိုင်မယ့် လူနဲ့ ဆွေးနွေးခြင်း (သို့) သူနဲ့ သင်လမ်းခွဲ ဖို့အချိန်ရောက် ပြီပဲဖြစ်ပါတယ်။


နောက်ဆုံး အနေကတော့ ကျွန်တော်တို့ ချစ်သူတွေနဲ့ ပေါင်းသင်းဆက်ဆံရာမှာ အရေးကြီးတဲ့ အချက်ကတော့ တယောက်အပေါ်တယောက် ရိုးသားမှန်ကန်မှု ရှိခြင်းပဲဖြစ်ပါတယ်။ လူတယောက် ကို ဘယ်အတိုင်းအတာထိ ယုံကြည်လို့ရနိုင်လဲ ဆိုတာတော့ သိထားဖို့ လိုအပ်ပါတယ်။ ဒီလိုမှ ဒီလူနဲ့ အတူရှိနေချိန်တွေမှာ လုံခြုံစိတ်ချမှု နဲ့ သက်တောင့်သက်တာ ရှိနိုင်မှာ ကြောင့်ဖြစ်ပါတယ်။ ဒါ့ပြင် ကိုယ်ချစ်တဲ့သူကို ကိုယ်ရဲ့ ခံစားချက်တိုင်းကို ဘယ်အချိန်မျိုးမှာပဲ ဖြစ်ဖြစ် အမှန်တိုင်း ပြောနိုင်ခွင့် ရှိတယ်လို့ စိတ်ချ ယုံကြည်နိုင်မှာ ဖြစ်ပါတယ်။ လူတိုင်းကတော့ အရာရာ ပြည့်စုံတယ် ဆိုတာမရှိပါဘူး။ အမှားလုပ်မိတဲ့ အခါတွေလဲ ရှိတတ်ကြပါတယ်။ ဒါပေမယ့် ဒီအချက်ကို အခွင့်ကောင်း ယူပြီး မှားမှန်း သိရက်လုပ်တာမျိုးတော့ မဖြစ်သင့်ပါဘူး။ ဒီလိုဆိုရင်တော့ ကျွန်တော်တို့ ချစ်သူပေါ် မလေးစား အလေးမထားရာ ကျပါတယ်။ ဒါဟာ ကျွန်တော်တို့ချစ်သူတွေနဲ့ ဆက်ဆံရေးကိုဆိုးဝါးစွာ ထိခိုက်နိုင်ပါတယ်။ ဒါကြောင့် ကျန်းမာ ကောင်းမွန်တဲ့ ဆက်ဆံပေါင်းသင်းခြင်းကို လိုချင်ရင်တော့ အမှားလုပ်ခဲ့ မိရင်တော့ ကိုယ့်အမှားကို သိပြီး တဖက်လူ ကျေနပ်တဲ့ အထိ တောင်းပန်ပြီး နောက်ထပ် ဒီလိုအမှားမျိုး ထပ်မကျူးလွန်မိအောင် ကိုယ့်ကိုယ်ကို ထိန်းချုပ် ရမှာပဲ ဖြစ်ပါတယ်။

Sources : Love_sessions, Mirror, Ardivjauhari, Stlhealthhandwellness, Becomegeorgeous, Chacha, Suturi

Albert Einstein




MYMC ပရိတ်သတ်များ မင်္ဂလာပါ ခင်ဗျာ။ ကျွန်တော်တို့ရဲ့ Knowledge101 အစီအစဉ်လေးကို တင်ဆက်ပေးဖို့ အချိန်ရောက် လာပြန် ပါပြီ။ ဒီတစ်ပတ် အတွက် တင်ဆက်ပေးဖို့ စီစဉ်ထား တဲ့သူတော့ Modern Physics ရဲ့ဖခင်လို့ အများကတင် စားလေ့ရှိတဲ့ သိပံ္ပပညာရှင် Albert Einstein ပဲဖြစ်ပါတယ်။ E=mc2 လို့ ဆိုလိုက်တာနဲ့ German လူမျိုး သိပ္ပံပညာရှင် Einstein ကို ရင်းနှီးပြီးသား ဖြစ်မှာပါ။ ကျွန်တော်တို့အနေနဲ့ Einstein နဲ့ ပတ်သက်တဲ့ သူ့ဘ၀အကြောင်းလေးတွေနဲ့ သူ့ရဲ့သိပ္ပံလေ့လာတွေ့ရှိချက်တွေကို MYMC ပရိသတ်ကြီးကို တင်ဆက်ပေးသွားမှာ ပါ။ ကျွန်တော်နဲ့အတူ ကူညီတင်ဆက်ပေးမယ့် ဒီဂျေကတော့ ^AnGeL^ ပဲ ဖြစ်ပါတယ်။ မပြည့်စုံမူများ ရှိခဲ့တယ်ဆိုရင်လည်း နားလည်မှုနဲ့ ခွင့် လွှတ်ပေးမယ်လို့ မျှော်လင့်ပါတယ်။ ကဲ... ဒါဆိုရင် ပထမဦးဆုံးအနေနဲ့ DJ ကပဲ Einstein ရဲ့ ငယ်ဘ၀နဲ့ သူကြီးပြင်းလာပုံလေးကို စတင်ပြော ပေးပါအုံးနော်။

ကိုယ်ရေးအကျဉ်းနဲ့ ငယ်ဘဝ

1(^AnGeL^) သိပံ္ပပညာရှင် Einstein ရဲ့ နာမည်အရင်းကတော့ Alert Einstein ဖြစ်ပါတယ်။ Einstein ကို ၁၈၇၉ ခုနှစ် မတ်လ ၁၄ ရက်နေ့မှာ မွေးဖွားခဲ့တာဖြစ်ပြီး မွေးရပ်ဇာတိကတော့ German Empire ကြီးထဲက မြို့တစ်မြို့ဖြစ်တဲ့ Ulm မြို့မှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။ သူရဲ့ဖခင်ကတော့ အရောင်းအ၀ယ် စီးပွားရေး သမား၊ အင်ဂျင်နီယာတစ်ယောက်ဖြစ်တဲ့ Hermann Einstein ဖြစ်ပြီး မိခင်ကတော့ Pauline Einstein ဖြစ်ပါတယ်။ ၁၈၈၀ ပြည့်နှစ်မှာ Einstein တို့မိသားစုဟာ Munich မြို့ကို ပြောင်းရွေ့ခဲ့ပြီး အဲဒီမြို့မှာပဲ သူ့အဖေနဲ့ သူ့ဦးလေးဖြစ်သူတို့ဟာ လျှပ်စစ်ပစ္စည်းထုတ်လုပ်တဲ့ Company တစ်ခုကို စတင်ထူထောင်ခဲ့ပါ တယ်။ Einstein ဟာ အသက် ၅ နှစ်ကစပြီး Catholic Elementary School မှာ သုံးနှစ်ကြာ ပညာစတင် သင်ယူခဲ့ပါတယ်။ အသက် ၈ နှစ်အရွယ်မှာ Einstein ဟာ primary နဲ့ secondary ကို Luitpold Gymnasium ကျောင်းမှာ ၇ နှစ်တတ်ခဲ့ပြီးတော့ Germany ကို ပြောင်းရွှေ့ခဲ့ပါတယ်။ ကလေးဘ၀တုန်းက Einstein ဟာ စကားစပြောဖို့ တော်တော်လေး အချိန်ယူခဲ့ရပေမယ့်လည်း elementary school မှာတော့ ထူးချွန်ထက်မြတ်တဲ့ ကျောင်းသားစာရင်းမှာ ပါဝင်ခဲ့ပါတယ်။

Einstein ဟာ အတွေးအခေါ်နဲ့ စူးစမ်းလေ့လာစိတ်ရှိသူ တစ်ယောက်လည်းဖြစ်ပါတယ်။ သူငယ်ရွယ်စဉ်မှာ သူ့ဖခင်ဆီကနေ အိတ်ဆောင်သံ လိုက်အိမ်မြောင်လေးတစ်ခုကို စပြီးမြင်ဖူးတဲ့ အချိန်မှာပဲ Einstein ဟာ လေဟာနယ်ထဲက အရာတစ်ခုခုက သံလိုက်အိမ်မြှောင်ရဲ့ လက်တံကို လှုပ်ရှားအောင် လုပ်နေတာဖြစ်မယ်ဆိုပြီး တွေးတောမိခဲ့ပါတယ်။ Einstein ဟာ ကြီးပြင်းလာတာနဲ့အမျှ စက်ကိရိယာတချို့ကို ကိုယ်တိုင်ဒီဇိုင်း ဆွဲတီထွင်ပြီး သူ့ရဲ့သချာင်္စွမ်းရည်ကို ပြသခဲ့ပါတယ်။ ၁၈၈၉ ခုနှစ်ကနေ ၁၈၉၄ ခုနှစ်တွေမှာတော့ Poland နိုင်ငံသား ဆေးကျောင်းသား တစ်ယောက်ဖြစ်တဲ့ Max Talmey က ၁၀ နှစ်သားအရွယ် Einstein ကို သိပံ္ပပညာရပ်တွေ၊ သချာင်္သင်ခန်းစာတွေနဲ့ အတွေးအခေါ်ပိုင်းဆိုင်ရာ တွေးခေါ်ချက်တွေကို သူတို့နှစ်ယောက် ထမင်းအတူတူစားရတဲ့ အချိန်ပိုင်းလေးမှာ သင်ကြားပေးခဲ့ပါတယ်။ ဒီလိုမျိုး သင်ကြားပေးခဲ့မှုဟာ Einstein အတွက်တော့ သိပ္ပံပညာရပ်အပေါ် ရူးသွပ်မှုကို အစဖော်ပေးလိုက်ခြင်းပါပဲ။

2(Bene) ၁၈၉၄ ခုနှစ် AC/DC current wars ဖြစ်တဲ့အချိန်မှာတော့ Einstein အဖေဖြစ်သူရဲ့ Company ဟာ အရှူံးပေါ်ခဲ့ပြီး စီပွားရေးအခြေအနေကြောင့် သူတို့မိသားစုဟာ အီတလီကို ပြောင်းရွေ့ခဲ့ကြပါတယ်။ စစချင်းမှာတော့ Milan မြို့ကို ပြောင်းရွေ့ခဲ့ပြီး နောက်တော့ Pavia ဆိုတဲ့ မြို့လေးမှာ အခြေချဖြစ်ခဲ့ကြ တယ်။ ဒါပေမယ့် Einstein ကတော့ Munich မြို့လေးမှာပဲ ကျန်ရစ်ခဲ့ပြီး သူ့ရဲ့ပညာရေးကို မထိခိုက် အောင် ဆက်လက်လေ့လာခဲ့ပါတယ်။ သူ့အဖေကတော့ သူ့သား Albert Einstein လေးကို Electrical Engineer တစ်ယောက် ဖြစ်စေချင်ခဲ့တာပါ။ ဒါပေမယ့်လည်း Einstein ဟာ စာသင်ကြားမှုလမ်းစဉ်နဲ့ ပက်သက်ပြီးတော့ ကျောင်းကအာဏာပိုင်တွေနဲ့ ကတောက်ကဆ ဖြစ်လိုက်ပါသေးတယ်။  နောက်နှစ်အ နည်းငယ်အကြာမှာ Einstein က အလွတ်ကျက်မှတ်ပြီး စာသင်ကြားခြင်းဟာ တီထွင်နိုင်မှုစွမ်းရည်ကို ကျဆင်းစေတယ်လို့ ရေးသားခဲ့ပါတယ်။ Einstein ဟာ သူ့ရဲ့ကိုယ်ပိုင် ဖုန်းနံပါတ်ကိုတောင် မှတ်မိသူ မဟုတ်ပါဘူး။ ၁၈၉၅ မှာတော့ သူ့မိသားစုရှိတဲ့ဆီကို ဆရာဝန်ရဲ့ထောက်ခံစာနဲ့ ကျောင်းထွက်ပြီး သွားခဲ့ ပါတယ်။ အဲဒီ့အချိန်ကစပြီး Einstein ဟာ "The Investigation of the State of Aether in Magnetic Fields" ဆိုတဲ့ သူ့ရဲ့ပထမဦးဆုံး သိပံ္ပလက်တွေ့ စမ်းသပ်ချက်ကို ရေးသားခဲ့ပါတယ်။

Einstein ဟာ Zurich, Switzerland က Eidgenössische Polytechnische Schule (ETH) ကျောင်းဝင်ခွင့် ဖြေဆိုခဲ့ပါသေးတယ်။ အဲဒီ စာမေးပွဲကို သူကျခဲ့ပေမယ့်လည်း Mathematics နဲ့ Physics ဘာသာတွေမှာတော့ အမှတ်အလွန် ကောင်းခဲ့ပါတယ်။ အဲဒီနောက်မှာတော့ Einstein ကို သူ့မိသားစုက Switzerland မြောက်ဘက်ပိုင်းမှာရှိတဲ့ Aarau ကိုလွှတ်ပြီး Secondary School ကို ပြီးအောင် ပညာဆက်လက် သင်ကြားစေခဲ့ပါတယ်။ Aarau မှာ Einstein ဟာ Maxwell ရဲ့ Electromagnetic Theory ကို သင်ကြားခဲ့ပြီး အသက် ၁၇ နှစ်မှာ သူကျောင်းပြီးခဲ့ပါတယ်။ ကျောင်းပြီးပြီးချင်းပဲ Einstein ဟာ စစ်မှုထမ်းဥပဒေကို ရှောင်ဖယ်ဖို့အတွက် သူ့ဖခင်ရဲ့ သဘောတူညီမှုနဲ့ German နိုင်ငံသားအဖြစ်ကို စွန့်လွှတ်ခဲ့ပါတယ်။ ၁၈၉၆ ခုနှစ်မှာတော့ Zurich Polytechnic မှာ Mathematics နဲ့ Physics ကို ၄ နှစ်ကြာ ဆက်လက်သင်ကြားခဲ့ပါတယ်။



အိမ်ထောင်ရေးနှင့် မိသားစု

3(^AnGeL^) Einsten ရဲ့ အိမ်ထောင်ရေးနဲ့ မိသားစုရေးရာကို ပြောရမယ်ဆိုရင်တော့ ၁၉၀၃ ခုနှစ်မှာ Einstein ဟာ သူနဲ့ ကျောင်းအတူတူတက်ခဲ့တဲ့ Mileva Maric နဲ့ ဇန်န၀ါရီလမှာ လက်ထပ်ခဲ့ပါတယ်။ သူတို့နှစ်ယောက်ဟာ သူငယ်ချင်းအဖြစ်ကနေ အတူတူသွားလာ၊ စာပေအကြောင်း ဆွေးနွေးရင်းနဲ့ ချစ်သူတွေ ဖြစ်သွားခဲ့ကြတာပါ။ ၁၉၉၀ ခုနှစ်မှာ Einstein ဟာ Diploma ရခဲ့ပေမယ့် Maric ကတော့ သချာင်္ဘာသာရပ်မှာ အမှတ်နည်းတာကြောင့် စာမေးပွဲ ကျရှုံးခဲ့ပါတယ်။ ၁၉၀၄ ခုနှစ် မေလမှာ သူတို့ရဲ့သားဦး Hans Albert Einstein ကို Switzerland နိုင်ငံ Bern မြို့မှာ မွေးဖွားခဲ့ပါတယ်။ ဒုတိယသား Eduard ကိုတော့ Zurich မြို့မှာ ၁၉၁၀ ပြည့်နှစ်၊ ဇူလိုင်လမှာ မွေးဖွား ခဲ့ပါတယ်။ ၁၉၁၄ ခုနှစ်မှာတော့ Einstein ဟာ Berlin ကို ပြောင်းရွေ့ခဲ့ပြီး သူ့အမျိုးသမီးကတော့ သားနှစ် ယောက်နဲ့ ကျန်ခဲ့ပါတယ်။ ကံမကောင်းစွာပဲ Einstein တို့ အိမ်ထောင်ရေးဟာ ၅ နှစ်ကြာ ခွဲပြီးနေထိုင်ခဲ့တဲ့အတွက် ၁၉၁၉ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာ လမ်းခွဲခဲ့ကြပါတယ်။ ၁၉၁၉ ဇွန်လ ၂ ရက်နေ့မှာတော့ Einstein ဟာ နောက်အိမ်ထောင်ဖြစ်တဲ့ Elsa နဲ့လက်တွဲခဲ့ပါတယ်။ အမှန်တော့ Elsa နဲ့က ၁၉၁၂ ခုနှစ်ကတည်းက ဆက်သွယ်မှုရှိခဲ့ပြီး Einstein နဲ့ အမျိုးလည်းတော်ပါတယ်။ ၁၉၃၃ ခုနှစ်မှာတော့ သူတို့ဟာ United States ကို အပြီးအပိုင် ပြောင်းရွှေ့ခဲ့ကြပါတယ်။ Elsa ဟာ ၁၉၃၅ ခုနှစ်မှာ နှလုံးနဲ့ကျောက်ကပ်ရောဂါ ရရှိခဲ့ပြီး ဒီရောဂါနဲ့ပဲ ဒီဇင်ဘာ ၁၉၃၆ မှာ ကွယ်လွန်ခဲ့ပါတယ်။

အလုပ်အကိုင်

4(Bene) ဆက်လက်ပြီး Einstein ရဲ့ လုပ်ငန်းခွင်အကြောင်းလေးတွေကို ပြောပြပါမယ်။ Einstein ဟာ ဘွဲ့ရပြီးပြီးချင်း ၂ နှစ်လောက် စာသင်တဲ့အလုပ်ကို ရှာဖွေခဲ့ပါသေးတယ်။ နောက်ပိုင်းမှာတော့ Einstein ရဲ့ အတန်းဖော်တစ်ယောက်ရဲ့ ဖခင်အကူအညီနဲ့ Bern မြို့က Patent Office မှာ လက် ထောက်စာမေးပွဲစစ်ဆေးသူအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ၁၉၀၃ ခုနှစ်မှာတော့ Einstein ဟာ Swiss Patent Office မှာ ရာသက်ပန် ၀န်ထမ်းတစ်ယောက် ဖြစ်လာခဲ့ပါတယ်။ များသောအား ဖြင့်တော့ သူ့အလုပ်တွေက Electric signal တွေရဲ့ Transmission ဖြစ်ပေါ်မှုတွေအကြောင်းနဲ့ Electrical, mechanical နဲ့ပတ်သတ်တဲ့ မေးခွန်းများစွာကို ဖြေရှင်းလေ့လာရပါတယ်။ Bern မြို့က သူငယ်ချင်းတစ်ခုနဲ့အတူ Einstein ဟာ Olympia Academy အဖွဲ့ဆိုပြီး နောက်နောက် ပြောင်ပြောင်ဖွဲ့ပြီးတော့ Science နဲ့ philosophy အကြောင်းတွေကို မကြာခဏ လေ့လာဆွေးနွေးလေ့ရှိပါတယ်။ သူတို့ဖတ်တဲ့၊ လေ့လာတဲ့ အကြောင်းအရာတွေထဲမှာ Einstein ရဲ့ သိပံ္ပပညာနဲ့ အတွေးအခေါ်တွေအပေါ် လွမ်းမိုးမှုအများကြီးရှိတဲ့ Henri Poincare', Ernst Mach နဲ့ David Hume တို့အကြောင်းတွေ ပါဝင်ပါတယ်။

ပညာရေးအလုပ်အကိုင်

5(^AnGeL^) ၁၉၀၁ ခုနှစ်မှာတော့ Einstein ရဲ့ စာတမ်းတစ်စောင်ဟာ Physics စာအုပ်တစ်အုပ်မှာ ပါဝင်ခဲ့ပါတယ်။ ၁၉၀၅ ခုနှစ် ဧပရယ်လ ၃၀ ရက်နေ့မှာတော့ Einstein ဟာ သူ့ရဲ့စာတမ်းပြုစုချက်ကို အဆုံးသတ်နိုင်ခဲ့ပါတယ်။ အဲဒီစာတမ်းကြောင်းပဲ  Einstein ကို Zurich University က PhD ချီးမြှင့်ခဲ့ ပါတယ်။ ၁၉၀၅ ခုနှစ်ကို အများကတော့ Einstein ရဲ့ ကံအကောင်းဆုံးခုနှစ်လို့ ပြောရလောက်အောင် အဲဒီနှစ်မှာပဲ သူ့ကိုပညာရေးနယ်ပယ်က အသိအမှတ်ပြုသွားစေတဲ့ စာတမ်း ၄ စောင်ကိုလည်း ထုတ်ပြန်နိုင် ခဲ့ပါသေးတယ်။ ၁၉၀၈ ခုနှစ်မှာတော့ သူ့ကိုထက်မြတ်တဲ့ သိပ္ပံပညာရှင် တစ်ယောက်အဖြစ် အသိအမှတ် ပြုခြင်းခံရပြီး Bern University မှာ ဆရာအဖြစ် ခန့်အပ်ခြင်းခံခဲ့ရပါတယ်။ မကြာခင်မှာပဲ Einstein ဟာ Patent office ကနေ အလုပ်ထွက်လိုက်ပြီးတော့ Zurich University မှာ Physics ပညာရပ်ကို သင်ကြား ပို့ချခဲ့ပါတယ်။ ၁၉၁၁ ခုနှစ်မှာတော့ Professor တစ်ယောက် ဖြစ်လာခဲ့ပြီး ၁၉၁၄ ခုနှစ်မှာ Germany ကို အလုပ်တာဝန်နဲ့ ပြန်သွားခဲ့ပါတယ်။ ၁၉၁၆ ခုနှစ်မှာ Einstein ဟာ German Physical Society ရဲ့ President အဖြစ် ခန့်အပ်ခြင်းခံခဲ့ရပါတယ်။

၁၉၁၁ ခုနှစ်မှာ Einstein ဟာ သူ့ရဲ့ general relativity ကို အခြေခံပြီးတော့ နေရောင်ခြည်ရဲ့ ဆွဲငင်အားကြောင့် ကြယ်တစ်စင်းရဲ့ အလင်းရောင်ဟာ ကွေ့ကောက်သွားနိုင်တယ်ဆိုတာကို တွက်ချက်လို့ ရခဲ့ပါတယ်။ အဲဒီတွက်ချက်မှုကို ၁၉၁၉ ခုနှစ် မေလ ၂၉ ရက် Solar Eclipse မှာ အတည်ပြုခြင်း ခံခဲ့ရပါတယ်။ ဒီလိုဖြစ်ရပ်ဟာ Einstein ကို ကမ္ဘာကျော် သိပ္ပံပညာရှင်တစ်ယောက် ဖြစ်လာစေခဲ့ပါတယ်။ ၁၉၂၁ ခုနှစ်မှာတော့ Einstein ဟာ Physics ပညာရပ်မှာ Nobel Price ချီးမြှင့်ခြင်းခံခဲ့ရတဲ့အပြင် Royal Society က Copley Medal ကိုလည်း ၁၉၂၅ ခုနှစ်မှာ ရရှိခဲ့ပါသေးတယ်။

ကမ္ဘာအနှံ့ လှုပ်ရှားမှုများ

7(Bene) ၁၉၂၁ ခုနှစ် ဧပရယ်လ ၂ ရက်နေ့မှာတော့ မြို့တော်ဝန်ရဲ့ ဖိတ်ခေါ်မှုနဲ့ New York မြို့တော်ကို စာပေ ပို့ချဖို့အတွက် ပထမဦးဆုံးအကြိမ် သွားရောက်ခဲ့ပါတယ်။ ဆက်လက်ပြီး Washington ကိုလည်း သွားရောက်ခဲ့ ပြီး အိမ်ဖြူတော်ကို နိုင်ငံတကာ သိပ္ပံပညာရှင်များကိုယ်စား သွားရောက်ခဲ့ပါတယ်။ Europe ကို အပြန်လမ်းမှာ လည်း သိပ္ပံပညာရှင်များစွာနဲ့ တွေ့ဆုံခဲ့ပြီးတော့ ပညာရေးဆွေးနွေးမှုတွေလည်း ပြုလုပ်ခဲ့ပါသေးတယ်။ ၁၉၂၂ ခုနှစ်မှာ အာရှဘက်ကို သွားရောက်ခဲ့ပြီး Japan မှာတော့ တော်ဝင်မိသားစုနဲ့ပါ တွေ့ဆုံခဲ့ပါတယ်။ သူတွေ့ခဲ့ဖူးသမျှ လူတွေထဲမှာ Japan လူမျိုးတွေကို အနှစ်သက်ဆုံးဖြစ်တယ်လို့ Einstein ဟာ သူ့ရဲ့သားဖြစ်သူကို ရေးထားခဲ့တဲ့ စာတစ်စောင်ထဲမှာ ဖော်ပြခဲ့ဖူးပါတယ်။

Germany ကို Hitler အုပ်ချုပ်ပြီးတဲ့နောက်တော့ Einstein ဟာ ၁၉၃၃ ခုနှစ်မှာ United States ကို အပြီးအပိုင် ပြောင်းရွှေ့ဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ ၁၉၃၃ ခုနှစ် ဧပရယ်လမှာ Einstein ဟာ US က University တွေကို သွားရောက်နေတုန်း သူကြား သိလိုက်ရတာက German အစိုးရက ဥပဒေအသစ်တစ်ခုကို ထုတ်ပြန်လိုက်ပြီးတော့ Nazi Booking Burnings ဖြစ်ပွားခဲ့ကာ သူ့ကိုလည်း $5000 နဲ့ ဖမ်းဝရမ်းထုတ်ပြန်လိုက်တယ်ဆိုတဲ့ အကြောင်းပါပဲ။ သူ့ရဲ့ ထက်မြတ်မှုဟာ Nazi တွေအတွက်တော့ ကြောက်မက်ဖွယ်ရာတစ်ခု ဖြစ်နေတဲ့အတွက်ကြောင့်ပါ။ Germany က အခြားသော သိပ္ပံပညာရှင်တစ်ချို့လည်း ဒီအဖြစ်အပျက်ကြောင့် United States ကို ပြောင်းရွှေ့ ခဲ့ကြပါတယ်။ ၁၉၄၀ မှာတော့ Einstein ဟာ US နိုင်ငံသားအဖြစ် ခံယူခဲ့ပါတယ်။

သိပ္ပံပညာ လှုပ်ရှားမှုများ

(^AnGeL^) Einstein ဟာ သူ့ဘ၀တစ်လျှောက်လုံး စာအုပ်ပေါင်းစွာနဲ့ စာတမ်းများစွာကို ရေးသားပြုစုခဲ့ပါတယ်။ များသောအားဖြင့် သူ့ရဲ့ စာအုပ်တွေဟာ Physics အကြောင်းဖြစ်ပေမယ့် တချို့စာအုပ်တွေကတော့ နိုင်ငံရေးအကြောင်း၊ ဘာသာရေးအကြောင်းနဲ့ လူမှုရေး အကြောင်းတွေဖြစ်ပါတယ်။ သူ့ရဲ့ထင်ရှားတဲ့ သိပ္ပံလှုပ်ရှားမှုတွေနဲ့ တွေ့ရှိချက်တွေကို ဖော်ပြပေးပါမယ်။


Annus Mirabilis papers

Annus Mirabilis papers ကတော့ ၁၉၀၅ ခုနှစ် Annalen der Physik မှာ ပါဝင်ခဲ့တာပါ။ ဒီစာတမ်းမှာတော့ Einstein ဟာ photoelectric effect, Brownian motion, the special theory of relativity နဲ့ E = mc2 အကြောင်းကို ရေးသားထားပါတယ်။

Thermodynamic fluctuations and statistical physics
ဒီစာတမ်းကတော့ Einstein ရဲ့ ပထမဦးဆုံး ထုတ်ဝေခဲ့တဲ့ စာတမ်းဖြစ်ပါတယ်။ ဒီစာတမ်းရဲ့နောက်ဆက်တွဲ စာတမ်းတွေကိုလည်း ၁၉၀၂ ခုနှစ်၊ ၁၉၀၃ခုနှစ် နဲ့ ၁၉၀၅ ခုနှစ်မှာ ထုတ်ဝေခဲ့ပါသေးတယ်။

General principles
Einstein ဟာ the Principle of Relativity ကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ တခြား Principle တွေဖြစ်တဲ့ the Principle of Equivalence, the Principle of Adiabatic Invariance of the Quantum Number နဲ့ Mach's Principle တို့ကိုလည်း တွေ့ရှိခဲ့ပါသေးတယ်။

Theory of relativity and E = mc2
Theory of Relativity ကို အခြေခံပြီးတော့ Einstein ဟာ E = mc2 ဆိုတဲ့ ညီမျှခြင်းတစ်ခုကို ထုတ်ခဲ့ပါတယ်။ အဲဒီညီမျှခြင်းကတော့ Nuclear စွမ်းအား ထုတ်လုပ်တဲ့နေရာမှာ အသုံးပြုတဲ့အထိ ဖြစ်သွားခဲ့ပါတယ်။ Einstein ရဲ့ အကျော်ကြားဆုံး ညီမျှခြင်းလို့လည်း ပြောလို့ရပါ တယ်။

Photons
၁၉၀၅ ခုနှစ်မှာ Einstein က အလင်းရောင်ထဲမှာ အလွန်သေးငယ်တဲ့ အမှုန်တွေ ပါဝင်တယ်လို့ တွေ့ရှိခဲ့ပါတယ်။ အဲဒီအဆိုကိုတော့ ၁၉၁၉ ခုနှစ်ကမှ အသိအမှတ်ပြုခြင်း ခံခဲ့ရတာပါ။

Einstein ရဲ့ အခြားတွေ့ရှိချက်တွေကတော့

Quantized atomic vibrations
Adiabatic principle and action-angle variables
Wave-particle duality
Theory of critical opalescence
Zero-point energy
General relativity and the Equivalence Principle
Hole argument and Entwurf theory
Cosmology
Modern quantum theory
Bose–Einstein statistics
Energy momentum pseudotensor
Unified field theory
Wormholes
Einstein–Cartan theory
Equations of motion တို့ဖြစ်ပါတယ်။

နောက်ဆုံးနေ့ရက်များ

9(Bene) ၁၉၅၅ ခုနှစ် ဧပရယ်လ ၁၇ ရက်နေ့မှာ ကလီစာတွင်း သွေးကြောပေါက်ကွဲမှုကြောင့် ကွယ်လွန်ခဲ့ပါ တယ်။ ၁၉၄၈ ခုနှစ်တုန်းကလည်း ဒီနေရာကိုပဲ Dr. Rudolph Nissen နဲ့ ခွဲစိတ်ကုသမှု ခံယူခဲ့ပါသေးတယ်။ သူမကွယ်လွန်မှာ Nuclear စွမ်းအင်ကို ကောင်းတဲ့ဘက်မှာ အသုံးချဖို့ တိုက်တွန်းခဲ့ပြီးတော့ ပေါင်းစပ် စက်ကွင်း Theory ကို တင်ပြခဲ့ပါသေးတယ်။ အဲဒီ Theory ကို ပြီးပြည့်စုံအောင် ထပ်မံရှင်းမပြနိုင်ခင် ၁၉၅၅ ခုနှစ်၊ ဧပြီလ ၁၈ ရက် မနက် ၁ နာရီ ၂၅ မိနစ်က Priceton ဆေးရုံမှာ သူကွယ်လွန်သွားခဲ့ပါတယ်။ တကယ်တော့ Einstein မသေဆုံးခင်မှာ သူ့ရောဂါအတွက် ထပ်မံခွဲစိတ်ကုသဖို့ တိုက်တွန်းခဲ့ပါသေးတယ်။ ဒါပေမယ့် Einstein က သူ့ဘ၀မှာ လုပ်သင့်တာတွေ လုပ်ခဲ့ပြီးပြီမို့ အခုအချိန်မှာ သူသွားဖို့အချိန်တန်ပြီ။ ကံကိုသာ ပုံအပ်လိုက်တော့မယ်ဆိုပြီး ခွဲစိတ်မှုကို ပယ်ချခဲ့ပါတယ်။ သူကွယ်လွန်သွားပြီးတဲ့နောက် သူ့ရဲ့ ဦးနှောက်ကို အလှူခံပြီး Einstein ဟာ ဘာကြောင့် ဒီလောက်ထိ ဥာဏ်ကောင်းခဲ့တယ်ဆိုတာကို အဖြေရှာ ခဲ့ကြပါသေးတယ်။

Einstein ဟာ ဒီကမ္ဘာမှာ နောက်တစ်ကြိမ် ပေါ်ပေါက်လာဖို့ ခဲယဉ်းတဲ့ ပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ သူ့ရဲ့တွေ့ရှိချက်တွေဟာ အံ့မခန်းတွေချည်းပါပဲ။ ကဲ.. ဒီလောက်ဆိုရင်တော့ ကမ္ဘာကျော် သိပ္ပံပညာရှင်ကြီး Albert Einstein အကြောင်းကို MYMC ပရိသတ်ကြီး အတော်အသင့် သိပြီလို့တော့ ထင်ပါတယ်နော်။ မပြည့်စုံမှုများ ရှိခဲ့ရင်လည်း နားလည်ခွင့်လွှတ်ပေးကြမယ်လို့ မျှော်လင့်ပါတယ်။ MYMC ပရိသတ်တွေအနေနဲ့ ဒီနေ့ တင်ဆက်ပေးလိုက်တဲ့ အကြောင်းအရာလေးကို ကြိုက်နှစ်သက်မယ်လို့ မျှော်လင့်ပါတယ်။ ဗဟုသုတအနေနဲ့ လာရောက်ဖတ်ရူကြတဲ့ ပရိသတ်တွေကိုလည်း ကျေးဇူးတင်ပါတယ်။ နောက်ထပ် ဘယ်လို အကြောင်းအရာလေးတွေကို MYMC ပရိသတ် တွေအတွက် တင်ဆက်ပေးမလဲ ဆိုတာကို စောင့်မျှော်အားပေးကြပါဦးနော်။




Image from deviantart



တရုတ်ပြည်မှာ ဘဏ်တစ်ဘဏ်ကို ဓားပြ ၀င်တိုက် ပါတယ်။ ဓားပြတွေက "ဘယ်သူမှ မလှုပ်နဲ့။ ဒီပိုက်ဆံ တွေက အစိုးရနဲ့ ဆိုင်တယ်။ အသက် ကတော့ ကိုယ်နဲ့ပဲ ဆိုင်တယ်" အဲ့အခါ လူတွေက မခုခံဘဲ တိတ်တိတ်လေး ၀ပ်နေလိုက် ကြပါတယ်။ ဒါက လူတွေရဲ့ တွေးခေါ်မှုကို ပြောင်းလိုက်တဲ့ "Mind Changing Concept" ပါ။

ဓားပြတိုက် ပြီးတော့ MBA ဘွဲ့ရထားတဲ့ ဓားပြ အငယ်က ပိုက်ဆံတွေကို ရေဖို့ လုပ်ပါတယ်။ သူငယ်တန်း လောက်ပဲ စာသင်ခဲ့ ရတဲ့ ဓားပြ အကြီးက မာန်လိုက်ပြီး "ဒီပိုက်ဆံ တွေကို ရေစရာ မလိုဘူး။ ညကျ သတင်းမှာ ဘယ်လောက်လဲ ဆိုတာ ပါလာလိမ့်မယ်။" ဒါက အတွေ့အကြုံ "Experience" ပါ။

ဓားပြတွေ ထွက်သွားတော့ ဘဏ်မန်နေဂျာက သူ့အထက် အရာရှိကို ရဲခေါ်ဖို့ ပြောပါတယ်။ အထက် အရာရှိက "နေဦး။ ဓားပြ တိုက်သွားတဲ့ စာရင်းထဲမှာ ငါးသန်းလောက် ပိုထည့်လိုက်" ဒါက အဆိုးရွားဆုံး အခြေအနေ မှာတောင် ကိုယ့်အတွက် ကျန်အောင် လုပ်ယူတတ်ခြင်း "Swim with the tide"ပါ။

နောက်တစ်ရက် သတင်းမှာ ဘဏ်ကနေ ဆယ်သန်း ဓားပြ တိုက်ခံ ရတယ်လို့ ပါလာ ပါတယ်။ ဓားပြတွေ ဘယ်နှစ်ကြိမ် ရေတွက် ရေတွက် သူတို့ရဲ့ ပိုက်ဆံက ၂သန်းပဲ ရှိပါတယ်။ ဓားပြ တွေက အရမ်း ပေါက်ကွဲ သွားပါတယ်။ သူတို့က သက်စွန့်ဆံဖျား ဓားပြ တိုက်ပြီး ၂သန်းပဲ ရချိန်မှာ ဘဏ်မန်နေဂျာက ဘာမှ မလုပ်ဘဲ ၈သန်းလောက် ရသွား ပါတယ်။ ဒါက အကြံ ဗဟုသုတက ရွှေလို အဖိုးတန်တယ် ""Knowledge is worth as much as gold!" ပါ။

ဘဏ်မန်နေဂျာက ပြုံးပျော် နေပါတယ်။ မနေ့က သူရှုံးခဲ့တဲ့ ရှယ်ယာတွေ ဒီနေ့ အကုန်ပြန် ရလာပြီလေ။ တစ်လ တစ်ခါလောက် ဓားပြ တိုက်ခံရရင် ကောင်းမယ် လို့တောင် တွေးနေမှာပါ။ ဒါက အခွင့်အရေး အရယူ တတ်ခြင်း ""Seizing the opportunity" ပါ။

[source: Idealist, image from deviantart]