Monday, April 29, 2013

အမွေးများဖယ်ရှားတော့ မည်ဆိုလျှင်


အမွေးများဖယ်ရှားတော့ မည်ဆိုလျှင်



(၁) မျက်ခုံးမွေးက ကျန်အမွေးတွေထက် ရှည်နှုန်းနှေးသလား
မျက်ခုံးမွေးနုတ်ရင် ဂရုတစိုက် နုတ်ဖို့လိုပါတယ်။ မျက်ခုံးမွေးပြန် ပေါက်ဖို့ ရက်သတ္တပတ်များစွာကြာ တတ်ပါတယ်။ ဒါကြောင့် မျက်ခုံးမွေး ညီအောင်ညှိဖို့ နုတ်တဲ့အခါ အလွန်အကျွံမနုတ်မိအောင် သတိပြု ရပါမယ်။
(၂) အမွေးရိတ်ခြင်းက အမွေးတွေ ထူကြမ်းလာစေသလား
အမွေးရိတ်လိုက်တဲ့အခါ ပေါက်ကာစထိပ်ပိုင်းအမွေးနုကို တိလိုက် သလိုဖြစ်တာကြောင့် အမွေးပြန်ရှည် လာတဲ့အခါ ကြမ်းလာတယ်လို့ ထင်ရစေပါတယ်။ ဒါဟာထင်မှတ်မှားခြင်းသာဖြစ်ပြီး မရိတ်မီအမွေးနဲ့ ရိတ်ပြီးအမွေးဟာတစ်ချောင်းတည်း အတူတူသာဖြစ်ပါတယ်။ ပိုကြမ်းလာ တာမဟုတ်ပါဘူး။
(၃) အမွေးရိတ်လို့ အဖုတွေပေါက်တာ ကို ဘယ်လိုကာကွယ်မလဲ
အမွေးရိတ်တဲ့အခါ Shaving Cream လို့ခေါ်တဲ့ မရိတ်မီလိမ်း ရတဲ့ ချောဆီကိုအသုံးပြုပါ။ ဘလိတ် ဓါး၊ ဂျုတ်ဓါး မကြာခဏအသစ်လဲပါ။ အမွေးပေါက်တဲ့လားရာအတိုင်း ဂျုတ်ဆွဲပါ။
(၄) မှဲ့ရှိတဲ့နေရာတွေမှာ အမွေးချွတ် ဆေး သုံးလို့ရလား
အမွေးချွတ်ဖယောင်းဆေး (waxing) သုံးတဲ့အခါ မှဲ့၊ ကြွက်နို့၊ သွေးကြောထုံးတွေရှိနေရင် ၎င်းနေ ရာများကိုရှောင်ပါ။ ဖယောင်းဆေး ဟာ အရေပြားအလွှာတစ်လွှာကိုပါ ဖယ်ရှားပစ်တာကြောင့် အနာရွတ် တွေ၊ ရောဂါပိုးကူးစက်ဝင်ရောက်မှု တွေ ဖြစ်တတ်ပါတယ်။
(၅) မုတ်ဆိတ်ရိတ်ကိရိယာနဲ့ ဂျုတ် ဘယ်ဟာက အမွေးပိုတိနိုင်သလဲ
သမားရိုးကျဂျုတ်အသုံးပြုခြင်းက အမွေးပိုတိပေးနိုင်ပါတယ်။ မုတ်ဆိတ်ရိတ်ကိရိယာက ဆပ်ပြာနဲ့ရေမ လိုပေမယ့် အမွေးငုတ်တိုများကျန် ခြင်း၊ အမွေးစများ အသားထဲပြန် စိုက်ခြင်းဖြစ်စေနိုင်ပါတယ်။
(၆) လေဆာအသုံးပြု အမွေးဖယ်ရှားခြင်းက ဘယ်လိုလူတွေမှာအထိ ရောက်ဆုံးလဲ
လေဆာရောင်ခြည်တန်းတွေ ကို အရေပြားပေါ်ကျရောက်စေတဲ့ အခါ အနက်ရောင်ခြယ်ပစ္စည်းဖြစ်တဲ့ မယ်လနင်က လေဆာရောင်ခြည်ကို စုပ်ယူပါတယ်။ အသားဖြူပြီး အမွေး နက်သူတွေမှာ မယ်လနင်ဟာ အမွေး အိတ်ထဲမှာသာရှိတာကြောင့် လေ ဆာရောင်ခြည်ဟာ အမွေးအိတ်များကိုသာဖျက်ဆီးမှာဖြစ်ပါတယ်။ အမွေးဖြူ၊ ပြောင်းဖူးမွေးရောင် အမွေးများကို လေဆာရောင်ခြည် အသုံးပြုဖယ်ရှားနိုင်မှာမဟုတ်ပါဘူး။

Bio Disc ၏ အံ့သြဖွယ်အစွမ်းများ


Bio Disc ၏ အံ့သြဖွယ်အစွမ်းများ



- ဖျော်ရည်များအား Bio Disc ကို ဖြတ်ထားသော ရေနှင့်ဖျော်ပါက ဖျော်ရည်၏အရသာကို ပိုကောင်းစေသည်။
- သောက်ရေ၏ energy Level စွမ်းအင်က အဆင့်ကို မြင့်စေသည်။
- အစားအသောက်များ၏ nutrition benifit အာဟာရသက်ရောက်မှုကို အများဆုံးဖြစ်စေသည်။
- ခံတွင်းကို ကောင်းစေသည်။
- ဟင်းသီးဟင်းရွက်၊ သစ်သီးနှင့်အသားများကို Bio Disc ရေဖြင့် ဆေးထားပါက တာရှည်ခံစေသည်။
- ကျန်းမာကြံ့ခိုင်စေသည်။
- အိုမင်းသော cell ဆဲလ်များကို နုပျိုစေသည်။
- Blood oxygen Level သွေးထဲရှိ အောက်ဆီဂျင်ကို မြင့်မားစေသည်။
- စိတ်နှင့်ကိုယ်ကို Balance ဖြစ်စေ (မျှတစေ)သည်။
- နာကျင်ခြင်းကို သက်သာစေရန် ကူ ညီသည်။
- Bio Disc ဖြတ်ထားသောရေကို သောက်ခြင်းဖြင့် Hydration Level ကို မြင့်စေသည်(ရေဓာတ်ခမ်း ခြောက်ခြင်းမဖြစ်စေပါ။)
- autism ကလေးများတွင် အများနှင့်မရောဘဲသီးသန့်နေခြင်း။
Diabetes သွေးချိုရောဂါ ၊ High Blood Pressure သွေးတိုးရောဂါ၊ High Level of cholesterol သွေးထဲတွင် မကောင်းသောအဆီများနေခြင်း၊ uric acid များနေခြင်း၊ migrane ခေါင်းတခြမ်းကိုက်ခြင်း၊ Pains နာကျင်ခြင်းများ၊ Swelling and inflametion ရောင်ရမ်းခြင်း၊ rheumatism အဆစ်ရောင်ရမ်းနာ ကျင်ခြင်း၊ Stiff neck ဇက်ခိုင်ခြင်း၊ Leg cramp ခြေထောက်ကြွက်တက်ခြင်း၊ Stomachache အစာအိမ်နာခြင်း၊ Headache ခေါင်းကိုက်ခြင်း၊ asthme ရင်ကျပ်ခြင်း၊ kidney problem ကျောက်ကပ်ပြဿနာ၊ allergy ဓာတ်မတည့်ခြင်း၊ Jet lag လေယာဉ်မူးခြင်း၊ Fatigue မောပန်းခြင်း၊ muscular pain ကြွက်သားနာကျင်ကိုက်ခဲခြင်း၊ Stresses ဖိအားများခြင်းတို့ကို ကုသနိုင်ကြောင်း အံ့သြစရာအ ထောက်အထားများဖြင့် သက်သေပြ ပြီးဖြစ်သည်။

သုံးစွဲပုံ
- disc ပေါ်တွင် ရေကို ဖြတ်ပြီး သုံး နိုင်သည်။
- Disc ကို ရေခဲသေတ္တာထဲ ထည့် ထားပြီး သုံးနိုင်သည်။
- ရေဘူး၏အောက်ခြေတွင် disc ကို ထားပြီး သုံးနိုင်သည်။
- အိပ်ယာအောက်တွင် disc ကို ထားပြီး သုံးနိုင်သည်။
- ရေပိုက်ပုံစံလုပ်ထားသော disc အား ချိုးရေကို ဖြတ်စေကာ ရေချိုးနိုင်သည်။
- ဆွဲပြားကို ဆွဲထားခြင်းဖြင့် jet lag အပါအ၀င် ၎င်းဖြင့် ကုသနိုင်သော ရောဂါများကို သက်သာစေသည်။
- ကုတင်ခြေထောက်လေးချောင်းတွင် Bio disc ရေပုလင်းတစ်ပုလင်းစီ ထားခြင်းဖြင့် ခန္ဓာကိုယ်မှ negative energy မကောင်းသောစွမ်းအင်ဓာတ်များကို စုပ်ယူပြီး positive energy ကောင်းသောစွမ်းအင်ဓာတ် များကို ဖြစ်ပေါ်စေသည်။
- disc ပြားကို ဆွဲခြင်းဖြင့် စိတ်ကို ကြည်စေသည်
- disc ပြားပါသောလက်နှိပ်ဓာတ်မီးဖြင့် Pain area နာနေသောနေရာကို ထိုးပြီး ပျောက်အောင် ကုသ နိုင်သည်။
- အသက်ကြီးလာ၍အိပ်မပျော်သူများကို ဆွဲပြားကို ခေါင်းအုံးအောက်ထားခြင်းဖြင့် ကောင်းကောင်း အိပ်ပျော်စေသည်။

၂၀၁၃ခုနှစ်အတွက် ကမ္ဘာ့ကျန်းမာရေးနေ့


၂၀၁၃ခုနှစ်အတွက် ကမ္ဘာ့ကျန်းမာရေးနေ့



ဧပြီလ၇ရက်နေ့ကို ကမ္ဘာ့ကျန်း မာရေးနေ့အဖြစ် သတ်မှတ်ပြီး ယခု နှစ်အတွက်တိတ်တဆိတ်လူသတ် သမားဟု တင်စားကြသော သွေးတိုး ရောဂါကို ပစ်မှတ်ထားကျင်းပခဲ့ခြင်း ဖြစ်သည်။ သွေးတိုးရောဂါသည် ကမ္ဘာပေါ်တွင် အရွယ်ရောက်ပြီးသူ သုံးဦးတွင် တစ်ဦးခန့်ဖြစ်ပွားနေသော ရောဂါလည်းဖြစ်သည်။
သွေးတိုးရောဂါသည် နှစ်စဉ် ကမ္ဘာ့လူဦးရေကိုးသန်းကို သေဆုံးစေ ပြီးအဆိုပါအရေအတွက်သည် အစောပိုင်းကာလကတည်းက ရော ဂါရှိမရှိစစ်ဆေးခြင်း၊ လွယ်ကူသက် သာသော ကုထုံးများကိုပင် ပုံမှန်မခံ ယူခြင်း၊ သွေးပေါင်ချိန်ကို အချိန်မှန်မတိုင်းတာခြင်းများနှင့် ဆေးဝါးကုသ မှုများကို ငြင်းပယ်ခြင်းများကြောင့် ဖြစ်ရသည်။ သွေးတိုးရောဂါဆေးဝါး များသည်ဘ၀တစ်လျှောက်လုံး ပုံမှန် သောက်သုံးလျှင် သက်တမ်းစေ့ နေစေနိုင်သော အစွမ်းရှိပေသည်။
သွေးတိုးရောဂါကာကွယ်နိုင်ရန်-
- အငန်လျှော့စားပါ။
- နေ့စဉ်ပုံမှန်လေ့ကျင့်ခန်းသို့မဟုတ် လမ်းလျှောက်ပေးပါ။
- ဟင်းသီးဟင်းရွက်၊အသီးအနှံများ များစားပေးပြီး အဆီကိုတတ်နိုင်သ မျှရှောင်ကျဉ်ပေးပါ။
- ဆေးလိပ်နှင့်ယမကာကို ရှောင် ကျဉ်ပါ။
- ကိုယ်အလေးချိန်ကို အစဉ်ထိန်း ချုပ် ပေးပါ။
- စိတ်ဖိစီးမှုကို လျှော့ချသောနည်း လမ်းများကို လေ့လာကျင့်သုံးပေးပါ။

ခုခံအားစနစ်ကို မြင့်တင်ပေးနိုင်သော အစားအစာ(၅)မျိုး


ခုခံအားစနစ်ကို မြင့်တင်ပေးနိုင်သော အစားအစာ(၅)မျိုး 



၁။ဒိန်ချဉ်
ဒိန်ချဉ်တွင် အူလမ်းကြောင်းအ တွင်းရှိ ကောင်းမွန်သော ပိုးမွှားများ ကို အထောက်အပံ့ပေးနိုင် သော အစွမ်းရှိပြီး သင့်ခန္ဓာကိုယ်က အာ ဟာရများကို ပိုမိုစုပ်ယူနိုင်ရန် ကူညီ ပေးနိုင်ပါတယ်။ သင့်ကိုလည်း ဖျားနာခြင်း မှ ကင်းဝေးစေနိုင်ပါတယ်။ လေ့လာမှု တစ်ခုတွင် ဒိန်ချဉ်သောက်ခြင်းက အအေးမိဖျားနာခြင်း၊ ရောဂါပိုးကူး စက်ခံရခြင်းတို့အား ၁၉%ပိုမိုသက် သာစေနိုင်ကြောင်း သိရပါတယ်။
၂။ နို့ဖျော်ရည်
ယင်း(Kefir)နို့ကို အချဉ်ဖောက် ထားသော နို့ဖျော်ရည် များတွင်လည်း အူလမ်းကြောင်းအတွင်းရှိ ပိုးမွှားများ ကိုအထောက်အပံ့ပေးနိုင်ပြီး ခုခံအား စနစ်ကို အထောက်အပံ့ပေးနိုင်ပါ တယ်။
၃။ အခွံမာသီးများ
အခွံမာသီးများဟာ Omega 3 fatty အက်စစ်များစွာပါဝင်ပြီး ယင်းက ဖျားနာခြင်းကို သက်သာစေ ကာ၊ လေ့လာမှုတစ်ခုအရ Omega 3 fatty အက်စစ်က လေပြန်တွင်း ပိုးဝင်ခြင်းကို သက်သာစေကြောင်း သိရပါတယ်။
၎။ အသီးအရွက်နှင့် သစ်သီးများ
၎င်းတို့က သင့်ရဲ့ခုခံအားစနစ် ကို မြှင့်တင်ပေးနိုင်ပြီး အထူးသဖြင့် ဗီတာမင်စီ ကြွယ်ဝစေတဲ့ အသီး များဖြစ်တဲ့ စတော်ဘယ်ရီ၊ ပန်ဂေါ်ဖီ စိမ်း၊ မုန်လာဥနီစတဲ့ အသီးတွေက ပိုပြီးမြှင့်တင်ပေးနိုင်ပါတယ်။
၅။ အသား
အသားများတွင်ပရိုတင်းဓာတ်များစွာပါဝင်ပြီး ယင်းက ခုခံအား စနစ်အား ပိုမိုကြံ့ခိုင်စေပါတယ်။ ထို့ပြင် အသားထဲတွင် ပါဝင်သော ဇင့်ဓာတ်ကလည်း၊ သွေးဖြူဥများကို ကူညီပြီး ရောဂါပိုးများ တိုက်ထုတ် ပေးနိုင်ကြောင်းသိရတယ်။ 

ငယ်ရွယ်နုပျိုစွာ နေစေနိုင်သော လျှို့ဝှက်ချက်များ


ငယ်ရွယ်နုပျိုစွာ နေစေနိုင်သော လျှို့ဝှက်ချက်များ



၁။ ပက်လက်လှန်အိပ်ပါ
ခန္ဓာကိုယ်ကို ပုံစံတစ်မျိုးမျိုးသို့ စောင်း၍ ညပေါင်းများစွာ အိပ်စက် ခြင်းက မျက်နှာပေါ်တွင် အရေးအ ကြောင်းများပေါ်စေနိုင်ပါတယ်။ 
၂။ ဆယ်လ်မွန်ကဲ့သို့ ငါးများများစား ပါ
ဆယ်လ်မွန်နဲ့ အခြားသော ရေ အေးဒေသနေ ငါးအများစုမှာ ပရို တင်းပမာဏများစွာပါဝင်ပြီး၊ အရေ ပြားကို တင်းရင်းစေရာမှ အကူအညီ ဖြစ်စေပါတယ်။ ဒါ့အပြင် Omega 3 fatty အက်စစ်ပမာဏများစွာပါ ၀င်တဲ့အတွက် အရေပြားကို အား ဖြည့်ပေးပြီး အရေးအကြောင်းများကို လျော့ နည်းစေပါတယ်။
၃။ မျက်မှန်သုံးဖို့လိုလျှင်သုံးပါ
အလုပ်လုပ်ရာ၌ သဲကွဲစွာမမြင် ရလျှင် ခဏခဏမျက်မှောင်ကျုံ့၍ မကြည့်ဘဲ လိုအပ်ပါက မျက်မှန်၊ မျက်ကပ်မှန်စသဖြင့် သုံးပေးသင့်ပါ တယ်။ နေကာမျက်မှန်သုံးခြင်းအား ဖြင့်လည်း မျက်လုံးတစ်ဝိုက်ရှိ အရေ ပြား အားနေလောင်ပျက်စီးခြင်းမှကာ ကွယ်ပေးနိုင်သည့်အပြင် မျက်စိစွေ ခြင်းမှလည်းကာကွယ်ပေးနိုင်ပါ တယ်။
၎။ Alpha Hydroxy Acids ကဲ့သို့ သဘာဝအက်စစ်များက အရေပြား အပေါ်ဆုံးက ဆဲလ်အသေများကို ဖယ်ရှားနိုင်ရုံသာမက ချွေးပေါက်များ ကို ကျဉ်းစေပြီး မျက်စိတစ်ဝိုက်ရှိ အရေးအကြောင်းများကို လျော့နည်း စေပါတယ်။
၅။ မျက်နှာကို ခဏခဏမသစ်ပါနဲ့
မျက်နှာခဏခဏသစ်ခြင်းက သဘာဝအဆီဓာတ်များကို ဆုံးရှုံးစေ ပြီး အရေးကြောင်း ပိုမိုဖြစ်ပေါ်စေပါ တယ်။
၆။ ဗီတာမင် စီ ပါဝင်သော ခရင်မ် များများသုံးပါ။ 

အာကာသတွင် လူသားများ အခြေချ နေထိုင်နိုင်မည့် ပထမဆုံး ကြိုးပမ်းမှု NASA အဖွဲ့စီစဉ်


အာကာသတွင် လူသားများ အခြေချ နေထိုင်နိုင်မည့် ပထမဆုံး ကြိုးပမ်းမှု NASA အဖွဲ့စီစဉ်



အာကာသ အတွင်း၌ လူသားများ ကာလ ရှည်ကြာစွာ အခြေချ နေထိုင်နိုင်ရေး ကြိုးပမ်းချက် တစ်ရပ် အနေဖြင့် အမေရိကန် အာကာသ အေဂျင်စီ NASA အဖွဲ့သည် အလွန် ကြီးမားလှသော
ရှုံ့ကြိုး အိတ် ကြီးဖြင့် ကမ္ဘာဂြိုဟ် အနီးရှိ ဥက္ကာခဲ တစ်လုံးကို ဖမ်းယူပြီး ၎င်း ဥက္ကာခဲကို လအနီးရှိ လပတ်လမ်းသို့ ဆွဲခေါ် သွားကာ လူသားများ အနေဖြင့် ၎င်းနေရာသို့ သွားရောက် လည်ပတ်နို င်ပြီး အနီး ကပ် လေ့လာကြည့်ရှု နိုင်မည့် စီမံကိန်း တစ်ခုကို စီစဉ်လျက် ရှိသည်ဟု သိရသည်။ ယင်း စီမံကိန်းကို အကောင်အထည် ဖော်နိုင် ရန် ၎င်းတို့အတွက် ထပ်မံ လိုအပ်မည့် ဘတ်ဂျက်ငွေ အမေရိကန် ဒေါ်လာသန်း ၁ဝဝ ကို ကွန်ဂရက် လွှတ်တော်သို့ နာဆာအဖွဲ့မှ တင်သွင်းတောင်းဆို ထားကြောင်း သိရသည်။ အဆိုပါ စီမံကိန်းကို ကာလီ ဖိုးနီးယား နည်းပညာ တက္ကသိုလ် ကက်ခ် အာကာသ လေ့လာရေး အဖွဲ့မှ ပညာရှင်များက ၂ဝ၁၂ ခုနှစ် တွင် စတင်ခဲ့ခြင်း ဖြစ်ပြီး ၎င်းတို့ ရည်ရွယ်ချက်မှာ မောင်းသူမဲ့ အာကာသယာဉ် တစ်စီးကို အသုံးပြု၍ ၎င်း ဂြိုဟ်ပတ်လမ်း အတွင်းမှ အချင်း ၇ မီတာနှင့် အလေးချိန် တန် ၅ဝဝ ရှိသည့် ဥက္ကာခဲ တစ်လုံးကို ဆွဲယူ သွားကာ လအနီးရှိ ဂြိုဟ်ပတ်လမ်း အတွင်း၌ ရပ်တန့်ထားရန် ဖြစ်ပြီး ၎င်း နေရာတွင် အာကာသ ယာဉ်မှူး များသည် ဆယ်စုနှစ် တစ်ခုကြာ နေထိုင်မည့် နေရာတစ်ခု အဖြစ် အသုံးပြု၍ လေ့လာမှုများကို ပြုလုပ် သွားရန်ဖြစ်သည်။ ယင်း စီမံကိန်း အတွက် စုစုပေါင်း ကုန်ကျစားရိတ် အဖြစ် အမေရိကန် ဒေါ်လာ ၂ ဒသမ ၆၅ ဘီလီယံ သုံးစွဲ ရမည်ဟု တွက်ချက် ထားကြောင်းနှင့် စီမံကိန်းကြီး ပြီးမြောက်ရန်မှာ အချိန် ၁ဝ နှစ် ကြာမြင့်မည်ဟု သိရသည်။ ၎င်း စီမံကိန်းသည် ၂ဝ၂၅ ပြည့်နှစ် အရောက်တွင် ကမ္ဘာဂြိုဟ် အနီးရှိ ဂြိုဟ်သိမ ဂြိုဟ်မွှား အနီးသို့ အာကာသယာဉ် မှူးများကို စေလွှတ်မည့် သမ္မတ အိုဘားမား၏ စီမံကိန်းများတွင် တစ်ခု အပါအဝင် ဖြစ်ပြီး အာကာသတွင် ကာလ ရှည်ကြာစွာ အခြေချ နေထိုင်ရန် အတွက် ပထမဆုံး ကြိုးပမ်းချက် တစ်ရပ် ဖြစ်သည်ဟု သိရသည်။

Facebook ၏ အကြီးမားဆုံး Data Center စတင်တည်ဆောက်


Facebook ၏ အကြီးမားဆုံး Data Center စတင်တည်ဆောက် 



ကမ္ဘာပေါ်တွင် လူသုံးအများဆုံး၊ အအောင်မြင်ဆုံး လူမှုကွန်ရက် ဝက်ဘ်ဆိုက်ကြီးသည် အမေရိကန်တွင် ကြီးမားသော Data Center တစ်ခုကို တည်ထောင်သွားမည် ဖြစ်ပြီး လုပ်ငန်းခွင်ကို အိုင်အိုဝါတွင် စတင်နေပြီဟု သိရှိရသည်။
Facebook အနေဖြင့် ယခုအခါတွင် ဒေါ်လာ (၁.၅)ဘီလျံတန် Data Center တစ်ခုကို တည်ဆောက်ရန် စီစဉ်နေခြင်းကြောင့် အင်တာနက် ကွန်ရက်တစ်ခုလုံးကို လွှမ်းမိုးမည့် ၎င်းတို့၏ မဟာဗျူဟာ ခြေလှမ်းကို နောက်တစ်ဆင့် စတင်မည့် သဘောမျိုး ဖြစ်လာခဲ့သည်။ ကမ္ဘာပေါ်တွင် လူသုံးအများဆုံး၊ အအောင်မြင်ဆုံး လူမှုကွန်ရက် ဝက်ဘ်ဆိုက်ကြီးသည် အမေရိကန်တွင် ကြီးမားသော Data Center တစ်ခုကို တည်ထောင်သွားမည် ဖြစ်ပြီး လုပ်ငန်းခွင်ကို အိုင်အိုဝါတွင် စတင်နေပြီဟု သိရှိရသည်။

ထို့အပြင် အဆိုပါ Data Center သည် ကမ္ဘာပေါ်တွင် နည်းပညာပိုင်းအရ ခေတ်ရှေ့အပြေးဆုံး အချက်အလက် စင်တာဖြစ်လာမည်ဟုလည်း အမေရိကန် မီဒီယာများက ညွှန်းဆိုလျှက် ရှိသည်။ အိုင်အိုဝါရှိ လူပေါင်း (၁၅၀၀၀)မျှသာ နေထိုင်သော အလာတွန်းနားမြို့လေးတွင် လွန်ခဲ့သည့် (၁)နှစ် ကတည်းက စတင်ခဲ့သော လုပ်ငန်းခွင်သည် ပဟေဠိတစ်ခုသဖွယ် ရှိနေခဲ့သည်။ ထိုနေရာသည် စတုရန်းမီတာ (၁၃၀၀၀၀)ကျော် ကျယ်ဝန်းပြီး Project Catapultဟု အမည်ပေးထားကြောင်း သတင်းများက ဆိုသည်။အဓိက အဆောက်အအုံကြီး (၃)ခု ပါဝင်မည့် Data Center ကို အဆင့်(၂)ဆင့်ခွဲကာ အပြီးသတ် တည်ဆောက်ဖွယ် ရှိနေပြီး အဆောက်အအုံ (၁)ခုချင်းစီအတွက် ခန့်မှန်း ကုန်ကျစရိတ်မှာ ဒေါ်လာ သန်း(၅၀၀)မျှစီ ဖြစ်နိုင်ကြောင်း သိရှိရသည်။ Facebookသည် ယခင်ကလည်း Data Center (၃)ခုကို တည်ဆောက်ခဲ့ပြီး ဖြစ်သည်။ အော်ရီဂွန်ရှိ ပရင်နီဗီးလ်တွင် ဒေါ်လာ သန်း(၂၁၀)တန်၊ မြောက်ကာရိုလိုင်းနားရှိ ဖောရက်စ်စီးတီးတွင် ဒေါ်လာသန်း(၄၅၀)တန်နှင့် ဆွီဒင်နိုင်ငံရှိ လူလီအာတွင် ဒေါ်လာ သန်း(၇၆၀)တန် Data Center များကို Facebookက တည်ထောင်ထားသည်။သို့သော်လည်း အလာတွန်းနားမြို့တွင် တည်ဆောက်မည့် Data Center မှာ အကြီးမားဆုံးဖြစ်ပြီး ရှေ့(၃)ခု၏ ပေါင်းစည်းမှု တန်ဖိုးမျှ ရှိနိုင်မည်ဟု သိရသည်။ Facebook၏ Catapult စီမံကိန်းသည် အဆိုပါ ဒေသတွင်းတွင် Google၊ Microsoftတို့၏ ခြေကုပ်ယူထားသော နည်းပညာ ရင်းမြစ်စင်တာများနှင့် အပြိုင် ဖြစ်လာဖွယ် ရှိနေသည်။ အလာတွန်းနား အနီးတွင် မြန်နှုန်းအလွန်မြင့်မားသည့် Fiber Optic Cableစနစ်ကို အဝေးပြေး ကားလမ်းနှင့်အပြိုင် သွယ်တန်းထားသလို ဓာတ်အား ထောက်ပံ့ရေး စနစ် လုံလောက် ကောင်းမွန်ခြင်းက Facebookအတွက် မျက်စိကျစရာ ဖြစ်ခဲ့သည်။ ထို့အပြင် အလာတွန်းနားမြို့သည် ပထဝီ အနေအထားအရ အဓိက အဝေးပြေး လမ်းမကြီး (၃)ခုနှင့် ဆက်နွယ် တည်ရှိခြင်းကလည်း မဟာဗျူဟာမြောက် ရင်းနှီးမြှုပ်နှံမှု တစ်ခုအတွက် အဆင်ပြေစေကြောင်း သတင်းများက သုံးသပ် ရေးသားခဲ့ကြသည်။