Tuesday, May 14, 2013

Mr.Bin(ဟာသ)

Mr.Bin(ဟာသ)
:D--:D--:D--:D--

မစ္စတာဘင်ကို သူ့သူငယ်ချင်းတစ်ယောက်က ဖုန်းဆက်တယ်။ မင်းဒီနေ့ဘာနေ့လဲသိလား။ဘင်က သိတာပေါ့ ဒီည သရဲများညလေကွာ(သူတို့နိုင်ငံရဲ့နှစ်စဉ်ကျင်းပလေ့ရှိတဲ့ပွဲတစ်ပွဲဖြစ်ပါတယ်) သူ့ သူငယ်ချင်းက အေးသိရင်
အိမ်ကိုလာခဲ့ အိမ်မှာ သရဲများည အတွက် ပွဲစီစဉ်ထားတယ်။ လာရင်တော့ သရဲမျက်နှာဖုံးပါမှ ရမယ်နော်သူငယ်ချင်း ဆိုပြီး ဖုန်းချသွားတယ်။မစ္စတာ ဘင် တစ်ယောက်လည်း သူအရင်နှစ်က စွပ်တဲ့ မျက်နှာဖုံး ကိုပြန်ရှာတာပေါ့
ဒါပေမဲ့ မတွေ့ဘူး။ည ၂နာရီ လောက်ရှိပြီးဆိုတော့ ဆိုင်တွေကလည်း ပိတ်နေပြီး ကြံလို့မရတဲ့ အဆုံး ဒီတိုင်းပဲ ထွက်လာခဲ့တယ်။ဒီလိုနဲ့ သူ့သူငယ်ချင်း အိမ် ရောက်သွားတာပေါ့ လူတွေကလည်း သရဲမျက်နှာဖုံး ကိုယ်ဆီ ဖြင့်
အချင်းချင်း စကားတွေပြောနေကြတယ်။တစ်ချို့ သရဲမျက်နှာဖုံးတွေဆို တော်တော် ကြောက်ဖို့ကောင်းတယ်။ဒီလိုနဲ့ မစ္စတာဘင်က ခပ်တည်တည်ပဲ အိမ်တယ်ဝင်သွားတယ် ၀င်ပေါက်က သရဲမျက်နှာဖုံးနဲ့ အစောင့်က သူကို ၀င်ခွင့်ပြုလိုက်တယ်
အားလုံးက သရဲမျက်နှာဖုံးပါမှ ၀င်လို့ရတာလေ။မစ္စတာဘင်လည်းဝင်လို့ရတာနဲ့ ၀င်သွားတာပေါ့ အထဲရောက်တော့သူ့သူငယ်ချင်းကိုလိုက်ရှာတယ် မတွေ့တဲ့အဆုံး အနားကလူတွေနဲ့ စကားတွေဝင်ပြောပြီး သောက်ကြစားကြတာပေါ့ ဒါနဲ့သူတို့ရဲ့ သရဲများည
ဆိုတဲ့ အချိန်ကျော်သွားတာကြောင့် လူတစ်ယောက်က ဦးဆောင်ပြီး အော်လိုက်တယ် "အားလုံးပဲ သရဲမျက်နှာဖုံးတွေ ချွတ်လို့ရပါပြီး" ,အားလုံးကိုယ့် မျက်နှာဖုံး ကိုယ်ချွတ်ကြတာပေါ့ မစ္စတာ ဘင် တစ်ယောက်ကတော့ ဘာမျက်နှာဖုံးမှ မစွပ်ထားလို့ ချွတ်စရာ မလိုပဲ ဒီတိုင်းပဲ
ရပ်နေပါတယ်။ဒါကို ဘေးနားက သူနဲ့စကားတွေ ပြောခဲ့တဲ့မိတ်ဆွေတွေက မစ္စဘင်ကို လှမ်းပြောလိုက်တယ် " ဟေ့လူ -- ခင်ဗျာ မျက်နှာက သရဲမျက်နှာဖုံးကို ခု ချွတ်လိုက်ပါတော့ဗျာ။ ကျွန်တော်တို့ ကြောက်လို့ပါ မြင်ဖူးသမျှ သရဲမျက်နှာဖုံးထဲမှာ ခင်ဗျာ မျက်နှာဖုံးက
ရုပ်အဆိုးဆုံးပဲလို့ " ပြောလိုက်ပါတယ်။မစ္စတာ ဘင် တစ်ယောက် ဘာပြောရမှန်းတောင် မသိဖြစ်သွားပါတယ်။ :=)) :=)) :=))
----------------------------------------------------------------
Created by ဖိုးချစ် (I.C), Own funny

ဘ၀ရဲ့ ဥတုလေးပါး



တစ်ခါတုန်းက ဖခင်တစ်ယောက်ဆီမှာ သားသုံးယောက်ရှိတယ်။ သူကသူ့ သားတွေကို ဘယ်အရာမဆို မြန်မြန် မဝေဖန်မိဖို့  သင်ယူစေချင်တယ်။ ဒါနဲ့ သူက သူ့ သားတွေကိုအလွန်ကွာဝေးတဲ့ နေရာမှာရှိနေတဲ့ သစ်တော်ပင်ကြီးကို တလှည့်စီ သွားကြည့်ခိုင်းတယ်။

ပထမသားက ဆောင်းရာသီမှာသွားတယ်။ ဒုတိယသားက နွေဦးရာသီမှာသွားတယ်။တတိယသားက နွေရာသီမှာသွားပြီးတော့ နောက်ဆုံးအငယ်ဆုံးသားကတော့ ဆောင်းဦးကျချိန်မှာသွားတယ်။

အားလုံးသွားပြီးလို့ ပြန်လာတဲ့အခါမှာ ဖခင်ဖြစ်သူက သူသားတွေကိုသူတို့ ဘာတွေမြင်ခဲ့လဲဆိုတာကို သူ့ ကို ပြောပြဖို့ ပြောတယ်။

ပထမသားက သစ်ပင်ကြီးက ဗျာ အရမ်း ရုပ်ဆိုးတာပဲ။ ကွေးကောက်ပြီးကိုင်းညွတ်နေတာပဲ အဖေ လို့ ပြောတယ်။

ဒုတိယသားက မဟုတ်တာဗျာ သစ်ပင်ကြီးက ပုရစ်ဖူးလေးတွေနဲ့  ကြည့်ကောင်းပါတယ်အဖေရာ လို့ ပြန်ပြောတယ်။

တတိယသားကတော့ မဟုတ်ဘူးအဖေ၊ သစ်ပင်ကြီးမှာ ပန်းတွေက ဝေေ၀ဆာဆာဆ ပွင့်နေတာပါ။ အနံ့ ကလည်းသင်းပြီး အရမ်းလည်းလှတယ်။ ကျွန်တော်မြင်ဖူးသမျှထဲမှာတော့ ကျက်သရေ အရှိဆုံးပဲ အဖေ လို့ ပြောတယ်။

အငယ်ဆုံးသားကတော့ အကိုတို့ ပြောတာ တစ်ခုမှ မဟုတ်ဘူး။ သစ်ပင်ကြီးမှာအသီးတွေနဲ့ ပြည့်ပြီး မှည့်တောင်မှည့်နေပြီ။ ကြည့်ရတာ စိမ်းစိမ်းစိုစိုနဲ့ အရမ်းစိတ်ချမ်းသာတယ်အဖေ လို့ ပြောပြန်တယ်။

ဖခင်ဖြစ်သူက သားတွေကို သစ်ပင်ပဲဖြစ်ဖြစ်၊ လူပဲဖြစ်ဖြစ်ဘယ်အရာကိုမှ တစ်ရာသီလေးပဲကြည့်ပြီး ဝေဖန် ဆုံးဖြတ်လို့ မရဘူး။ တကယ့်အနှစ်သာရဖြစ်တဲ့ အဲဒီလူရဲ့ ပျော်ရွှင်ဝမ်းမြောက်မှု၊ချစ်ခြင်းမေတ္တာတွေကို ဥတုလေးပါး ကုန်ဆုံးချိန် အဆုံးသတ်မှာပဲ တိုင်းတာလို့ ရနိုင်မှာဖြစ်တယ်

သင့်ဘ၀ကို ခက်ခဲတဲ့ တစ်ရာသီကြောင့် မဝေဖန်လိုက်ပါနဲ့။ တစ်ရာသီရဲ့နာကျင်ခံစားရမှုကြောင့် အခြားသောရာသီများရဲ့  ၀မ်းမြောက်ပျော်ရွှင်မှုကို မဖျက်စီးမိပါစေနဲ့။

Projectable Keyboard



ပြင်ညီမျက်နှာပြင်တစ်ခုရှိရုံဖြင့် ကွန်ပျုတာကဲ့သို့သုံးနိုင်မည့် Projectable Keyboard



အခြား ကိရိယာ တွေက ကြားခံ ပစ္စည်းတွေ လိုအပ်ပါတယ်။ဒါပေမဲ့ ဒီဆက်သွယ်ရေး ကိရိယာလေးကတော့ ဘာ ကြားခံ ပစ္စည်းမှ မလိုပါဘူး။”မာရိတ် ကူဒရိုင် အဲဗက်စီ” တီထွင်ခဲ့တာပါ။လှပတဲ့ဒီဇိုင်းဖြင့်ဖန်တီးထားပြီတော့ မြင်နိုင်ရုံ မျက်နှာပြင်လေးရယ် ကီဘုတ်လေးရယ် က သင့်ကွန်ပျုတာ ကဲ့သို့ လုပ်ဆောင်ချက်တွေ စေခိုင်းချက်တွေ ကိုတွက်ချက် ဖော်ပြပေးနိုင်ပါတယ်။ISQ server နဲ့ချိတ်ဆက်ထား သလိုပါပဲ စာသားတွေ ပုံရိပ်တွေကို ပြင်ညီမျက်နှာ ပြင်တစ်ခု ပေါ်မှာ ဖော်ပြပေးမှာ ပဲဖြစ်ပါတယ်။

ဘာသာပြန်  > ဖိုးချစ်(I.C)

Thursday, May 9, 2013

Server အကြောင်းပြောရအောင်


Server အကြောင်းပြောရအောင်



ဆာဗာ၊ ဆာဗာနဲ့ ပြောနေလိုက်ကြတာ တော်တော်များများ စိတ်ဝင်စားကြမှာ အမှန်ပါပဲ။ ဥပမာ ဝဘ်ဆိုဒ် တစ်ခု ဝင်လို့ မရတဲ့အခါ လူတစ်ယောက် သွားမေးတော့ “အဲဒါဆာဗာဒေါင်းနေတယ်ကွာ”လို့ဖြေတယ်လေ။ နားမလည်တဲ့ အချိန်တုန်းက ဆာဗာ ဒေါင်းတယ်ဆိုတာ နားထဲကို ကန့်လန့်လိုက်ဝင်ပါတယ်။ ကဲ တည့်ကြရအောင်။ အင်တာနက် အသုံးပြုတဲ့ လူတိုင်း နားလည်အောင် အလွယ်ကူဆုံး နည်းနဲ့ ရှင်းပြပါမယ်။ 

အဲဒီ ဆိုဒ်တစ်ခု ဖွင့်မရ ဆာဗာ ဒေါင်းတယ်ဆိုတာ Web Server ကိုပြောတာပါ။ Server မှာတောင် အမျိုးမျိုး ကွဲသေး တယ်လေ။ ကဲ စကြရအောင်။

Server အဓိပ္ပါယ်

ကွန်ပြူတာကွန်ရက်များအား ချိတ်ဆက်၍ သတင်းအချက်အလက် ပေး ပို့ပေးခြင်း၊ သိမ်းဆည်းထားပေးခြင်း တို့ ပြုလုပ်ပေးသော ကွန်ပြူတာ စနစ်ကို Server လို့ ခေါ်ပါတယ်။ အလွယ်ကူဆုံး ပြောပြပါမယ်။ ခုနေ ရုံးအကြီးစား တစ်ခုကိုသွားရင် သူ့မှာ စာရွက်စာတန်းတွေ ထိမ်းထား တဲ့ နေရာတစ်ခုတော့ ရှိမှာပဲလေ။ ဂိုထောင်တစ်ခုနဲ့ကို သီးသန့်တောင် ထားကြပါတယ်။ ဆေးရုံတွေမှာဆို ပိုအရေးကြီးပါတယ်။ အခန်းကြီး တစ်ခုထဲမှာ။ ဘယ်နေ့က ဘယ်လူနာ၊ ဘယ်နေ့က ဘယ်ဆေးတိုက်၊ ဘယ်သူဆင်း၊ ဘယ်သူသေ၊ ဘယ်သူတက်၊ ဆေးရုံအသုံးစရိတ် ဘယ်လောက်၊ ဝန်ထမ်းအင်အား ဘယ်လောက် အစရှိသဖြင့် အချက်အလက်အားလုံးကို ဂိုဒေါင် တစ်ခုထဲမှာသိမ်းထားပါမယ်။ လိုအပ်တဲ့အခါကျ ဂိုထောင်ထဲမှာ ဖိုင်စာရင်းအတိအကျကို ထုတ်ယူလို့ရအောင် စနစ်တကျ သေသေသပ်သပ် ထည့်ထားပါတယ်။

ဟုတ်ကဲ့။ အဲဒီအချက်အလက်တွေအားလုံးကို ကွန်ပြူတာတစ်ခုထဲမှာပဲ ထည့်ပြီး ယင်းကွန်ပြူတာကနေ လိုသလို ထုတ်သုံးမယ်။ နောက်ထပ်ကွန်ပြူ တာ တစ်ခုစီ ရောက်အောင်လည်း ရုံးတွင် network နဲ့ ပို့ပေးနိုင်မယ်ဆိုရင် ယင်းကွန်ပြူတာက Server အနေနဲ့ အလုပ်လုပ်နေပါပြီ။ ဒီတော့ သူ့ကို Database Server လို့ အကြမ်းဖျင်းမှတ်ယူနိုင်ပါတယ်။

Server မှာ ဘာလိုအလုပ်လုပ်လဲ

သာမန် ဂိုဒေါင်တစ်လုံးမှာတောင် Store keeper ဆိုပြီး သီးသန့်ခန့်ရ တယ်လေ။ ဒီတော့ Server တန်းဝင်ဖို့အတွက် Server လုပ်မယ့် ကွန်ပြူတာမှာ Server Operating System ကို ထည့်ထားရပါတယ်။ အချို့ ကျတော့ ဂိုထောင်ဝန်ထမ်းမထားချင်ဘူး။ အချက်အလက် ကလည်း နည်းတော့ အဆင်ပြေသလိုထားတယ်။ ဟုတ်ကဲ့။ ကွန်ပြူတာ မှာလည်း ကိုယ် ထောက်ပံ့၊ မျှဝေ၊ သိမ်းဆည်းပေးရမယ့် အချက်အလက်က သိပ်မများဘူးဆိုပြီး အချို့ များကလည်း Server Operating System မသုံးပါဘူး။

သုံးတယ်ဆိုရင် ရွေးစရာက အများကြီးပဲ။ Linux Server OS သုံးမလား၊ Windows လား၊ Mac လား အစရှိသဖြင့် ပေါ့။ Server OS ဆိုလို့ ဘာများလည်းလို့ အတွေးနက်မသွားပါနဲ့။ သူက ဂိုထောင်တစ်ခုလို တာဝန်ထမ်းပေးမယ့် ကွန်ပြူတာကို အကောင်းဆုံး ဝန်ဆောင်မှု ပေးမယ့် OS ပါ။ တော်ရုံ OS ကမလုပ်နိုင်တာတွေ လုပ်ပေးမှာလေ။

Server အမျိုးအစားများ

Web Server ဝဘ်ဆိုဒ်၊ ဒေတာ အချက်အလက် များ အား သိမ်းဆည်းပေး၊ စေခိုင်းမှု (command လက်ခံပေး) ပြန်လည် အကြောင်းကြားပေးဖို့ အလုပ်လုပ်ပါတယ်။ ဥပမာ ကျနော်က ဝဘ်ဆိုဒ် တစ်ခု ထောင်လိုက်မယ်။ ထောင်တယ်ဆိုလို့ နို့ဆီဗူးထောင်သလို ထောင်လိုက်တာ မဟုတ်ဘူးနော်။ ဆိုဒ်တစ်ခု ပရိုဂရမ်နဲ့ဆွဲပြီး အင်တာနက်ပေါ် လွင့်ပါမယ်။ ဒီလိုလွင့်ဖို့အတွက် ယင်းအချက်အလက်တွေကို ဘယ်မှာ သိမ်းမလည်းက ရှိလာမယ်။ ဥပမာ ခုနေ စာဖတ်သူတို့ Facebook ပေါ်မှာ ပုံတွေ တင်ကြတယ်။ အဲ့ပုံတွေ ဘယ်ရောက်သွားလဲ။ Facebook က အကိုတွေ၊အမတွေကပဲ အလှဆုံးပုံတွေရွေးလို့ ဝိုင်ကြည့်နေကြမယ်လို့ ထင်လို့လား။

အမှန်တာ့ ယင်းပို့သမျှပုံတွေကို Server (ဂိုဒေါင်)ထဲ ထည့်ပါတယ်။ အချက် အလက်သိမ်းဆည်းပြီး Hard Disk အကြီးစားလိုပါပဲ။ Google ဆိုရင် ကမ္ဘာ့အကြီးဆုံး Data Center တောင် ပိုင်ပါတယ်။ Web Server အနေနဲ့ Website ရဲ့  အချက်အလက်များကို သိမ်းဆည်းပေး၊ Command လက်ခံပေး၊ ပြန်လည် အကြောင်းကြားပေး အစရှိသဖြင့် အလုပ်လုပ် ပါတယ်။ Web Server အကြောင်းနောက်မှ သက်သက်ရှင်းပါမယ်။

Application Server – Software app များအား အလုပ်လုပ်ရန် ဝန်ဆောင်မှုပေးသော Server

Catalog Server – network ပေါင်းများစွာမှာ အချက်လက်များကို အလွယ်တကူ ဆီးကူးစေရန် central search point အဖြစ် ဝန်ဆောင်မှုပေးသော Server

Communication Server - တယ်လီဖိုး တို့ကဲ့သို့ ဆက်သွယ်ရေးအတွက် အသုံးပြုသော Server

Database server - ကွန်ပြူတာ ပရိုဂရမ်နှင့် ကွန်ပြူတာများအား သတင်းအချက်အလက်များအား သိမ်းဆည်းပေးသည့် Server

Fax server – Fax ဝန်ဆောင်မှု ပေးသော Server

File server - ဖိုင်များအား အပေးအယူ၊ အကူးအပြောင်း ပြုလုပ်ပေးသော Server

Game server - ဗီဒိယိုဂိမ်းပရိုဂရမ်နှင့် User များအား ထောက်ပံ့ပေးသည့် Server

Home Server - အိမ်များအတွက် Server

Name Server - ဝဘ်ဆိုဒ် လိပ်စာ DNS များအား သိမ်းဆည်းဝန်ဆောင် မှုပေးသည့် Server

Print Server (Printer ဝန်ဆောင်မှုအတွက် ဆာဗာ)၊ Proxy Server (မတူညီသော server များချိတ်ဆက်နိုင်ရန် ကြားခံ ဆက်သွယ်ပေးသော Server, Sound server (ရေဒီယိုတို့ကဲ့သို့ multimedia broadcasting, streaming များအတွက် အလုပ်လုပ်သော ဆာဗာ)၊ Stand-alone Server, Computer Server အစရှိသဖြင့် အမျိုးမျိုး ထပ်ကွဲပါတယ်။ အချို့  ကျတော့ လည်း Server တစ်ခုချင်းစီမခွဲပဲ သုံးလေးမျိုးကို Server တစ်လုံးတည်းနဲ့ လုပ်လို့ရအောင် ဖန်တီး ပေးပါတယ်။ နောက်မှ Server တစ်ခုချင်းစီ အကြောင်း အသေးစိတ် ရှင်းပြပါ့မယ်။

Server မှာ ဘာတွေ ပါလဲ။

Server မှာ ပရိုဂရမ်အနေနဲ့ Server OS ပါရမယ်လို့ ပြောပြီးသွားပြီ။ (မပါလည်း ကိစ္စမရှိဘူးနော်)။ Hardware ပစ္စည်း အနေနဲ့ ကတော့ Memory (အချက်အလက် သိမ်းဆည်းထားမယ့် ပစ္စည်း) လိုအပ်ပါတယ်။ Google တို့လို ကုမ္မဏီကြီး ကတော့ Data Center ဟဲဗီး သုံးပြီး သူ့ ကို Run ဖို့အတွက် သီးသန့် Data Center Server OS တောင် သက်သက်သုံးရ ပါတယ်။ အေးအောင်လည်း အမြဲ လုပ်ပေးရပါတယ်။ ဒါမှ Server မဒေါင်းမှာလေ။ တစ်မိနစ်ဒေါင်းရင် Google ဆုံးရှုံးမယ့် ငွေက ကန်ဒေါ်လာ သန်းထောင်နဲ့ချီမှာပါ။ သူ့ကိုမှီနေတဲ့ ကုမ္မဏီ တွေ နိုင်ငံတိုင်းမှာ ရှိနေလို့ ဖြစ်ပါတယ်။ ဟုတ်ကဲ့ ဒီတော့ Server မှာ အချက်အလက် သိမ်းဆည်း ပေးမည့် ဟာ့ဒ်ဝဲ၊ Server အလုပ်လုပ်ရန် စီမံခန့်ခွဲပေးမည့် software တို့ လိုအပ်ပါတယ်။

"Server တို့ ဘယ်လို အလုပ်လုပ်လဲ"

သာမန်ကွန်ပြူတာပဲလေ။ Mail server ဆိုပါစို့။ ကျနော်က Gmail စာတစ်စောင်ရေးလို့ ပို့လိုက်ပြီး mail server ထဲ ရောက်ပြီး အဲ့မေးလ်ကို စစ်ပေး။ ဘယ်ကိုယ်ပို့ရမယ်ဆိုတာ သေသေချာချာ ပြန်ကြည့်ပြီး ပို့ရမယ့် လိပ်စာ၊ နေရာ၊ နိုင်ငံ၊ အင်တာနက်လိုင်းကို စီးကူး ပေးလိုက်ပါတယ်။ ဒါတွေအားလုံးက တစ်မိနစ်အတွင်းမှာ ဖြစ်သွားတာနော်။ အင်တာနက် လိုင်းမြန် ရင် စက္ကန့်နဲ့တောင် ဖြစ်တယ်။ Game server ဆိုရင်လည်း ဘယ်သူတွေ Log in ဝင်ထားလဲ။ ဘယ်သူတွေ ဘာလုပ်နေလဲ။ သူကတော့ ဘာ အချက်အလက်တွေ ပို့လိုက်ပါပြီ။ ဟိုဘက်ကို ဘာအချက် အလက် ပြန်ပို့ပေးရမယ် အစရှိသဖြင့် တော်တော်အလုပ်ရှုပ်ပါတယ်။ သူ့ရဲ့  Data စီးဆင်းမှုကလည်း အတော်လည်း မြန်ဆန်ပါတယ်။

Facebook ဆိုရင်တော့ Web server ပေါ့။ ကျနော်တို့က Log in ဝင်ရင် ဘယ်သူက ဘယ် IP နဲ့ ဝင်လာပါတယ်။ ဘယ် folder ကိုပို့ပေးရမယ်။ ဘာတွေ ပြန်ပို့ပေးရမယ်။ အစရှိသဖြင့် အလုပ်ရှုပ်ပါတယ်။ Domain Name Server ဆိုရင်လည်း ဘယ်ဝဘ်ဆိုဒ် လိပ်စာ ဘယ် IP ကတော့ register လုပ်လိုက်ပါပြီ။ ငါဒီ IP နဲ့ လိပ်စာကို အခြားလူပေးလို့ မရတော့ဘူး အစရှိသဖြင့် DNS က အလုပ်လုပ်ပါတယ်။ ခုနေ www.facebook.com နဲ့ ဆိုဒ်တစ်ခု ရလားလို့ register လုပ်ကြည့်လေ။ ယင်း နာမည်ကို DNS မှာ register လုပ်ထားပြီးပြီမို့ နောက်လူတွေ လုပ်ယူလို့ မရတော့ပါဘူး။ ဒါက ရှင်းရရင် အများကြီးရှိပါသေးတယ်။ နောက်မှ ရှင်းပါ့မယ်။

Server ကို သာမန်ကွန်ပြူတာနဲ့ မလုပ်ရခြင်းက အကြောင်း ၂ ချက်ရှိ ပါတယ်။ တစ်ခုက ၂၄ နာရီအလုပ်လုပ်ရန် သာမန် ကွန်ပြူတာက မသင့်တော်ခြင်းနဲ့ သတင်းအချက်အလက်မြောက်များစွာကို လုံခြုံစွာ သိမ်းဆည်းမပေးနိုင်ခြင်းတို့ကြောင်းပါ။ ဒါကြောင့် Server ဆိုပြီး သီးသန့်စက်ကြီးတွေ၊ OS တွေနဲ့ run ရပါတယ်။

နိဂုံးချုပ်

ဒီလောက်ဆိုရင် Server ဆိုတာ ဘာကိုခေါ်တယ်။ ဘယ်လိုကွဲတယ်။ ဘယ်လိုအလုပ်လုပ်တယ်ဆိုတာကို အကြမ်းဖျင်း သိပြီလို့ ယုံကြည် ပါတယ်။ နောက်မှပဲ လိုအပ်ရင် အချက်တစ်ခုချင်းစီကို အသေးစိတ် ရှင်းပြသွားပါမယ်။

Wednesday, May 8, 2013

ခုခံအားစနစ်ကို မြင့်တင် ပေးနိုင်သော အစားအစာ(၅)မျိုး


ခုခံအားစနစ်ကို မြင့်တင် ပေးနိုင်သော အစားအစာ(၅)မျိုး
================================


၁။ ဒိန်ချဉ်

ဒိန်ချဉ်တွင် အူလမ်းကြောင်း အတွင်းရှိ ကောင်းမွန်သော ပိုးမွှားများကို အထောက်အပံ့ ပေးနိုင်သော အစွမ်းရှိပြီး သင့်ခန္ဓာကိုယ်က အာဟာရများကို ပိုမို စုပ်ယူနိုင်ရန် ကူညီ ပေးနိုင်ပါတယ်။
သင့်ကိုလည်း ဖျားနာခြင်းမှ ကင်းဝေး စေနိုင်ပါတယ်။ လေ့လာမှု တစ်ခုတွင် ဒိန်ချဉ် သောက်ခြင်းက အအေးမိဖျားနာခြင်း၊ ရောဂါပိုးကူး စက်ခံရခြင်းတို့အား ၁၉%ပိုမိုသက် သာစေနိုင်ကြောင်း သိရပါတယ်။

၂။ နို့ဖျော်ရည်

ယင်းKefir)နို့ကို အချဉ်ဖောက် ထားသော နို့ဖျော်ရည် များတွင်လည်း အူလမ်းကြောင်း အတွင်းရှိ ပိုးမွှားများ ကိုအထောက်အပံ့ ပေးနိုင်ပြီး ခုခံအား စနစ်ကို အထောက်အပံ့ ပေးနိုင်ပါ တယ်။

၃။ အခွံမာသီးများ

အခွံမာသီးများဟာ Omega 3 fatty အက်စစ်များစွာ ပါဝင်ပြီး ယင်းက ဖျားနာခြင်းကို သက်သာစေကာ၊ လေ့လာမှု တစ်ခုအရ Omega 3 fatty အက်စစ်က လေပြွန်တွင်း ပိုးဝင်ခြင်းကို သက်သာ စေကြောင်း သိရပါတယ်။

၎။ အသီးအရွက်နှင့် သစ်သီးများ

၎င်းတို့က သင့်ရဲ့ ခုခံအားစနစ်ကို မြှင့်တင် ပေးနိုင်ပြီး အထူးသဖြင့် ဗီတာမင်စီ ကြွယ်ဝစေတဲ့ အသီး များဖြစ်တဲ့ စတော်ဘယ်ရီ၊ ပန်ဂေါ်ဖီ စိမ်း၊ မုန်လာဥနီစတဲ့ အသီးတွေက ပိုပြီးမြှင့်တင် ပေးနိုင်ပါတယ်။
AIDS ရောဂါပိုးထက် ပို၍ ကြောက်စရာ ကောင်းသော ရောဂါပိုးသစ် တစ်မျိုး ဆရာဝန်များ ရှာဖွေ တွေ့ရှိ




လိင်မှတစ်ဆင့် ကူးစက်တတ်သော Gonorrhoea HO41 ပိုးသစ်တစ်မျိုးသည် ဆေးမတိုးတော့သော ရောဂါပိုးသစ် တစ်မျိုးဖြစ်ပြီး AIDS ရောဂါပိုးထက် ပို၍ ဆိုးရွားစေနိုင်သည့် အလားအလာ ရှိကြောင်း အမေရိကန်ပြည်ထောင်စုမှ ဆရာဝန်များက သတိပေးပြောကြား ထားသည်။
အဆိုပါ ရောဂါပိုးကို လွန်ခဲ့သော နှစ်နှစ်က ဂျပန်နိုင်ငံရှိ ပြည့်တန်ဆာ အမျိုးသမီး တစ်ဦးထံမှ ပထမဆုံး ရှာဖွေ တွေ့ရှိ ခဲ့ခြင်း ဖြစ်ပြီး ၎င်းရောဂါပိုးသည် ခုခံအားကျဆင်းမှုကို ပို၍ဖြစ်ပွား နိုင်ခြေ ရှိကြောင်း အမေရိကန် အမျိုးသား လိင် ကျန်းမာရေး ဆိုင်ရာ ညွန့်ပေါင်းအဖွဲ့မှ ဝီလျံစမစ်က သတိပေး ပြောကြားခဲ့သည်။

၎င်းရောဂါပိုးသစ်ကို ပျောက်ကင်းအောင် ကုသနိုင်မည့် ဆေးဝါးတစ်မျိုးကို ယခုထိတိုင်အောင် ဖော်ထုတ်နိုင်ခြင်း မရှိသေး သော်လည်း စမ်းသပ် စစ်ဆေးမှုများကို တိုးမြှင့်လုပ်ဆောင် သွားရန်လို အပ်ကြောင်း မစ္စတာ စမစ်က ပြောကြား ထားသည်။

အဆိုပါ ရောဂါပိုးသစ်သည် အမေရိကန် နိုင်ငံအတွင်းသို့ ဝင်ရောက်လာနိုင်ကြောင်း၊ အကယ်၍ ရောဂါပိုးကူးစက် ပျံ့နှံ့ လာပြီးနောက် ထိရောက်စွာ ကာကွယ်နိုင်စွမ်းမရှိပါက ၎င်းရောဂါပိုးကို ကုသရန် အမေရိကန် ဒေါ်လာ သန်း ၇၈ဝ ကုန်ကျနိုင်ဖွယ်ရှိကြောင်း မစ္စတာ စမစ်က အခိုင်အမာ ပြောကြား ထားသည်။

၎င်းရောဂါပိုးသည် လူအများအပြားကို လျင်မြန်စွာ ကူးစက် နိုင်သောကြောင့်AIDS ရောဂါပိုး ထက်ပို၍ ကြောက်မက် ဖွယ်ကောင်းကြောင်း naturopathic ဆေးဝါးဌာနမှ ဆရာဝန် တစ်ဦးဖြစ်သူ အလန်ခရစ် စတင်းစန်းက CNBC သတင်း ဌာနသို့ ပြောကြားခဲ့သည်။

အဆိုပါ ရောဂါပိုးသစ် ကူးစက်ခြင်းကြောင့် သားအိမ် မျိုးဥပြွန်နှင့် မျိုးဥအိမ် လတ်တလော နာတာရှည် ရောဂါပိုးဝင် ရောက်ခြင်း၊ သားအိမ်တွင် မဟုတ်သော အခြားနေရာ တစ်ခုတွင် သန္ဓေ တည်ခြင်းနှင့် သားသမီး မရနိုင်ခြင်း စသော ရောဂါများကို ဖြစ်စေနိုင်သည်။


ဖုန်းနှင့်ကွန်ပျူတာချိတ်ပြီး Internet သုံးမယ်ဆိုရင်



ဖုန်းများကိုကွန်ပျူတာဖြင့် ချိတ်ဆက်သုံးရန် ရည်ရွယ်ပါက... ဂျီအက်အမ်ဖုန်းများ အတွက်လည်း 3G ပါသောဖုန်းကို သာရွေးစေလိုပါသည်။ EDGE ရိုးရိုးဂျီအက်အမ် အချက်အလက်ဖြတ်သန်းမှု အင်တာနက် နည်းပညာအတွက် ယခုဖုန်းများသည် 2.75 gb သာရသေးသဖြင့် အနည်းငယ်နှေးပါသည်။ 3G ဟန်းဆက်ဖြစ်ပါက အင်တာနက်သုံးခါနီးတွင် နက်ဝပ်အမျိုးအစားတွင် 3G ပြောင်းသုံးပါက ယခုတချို့နေရာများတွင် 3.5G ဟုမိလာပြီး တော်တော် အဆင်ပြေပါသည်။ 3G အတွက် High speed data mode သို့မဟုတ် UMTS ဟုရေးထားပါသည်။ Data Transfer Rate အချက်အလက်ဖြတ် သန်းမှုနှုန်းမြန်သဖြင့် Download လုပ်ရန်ရှိပါက အဆင်ပြေပါသည်။ အချို့နေရာများတွင် 3G မမိပါက 2G EDGE ဖြင့်သာသုံးရပါသည်။ Sony ဖုန်းများကိုကွန်ပျူတာဖြင့် ချိတ်ဆက်သုံးရန် PC COMPANIOM SOFTWARE ဖြင့်သုံးရပါသည်။ update အသစ်ထွက်တိုင်း ထပ်တင်ပေးမှသာ သုံးလို့ရပါသည်။ အပ်ဒိတ်မလုပ်ပါက သုံးလို့မရတော့ပါ။ ကွန်ပျူတာနှင့်ချိတ်သုံး လိုပါကအန်းဒရိုက်များ အတွက်တော့ (Huawei) ဟဝေးတံဆိပ်က ပိုအဆင်ပြေနိုင်ပါသည်။ သို့သော်ဆိုင်များတွင် အန်းဒရိုက် အိုအက်အတွက် ရီကွန်မန်းမလုပ်ပါ။ Android အိုအက်ဖုန်းများ ၀ယ်ကိုင်ပါက အိုအက်ဗားရှင်းအား 2.3 နှင့်အထက် ကိုသာဝယ်ပါ။ ဂိမ်းများ၊ Application များထပ်တင်ပါက SD memory card ထဲတွင်ပြောင်း သွင်းနိုင်သဖြင့် phone (internal memory) ကိုနေရာစားတာ သက်သာသွားပါသည်။ ဖုန်းအတွင်းပိုင်း မှတ်ညဏ်နေရာနည်းသွား ပါကစက်ဟန်းမှု၊ စက်လေးမှုဖြစ်နိုင်ပါသည်။ နောက်ပိုင်းဆော့ဝဲမြင့် တင်ရမည့်အပိုင်းများကိုပါ စဉ်းစားသင့်ပါသည်။ နိုကီယာဖုန်းများ ကတော့ကွန်ပျူတာနှင့် ချိတ်သုံးလျှင် လောလောဆယ် အကောင်းဆုံးဟုဆိုချင်ပါသည်။ကွန်ပျူတာနှင့် ချိတ်ဆက်သုံးလိုပါက Nokia Ovi Suit, PC Suit ဆော့ဝဲအား ကွန်ပျူတာအတွင်းထည့်သွင်း ချိတ်ဆက်သုံးရပါသည်။ စီးပွါးရေး အတွက်အလို့ငှာသုံးလိုပါက နိုကီယာသည် ဆော့ဝဲပိုင်းဆိုင်ရာနောက်ပိုင်း ပန့်ပိုးမှုတော်တော်ကောင်းပြီး ရှုပ်ထွေးမှုမရှိပါ။ အလွန်စနစ်ကြပြီး အပ်ဒိတ်လုပ်ပြီး သုံးလိုပါကလည်း အဆင်ပြေပါသည်။ တခုရှိတာက အန်းဒရိုက်ဖုန်းများ တွင်မြန်မာစာထည့်ပြီး အင်တာနက်အားဟန်းဆက်ဖြင့်သာသုံးပါ ကတော်တော်ကောင်းပါသည်။ ဂျာဗား၊ ဆပ်ဘီယမ်ဖုန်းများ အတွက်မြန်မာဖွန့်ကတော့ ယခင် ၅၈၀၀ နိုကီယာဗားရှင်း အနိမ့်တွင်သာအဆင်ပြေပြီး အပ်ဒိတ်လုပ်ထားပါက အဆင်မပြေပါ။ ဟန်းဆက်ဖြင့်သာ ဂျီတော့၊ ဖေ့ဘုတ်ချက်တင်သုံးလိုပါက ebuddy နှင့် Nimbuzz နှစ်ခုဖြစ်သော ဖုန်းဆော့ဝဲများ တော်တော် ကာင်းပါသည်။ ယခုနောက်ပိုင်း Nimbuzz ကပိုပြီးအဆင်ပြေပါသည်။ ebuddy ဆော့ဝဲကတော့ ၅၈၀၀ ဖုန်းများတွင်သုံးရင်းဟန်းသွားတတ်ပါသည်။ ဂျာဗား၊ ဆပ်ဘီယမ်၊ အန်းဒရိုက်အိုအက် အားလုံးအတွက် အထက်ပါဆော့ဝဲနှစ်ခုထွက်ပါသည်။ နောက်ပိုင်းနိုကီယာ အိုဗီအိုင်စုမှပံပိုးပေးသောဖုန်းဆော့ဝဲများသည် ဗားရှင်းထပ်မြင့် လာသဖြင့်ယခင်ဖုန်းမော်ဒယ်များ လိုက်မြင့်ပြီးတင်သုံးပါက Phone specification ဖုန်းပါစက်အစိတ်ပိုင်းများ ကကောင်းစွာလိုက်မလုပ်နိုင်ဘဲ စက်ပါဝါသေခြင်း၊ သုံးနေစဉ်ရပ်သွားခြင်း (ဟန်းသွားခြင်း) မကြာခဏဖြစ်ပါသည်။ လက်ရှိသုံးနေသော ဗားရှင်းဖြင့်သာအဆင်ပြေပါက မလိုအပ်ဘဲမော်ဒယ် အဟောင်းဟန်းဆက်များအား ဗားရှင်းမမြင့်စေချင်ပါ။ စီးပွါးရေးအတွက်နှင့် အင်တာနက်အတွက် သုံးပါက လောလောဆယ် နိုကီယာတံဆိပ်ကိုပိုသဘောကျပါသည်၊အဆင်ပြေပါသည်ဟု အတွေ့အကြုံအချို့အား မျှဝေပေးလိုပါသည်။
Android တွေ၊ နာက်ပိုင်းထွက် Sambium OS တွေမှာ Wi Fi ပါရင်... wifi tethering သို့မဟုတ် wifi hotsopt စတဲ့ဖန်ရှင်ဖွင့်ပြီး ၀ိုင်ဖိုင်ပါတဲ့ကွန် ပျူတာနဲ့ချိတ်သုံးကြတယ်။ ဘက်ထရီအကုန်မြန်တယ်။ ကြိုးနဲ့ချိတ်သုံးတာက နောက်ပိုင်းထွက်ဖုန်းတွေမှာ ဒေတာရော ပါဝါတခါတည်း သုံးနေစဉ် သွင်းတဲ့စနစ်ပါပါတယ်။
......................................................
Nokia, Sony Java, ဆမ်ဘီယမ် ဖုန်းများတွင်....
menu....setting....connectivity....network...destination..အောက်ရှိ...Access point name တွင် mptnet ရိုက်ပါ။ connectivity အောက်ရှိ admin setting တွင် packet data အောက်တွက် when need နှင့် အောက်အကွက်တွင် mptnet ရိုက်ပါ။ web browser ရှိ setting တွင်ဝင်ပြီး always ask ပဲထားပါ။ ဒါမှ wifi ရတဲ့နေရာမှာသုံးလိုရင်လည်း ရွေးနိုင်မှာဖြစ်ပါတယ်
...................................................
Android ဖုန်းများတွင်
setting......wireless and network.... mobile network... Menu key နှိပ်.. New APN.. Name မှာ ကြိုက်တာထည့်၊ APN (access point name) မှာ mptnet နှင့် Authentication Type မှာ PAP/CHAP ရွေး၊ Type မှာ Internet ရွေး ( Blank ပြရင်မထည့်ရပါ။) home key ဘေး Menu ခလုတ်နှိပ်ပါ save လုပ်ထွက်ပြီး browser ဖွင့်သုံးပါ။
......................................................
အိုင်ဖုန်းတွေမှာဆိုင်လျှင် Goto Settings,General, Network,
Cellular data Network and enter the below settings:
Cellular data
APN: mptnet ရိုက်ပါ
username: မလိုပါ
password: မလိုပါ
MMS (မာတီမီဒီယာမက်စေ့) အတွက်မလိုပါ။
Tethering အတွက်
APN: mptnet ရိုက်ပါ။
username: မလိုပါ
password: မလိုပါ
*** သုံးတဲ့နေရာမှာ Traffic data, Data Roaming တို့ကို on ထားပါ။

From: ကိုလတ်(ကျွဲဆင်း)နည်းပညာစု့စည်းမှု