Friday, September 6, 2013

လုပ်ငန်းရှင်ဖြစ်လာရန် နည်းလမ်း

ဒါကတော့ နိုင်ငံတကာက ပြောတဲ့ Formal Step တွေပေါ့နော်။ မြန်မာပြည်နဲ့ကတော့ ဘယ်သူပါ့မလဲ။ သို့ပေ မယ့် လေ့လာလို့ရအောင် သူတို့ နည်းလမ်းလေးကို မျှဝေ ပေးလိုက် ရပါတယ်။ 



1. Find a Product (or idea)

ပထမဆုံး ကုန်ပစ္စည်းတစ်ခုကို ရှာဖွေရမယ်။ အိုင်ဒီယာဆိုလည်း အိုင်ဒီယပေါ့။ အဲဒါက လူသိများကောင်း လူသိများလိမ့်မယ် သို့ပေမယ့် ပြီးပြည့်စုံလောက်အောင် မကောင်းသေးတဲ့ အရာတစ်ခု။

2. Buy One and Stuty it

အဲ့ ပစ္စည်းကို ဝယ်ရမယ်။ ပြီးတော့ အသေးစိတ် ကျကျ လေ့လာရမယ်။ အိုင်ဒီယာဆိုရင်လည်း ယင်း အိုင်ဒီယာကို အတွင်းကျကျ လေ့လာရမယ်။ လိုအပ်ရင် ထပ်မံ သင်ယူရအုံးမယ်။

3. Figure out how to improve it

အသေးစိတ်လည်းလေ့လာပြီးပြီ။ သင်ယူလေ့လာမှုလည်း ပြီးပြီ။ ဒါဆိုရင် နောက်တစ်ဆင့် တက်ရမှာက ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ခြင်း ဖြစ်ပါတယ်။

4. Make a Prototype

ဖွံ့ဖြိုးအောင်လည်းလုပ်ပြီးပြီဆိုရင် Sample တစ်ခု အရင်ထုတ်ရပါမယ်။ ကနဦး စံနမူနာပစ္စည်း တစ်ခု ဖန်တီး ယူရပါမယ်။

5. Show the prototype to 100 people

လူသိပ်အများကြီးကို ပြစရာမလိုသေးဘူး။ Selected people ပဲ။ ရွေးထားတဲ့ သူတွေက ကို စံနမူနာ၊ အိုင်ဒီယာကို ဖောက်စားမယ့်သူ မဟုတ်ဖို့တော့ လိုပါမယ်။

6. Remake it

စံနမူနာကို Selected people ကိုလည်း ပြသပြီးသွားပြီဆိုရင် နောက်တစ် ဆင့် တက်ရမှာက remake ပါ။ သူတို့ ပေးတဲ့ Feedback ကိုအခြေခံလို့ အကောင်းဆုံးပြန်လည်ဖန်တီးရပါမယ်။ End Customer အတွက် လိုချင်စိတ် ပေါက်ရလောက်တဲ့ အထိ ဖြစ်ပါတယ်။

7. Fine a co-founder

ကိုယ့် ပရောဂျက်က အရမ်းကြီးတယ်ဆိုရင် တစ်ယောက်တည်းနဲ့ မရတော့ဘူး။ ဘယ်လိုပဲ ဖြစ်ဖြစ် အတူတွဲလုပ်မယ့် ပါတနာတော့ လိုပါမယ်။ co-fouder ပါ။ လက်တွဲလုပ်သူ တစ်ယောက်လည်း ခပ်ကောင်းကောင်း ပါတယ်ဆိုရင် အိုင်ဒီယာလည်း ပိုထွက်ပါတယ်။

8. Split with your co-founder

Co-founder နဲ့ ဆက်လုပ်တာပဲ ဖြစ်ဖြစ်၊ လမ်းခွဲတာပဲ ဖြစ်ဖြစ် ဒီ Level မှာ တိတိကျကျ အဖြေထွက်ဖို့ လိုပါတယ်။ တစ်ဖက်ကလည်း profit တစ်ခုရဖို့ ဖန်တီးကြိုးစားပေးတဲ့နေရာမှာ တစ်ခုမှ ပြန်မပေးနိုင်ရင် Split လုပ်ဖို့ ခက်ခဲပါတယ်။ ဒီတော့ ၅၀-၅၀ . ၅၀-၄၀ စွမ်းဆောင်ချက်၊ ရလဒ် အလျောက် သေချာ ခွဲတမ်းချပြီး ရှေ့ ဆက်ဖို့ လိုအပ်ပါတယ်။

9. Find a investor

ငွေထည့်မယ့် လုပ်ငန်းရှင်လိုအပ်ပါတယ်။ ယင်းလုပ်ငန်းရှင်ကို ကိုယ်ဖန်တီးထားတဲ့ Product ကို ချပြရပါမယ်။ Detail မလိုပါဘူး။ Investor အတွက် Profit and Process လောက်ပဲ focus လုပ်ပြီး Explain တာ ကောင်းပါတယ်။ Data Detail သွားရှင်းမိရင် Investor က Holder ဖြစ်သွားနိုင်ပါတယ်။

10. Give her your percentage

အိုင်ဒီယာမပါ ငွေရင်းသာစိုက်သူအတွက် ၁၀ ရာခိုင်နှုန်း လို့ ပုံသေတော့ သတ်မှတ်လို့ မရပါဘူး။ သို့ပေမယ့် ၁၀ ပုံပုံ ၃ ပုံထပ်ပိုပေးမိရင်တော့ ကိုယ့် Product က သူ့ Product ဖြစ်သွားနိုင်ပါတယ်။

11. Make the product

ငွေလည်းရှိပြီ။ Resource ရပြီ ဆိုရင် Product ထုတ်ဖို့ စနိုင်ပါပြီ။ ဒီအဆင့်မှ Product က ထုတ်လုပ်တာပါ။ လက်ထဲမှာ co founder နဲ့အတူဖန်တီးထားတဲ့ finalize product simple ပဲ ရှိပါသေးတယ်။

12. Sell your product

နေရာဒေသ အလိုက်ပေါ့။ ကိုယ့် ကုန်ပစ္စည်းကို Customer ဘယ်လောက်ဆီ ဘယ်လောက် ရောင်းနိုင်ရမယ်ဆိုတာ ကိုယ်တိုင် Target ထားရမှာပါ။

13. Get more money

ကုန်ပစ္စည်း ရောင်းချပြီဆိုရင်တော့ ငွေကတော့ ဝင်ပါပြီ။ ဝင်ငွေကို ခွဲတမ်းချပြီး Production အတွက် ထပ်မံ Invest လုပ်ရပါမယ်။

14. Go to Stock

စတော့ ရှယ်ယာဈေးကွက်သို့ ဝင်ရောက်ခြင်းပါ။ ဒါကလည်း မြန်မာပြည်မှာ မကြာမီ နှစ်အနည်းငယ် အတွင်း ဖြစ်လာတော့မယ် ဈေးကွက်ပါ။ စတော့ရှယ်ယာဈေးကွက်ကြောင့် ပုံမှန်လည်ပတ်နေတဲ့ Money Cycle အတွက် အဓိက Profit ရနိုင်တဲ့ source တစ်ခုလည်း ဖြစ်သွားနိုင်ပါတယ်။ ရှယ်ယာရောင်းမယ်။ ရှယ်ယာရှင် အသစ်တွေ ဝင်လာမယ်။ ရှိရင်းစွဲတွေ ထွက်မယ် အစရှိသဖြင့် လည်ပတ်နေတဲ့ စတော့ရှယ်ယာ ဈေးကွက် က ခေါင်းစားစရာနေရာတစ်ခုလည်း ဖြစ်လာမှာပါ။

ဒီတော့ စတော့ရှယ်ယာ ဈေးကွက်အကြောင်း ကို သေချာ လေ့လာ ထားဖို့လိုအပ်ပါနိုင်ပါတယ်။ နိုင်ငံတကာက စတော့ရှယ်ယာ အပြင် ပြည်တွင်းမှာ ဖြစ်ပေါ်လာနိုင်မယ့် ပုံစံကို ယခုကတည်းက ကြိုတင်လေ့လာထားဖို့ လိုအပ်ပါတယ်။ အနာဂတ်ဟာ မဝေးတော့ပါဘူး။ လူတိုင်း ကြိုးစားရင်၊ အိုင်ဒီယာကောင်း၊ Product ကောင်းရှိရင် လုပ်ငန်းရှင် ဖြစ်နိုင်ပါတယ်။ အထက်ပါ ဖော်ပြချက်များ က နိုင်ငံတကာ ကပြောတဲ့ အကြောင်းအရာပါ။ ပြည်တွင်းမှာ ဒါနဲ့ ထပ်တူကျဖို့ မသေချာ ပါဘူး။ Localization အတွက် Change လုပ်ရမယ့် Strategy တွေ အများကြီးပါ။ အားလုံး Business Idea ရဖို့ ရေးသား မျှဝေ ပေးလိုက် ရပါတယ်။
.
အောင်ခမ်း (TSJ team)

Thursday, September 5, 2013

WiFi ကို အသုံးပြုပြီး တစ်ဦးတစ်ဦး Walkie Talkie ပြောကြမယ်။

WiFi ကို အသုံးပြုပြီး တစ်ဦးတစ်ဦး Walkie Talkie ပြောလို့ရမယ့် App ပါ 


အင်တာနက်မလိုပါဘူး။ ဒါကြောင့် တစ်ဦးနဲ့တစ်ဦး စကားပြောဖို့
ငွေမကုန်ပါဘူး။ Battery ပဲ အားကုန်ပါမယ်
ဖုန်းတစ်လုံးနဲ့ တစ်လုံး WiFi ချိတ်ကာ ပြောနိုင်ပါတယ်။
ကျွန်တော်စမ်းကြည့်တာ ပေ(၁၀၀)ပတ်ချာလည်လောက် ကောင်းကောင်း ကြားရပါတယ်။ ဒါကြောင့် ကျောင်းသူကျောင်းသားများ တစ်ခန်းနဲ့တစ်ခန်း စကားပြောတာ၊ ရုံးသူ ရုံးသားများ အပေါ်ထပ် အောက်ထပ် စကားပြောတာ၊ အိမ်နီးချင်း ချစ်သူစုံတွဲတွေ တော်ကီပွားနိုင်တာ စသဖြင့် ပေ(၁၀၀)ကျော် ပတ်လည်အတွင်း ငွေမကုန်ပဲ အပြန်အလှန် တော်ကီတွေ ပွားနိုင်တယ်ဗျာ။

ဖုန်းတစ်လုံးနဲ့တစ်လုံး WiFi ချိတ်နည်းကတော့ အားလုံးသိကြမှာပါ။ မသိရင်လဲ ပြောပါမယ်။ အရင်ဆုံး ဖုန်းတစ်လုံးရဲ့ Setting ထဲကိုသွားပါ။ Tethering and portable hotspot ကိုဝင်ပါ။
Portable Wi-Fi hotspot ကို ဖွင့်လိုက်ပါ။ ဒါဆို Wi-Fi လွှင့်လိုက်ပါပြီ။ နောက်ဖုန်းတစ်လုံးက ထို လွှင့်ထားတဲ့ Wi-Fi ကို ချိတ်ဆက်ရမှာဖြစ်ပါတယ်။ ချိတ်ဆက်နည်းကတော့ ချိတ်ဆက်မယ့်
ဖုန်းရဲ့ Setting ထဲကို ၀င်ပြီး Wi-Fi ကို ဖွင့်လိုက်ပါ။ ခုနက လွှင့်ထားတဲ့ လိုင်းကို မြင်ရရင် တစ်ချက်နှိပ်ကာ ချိတ်လိုက်ရုံပါပဲ။ ဒါဆို ဖုန်းတစ်လုံးနဲ့တစ်လုံး Wi-Fi ချိတ်ဆက်သွားပါပြီ။

ချိတ်ဆက်ပြီးသွားရင် WiFi Talkie ကိုဖွင့်လိုက်ပါ။ ညာဘက်ထောင့်က ခလုတ်ကို On လိုက်ပါ။ Channel ကတော့ ဖုန်းနှစ်လုံးစလုံးမှာ တူရပါမယ်။ Channel တူမှ စကားပြောနိုင်ပါမယ်။ Channel လိုင်းတွေ အများကြီးပါတယ်။ ကိုယ်ကြိုက်ရာ လိုင်းကို ဖုန်းနှစ်လုံးစလုံးမှာတူအောင်
ပြောင်းပြီး ပြောရုံပါပဲ။ ဖုန်းအမျိုးစားပေါ်မူတည်ပြီး ဆူညံသံ(Noise) အနည်းငယ်ရှိပါတယ်။ Volume ကို တစ်ဝက်လောက်ထားပြီး ပြောရင် အသံကြည်ကြည်လင်လင်နဲ့ အိုကေပါတယ်။ Walkie Talkie ပုံစံဖြစ်လို့ လက်နဲ့ဖိ စကားပြော၊ နားထောင်ချင်ရင် ပြန်လွှတ် ရပါမယ်။
ဒီလောက်ဆို အိုကေနေပြီနော် .. ပိုက်ပိုက်မကုန်ပဲ တစ်ဦးနဲ့တစ်ဦး ဆက်သွယ်နိုင်တာမို့ အမြန်သာ ဒေါင်းပြီး ကလိကြပေတော့ ဘော်ဒါတို့။ Android 2.2 နှင့်အထက် ဖုန်းများတွင် အသုံးပြုနိုင်ပါတယ်။

<<Download Link>>

https://www.dropbox.com/s/wjyfg3kb71d7ivd/Mr.AD%20-%20WiFiTalkie.apk

http://www37.zippyshare.com/v/34342438/file.html

Friday, August 30, 2013

ကမ္ဘာကျော် ပုဂ္ဂိုလ် (၃) ယောက် အကြောင်း

အဲလ်ဘတ်အိုင်းစတိုင်း

 

သမိုင်းမှာ အကြီးကျယ်ဆုံး ရူပဗေဒပညာရှင်ကြီး တစ်ဦးဖြစ်ပြီး သူ့ရဲ့အမည်ဟာ ပါရမီဥာဏ် ကြီးကျယ်မှုရဲ့ အမှတ်သညာ တစ်ခုလည်း ဖြစ်ပါတယ်။ သူ့ရဲ့အကျော်ကြားဆုံး လုပ်ဆောင်ချက်
တစ်ရပ်ဖြစ်တဲ့ ရီလေတစ်ဗတီ သီအိုရီကို ၁၉၁၉ ခုနှစ်မှာ သက်သေပြ ဖော်ထုတ်ခဲ့ချိန်ကစလို့ သူဟာ ကမ္ဘာ့အထင်ရှားဆုံး  သိပ္ပံပညာရှင် တစ်ဦးဖြစ်လာခဲ့ပြီး ရူပဗေဒဆိုင်ရာ နိုဘယ်လ်ဆုကို ၁၉၂၁ ခုနှစ်မှာ ဆွတ်ခူးခဲ့ပါတယ်။ သူဟာ ငြိမ်းချမ်းရေး ဝါဒီတစ်ဦးဖြစ်ပေမဲ့ သူ့ရဲ့ သိပ္ပံသီအိုရီတွေက အမေရိကန် ပြည်ထောင်စုကို  အဏုမြူဗုံး ထုတ်လုပ်ဖို့  အကူအညီ ပေးခဲ့ပါတယ်။ သူမသေဆုံးမီ ရက်သတ္တတစ်ပတ် အလိုမှာ  အိုင်းစတိုင်းက နျူကလီးယား ဆန့်ကျင်ရေး လှုံ့ဆော်သူ တစ်ဦးဖြစ်တဲ့ ဗြိတိသျှ ဒဿနိကဗေဒ ပညာရှင် ဘာထရန်ရပ်ဆဲကို နိုင်ငံအားလုံး နျူကလီးယား လက်နက်တွေကို စွန့်လွှတ်ကြဖို့ ကြေညာစာတမ်း တစ်ခုမှာ သူ့အမည်ထည့်သွင်း ပေးဖို့ တောင်းဆိုခဲ့ပါတယ်။

အဒေါ့ဖ်ဟစ်တလာ

 


ဟစ်တလာဟာ ၁၉၃၃ ခုနှစ်ကနေ ၁၉၄၅ ခုနှစ်အထိ ဂျာမနီနိုင်ငံရဲ့ ခေါင်းဆောင်တစ်ဦး ဖြစ်ခဲ့ပါတယ်။  အဲဒီကာလဟာ ကမ္ဘာ့သမိုင်းမှာ ပျက်စီးဆုံးရှုံးမှု အများဆုံး ဒုတိယ ကမ္ဘာစစ်ကြီး ဆီကို 
ဦးတည်နေတဲ့ အချိန်လည်း ဖြစ်ပါတယ်။ ဟစ်တလာရဲ့ ဂျူးလူမျိုးတွေကို မုန်းတီးမှုက သူ့ကို ဒုတိယ ကမ္ဘာစစ် အတွင်းမှာ ဂျူး ခြောက်သန်း သုတ်သင်သတ်ဖြတ်မှုကို ဦးတည်စေခဲ့ပါတယ်။  ဂျူးအများစုဟာ အရှေ့ဥရောပ ဒေသက အကျဉ်းစခန်းတွေမှာ သေဆုံးခဲ့ကြရတာ ဖြစ်ပါတယ်။

မဟတ္တမ ဂန္ဓီ

 

ဂန္ဓီဟာ သူ့ရဲ့ဘဝကို  ရှေ့နေတစ်ဦးအဖြစ် စတင်ခဲ့ပေမဲ့ နောက်ပိုင်းမှာ   ကြီးကျယ်တဲ့ နိုင်ငံရေးနဲ့ ဘာသာရေး ခေါင်းဆောင်တစ်ဦး ဖြစ်လာခဲ့ပါတယ်။  သူဟာ ဗြိတိသျှ အစိုးရအပေါ် ငြိမ်းချမ်းစွာ
အာခံဆန္ဒပြမှုကို ဗြိတိသျှ အစိုးရနဲ့၁၉၄၇ ခုနှစ်မှာ စေ့စပ်ဆွေးနွေးချိန်အထိ ဦးဆောင်ခဲ့ပါတယ်။၁၉၄၇ ခုနှစ်မှာပဲ အိန္ဒိယနိုင်ငံဟာ လွတ်လပ်ရေး ရရှိခဲ့ပါတယ်။ ဂန္ဓီဟာ အိန္ဒိယ ပြည်သူတွေရဲ့ ဖိနှိပ်ချုပ်ချယ်မှုကနေ ပြန်လည် ရုန်းကန်ခဲ့ရာမှာ ပထမဆုံး ထင်ရှားတဲ့ ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာခဲ့ပါတယ်။ သူ့ရဲ့ရိုးရှင်းတဲ့ လူနေမှုဘဝပုံစံနဲ့ ဘာသာရေးဆိုင်ရာ သည်းခံမှုတွေမှာ သူ့ရဲ့ ယုံကြည်ချက်တွေက သူ့ကို သန့်ရှင်းငြိမ်းချမ်းတဲ့  အမှတ်သညာတစ်ခု ဖြစ်လာစေခဲ့ ပါတယ်။ 

Thursday, August 22, 2013

" စိန်" အကြောင်းသိကောင်းစရာ.....



စိန်ဈေးနှုံးကိုသတ်မှတ်ရာတွင် အောက်ပါအချက်၎ချက်ဖြင့်သတ်မှတ်ပါသည်။4Cဟုအတိုကောက်မှတ်နိုင်သည်။

၁။ Carat -စိန်၏အလေးချိန်
၂။ Clarity -စိန်၏သန့်စင်မှု
၃။ Cut -စိန်၏သွေးကွက်ပုံကျမကျ
၎။ Color -စိန်၏အရောင်အသွေး

အထက်ပါအချက်၎ချက်သည်တချက်ကိုတချက်မှီခိုမှုရှိသည် ။

ဥပမာစိန်၏အရွယ်မှာ၃ကာရက်ရှိပြီးအရောင်မှာအညိုရောင်ဖြစ်နေသည်။ စိန်ကိုရှေးစိန်သွေးကွက်ဖြင့်သွေးထားမည်။သာမန်မျက်စေ့(မှန်ဘီလူးမပါ )ကြည့်ပါကစိန်အတွင်းသားနှင့် မျက်နှာပြင်တွင်အမည်းစက်နှင့်အနာရှိနေပါက စိန်အရွယ်၁ကာရက်ရှိပြီး အ၀ါရောင်အနေမရှိသောစိန်ကသာလျှင်ပိုတန်ဖိုးရှိလေသည်။


၁။Carat

ရတနာများ၏အလေးချိန်ကိုဖော်ပြရာတွင် ကာရက်ချိန်ကိုသုံးပါသည် မြန်မာပြည်တွင်ရတီချိန်ကိုသုံးသော်လည်း ကမ္ဘာ့ဈေးကွက်တွင်ကာရက်ကိုသာသုံးပါသည်။ ၁ကာရက်=၁.၁ရတီ


၂။ Clarity

စိန်၏သန့်စင်မှုကိုအောက်ပါအတိုင်းသတ်မှတ်ပါသည်။
F=Flawless
IF=Internally Flawless
VVS1=Very Very Small Inclusion
VS=Very Small Inclusion
S1=Small Inclusion
I=Inclusion
P=Commercial Use
F&IF အဆင့်များသည်၁၀ဆမှန်ဘီလူးဖြင့်ကြည့်ပါကလုံးဝအနာအဆာမရှိခြင်းဖြစ်သည်။ VVS1 မှာသာမန်မျက်စိဖြင့်အနာမမြင်နိုင်ပဲ၁၀ဆချဲ့မှန်ဘီလူးဖြင့်ကြည့်လျှင် အပ်ခေါင်းလောက်ရှိသောအမှုန်ကို
ကျောက်မျက်ပညာရှင်ကတွေ့နိုင်ပါသည်။ မြန်မာအခေါ်အရအစင်အသန့်ဟုခေါ်နိုင်ပါသည်။ ဈေးကွက်တွင်VVS1 VVS2 ဟူ၍ထပ်မံခွဲထားပါသည်။ VVS2တွင်အမှုန်၂စက်၃စက်ခန့်ပါနိုင်ပါသည်။ VSSတွင်လည်းVS1 VS2 ဟူ၍ထပ်
ခွဲပါသည်။အစက်အပြောက်အနာအဆာများပါနိုင်ပါသေးသည်။ S1တွင်လည်း S1, S2, S3ဟူ၍ခွဲထားပါသည်။ အနာကြီးအမည်းစက်များပါနိုင်ပြီးမျက်စိဖြင့်မြင်နိုင်ပါသည်။Iတွင်လည်း I1,I2ဟူ၍ခွဲကြပါသည် ။မြန်မာအခေါ်ရေခဲသားဟုခေါ်သည်။ေ ရခဲတုံးကိုကြည့်
လျှင်အသားမကြည်ဘဲအက်ကြောင်းများတွေ့ရသကဲ့သို့ ၄င်းစိန်တွင်လည်းစိန်၏အလင်းမရှိတော့ဘဲ ရေခဲတုံးကဲ့သို့ဖြစ်နေပါသည်။ နောက်ဆုံးအမျိုးအစားပီမှာအလွန်ညံ့သောစိန်ဖြစ်ပြီးလုံးဝမ၀ယ်သင့်ပေ။
မြန်မာလူမျိုးများအနေဖြင့် ပွင့်အားကောင်းလျှင်(မီးအားကောင်းလျှင်) ကြိုက်ကြသည်။ စိန်၏သဘောမှာအကြမ်းအားဖြင့်အနည်းငယ်ဝါနေလျှင်မီးပိုအားကောင်းသည်။


၃။Cut

စိန်၏သွေးကွက်ပုံမကျလျှင်လည်းစိန်၏မီးကောင်းမှု၊ လင်းလက်မှုအလှကိုမဖော်ပြနိုင်ပေ။ စိန်တပွင့်လျှင်အကွက်၅၇ကွက်ရှိပါသည်။ အချို့စိန်တွင်၅၈ကွက်ရှိနေတတ်ပါသည်။ အပိုကွက်ကို extra
Facetedဟုခေါ်သည်။ ၄င်းအပိုကွက်၁ကွက်ပါခြင်းသည်လည်းစိန်၏ဈေးနှုံးကိုကျစေပါသည်။ သာမန်မျက်စိဖြင့်မမြင်နိုင်ပေ။ မြန်မာပြည်တွင်ရှေးအခါကစိန်များကို ၅၇ကွက်နည်းဖြင့်မသွေးကြပါ။ စိန်အလေးချိန်မလျော့စေရန်နှင့် နည်းပညာအားနည်းမှုများကြောင့်ဖြစ်သလိုသွေးထားကြလေသည်။ ထို့ကြောင့်ပုံပန်းမကျဖြစ်ပြီးစိန်၏ပွင့်အားနှင့် အလှအပကိုမဖော်ပြနိုင်ပေ။ ယနေ့ခေတ်တွင် အပါးရိုင်းပုံကျ၅၇ကွက်စိန်ကိုသာ ကမ္ဘာ့ဈေးကွက်ဝင်ပါသည်။ ထို့ကြောင့်ရှေးစိန်များအရွယ်ကြီးပြီးမလှပသဖြင့်တန်ဖိုးနည်းပါသည်။


၎။ Color

စိန်၏အရောင်ကိုအောက်ပါအတိုင်းအဆင့်ခွဲထားပါသည်။
D, E, F, G, H, I, J, K, L, M, N,…………X
D, E, F =Colorless
G, H, I=Tinted White
K, L, M = Faint Yellow
N, O, P, Q, R, S, T =Very Ligh Yellow
U, V, W, X = Light Yellow
မြန်မာအခေါ်အရ I color ကိုအဖြူဟုခေါ်သည်။ အမှန်တကယ်တွင် အတွေ့အကြုံရှိသူများသာ- G-Iကိုမှန်ဘီလူးဖြင့်ကြည့်ပါက အနည်းငယ်ဝါနေကြောင်းမြင်နိုင်ပါသည် ၊မြန်မာလူမျိုးများ၏အကြိုက်မှာအနည်းငယ်ဝါပြီဲး J-N အရောင်၊သန့်စင်မှုအဆင့် VVS2ကိုကြိုက်ကြသည်။ အရောင်နိမ့်ပြီးသန့်စင်မှုမြင့်သည်ကိုပိုမိုနှစ်သက်ကြပါသည်။ အမေရိကားတွင်မူလူအများစုမှာအရောင်မြင့်င်္ပြီ F, G, H သန့်စင်မှုအဆင့် S1, Iကိုသာအများဆုံးဝယ်ယူဝတ်ဆင်ကြသည်။
ဈေးကွက်တွင်မူ D, E, Fမှာ၎င်း၏ရှားပါးမှုကြောင့် တန်ဖိုးကျခြင်းမရှိသဖြင့် ရတနာစုသူများဝယ်သင့်ပါသည်။
နိုရာ စုစည်းတင်ပြသည်။

Credit to Natural Jade ရတနာဆိုင်

မှတ်ချက်။ ။ မန္တလေးဂေဇက် သြဂုတ် ၂၀၀၆ တွင်ပါသော ဆောင်းပါးကို ပြန်ဖေါ်ပြခြင်းဖြစ်သည်။

ရာဇ၀င်ကြားက စိန်ပွင့်များ



ကမ္ဘာပေါ်မှာ တန်ဖိုးအရှိဆုံး ကျောက်မျက်ရတနာဟာ စိန်ရယ်လို့ လူအများက လက်ခံကြသလို စိန်ဆိုတာဟာလည်း အမျိုးသမီးများရဲ့ သည်းခြေကြိုက် ရတနာတစ်ပါးဖြစ်ပါတယ်.. ကမ္ဘာ့တန်ဖိုးအကြီးဆုံး စိန်ကို ပိုင်ဆိုင်ခွင့်သာရမယ်ဆိုရင် ဘယ် အမျိုးသမီး မဆို လိုချင်ကြလိမ့်မယ် ထင်ပါတယ် ။ တကယ်လို့များ စိန်ထည် လက်ဝတ်ရတနာ လက်ဆောင် ပေးမယ်ဆိုရင်လည်း ငြင်းပယ်မဲ့သူ ဆိုတာ အင်မတန်မှ ရှားမယ် ထင်ပါတယ်. စိန်ဆိုရင် ကြီးကြီးသေးသေး လေဒီမမတို့က ကြိုက်ပြီးသား ဖြစ်ကြပါတယ်.. စိန်တစ်ပွင့်ဖြစ်လာဖို့ ကမ္ဘာမြေကြီးရဲ့ အောက်ခြေမှာ ဖိနှိပ်အားတွေနဲ့ ဖိနှိပ်ခံရပြီး နှစ်သန်းပေါင်းများစွာ အချိန်ကြာတဲ့အခါမှ စိန်ဆိုတာ ဖြစ်ပေါ်လာတာပါ။ စိန်ဟာ ရတနာအားလုံးထဲမှာ အမာကြောဆုံးနဲ့ အတောက်ပဆုံး ရတနာလည်း ဖြစ်ပါတယ်.. ဒါကြောင့်လည်း စိန်ကို ကျောက်မျက်ရတနာ လောကမှာ ရှားပါး တန်ဖိုးကြီးရတနာအဖြစ် သတ်မှတ်ထားတာ ဖြစ်ပါတယ်။

စိန်စီသောညလို တန်ဖိုးကြီးမားတဲ့ စိန်အလုံးကြီးတွေ မ၀တ်နိုင်ဘူးဆိုရင်တောင် စိန်သေးလေးတွေနဲ့ လှလှပပ ယှက်သွယ်ထားတဲ့ လက်ဝတ်ရတနာတွေကို ၀တ်ဆင်တတ်ကြသေးတယ်လေ။ စိန်ရဲ့အရောင်ဟာ အဖြူရောင်ရယ်လို့ လူသိများကြပေမဲ့ အရောင်မရှိတဲ့ အရောင်မဲ့ကနေ အရောင်မျိုးစုံ ရှိနိုင်ပါတယ်.. စိန်ကို တောင်အာဖရိက၊ အိန္ဒိယ၊ ဥရောပ စတဲ့ဒေသတွေက ထွက်ရှိပြီး အာဖရိက ကတော့ စိန်တွင်းတွေ များစွာရှိတဲ့ အရပ်ဒေသအဖြစ် နံမည်ကျော်ပါတယ်.. ကျောက်မျက်ရတနာတွေဟာ တန်ဖိုးကြီး လှပလာလေ လူတွေရဲ့ လိုချင်ရမ္မက်ဇော ပြင်းထန်လေဘဲ ဖြစ်ပါတယ်.. ပြီးတော့လည်း ကျောက်မျက် ရတနာတိုင်းမှာ အစွမ်းသတ္တိတွေ ကိုယ်စီ ရှိကြတယ်လို့လည်း မှတ်သားရဖူးပါတယ်.. ၀တ်ဆင်သူကို အကျိုးပေးတဲ့ အစွမ်းသတ္တိရှိသလို အချို့သော ရတနာတွေဟာ ၀တ်ဆင်သူကို ခိုက်စေတတ်တဲ့ ဂုဏ်သတ္တိ ရှိတယ်လို့ သိရပါတယ်.. အခု ပြောပြချင်တာက ကမ္ဘာပေါ်မှာ ထွက်ရှိပြီး စိန် တန်ချိန်များစွာထဲကမှ ရှေးနှစ်ပေါင်း များစွာကတည်းက ပေါ်ပေါက်ခဲ့ပြီး ပိုင်ဆိုင်သူ အဆက်ဆက်နဲ့အတူ ထူးခြားတဲ့ရာဇ၀င်တွေ ရှိခဲ့တဲ့ ကမ္ဘာ့တန်ဖိုးအကြီးဆုံး စိန်ပွင့်တွေ အကြောင်း ပြောပြချင်ပါသေးတယ်..


(၁) Kohe Noor Diamond

ပါရှန်ဘာသာအရ တောင်တန်းရဲ့ အလင်းရောင်လို့ အဓိပ္ပါယ်ရတဲ့ ကိုဟီးနူး Koh-i-Nur ခေါ် Koh-e Noor လို့လည်း စားလုံးပေါင်းကြတဲ့ စိန်ပွင့်ကြီးဟာ ယခုချိန်မှာတော့ ၁၀၅.၆ ကာရက်( ၂၁.၆ ဂရမ်) အလေးချိန်ရှိပြီး သန့်စင်တဲ့ အဖြူရောင် စိန်ပွင့်ကြီးဖြစ်ပါတယ်.. တစ်ချိန်က ၇၉၃ ကာရက် ရှိခဲ့တာကြောင့် ကမ္ဘာ့အကြီးဆုံး စိန်ပွင့်ကြီးအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်.. ရတနာကုန်သည် Borgio လက်ထက်မှာ ၄င်းစိန်ကြီးကို ပိုမိုတောက်ပပြီး လင်းလက်လာစေရန်အတွက် ၁၈၆ ကာရက်အထိ ဖြတ်တောက်လိုက်ကာ ခုချိန်မှာတော့ ၁၀၅.၆ ကာရက်သာ ရှိတော့ကြောင်း သိရပါတယ်.. စိန်ကြီးကို ပိုင်ဆိုင်တဲ့ မူလပိုင်ရှင်တွေဟာ အိန္ဒယနိုင်ငံမှ ဖြစ်ပြီး ကမ္ဘာပေါ်မှာ စိန်တွေကို အစောဆုံး တူးဖော်ထုတ်လုပ်ခဲ့တဲ့ စိန်တွင်းတွေ ရှိတဲ့ ဒေသကနေ တူးဖော်တွေ့ရှိခဲ့တယ်လို့ သိရပါတယ်..

အချို့သော ဟိန္ဒူကျမ်းဂန်များအရ ၄င်း စိန်ပွင့်ကြီးဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀၀၀ လောက်ကတည်းက ရာဇ၀င်တွေထဲမှာ ပါဝင်ခဲ့တဲ့ စိန်ပွင့်ကြီးဖြစ်တယ်လို့ဖတ်ရဖူးပါတယ်... အများနဲ့မတူ တမူထူးခြားတဲ့ ဒီစိန်ကြီးဟာ ကျိန်စာသင့်တဲ့စိန်လို့လည်း ဆိုကြပါသေးတယ်။ ဒီစိန်ကြီးကို စစ်နိုင်သူက အဆင့်ဆင့် သိမ်းပိုက်ခဲ့ကြတာကြောင့် ခေတ်အဆက်ဆက် ပိုင်ဆိုင်ခဲ့ကြတဲ့ ဟိန္ဒူ၊ မဂိုရ်၊ အာဖဂန်၊ ဆခ် ဘုရင် မင်းညီမင်းသားများ၊ မဟာရာဇာ စော်ဘွားများ၊ ပါးရှန်းဘုရင်များဟာ ထီးနန်းလက်လွတ် ဆုံးရှုံးရတာတွေ ကံဆိုးမိုးမှောင်ကျခဲ့တာတွေ ထူးဆန်းစွာ တိုက်ဆိုင်မှု ရှိခဲ့ကြတော့ ကိုဟီးနူးစိန်ဟာ ပိုင်ဆိုင်ထားတဲ့သူ (အမျိုးသားများ) ကို ခိုက်စေတယ်ဆိုတဲ့ ယုံကြည်မှုတွေ ပြင်းထန်ခဲ့ကြပါတယ်.. ၄င်းစိန်ကို လက်ဝယ်ပိုင်ဆိုင်ထားသူ၊ ၀တ်ဆင်သူဟာ အမျိုးသမီးဖြစ်ခဲ့ရင်တော့ ကျိန်စာဟာ အကျိုးသက်ရောက်မှု မရှိဘူး လို့လည်း ဆိုကြပါတယ်..

အိန္ဒိယဟာ ကိုလိုနီနိုင်ငံအဖြစ် အင်္ဂလန်နိုင်ငံ လက်အောက် ကျရောက်ပြီးတဲ့နောက် ၄င်း ကိုဟီးနူးစိန်ဟာ အင်္ဂလန် ဘုရင်မ ၀ိတိုရိယရဲ့ သရဖူမှာ တတ်ဆင်ဖို့ သိမ်းပိုက်ခြင်း ခံလိုက်ရပါတယ်.. ယခုချိန်ထိလည်း ဘုရင်မရဲ့ သရဖူမှာ တတ်ဆင်ထားတဲ့ နန်းစဉ်ရတနာအဖြစ် ရှိနေခဲ့ပြီ ဖြစ်ပါတယ်.. ထူးဆန်းတဲ့ တိုက်ဆိုင်မှုကတော့ ဘုရင်မ ၀ိ တိုရိယ လက်ထက်မှာတော့ ကျိန်စာ အကျိုးသက်ရောက်မှုကို မတွေ့ခဲ့ရပါဘူး။ ပြီးတော့လည်း ၀ိ တိုရိယဘုရင်မဟာ ဒီ ကိုဟီးနူးစိန် တတ်ဆင်ထားတဲ့ သရဖူကို ဆောင်းခဲ့တဲ့ တစ်ဦးတည်းသော အမျိုးသမီး ဧကရာဇ်ဖြစ်ပါတယ်.. ခုချိန်မှာတော့ အဲလီဇဘက် ဘုရင်မကြီးက ဒီသရဖူကို ဆက်ခံသူဖြစ်နေပါပြီ။ ကိုဟီးနူး စိန်ကြီးဟာ အရည်အသွေးအားဖြင့်ရော သမိုင်းဝင် ရတနာအဖြစ်ပါ တန်ဖိုးကြီးမားလှတာကြောင့် ဘယ်ရွေ့ ဘယ်မျှရယ်လို့ တန်ဖိုးဖြတ်မရတဲ့ ကမ္ဘာ့ အဖိုးထိုက်တန်ဆုံး စိန်ကြီးတစ်ပွင့်အဖြစ် သတ်မှတ်ထားကြရပါတယ်..


(၂) Sancy Diamond

စိန်ပွင့်ကြီးဟာ အ၀ါရောင်ဖျော့ဖျော့ရှိပြီး ၅၅ ကာရက် အလေးချိန် ရှိပါတယ်.. ထူးခြားတဲ့ အရှေ့ရော အနောက် မျက်နှာစာပါ သရဖူပုံကဲ့သို့ နှစ်ဖက်ချွန် စိန်တစ်ပွင့် ဖြစ်ပါတယ်.. ရှေ့ကကြည့်လျှင် ဒိုင်း ပုံသဏ္ဍာန်ရှိပြီး အိန္ဒိယနိုင်ငံကနေ တူးဖော်တွေ့ရှိခဲ့တယ်လို့ ခန့်မှန်းကြပါတယ်.. ၁၅ရာစုနှစ်မှာ မြို့စားကြီး ချာလ်းဘိုလ်းက ၄င်းစိန်ကြီးကို ပိုင်ဆိုင်ခဲ့ပြီး ကံကောင်းစေတဲ့ အဆောင် ကျောက်မျက်ရတနာအဖြစ် အသုံးပြုခဲ့သော်လည်း စစ်ပွဲမှာ ကျရှုံးခဲ့ပြီးတဲ့နောက် သူပိုင်ဆိုင်တဲ့ စိန်ကြီးကိုလည်း ဆုံးရှုံးခဲ့ရပါတယ်.. ဒီစိန်ကြီးကို ပိုင်ဆိုင်ခဲ့သူတစ်ဦးဖြစ်တဲ့ Nicholas Harlai de Sancy ဟာ ကျောက်မျက်ရတနာတို့ရဲ့ ဂုဏ်သတ္တိကို နားလည်သူဖြစ်ပါတယ်..

သူဟာ ၄င်းစိန်ကြီးကို ပြင်သစ်ဘုရင်ထံ လူယုံတော် သံတမာန်လွှတ်ပြီး ဆက်သစေခဲ့ရာ လူယုံတော် သံတမန်ဟာ နန်းတွင်းသို့ ရောက်ချိန်တန်လို့မှ ရောက်မလာတဲ့အတွက် သံတမာန်ဟာ ဘုရင်ထံမရောက်ဘဲ စိန်ကြီးကို ခိုးယူထွက်ပြေးသွားတယ်လို့ ယူဆခဲ့ကြပါတယ်.. သို့သော်လည်း သူ့လူယုံတော်ရဲ့ သစ္စာရှိမှုကို ယုံကြည်တဲ့ de Sancy ဟာ လူယုံသွားတဲ့ လမ်းအတိုင်း ပြန်လိုက်တဲ့အချိန်မှာ ဓားပြတွေသတ်လို့ သေနေတဲ့ အလောင်းကို တွေ့ရပါတယ်.. အလောင်းကို ဗိုက်ခွဲစစ်ဆေးကြည့်တော့ အစာအိမ်ထဲမှာ ဒီစိန်ကြီးကို ပြန်တွေ့ခဲ့ရပါတယ်.. လူယုံဟာ ဓားပြတွေ ရန်ကနေ ကာကွယ်ဖို့ စိန်ကြီးကို မျိုချပြီး ကာကွယ်ခဲ့ပုံရပါတယ်.. Nicholas Harlai de Sancy ကို အစွဲပြုပြီး ၄င်းစိန်ကိုလည်း Sancy Diamond လို့ အမည်မှည့်ခေါ်ခဲ့ကြပါတယ်..

အဆင့်ဆင့် ပိုင်ရှင် ပြောင်းလဲလာပြီးနောက် ပြင်သစ်ဘုရင် လူဝီ ၁၄လက်ထက်မှာ ပြင်သစ်တော်လှန်ရေးကြောင့် တိုင်းပြည် မငြိမ်မသက်ဖြစ်ချိန်မှာ ၄င်းစိန်ဟာ အခိုးခံလိုက်ရပြီး နှစ်အနည်းငယ် ကြာတဲ့အခါမှာတော့ ပြန်လည်ပေါ်ထွက်လာပြီး ရုရှား မင်းသားတစ်ပါးထံ ရောင်းချခြင်းခံရပြန်ပါတယ်.. ၁၉၀၆ခုနှစ်မှာ Waldorf Astor ဟာ သူ့သားအတွက် မင်္ဂလာလက်ဖွဲ့အဖြစ် ၀ယ်ပေးခဲ့ပြီး ခုချိန်မှာတော့ ပြင်သစ်နိုင်ငံရဲ့ အကျော်ကြားဆုံး လုဗ် ပြတိုက်မှာ ခင်းကျင်းပြသထားတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်.. တန်ဖိုးအားဖြင့် မခန့်မှန်းနိုင်တဲ့ စိန်တစ်ပွင့်ဖြစ်ပါတယ်..


(၃) Cullinan Diamond

အဖြူရောင်ရှိ Cullinan Diamond ကို ၁၉၀၅ခုနှစ် ဇန်န၀ါရီလ ၂၆ရက်နေ့မှာ Premier Diamond Mining Company က စိန်တွင်းမန်နေဂျာ Frederick Wells က တောင်အာဖရိက စိန်တွင်းကနေ တူးဖော်ရရှိခဲ့တာ ဖြစ်ပါတယ်.. ၄င်း စိန်အရိုင်းတုံးကို တောင်အာဖရိက ကနေ အင်္ဂလန်ကို ပို့ဆောင်တဲ့အခါမှာ စိန်ကြီးကို လိုချင်တပ်မက်တဲ့ သူခိုးဓားပြ ရန်ကနေ ကာကွယ်ဖို့အတွက် လုံးခြုံရေးအခြေအနေအရ သင်္ဘောနဲ့ သယ်ဆောင်မယ်လို့ သတင်းလွှင့်လိုက်ကြပါတယ်.. တကယ်တမ်း သင်္ဘောပေါ်မှာ စိန်အတုသာ ပါသွားခဲ့ပြီး စိန်အစစ်ဟာ စာတိုက်ကနေ မထင်မရှား ပို့ပြီး လမ်းကြောင်းလွှဲခဲ့ကြပါတယ်.. စိန်တွင်းပိုင်ရှင် Sir Thomas Cullinan ကို အစွဲပြုပြီး Cullinan Diamond လို့ အမည်ပေးခဲ့ပြီး ၄င်း စိန်ပွင့်ကြီးဟာ တူးဖော်ရသမျှ စိန်တွေထဲမှာ ကမ္ဘာပေါ်မှာ အကြီးဆုံး အရိုင်းတုံးဖြစ်ပါတယ်..

Great of Africa ခေါ် Cullinan Diamond ခန့်မှန်းတန်ဖိုး ဒေါ်လာသန်းလေးရာဖြစ်ပါတယ်

မသွေးခင် အရိုင်းတုံးအဖြစ် ၃၁၀၆ ကာရက် ( ၆၂၁.၃၅ ဂရမ်) ရှိပြီး စိန်တုံးကြီးရဲ့ အလယ်မှာ အနက်ရောင် အစက်များ ထင်ထင်ရှားရှား ပါရှိနေတာကြောင့် ဖြတ်တောက် သွေးလိုက်တဲ့ အချိန်မှာတော့ အရွယ်အစားကြီးမားတဲ့ စိန်ပွင့် ၉ပွင့်နဲ့အတူ သေးငယ်သော စိန်ပွင့်ပေါင်းများစွာ ပေါ်ထွက်လာပါတယ်.. ၄င်းတို့ထဲမှာ အကြီးဆုံးစိန်၂ပွင့်က ၅၃၀.၄ ကာရက်( ၁၀၆.၁ ဂရမ်) ရှိနေတဲ့ တောက်ပလင်းလက်နေသော စိန်ပွင့်ကြီး Great of Africa သို့မဟုတ် Cullinan I Diamond နဲ့ ၃၁၇.၄ ကာရက်ရှိ Cullinan II သို့မဟုတ် Lesser Star of Africa လို့ ဖြစ်ပါတယ်.. ၁၉၈၅ ခုနှစ် Golden Jubliee Diamond မတွေ့ခင် အချိန်ထိ Great of Africa ဟာ ကမ္ဘာ့အကြီးဆုံး စိန်ပွင့်ကြီးအဖြစ် ရပ်တည်ခဲ့ပါတယ်.. Cullinan II ကတော့ ကမ္ဘာပေါ်မှာ စတုတ္ထမြောက်အကြီးဆုံး စိန်ပွင့်ဖြစ်ပါတယ်.. ယခုချိန်မှာ ၄င်း စိန်ပွင့်ကြီး ၂ခုလုံးဟာလည်း အင်္ဂလန်ပြည့်ရှင်ဘုရင်မကြီးရဲ့ သရဖူမှာ တတ်ဆင်ထားတာ ဖြစ်ပါတယ်..

ကျန်ရှိနေသေးတဲ့ နောက်ထပ် ကမ္ဘာ့တန်ဖိုးအကြီးဆုံး အလှပဆုံးသော စိန်ပွင့်များ အကြောင်းကိုတော့ အလျဉ်းသင့်သလို ဖော်ပြပေးပါဦးမယ်။ ဒီပိုစ့်လေးကိုတော့ ကျွန်တော် ရှာဖွေ ဖတ်မိတာလေးကို ချစ်ခင်ရပါသော မိတ်ဆွေများ ဗဟုသုတအတွက် ပြန်လည်မျှဝေပေးခြင်း ဖြစ်ပါတယ်.. အားလုံးလည်း ပျော်ရွှင်ချမ်းမြေ့ကြပါစေ။

Credit to အစိမ်းရောင်လွင်ပြင် (ချော)

Tuesday, August 13, 2013

မှားဖျက်မိတဲ့ ဖိုင်များကို ပြန်ရှာနည်းများ







Shift + Deleteနဲ့ ဖျက်မိလို့  Recycle Binမှာလည်း ရှာလို့ မတွေ့တော့တဲ့ ဖိုင်တွေကို ပြန်ရှာဖို့ နည်းအမျိုးမျိုး ရှိပါတယ်။ ဒီဆောင်းပါးမှာ မှားဖျက်မိတဲ့ဖိုင်၊ ပျောက်ဆုံးနေတဲ့ ဖိုင်တွေကို အောင်မြင်စွာ ပြန်ရှာနိုင်ဖို့  နည်းလမ်းတွေကို ရေးပေးပါမယ်။

တကယ် ဖျက်မိလားဆိုတာ သေချာအောင် အရင်စစ်ပါ
သင်ရှာနေတဲ့ ဖိုင်မတွေ့တော့တာဟာ တကယ် ဖျက်မိတာလား၊ နေရာထား မှားသွားတာလားဆိုတာ အရင် စစ်ဆေးသင့်ပါတယ်။ Recycle Binထဲသွားပြီး ဖိုင်ကို ပြန်ရှာပါ။ ဖိုင်တွေများပြားနေရင် Right Clickနှိပ်ပြီး Sort By>Date Deletedနဲ့ Filter လုပ်ပြီးရှာရင် ပိုလွယ်ကူပြီး မြန်မြန် ရှာတွေ့နိုင်ပါတယ်။


နေရာထားမှားသွားတာကို ပြန်ရှာဖို့  Windows Explorer ကနေ သင်ဖိုင်ကို သိမ်းထားတဲ့ Drive အောက်ကိုသွားပြီး Search Box ကနေ Drive တစ်ခုလုံးမှာပြန်ရှာပါ။


တကယ်လို့ သင့် ဖိုင်တွေကို Dropbox, Google Drive, or SkyDriveတို့လို Cloud Storageမှာ သိမ်းတတ်တဲ့သူဆိုရင် အဲဒီမှာပြန်ရှာပါ။ ရှာမတွေ့ ရင် Trashထဲမှာ ရှာနိုင်ပါသေးတယ်။ Trashကလည်း Cloud Storageရဲ့  Recycle Binတစ်ခုပဲ ဖြစ်ပါတယ်။

Backup မှာရှာပါ။

စက်ပစ္စည်းတွေဟာ ပျက်ဆီးတတ်တာကြောင့် သင့်ရဲ့ အရေးကြီးဒေတာတွေကို မှန်မှန် Backup လုပ်ဖို့  အကြံပေးပါတယ်။ သင်ဟာ Backupလုပ်ထားသူ တစ်ယောက်ဆိုရင်တော့ Backupမှာ ပြန်ရှာပါ။
Windowsမှာ Backup Toolsတွေ ပါရှိပြီး Windows 7မှာပါရှိတဲ့ Previous Version Toolက ဖိုင်တွေကို ပြန်ရှာဖို့ လွယ်ကူပါတယ်။ မှားဖျက်မိတဲ့ဖိုင်ရဲ့ ဖိုဒါပေါ်မှာ Right Clickနှိပ်ပြီး Propertiesကိုနှိပ်ပါ။ Previous Versions Tabမှာ Backupတွေကို တွေ့ မြင်နိုင်ပြီး Openကို နှိပ်ပြီးရှာပါ။


Windows 8ရဲ့  File History feature ကို အသုံးပြုရင်လည်း ဖိုင်တွေကို လွယ်လွယ်ကူကူ ပြန်ရှာနိုင်ပါတယ်။ မှားဖျက်မိတဲ့ဖိုင်ရဲ့ ဖိုဒါကို သွားပြီး History buttonကိုနှိပ်ပြီး ပြန်ရှာပါ။
Hard Disk Drive Vs Solid State Drive
အပေါ်ကနည်းတွေ သုံးပြီးသင့်ဖိုင်တွေကို ရှာမတွေ့ဘူးဆိုရင် File Recovery Softwareတွေ သုံးပြီး ရှာနိုင်ပါတယ်။ ဒါပေမယ့် သင့်ရဲ့ Drive အမျိုးအစားပေါ်မှာ မူတည်ပါတယ်။ အများဆုံးအသုံးပြုတဲ့ Drive တွေကတော့ Hard Disk Drive(HDD) or Magnetic Hard Driveတွေ ဖြစ်ပြီး Solid State Drive တွေကတော့ အသုံးပြုမှု နည်းပါတယ်။ သင့်ကွန်ပျူတာရဲ့  Hard Driveက ဘာအမျိုးအစားလဲဆိုတာ Manufacturer Specificationမှာ ကြည့်ပါ။

HDDမှာ ဖိုင်တွေကို Pointersတွေနဲ့  ညွှန်ပြပါတယ်။ Pointersတွေက အဲဒီဖိုင်ရဲ့ ဒေတာအစနဲ့  အဆုံးနေရာတွေကို မှတ်သားညွှန်ပြတာပါ။ HDDမှာ ဖိုင်တစ်ခုကို ဖျက်လိုက်ရင် ၀င်းဒိုးက အဲဒီဖိုင်ရဲ့  Pointer ကိုပဲ ဖျက်လိုက်တာဖြစ်ပြီး အဲဒီနေရာကို Free Spaceအနေနဲ့  သတ်မှတ်လိုက်ပါတယ်။ ဒေတာတွေကိုတော့ မဖျက်ပစ်သေးပါဘူး။

အဲဒီအတွက် ဒေတာတွေကို တစ်ခြား ဒေတာတွေ Overwriteမလုပ်ခင် File Recovery Softwareတွေနဲ့ အမြန်ပြန်ရှာနိုင်ပါတယ်။ အမြန်ပြန်မရှာဘဲ တစ်ခြားဒေတာတွေ Overwriteလုပ်သွားရင်တော့ ပြန်ရှာလို့ မရတာတွေ၊ တစ်ဝက်တစ်ပျက်ပဲ ပြန်ရှာလို့ ရတာတွေ ဖြစ်တတ်ပါတယ်။
SSDမှာ ဖိုင်တစ်ခုကို ဖျက်လိုက်ရင် TRIM commandကို သုံးပြီး အဲဒီနေရာကို အပြီးဖျက်လိုက်တာ ဖြစ်တဲ့အတွက် Recovery Softwareတွေသုံးပြီး ပြန်ရှာလည်း မရနိုင်တော့ပါဘူး။ Modern solid-state drives တွေနဲ့  Windows 7 and 8စတဲ့ OSတွေမှာ TRIMကို အသုံးပြုကြပါတယ်။ ရှေးကျတဲ့ SSDတွေနဲ့  Windows XPမှာတော့ TRIMကို Supportမပေးပါဘူး။ အဲလို အခြေအနေမှာတော့ သင့်ဖိုင်တွေကို Recovery Software တွေနဲ့ ပြန်ရှာနိုင်ပါတယ်။

အန္တရာယ်အကင်းဆုံးနဲ့ အောင်မြင်မှု အရှိနိုင်ဆုံးနည်း
သင်ဖိုင် တစ်ခုကို မှားဖျက်မိလိုက်တာ သိသိခြင်းပဲ ကွန်ပျူတာကို ပိတ်ပါ။ မပိတ်ဘဲ File Recovery Software တွေကို အင်စတော လုပ်မယ်ဆိုရင် အပေါ်မှာပြောခဲ့သလိုပဲ Free Spaceအဖြစ် သတ်မှတ်ထားတဲ့ သင့်ဖိုင်တွေကို Overwrite လုပ်ပြီးအပြီးတိုင် ပျက်သွားနိုင်ပါတယ်။ အင်စတောလုပ်ပြီးသား Softwareတွေ Backgroundမှာ Runနေတဲ့ Programsတွေကလည်း သင့်ဖိုင်တွေကို Overwrite လုပ်ကောင်း လုပ်သွားနိုင်ပါတယ်။ အဲဒီအတွက် သင့်ကွန်ပျူတာကို ပိတ်ပြီး Driveကိုစက်ကဖြုတ်ပြီး တစ်ခြားစက်တစ်လုံးမှာ Secondary Driveအနေနဲ့  တပ်ဆင်ပြီး Recovery Softwareတစ်ခုခုနဲ့ ရှာပါ။ ဒီနည်းက သင့်ဖိုင်တွေကို ပြန်ရဖို့ အန္တရာယ်အကင်းဆုံးနဲ့  အောင်မြင်မှု အရှိနိုင်ဆုံးနည်းပါ။

အမြန်ဆုံးနည်း ဒါပေမယ့် စွန့်စားရမယ့်နည်း
ဖျက်မိတဲ့ဖိုင်က အရေးမကြီးတဲ့ ဖိုင်ဆိုရင် အမြန်ဆုံးပြန်ရှာဖို့  File Recovery Softwareတွေကို သုံးနိုင်ပါတယ်။ Freeware တစ်ခုဖြစ်တဲ့ Recuvaကို ဒေါင်းပြီး အင်စတောလုပ်ပါ။ Recuva နဲ့  Driveကို Scanလုပ်ပြီး ဖိုင်ကို ပြန်ရှာနိုင်ပါတယ်။ ဒါပေမယ့် ဒီနည်းကို သုံးရင် သင့်ဖိုင်တွေကို ပြန်ရဖို့ မသေချာပါဘူး။ Recuva ကို အင်စတောလုပ်တဲ့အခါ ဖျက်လိုက်မိတဲ့ဖိုင်ရဲ့  ဒေတာတွေအပေါ်ကို Overwrite လုပ်သွားနိုင်ပါတယ်။ နောက်ပြီး တစ်ခြား Runနေတဲ့ Programsတွေ၊ Backgroundမှာ Runနေတဲ့ Programsတွေကလည်း Overwrite လုပ်သွားနိုင်ပါတယ်။


Professional Data Recovery Services
ဖျက်မိတဲ့ဖိုင်ဟာ သင့်အတွက် အလွန်အရေးကြီးတဲ့ ဖိုင်ဖြစ်ပြီး အပေါ်ကနည်းတွေနဲ့ ပြန်ရှာလို့မတွေ့ရင် စက်ကိုပိတ်ပြီး Professional Data Recovery Servicesတွေဆီကို ပို့ လိုက်ပါ။ အဲဒီ Servicesတွေ Dying Hard Drive, Overwrite ဖြစ်သွားတာတွေကိုပါ ပြန်ရှာပေးနိုင်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အာမတော့ မခံပါဘူး။ အဲဒီ Servicesတွေရဲ့ ဝန်ဆောင်ခဟာ ကြီးမြင့်ပြီး နိုင်ငံခြားမှာတော့ ရှိပါတယ်။

ဒီမှာတော့ မသိပါ။ သင့်ရဲ့  အဖိုးတန် ဖိုင်တွေ မပျက်ဆီးစေဖို့ 
သင့်ရဲ့အဖိုးတန် ဖိုင်တွေ မပျက်ဆီးစေဖို့  အမြဲတမ်း Backupလုပ်ဖို့ အရေးကြီးပါတယ်။ Windows Backup Toolsတွေကို သုံးနိုင်သလို တစ်ခြား Softwareတွေကိုလည်း သုံးနိုင်ပါတယ်။ Cloud Storageတွေမှာလည်း သင့်ဖိုင်တွေကို သိမ်းပြီး Backup လုပ်နိုင်ပါတယ်။

Ref : http://www.howtogeek.com/169344/how-to-recover-a-deleted-file-the-ultimate-guide/

Monday, August 5, 2013

အိမ်တွင်းဖြစ် သဘာဝ အကိုက်အခဲပျောက်ဆေးများ


ဂျင်း

သူက ကြွက်သား ကိုက်ခဲခြင်းကို ပျောက်ကင်း စေပါတယ်။ နေ့စဉ် ချက်ပြုတ်စားသောက်တဲ့ ဟင်းလျာထဲမှာ ဂျင်းအခြောက်မှုန့် လက်ဘက်ရည်ဇွန်း တစ်ဇွန်းသို့မဟုတ် ယင်းနှင့် ညီမျှသော ပမာဏကို ထည့်သွင်း စားသုံးသင့်ပါတယ်။

ကြက်သွန်ဖြူ

ကြက်သွန်ဖြူကတော့ နားကိုက်တာကို ပျောက်ကင်းစေပါတယ်။ နားကိုက် ဝေဒနာ ခံစားရသူများ အနေနဲ့ ကြက်သွန်ဆီ ကို တစ်နေ့ ၂ ကြိမ် နားထဲ ၅ ရက်တိတိ သင့်လျော်သော ပမာဏ ထည့်ပေးခြင်းဖြင့် ပျောက် ကင်းစေပါတယ်။ ကြက်သွန်ဆီဆိုလို့ အခြားမဟုတ်ပါဘူး။ သံလွှင်ဆီသန့်နဲ့ ကြက်သွန်ထောင်း ကို စိမ်ထည့်ပြီး အအေးခန်းထဲထည့်ရင် ကြက်သွန်ဆီ ရပါတယ်။

လေးညှင်းပွင့်

သွားကိုက် ဝေဒနာ ခံစားရသူများအနေနဲ့ လေးညှင်းပွင့်ခြောက်မှုန့် နဲ့ သွားတိုက်ခြင်းက ကိုက်ခဲမှု
ပျောက်ကင်းစေပါတယ်။


ပင်စိမ်းရွက်/ ပက်ပါမင့်ရွက်

Peppermint လို့ခေါ်တဲ့ အရွက်တစ်မျိုးက မြန်မာခေါ် ပင်စိမ်းရွက်နဲ့ နီးစပ်ပါတယ်။ သူ့မှရတဲ့ဆီကလည်း ကြွက်သား နာကျင်ကိုက်ခဲမှုကို ပျောက်ကွင်း စေပါတယ်။

စပျစ်သီး

စပျစ်သီး တစ်ခိုင်စာ နေ့စဉ် စားသုံးသူများအနေနဲ့ ကျောရိုးတစ်လျှောက် ဆက်စပ်တဲ့ ရောဂါများကို ပျောက်ကင်းစေတယ်လို့ လေ့လာတွေ့ရှိထားကြ ပါတယ်။

နာနတ်သီး

နာနတ်သီးက အစာအိပ် နာတာတို့၊ ဗိုက်ကြွက်သား နာကျင်မှုတို့ ကို ပျောက်ကင်းစေ တယ်လို့ ဆိုပါတယ်။

ချယ်ရီသီး

ချယ်ရီသီးကတော့ ဦးခေါင်းကိုက်ဝေဒနာကို ပျောက်ကင်းစေပါတယ်။

ခရမ်းချဉ်သီး

ခါးအောက်ပိုင်း အကြော၊ ကြွက်သား နာကျင်မှုကို ပျောက်ကင်း စေပါတယ်။ ခရမ်းချဉ်သီးဖျော်ရည် နေ့စဉ်စားသုံးခြင်းဖြင့် ခြေထောက် ကိုက်ခဲတာတို့၊ ထုံကျင်တဲ့ ဖြစ်လေ့ဖြစ်ထကို ပျောက်ကင်းစေပါတယ်။