Sunday, May 5, 2013

မလေးရှား ရွေးကောက်ပွဲ လက်ရှိ အာဏာရ ပါတီ BN(ချိန်ခွင်) ကပဲဆက်လက်အနိုင်ရ

မလေးရှား ရွေးကောက်ပွဲ လက်ရှိ အာဏာရ ပါတီ BN(ချိန်ခွင်) ကပဲဆက်လက်အနိုင်ရ  
ယနေ့မလေးရှားနိုင်ငံရဲ့ 13 ကြိမ်မြောက် ရွေးကောက်ပွဲအဖြေအရ BN ပါတီ (လက်ရှိအာဏာရ ပါတီ) ကပဲ မဲအပြတ်အသတ်နဲ့အနိုင်ရရှိသွားပါတယ်ခင်ဗျာ ။ ယခင် အများသူငှာ ခန့်မှန်းထားသလို အတိုက်အခံပါတီ ရဲ့ ရလဒ်များ တက်လာခဲ့ပေမယ့် BN ကပဲဆက်လက်အနိုင်ရရှိသွားပြီဖြစ်ပါတယ် 
အချို့သောမဲဌာနများရဲ့အဖြေ ကျန်နေသေးပေမယ့်လဲ လက်ရှိမဲအရေ အတွက်အရNajib အစိုးရကဆက်လက် အာဏရရှိပြီဖြစ်ကြောင်း ယနေ့မလေးရှားနိုင်ငံပိုင်သတင်းဌာနများမှာ တရားဝင်ကြော်ငြာသွားခဲ့ပြီဖြစ်ပါတယ် ။ 
ယခင် အများသူငှာ ခန့်မှန်းထားသလို အတိုက်အခံပါတီ ရဲ့ ရလဒ်များ တက်လာခဲ့ပေမယ့် BN ကပဲဆက်လက် အနိုင်ရရှိသွားပြီဖြစ်ပါတယ် အချို့သောမဲဌာနများရဲ့အဖြေကျန်နေသေးပေမယ့်လဲ လက်ရှိမဲအရေအတွက်အရNajibအစိုးရက ဆက်လက် အာဏရရှိပြီဖြစ်ကြောင်းယနေ့မလေးရှားနိုင်ငံပိုင် သတင်းဌာနများမှာ တရားဝင်ကြော်ငြာ သွားခဲ့ပြီဖြစ်ပါတယ် ။ 
အနိုင်ရရှိတဲ့စာရင်းကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်ခင်ဗျာ ။ ပြည်နယ်နှင့်တိုင်းအလိုက်ဆိုပါက ပီနန်းပြည်နယ်တွင် အတိုက်အခံပါတီဖြစ်တဲ့ အများသိ ဒုံးပျံ့ က မဲပြတ် ၊ ipoh တွင် 56 ရာခိုင်နှုန်း အနိုင်ရရှိခဲ့ပေမယ့် တစ်နိုင်ငံလုံးအတိုင်း အတာတွင် BN က နေရာအများစုဖြင့် အနိုင်ရရှိသွားခဲ့ပြီဖြစ်ပါတယ် ။ 
ဆက်လက်ပြီး မလေးရှားနိုင်ငံသား တရုတ် လူမျိုးများ၏ Facebook များတွင် ဝမ်းနည်းသော အထိမ်းအမှတ်အဖြင့် ကိုယ်ပိုင်ပုံများ မတင်ကြပဲ အမဲရောင် ဗြောင်ပုံများသာတင်ပြီး အနာဂတ်ပျောက်ပြီလို့ ဝမ်းနည်းသည့် အထိမ်းမှတ် တင်နေတာတွေ့ရမည်ဖြစ်ပါတယ် ။ အနိုင်ရ ပါတီဖြစ်တဲ့ လက်ရှိ အစိုးရပါတီ အများသိ ချိန်ခွင်ကတော့ ယနေ့ ထပ်မံအောင်ပွဲခံကာ ဝန်ကြီးချုပ် Najib က ဆက်လက် အုပ်ချူပ် သွားမည်ဖြစ်ပါကြောင်း 
ယနေ့ မလေးရှားရောက် မြန်မာလူငယ်များအားလုံးဗဟုသုတရရှိစေရန်အလို့ငှာ အပြည့်အစုံ ဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ်ခ င်ဗျာ ။ နောက်ဆက်တွဲ သတင်းတစ်ပုဒ်အနေနဲ့ ယနေ့ မလေးရှားရောက် မြန်မာများစိုးရိမ်နေကြတဲ့ ရွေးကောက်ပွဲအပြီး အာဏာရပါတီ အပြောင်းအလဲရှိလာပါက အုပ်စု ၂ စုကြားပြဿနာများ အတွင်း ပဲလှော်ကြားဆားညှပ်မဖြစ်ရလေအောင် အသွားအလာ သတိထားကြရန် သတိပေးထားပေမယ့် မနက်ဖြန်ကစပြီး ပုံမှန်အခြေသာ ရှိနိုင်ပါလိမ့်မည်ခင်ဗျာ ။ 
ယနေ့ ရွေးကောက်ပွဲနေ့အတွက် ဖြစ်စဉ် ဆန်းများကတော့ ဘင်္ဂလားနိုင်ငံသားများ မဲဝင်ပေးမှု့အတွက် ဒေါသ ထွက်စွာခိုက်ရန်ဖြစ်ပွားမှု့များ ဖြစ်ခဲ့ပေမယ့် အခြားကြီးမားတဲ့ ရန်ပွဲ မရှိခဲ့ပါဘူး ။ ပဲရတ်ပြည်နယ် ဖြစ်တဲ့ အီပို့ရဲ့ ပါလီမန်အဆောက်အဦးရှေ့တွင်သာ ၅ နာရီခန့်က ပြဿနာ တက်မည့်အခြေအနေ အထိ စိုးရိမ်စရာဖြစ်လာ ခဲ့ပေမယ့် Rala များ ၊ မီးသတ်များနဲ့ ထုံးစံအတိုင်း ရေပိုက် ၊ မီးခိုးဗုံးများ အဆင့်သင့် လုပ်ကာ လူစုခွဲမှု့ကြောင့် တစ်နာရီအတွင်းအခြေအနေအားလုံး ထိန်းသိမ်းနိုင်ခဲ့တယ်လို့သိရပါတယ် ။ 
တစ်ဖန် ကျွန်တော်တို့ တင်ဆက်ပေးခဲ့တဲ့ ပထမ ဘလော့အတိုင်း ကလန်းဘက်တွင် ဘင်္ဂလားလူမျိုးများ ကွန်တိန်နာဖြင့် မဲလာပေး သည့်ဖြစ်စဉ်မှလွဲပြီး အားလုံး ချေနေမွေ့စွာပြီးဆုံးပြီဖြစ်ကြောင်း မနက်ဖြန် တင်္နလာနေ့တွင်သာ မလေးအုပ်စုများ စကားများပါက ဝင်မပါရန် နှင့် မိမိအလုပ်မိမိ ချောမွေ့စွာ သွားလာ လုပ်ကိုင်နိုင်ပါကြောင်းကို အသိပေးရင်း ယနေ့အထူးသတင်းဖြစ်တဲ့ GE13 အဖြေကိုကြော်ငြာပေးလိုက်ပါတယ်။ 

ဒဿန


၁။ဘ၀မှာမေ့သင့်တဲ့အရာဆိုရင် မေ့ကိုမေ့ပစ်ရမယ်။

၂။လှပတဲ့နံနက်ခင်းကိုမြင်ဖို့အတွက် ညကတည်းက အိပ်မက်လှလှလေးတွေမက်ဖို့လိုတယ်။

၃။သူတစ်ပါးကကိုယ့်အပေါ် နင်းသွားပေမဲ့ အပြုံးမပျက်အရှုံးမတွက်ဘဲ ပြန်ထနိုင်ရမယ် ... ။

၎။အခက်အခဲတစ်ခုကို ရင်ဆိုင်ရတဲ့အခါမှာ ကျဉ်းမြောင်းတဲ့ဘောင်အတွင်းကနေ မစဉ်းစားပါနှင့်။ ရှုထောင့်အမျိုးမျိုးက တွေးပြီး ထွက်ပေါက်ရှာပါ။

၅။လက်တွေ့မပါသော စိတ်ကူးသည် အချိန်ဖြုန်းခြင်းဖြစ်သည်။

၆။အရာရာကို အလကားရလိုသူသည် အလကားလူ။

၇။အစစ်အမှန်လွတ်လပ်သူဆိုတာ ကိုယ့်လိပ်ပြာကိုယ်သန့်တဲ့သူပါဘဲ။

၈။အလုပ်လုပ်ပြီးပြောတဲ့စကားမှာ ခွန်အားတွေပါပါတယ်။

၉။အချစ်ဟာနှလုံးသားကို ဖွဲမီးလိုဘဲ တငွေ့ငွေ့လောင်မြိုက်စေပါတယ်။

၁၀။မှန်ကန်သော ခေါင်းဆောင်မှုအောက်တွင် သစ္စာရှိသောငယ်သားတို့များပြား၏။

၁၁။အခက်ခဲဆုံးတွေရဲ့ အနားမှာ အလွယ်ကူဆုံးတွေရှိတယ်။

၁၂။တစ်ရွာမပြောင်း သူကောင်းမဖြစ်၊ ဒကာမကောင်း တစ်ကျောင်းမဖြစ်။

၁၃။ယုံလွယ်ရင်ဘ၀ပါ ပျက်တတ်တယ် ...။

၁၄။ကိုယ်နေတဲ့အရပ်ကကိုယ့်အတွက် ပျော်စရာမကောင်းပေမဲ့အဲဒီကရနိုင်တဲ့ ဗဟုသုတအသိပညာတွေကိုတော့ ရအောင်ယူသင့်ပါတယ်။

၁၅။နှုတ်မထိန်းရင် ရှုပ်ကိန်းမြင်တယ်နော် ... သူငယ်ချင်း။

၁၆။အပြစ်တွေမြင်နေသမျှတော့ ချစ်နိုင်မှာ မဟုတ်တော့ဘူး။

၁၇။ကိုယ့်စိတ်ကိုယ်မဆုံးဖြတ်နိုင်သေးဘဲနဲ့ သူများနှလုံးသားကိုမစပါနှင့်။

၁၈။မပိုင်ဆိုင်ရသေးတဲ့အရာထက် လက်ထဲမှာရှိတဲ့အရာကိုပိုပြီး တန်ဖိုးထားပါ။

၁၉။အောင်မြင်မှုဆိုတာ ကိုယ်သတ်မှတ်ထားတဲ့အတိုင်းအတာအပေါ်မှာ မှုတည်ပါတယ်။

၂၀။အားနည်းချက်ဆိုတာ လူတိုင်းမှာရှိတယ်။ ဖြည့်တွေးတတ်ပါစေ။

၂၁။မိန်းကလေးတစ်ယောက်အတွက် မသင်ဘဲ တတ်တဲ့ပညာက မာယာ။

၂၂။ဘယ်ပညာမဆို တတ်ထားရင် သူနေရာနှင့်သူ အကျိုးရှိရှိအသုံးချနိုင်တယ်။

၂၃။အခွင့်အလမ်းကို ဖန်တီးတတ်တဲ့သူတွေဟာ အောင်မြင်သူတွေပါဘဲ။

၂၅။လူတိုင်းကို စိန်ခေါ်ပစ်လိုက်ပါ။ လိမ္မာတာ ပြိုင်မယ်လို့။

၂၆။လွတ်လပ်ပျော်ရွှင်စွာနေပါ။ စည်းမဲ့ကမ်းမဲ့ လက်လွတ်မနေပါနှင့်။

၂၇။လုပ်သလိုဖြစ်နိုင်တဲ့ဘ၀မှာ ဖြစ်သလို မလုပ်လိုက်ပါနှင့်။

၂၈။အမှားကိုဝန်ခံတတ်တာကောင်းပါတယ်။ ဒါပေမဲ့ စိတ်ထဲက မပါဘဲ နှုတ်ဖျားကနေ ပေါ့ပေါ့လေးဝန်ခံတတ်သူတော့ မဖြစ်စေနဲ့ပေါ့။

၂၉။သူတစ်ပါးကို ခုလုံးလုပ်ပြီးမှရလာတဲ့ အောင်မြင်မှုဟာ အောင်မြင်မှုစစ်စစ်မဟုတ်ပါ။

၃၀။ဘယ်လောက်ဘဲ လွယ်ကူတဲ့အလုပ်ဖြစ်ဖြစ် ကိုယ်တိုင်လုပ်ဖူးမှ အသေးစိတ်သိနိုင်တာပါ။

Saturday, May 4, 2013

ကွန်ပျူတာမှာ Monitor မကောင်းတော့ရင် ဘယ်လိုသိနိုင်မလဲ

ကွန်ပျူတာမှာ Monitor မကောင်းတော့ရင် ဘယ်လိုသိနိုင်မလဲ



ကွန်ပျူတာမှာ မော်နီတာမကောင်းတော့ဘူးဆိုမှတော့ ဘာမှကိုတက်မလာတော့တာပေါ့ဗျာ ရှင်းရော.. အဲသလို ဖြစ်လာခဲ့ရင် အရင်ဆုံးကြိုးတွေကို သေချာပြန်စစ်ကြည့်ပါ..ကြိုးမတပ်ရသေးပဲ ပါဝါကြိုးဒေတာကြိုးတွေသေချာမထိုးရသေးပဲနဲ့ မော်နီတာ ပျက်ပြီလို့ မယူဆပါနဲ့  ကွန်ပျူတာမှာ ဘယ်အစိတ်ပိုင်းကပဲဖြစ်ဖြစ် အလွယ်ဆုံးအပိုင်းက အရင်စပြီး စစ်ပါ(မျက်မြင်အားဖြင့်အရင်စစ်ပါ)..တခါတလေမှာအခက်ကြီးတွေစဉ်းစားပြီး အလွယ်လေးကိုမှမေ့  နေတတ်ကြလို့ ပါ…ကြိုးကို plug ပေါက်ကြိုးထိုးတာတွေသေချာပါလျက်နဲ့ မော်နီတာ screen မှာ ဘာမှကိုပေါ်မလာဘူးဆိုရင် ကြိုးမကောင်းလို့ လား ပါဝါပလပ်ကြိုးက မကောင်းလို့ လား…ဒါဆိုရင် တခြားကွန်ပျူတာ တစ်လုံးမှာ မော်နီတာကို သွားစမ်းတပ်ကြည့်ပါ..အကောင်းပကတိအတိုင်း စက်ကတက်လာတယ် မော်နီတာ အလုပ်လုပ်တယ်ဆိုလျင် data ကြိုး ပါဝါကြိုး တစ်ခုခု မကောင်းတာဖြစ်နိုင်ပါတယ်..တခြားစက်မှာလည်း မတက်ဘူး အရင်အတိုင်းပဲ screen မှာ ဘာမှပေါ်မလာဘူးဆိုလျင်တော့ မော်နီတာပျက်တယ်လို့ ယူဆနိုင်ပါပြီ..မော်နီတာ ပျက်ရခြင်း အကြောင်းရင်းမှာ သက်တမ်းကြာလို့ ပျက်စီးတာရယ် circuit ပိုင်း အရပျက်စီးတာရယ်ကြောင့် ဖြစ်တာများပါတယ်..ဖြစ်တတ်သောလက်ခဏာ များမှာ မော်နီတာတွင် အနီရောင် အစိမ်းရောင် အပြာရောင် color တစ်ခုခုတက်လာခြင်း..ကာလာများရောထွေးပြီး မငြိမ်မသက်ဖြစ်ခြင်း သုံးပြီးလို့  တစ်နာရီလောက်ကြာတဲ့အခါ အစိမ်းရောင် screen တက်လာခြင်း(CRT မှာအဖြစ်များလေ့ရှိ) ပုံရိပ်များထပ်နေခြင်း ..များဖြစ်တတ်ပါတယ် ရုတ်တရက် မီးအားဆောင့်တက်လို့  power surge ဖြစ်ခြင်း ကြောင့်လည်း မော်နီတာများ ပျက်စီးတတ်ပါတယ်..မော်နီတာ မကောင်းတော့သည့်ပုံများ အောက်တွင် လေ့လာနိုင်ပါတယ်..
 

မော်နီတာမကောင်းတော့ရင် မော်နီတာမကောင်းတော့ဘူးဆိုတာသေချာရင် အသစ်သာဝယ်လဲလိုက်ပါ... ကိုယ်က ကျွမ်းကျင်တဲ့ Electronic သမားမဟုတ်ရင် CRT လို tube မျိုးကိုဖွင့်ဖို့ မကြိုးစားပါနဲ့ လို့ ပြောပါရစေ… မော်နီတာဟာ AC power ကို သီးသန့် သုံးပါတယ် ဒါက LCD ရော CRT ရောဖြစ်ပါတယ်..ဒါကြောင့်သူ့ မှာ မလိုတဲ့ voltage တွေကိုသိုလှောင်ထားတဲ့ high voltage ရှိပါတယ်..high voltage anode ကို discharge လုပ်ပြီးမှသာလျင် ပြုပြင်ခြင်းများပြုလုပ်ရပါတယ်.. 


ဘီဂိတ်လ် ရဲ့အကြောင်း တစ်စေ့ တစ်စောင်း

ဘီဂိတ်လ် ရဲ့အကြောင်း တစ်စေ့ တစ်စောင်း

ဒီစာလေးကတော့ အင်တာနက်မှာတွေ့မိတာပါ။ တွေ့တွေ့ခြင်းအရမ်းသဘောကျသွားတာနဲ့ ပြန်လည်မျှဝေလိုက်ပါတယ်။ ကမ္ဘာ့အချမ်းသာဆုံး စာရင်ဝင် Microsoft Company ကိုတည်ထောင်ခဲ့တဲ့ သူဌေးကြီး Bill Gate အကြောင်းလေးပါ။ ဖတ်ကြည့်လိုက်ပါဦး။ 

                                                     Microsoft နဲ့ဘီဂိတ်လ်

                                                   ဒါကသူ့ရဲ့ ငယ်ဘ၀ပုံရိပ်ပါ။                            
                          ဒီလို စုတ်ချွန်းချွန်းပုံလေးက ဒီလောက်တော်မယ် မထင်ရဘူးနော်။      

                            Microsoft နဲ့မအောင်မြင်ခဲ့ရင်တောင် မင်းသားလုပ်စားမှာပါတဲ့....
                                                                                                               

၁။ စက္ကန့်တိုင်းလျှင် အမေရိကန် ၂၅၀ ဒေါ်လာဝင်ငွေရှိပြီး တစ်ရက်တာကာလအတွက် ဒေါ်လာသန်း ၂၀ ၀င်ငွေရှိ၍ တစ်နှစ်ဝင်ငွေ ၇.၈ဘီလီယံရှိသည်။

၂။ အကယ်၍ သူသည် ဒေါ်လာတစ်ထောင်ပြုတ်ကျသွားခဲ့သည်ဆိုပါလျှင် ဘယ်တော့မှပြန်ကောက်လိမ့်မည် မဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော် အဆိုပါပြန်လည်ကောက်ယူမည့်အချိန် ၄ စက္ကန့်တွင်ပင် သူသည် ဒေါ်လာတစ်ထောင် ပြန်လည်ရရှိခဲ့ပြီးဖြစ်သောကြောင့်တည်း။

၃။ အမေရိကန် ဖက်ဒရယ် အစိုးရ၏ ပြင်ပကြွေးမြီသည် ၅.၆၂ ထရီလီယံမျှရှိသည်။ အကယ်၍ ဘီလ်ဂိတ်သာ အဆိုပါ အကြွေးကို ပေးဆပ်ရမည်ဆိုပါက ၁၀နှစ်မပြည့်မီကာလတွင်ပင် အကြွေးကျေသွားလိမ့်မည်။

၎။ ကမ္ဘာပေါ်ရှိလူတိုင်းကို ၁၅ ဒေါ်လာစီ အလှူဒါနပြုခဲ့သည်ဆိုသော် ၎င်းအိတ်ကပ်ထဲတွင်
ဒေါ်လာ ၅ သန်းခန့် ကျန်ရှိနေဦးမည် ဖြစ်သည်။

၅။ အမေရိကန်အားကစားလောကတွင် အချမ်းသာဆုံးစာရင်းဝင်ဖြစ်သော မိုက်ကယ်ဂျော်ဒန်
၂၂၇ နှစ်ခန့် မစားမသောက်ဘဲစုမှ ရရှိမည့် ၀င်ငွေသည် ဘီလ်ဂိတ်၏ လက်ရှိပိုင်ဆိုင်မှုကိုမှီနိုင်မည်။

၆။ ဘီလ်ဂိတ်တွင် တိုင်းပြည်တစ်ခုရှိသည် ဆိုပါလျှင် ကမ္ဘာပေါ်တွင် ၃၇ယောက်မြောက်အချမ်းသာဆုံးပုဂ္ဂိုလ် ဖြစ်လိမ့်မည်။

၇။ ဘီလ်ဂိတ်၏ ပိုင်ဆိုင်မှုကို တစ်ဒေါ်လာတန်များဖြင့် စီတန်းလိုက်မည်ဆိုပါက ကမ္ဘာမှ လကမ္ဘာအထိ စီတန်းနိုင်ပြီး အသွားအပြန် ၁၄ကြိမ် စီတန်းနိုင်မည်။ ထိုသို့ပြုလုပ်ရန် နှစ်ပေါင်း ၁၄၀၀ ကြာမြင့်မည်ဖြစ်ပြီး ဘိုးအင်း ၇၄၇လေယာဉ်ဖြင့် ဆိုပါက ၇၁၃ ခေါက်တိတိ သယ်ယူပို့ဆောင်ပေးရမည်ဖြစ်သည်။

၈။ အသက် ၉၀ ပျမ်းမျှနှုန်းအရ တွက်ချက်မည်ဆိုပါက ယခု ဘီလ်ဂိတ်၌ ရှိနေသောအသက်အရွယ်မှ
မသေဆုံးခင်အချိန်အထိ သူ၏ စည်းစိမ်ဥစ္စာများကို တစ်နေ့လျှင် ၆.၇၈ သန်းသုံးဖြုန်းပစ်မှသာ ကုန်ဆုံးနိုင်ပေမည်။
၉။ သို့ရာတွင် ကျွန်ုပ်တို့ကွန်ပျူတာသုံးစွဲနေကြသော Windows သမားများသည် Microsoft
Windows Error တက်စဉ်တိုင်း ( သို့မဟုတ် ) Hang သွားသည့်အချိန်တိုင်းတွင် အမေရိကန်တစ်ဒေါ်လာနှုန်းမျှသာ ဘီလ်ဂိတ်ကို တောင်းခံရမည်ဆိုပါက သူသည် သုံးရက်အတွင်း ဒေ၀ါလီခံသွားရနိုင်ပေသည်။

Hard Drive တွေကို အလွယ်တကူ မပျက်စီးစေဖို့

Hard Drive တွေကို အလွယ်တကူ မပျက်စီးစေဖို့

 Hard drive ပျက်စီးခြင်းမှ
Hardware တွေရဲ့ ဈေးနှုန်းက ဒီဆယ်စုနှစ်ထဲမှာ အံ့ဩဖွယ်ကောင်းလောက်အောင်ကို ပြိုကျလာခဲ့ပါတယ်။ ဒါပေမဲ့လည်း လူတိုင်းက ကိုယ်စက်ထဲက hardware တွေကို ပျက်ချင် ပျက်ပါစေလို့ဆိုပြီး ပစ်စလက်ခတ်ထားကြမှာတော့ မဟုတ်ကြပါဘူး။ အထူးသဖြင့် hard drive တွေကို ဒီလိုမျိုး မထားတတ်ကြပါဘူး။
အချက်အလက်ဟာ နည်းပညာလောကသားတွေအတွက် အလွန်အရေးပါလှပါတယ်။ ဒီအချက်အလက်တွေ သိုလှောင်ရာဖြစ်တဲ့ hard drive တွေရဲ့ ကြံ့ခိုင်ရေးဟာ အလွန်ကို အရေးပါလှပါတယ်။ အောက်ဖော်ပြပါ အချက် (၁၀) ချက်ကတော့ hard drive တွေကို အလွယ်တကူ မပျက်စီးစေဖို့ လုပ်ဆောင်သင့်တဲ့ အချက်တွေ ဖြစ်ပါတယ်။
၁။ chkdsk ကို run ပေးပါ။
Hard drive တွေက မီးအားအတက်အကျကြောင့်ဖြစ်စေ၊ အခြားသောအကြောင်း အမျိုးမျိုးကြောင့်ဖြစ်စေ အထဲမှာပါတဲ့ သတ္တုပြားမှာ ပြဿနာတက်တာ၊ ဆော့ဖ်ဝဲ ပြဿနာဖြစ်တာ၊ partition table မှာ ပြဿနာဖြစ်တာ အစရှိတဲ့ ပြဿနာတွေ တွေ့ကြုံရတတ်ပါတယ်။ ဒီပြဿနာတွေကို ပြေလည်စေဖို့အတွက် chkdsk ဆိုတဲ့ ပရိုဂရမ်လေးဟာ Windows မှာ အစကတည်းက လာထည့်ပေးထားပါတယ်။ ဒီပရိုဂရမ်လေးက ပြဿနာ အတော်များများကို ပြေလည်အောင် ဖြေရှင်းပေးပါတယ်။
၂။ Hard drive ကို စောင့်ကြည့်ပေးနိုင်တဲ့ ပရိုဂရမ်သုံးပါ။
Hard drive ကို စောင့်ကြည့်လေ့လာပေးတဲ့ ပရိုဂရမ်တွေ များစွာရှိပါတယ်။ Acronis Drive Monitor ကတော့ အခမဲ့ရတဲ့ tool တစ်ခုဖြစ်ပြီး သုံးစွဲရတာ အလွန်ကောင်းပါတယ်။ အပူချိန်နဲ့ hard drive ရဲ့ နေရာလွတ်တွေကို စောင့်ကြည့်ပေးနိုင်ပါတယ်။
၃။ Data ထားတဲ့နေရာနဲ့ OS တင်ထားတဲ့နေရာကို ခွဲထားပါ။
OS တင်ထားတဲ့နေရာနဲ့ data ထားတဲ့နေရာကို partition တွေ သီးခြားပိုင်းထား သင့်ပါတယ်။ အဲဒီလို တင်မထားတဲ့အခါ OS ဆိုတာ ပျက်လွယ်တဲ့အတွက် data တွေကို သီးခြား partition မပိုင်းဘဲ OS ထားတဲ့ partition မှာထားမယ်ဆိုရင် ပျက်စီးဆုံးရှုံးမှုတွေ ရှိလာပါလိမ့်မယ်။
၎။ ကွန်ပျူတာသုံးနေတဲ့ ပတ်ဝန်းကျင်ကို သတိပြုပါ။
ကွန်ပျူတာကိုထားတဲ့နေရာက ဖုန်တွေထူတာ၊ ရေငွေ့တွေပေါများတာနဲ့ အပူချိန် သိပ်များတာ အစရှိတဲ့ အကြောင်းအရာတွေကို သတိထားရှောင်သင့်ပါတယ်။ အဲဒီလိုဖြစ်တာတွေက ကွန်ပျူတာမှာ လျှပ်စစ်ပတ်လမ်းတို့တွေဖြစ်ပြီး hardware တွေကို ပျက်စီးနိုင်တဲ့ အခြေအနေတွေ ဖြစ်ပေါ်အောင် ဖိတ်ခေါ်နေသလိုပါပဲ။ ပြီးတော့ ကွန်ပျူတာကို အပူချိန်လျော့နိုင်သလောက်လျော့အောင် ပန်ကာလေးတွေ ထားသုံးဖို့ လိုအပ်ပါတယ်။ Hard drive ကို ပန်ကာထည့်ပြီးသုံးတာက အပူချိန်လျော့နိုင်တဲ့အတွက် ပျက်စီးမှုကို ကာကွယ်နိုင်သလို hard drive ပူလာတဲ့အတွက် ဖြစ်ပေါ်လာတဲ့ ပြဿနာတွေကို ကာကွယ်ပေးနိုင်ပါတယ်။
၅။ လျှပ်စစ်ဓာတ်အပိုတွေ ကွန်ပျူတာမှာ မစီးပါစေနဲ့။
ကွန်ပျူတာကို မီတာနဲ့ထောက်ပြီး တိုင်းတာတဲ့အခါ လျှပ်စစ်ဓာတ်အားတွေက ကွန်ပျူတာပုံးမှာ စီးနေတာတွေကို တွေ့ရတတ်ပါတယ်။ အဲဒီလို ဖြစ်တတ်တာက ကွန်ပျူတာကို ပျက်စီးစေဖို့ လွယ်ကူစေပါတယ်။ လျှပ်စစ်ဓာတ်အား ရယူသုံးစွဲတဲ့ ပလပ်ပေါက်တွေနဲ့ ကြိုးတွေကို ကောင်းမွန်အောင်လုပ်ထားဖို့ လိုအပ်သလို မြေစိုက်ကြိုးကိုလည်း ထည့်ပေးထားဖို့ လိုအပ်ပါတယ်။
၆။ Drive ကို defragment ပုံမှန်လုပ်ပေးပါ။
Drive တွေကို သုံးစွဲတာကြာလာတဲ့အခါ ဖိုင်တွေရဲ့ အထားအသိုက ပြန့်ကျဲလာပါတယ်။ အဲဒီလိုဖြစ်တဲ့အခါ ဖိုင်တွေကို နေရာချတာနဲ့ ရှာဖွေတာလုပ်တဲ့အချိန် ပိုကြာလာပါတယ်။ အဲဒီလိုဖြစ်လာတာကို ကာကွယ်ဖို့အတွက် drive ကို defragment ပုံမှန်လုပ်သင့်ပါတယ်။
၇။ Solid state drive ကို ပိုသုံးပါ။
Hard drive တွေက solid state drive တွေထက် ပျက်စီးနိုင်မှုမှာ ပိုများပြားပါတယ်။ ဈေးကြီးပေမယ့် solid state drive တွေက hard drive တွေထက် ပျက်စီးနိုင်မှုမှာ လျော့နည်းတာကြောင့် ပိုမိုရွေးချယ်သင့်ပါတယ်။
၈။ Power save နည်းပညာကို သုံးပါ။
Hard drive တွေကို အလုပ်မလုပ်စေပဲ အချိန်ကြာကြာ ဖွင့်လှစ်ထားတာထက် ဘယ်အချိန်လောက်အထိ ဆက်တိုက်မသုံးစွဲဘူးဆိုခဲ့လျှင် hard drive ကို ပိတ်ထားတာတို့ sleep mode ကို သုံးတာတို့ လုပ်ထားသင့်ပါတယ်။ hard drive သက်တမ်း ပိုကြာပါလိမ့်မယ်။
၉။ ဝက်အူတွေနဲ့ မလှုပ်အောင် ကြပ်ထားပါ။
Hard drive ကို အချို့က စကူနှစ်လုံးပဲ ဖမ်းထားတာ၊ ချောင်နေတဲ့ စကူတွေ ထည့်သုံးတာတို့က hard drive ကို အခန့်မသင့်ရင် လှုပ်တာ ဖြစ်နိုင်ပါတယ်။ ဒီလိုမျိုးဖြစ်ပေါ်လာခဲ့ရင် hard drive ကို သုံးမရအောင် ပျက်စီးသွားစေပါလိမ့်မယ်။
၁၀။ Back up ပုံမှန်လုပ်ပါ။
ပစ္စည်းတွေမှာ မပျက်တဲ့ ပစ္စည်းမရှိပါဘူး။ အချိန်ကြာမှ ပျက်တာနဲ့ စောစောပျက်တာပဲ ကွာပါတယ်။ ဒါကြောင့် အချက်အလက်တွေကို ပုံမှန် Back up လုပ်ထားသင့်ပါတယ်။

ကွန်ပျူတာမှာ DVD Drive မကောင်းတော့ရင် ဘယ်လိုသိနိုင်မလဲ

ကွန်ပျူတာမှာ DVD Drive မကောင်းတော့ရင် ဘယ်လိုသိနိုင်မလဲ


DVD drive မကောင်းတော့ဘူးဆိုတာ သိသာထင်ရှားစေသောအချက်များမှာ 
၁။DVD drive ကို BIOS မှလုံးဝမသိရှိတော့ခြင်း..drive မှ cd disc ကိုဖတ်လျင်အရမ်း လေးလံနေခြင်း..
၂။သက်တမ်းကြာလာ၍ read/write speed ကျဆင်းခြင်း..
၃။drive ကို my computer တွင်တွေ့ သော်လည်းဖွင့်လို့ မရခြင်း..
၎။drive မှ cd ထည့်သည့် tray မှာပြန်ထွက်မလာတော့ခြင်း..
၅။ခွေထည့်ပြီးခနအတွင်းသာဖတ်ပြီးနောက် ဆက်မဖတ်နိုင်တော့ခြင်း....
၆။Rewriteable တွေမှာ write လုပ်လို့ မရတော့ခြင်း....
၇။drive မှ ဆူညံသံကျယ်လောင်စွာထွက်ခြင်း...
၈။ disc တစ်ခုကိုဖတ်သည့်အခါ အတင်းရုန်းပြီးဖတ်နေရခြင်း စသော အချက်များမှာ dvd drive မကောင်း တော့သောလက္ခဏာများဖြစ်ပါတယ်…တစ်ခါတစ်ရံမှာ virus ကြောင့်လည်း drive ကမဖတ်နိုင်တာ ဖြစ်တတ်ပါတယ်…


ဒီလိုဖြစ်လာရင် ဘာလုပ်မလဲ..


၁။ကွန်ပျူတာမှာ dvd drive မပေါ်ဘူးဆိုရင် dvd ကိုပေးတဲ့ molex or SATA ပါဝါကြိုးတပ်ထားသလားကြည့်လိုက်ပါ..ပြီးရင် data cable ကြိုးတပ်ထားသလားကြည့်ပါ.. နှစ်ခုစလုံးသေချာတပ်ထားပါလျက်နဲ့  bios မှာမပေါ်ဘူးဆိုရင် drive ကို bios ကတောင်မသိတော့ရင် drive ပျက်ဖို့ များပါတယ်..ပိုသေချာသွားအောင် အခြားစက်တစ်လုံးမှာသွားရောက်တပ်ဆင်ကြည့်ပါ..

၂။သက်တမ်းကြာလို့  read speed ကျဆင်းရခြင်း မှာ dvd drive electric motor မကောင်းတော့တာ ဖြစ်နိုင်သလို lens မှာ မကောင်းတာလဲဖြစ်နိုင်ပါတယ် အများအားဖြင့် အထဲက lens ကို cleaning kid နဲ့ သန့် စင်လိုက်ရင်နဂိုအနေအထားတိုင်းပြန်လည်ကောင်းမွန်တတ်ပါတယ်..
၃။Drive ကို my computer မှာတွေ့ ပေမဲ့ လို့ ဖွင့်လို့ မရခြင်းမှာ drive အားအသုံးပြုခွင့် Permission ပိတ်ထားခြင်းဖြစ်နိုင်ပါတယ်..ဒါကြောင့် permission ကို ဖွင့်ပေးလိုက်လျင်ရနိုင်ပါတယ်.. နောက်တစ်ချက် ဖြစ်နိုင်တာက my computer မှာတွေ့ တော့တွေ့ တယ်..ဒါပေမဲ့ခွေထည့်ပြီးတော့ ဖတ်ကိုမဖတ်ဘူး သူ့ ကို click နိုပ်လိုက်ရင်လည်း loading အကြာကြီးလည်နေတာမျိုးတွေ့ ရတတ်ပါတယ်..အဲဒါ drive မကောင်းတော့တဲ့ လက္ခဏာဖြစ်ပါတယ်..တပ်ထားတဲ့ drive က cd rom ဖြစ်ပြီး ထည့်တဲ့ခွေက dvd disc ဖြစ်နေရင်လည်း ဖတ်မှာမဟုတ် ဘူးနော်..
၎။Drive မှ ခွေထည့်ပြီး eject ပေးသော်လည်း ပြန်ထွက်မလာခြင်းမှာ mechanically အရ ပျက်စီးနေတတ် ပါတယ် tray ကိုပြန်လည်တွန်းထုတ်ပေးမည့် မော်တာ အလုပ်မလုပ်နိုင်ခြင်းဖြစ်နိုင်ပါတယ်.. ဒါဆိုရင် dvd drive မျက်နှာပြင်မှာ အပေါက်သေးသေးလေးတစ်ခုရှိပါတယ် သူ့ ကို paper clip လေးနဲ့ ထိုးလိုက်ပါ..drive ပြန်ထွက်လာပါလိမ့်မယ် အောက်ကပုံအတိုင်းဖြစ်ပါတယ်..mechanical အရတပ်ဆင်မှုလွဲတာဆိုရင် drive ကိုဖွင့်ပြီး အံကျအောင်သေချာပြန်လည်တတ်ဆင်ပေးပါက ပြန်ကောင်းသွားနိုင်ပါတယ်..



၅။အချို့  drive များမှာ ခွေထည့်ပြီးခဏအတွင်းသာဖတ်ပြီးနောက်ပိုင်းဆက်မဖတ်နိုင်တော့တာမျိုးကြုံတွေ့ ရတတ်ပါတယ်..ဥပမာ cd disc ခွေထဲက ဖိုင်တစ်ခုကိုဖတ်လိုက်တယ် နောက်ဖိုင်တွေကိုထပ်ဖွင့်တယ် ထပ်ဖွင့်လိုက်တဲ့ဖိုင်တွေကို မဖတ်နိုင်တော့ဘူး..ဒါဆိုရင် drive မကောင်းတော့တာဖြစ်ပါတယ်..
၆။DVD Rewriteable တွေမှာဆိုရင် rewrite လုပ်မပေးနိုင်တော့ဘူး ဒါကတော့ firmware နဲ့ ဆိုင်ပါတယ် firmware ကြောင်သွားရင်ဖြစ်တတ်ပါတယ် ဒါကြောင့်အဲလိုဖြစ်ခဲ့မယ်ဆိုရင် drive ကအလုပ်တော့ လုပ်နေ ပါဦး မယ် သို့ သော်လည်း rewrite လုပ်တဲ့အခါ အဆင်ပြေတော့မှာမဟုတ်ပါဘူး..
၇။Drive ထဲကို cd disc ထည့်လိုက်တာနဲ့  အသံမှာ ပုံမှန်အသံထက် ဆူညံစွာ ထွက်နေခြင်း (သို့ )တရစပ် ထွက်နေခြင်း မှာ ကောင်းသောလက္ခဏာ မဟုတ်ပေ ဒါကြောင့် drive ကို cleaning ပြန်လုပ်ခြင်းအားဖြင့်  ဤပြဿနာကိုပြေလည်သွားစေနိုင်ပါတယ်..
၈။disc ကို ဖတ်တော့ဖတ်တယ် အတင်းရုန်းပြီးဖတ်နေရတယ် ဖိုင်ကိုဖွင့်လိုက်တယ် လေးငါး ဆယ်စက္ကန့် ကြာမှဖတ်နိင်တယ်..တစ်ခါတစ်လေကျ ဖတ်ပြီး တခါတရံကျတော့မဖတ်တော့ဘူးဆိုရင် drive ကကြောင်သွားတာဖြစ်နိုင်တယ်..my computer ထဲမှာ dvd drive ကိုမတွေ့ ရင် device manager မှာဝင်စစ်ကြည့်ပါဦး dvd ကို enable ပေးထားသလားလို့  ..device manager ထဲမှာ disable ပေးထားတာမျိုးဆိုရင် dvd drive ကို My computer ထဲမှာ တွေ့ ရမှာမဟုတ်ပါဘူး…အကယ်၍ IDE cable ကြိုးတစ်ချောင်းတည်းမှာ Hard disk ရော CD Rom ရောတပ်ဆင်မယ်ဆိုရင် master /slave ခွဲပေးရပါမယ်..
အထက်ကဆွေးနွေးခဲ့တာတွေ အားလုံးက drive ဘက်ကပဲဖြစ်နိုင်တာတွေကို ဆွေးနွေးခဲ့ခြင်းဖြစ်ပါတယ်.. မိမိစက်မှာတော့ အထက်ကလိုပြဿနာမျိုးတွေဖြစ်ပြီး အခြားစက်တစ်လုံးမှာတော့ အကောင်းပကတိအတိုင်း အလုပ်လုပ်တယ်ဆိုရင် drive ရဲ့ power ကြိုးဒေတာကြိုးတို့ ကို ..ပြောင်းလဲတပ်ဆင်ကြည့်ပါ..ထိုနောက် IDE cable ဆိုလျင်လဲ data cable ကို port ပြောင်းတပ်ကြည့်ပါ..SATA port ကိုလည်းထိုနည်းလည်းကောင်းပါပဲ motherboard က port တွေကိုပြောင်းတတ်ကြည့်ပါ..ရံဖန်ရံခါ port တစ်ခုမှာ အလုပ်မလုပ်ပေမဲ့ နောက် port တစ်ခုနဲ့ အဆင်ပြေသွားတာကိုလည်းကြုံရတတ်ပါတယ်..
ROM မကောင်းတော့ရင်ပဲဖြစ်ဖြစ် ရေးတဲ့ ဖတ်တဲ့ နှုန်းအားကျဆင်းလာရင်ပဲဖြစ်ဖြစ် windows တင်တဲ့အခါမှာ (သို့) disc တွေကို ခွေကူးရာမှာ အရမ်းကြာတတ်ပါတယ်..ဒါကြောင့်တစ်ယောက်နဲ့ တစ်ယောက် ငါ့ကွန်ပျူတာက windows တင်တာမြန်တယ် ခဏလေးတွင်းပြီးသွားတယ်ဆိုတာ drive ကောင်းတာမကောင်းတာနဲ့ သက်ဆိုင်ပြီး drive speed အနှေးအမြန်ပေါ်မူတည်ပြီး ကွာသွားခြင်း ဖြစ်ပါ တယ်..