Monday, April 29, 2013
3DPageFlip
3DPageFlip 2.6.4 For Pc 45MB
သူက PDF ဖိုင်တွေကို အပြင်မှာ စာအုပ်ဖတ်သလို convert လုပ်ပေးတဲ့ ဆောစ့်ဝဲလ်လေးပါ
စာအုပ်ဖတ်သလိုဖတ်ချင်တဲ့သူငယ်ချ င်းတွေအတွက်
http://www.3dpageflip.com/ pageflip-3d-pro/index.html
မှာလေ့လာပြီး အသုံးပြုမယ်ဆိုရင် အောက်ကလိပ်စာမှာရယူနိုင်ပါတယ်
Download >>> http://adfoc.us/14232623720339 (or) http://adf.ly/Nu5YX
(or)
ဆိုလာအကြောင်း သိမှတ်စရာဗဟုသုတ
“
ဆိုလာအကြောင်း သိမှတ်စရာဗဟုသုတ ”
၁။ ဆိုလာအလင်းလျှပ်စစ်ဆိုသည်မှာ
နေရောင်ခြည်အလင်းစွမ်းအင်မှ လျှပ်စစ်စွမ်းအင်သို့ တိုက်ရိုက်ပြောင်းလဲပေးနိုင်သော နည်းပညာ ဖြစ်ပါ သည်။ နေအလင်းရောင်တွင်ပါဝင်သော အလင်းမှုန်များမှ ဆိုလာပြား အတွင်းရှိ လျှပ်စစ်ဓာတ်မှုန်များကို ရိုက်ထုတ်ခြင်းဖြင့် လျှပ်စီးကြောင်းကို ဖြစ်ပေါ်စေခြင်းဖြစ်ပါသည်။
၂။ ဆိုလာဆဲလ် ဆိုသည်မှာ အဘယ်နည်း။
ဆိုလာဆဲလ် ဆိုသည်မှာ အလင်းစွမ်းအင်ကို လျှပ်စစ်စွမ်းအင်အဖြစ် ပြောင်းလဲပေးသောအရာ ဖြစ်ပါသည်။ ဆဲလ်များသည် မည်သည့် စွမ်းအင် ကိုမျှသိုလှောင်ပေးနိုင်ခြင်းမရှိသောကြောင့် မည်သည့်အလင်းရောင် (နေရောင်ခြည်) မှမရရှိတော့သည့်အခါ ဆဲလ်အတွင်း၌ လျှပ်စစ် စီးဆင်းမှု မရှိတော့ပေ။ ထို့ကြောင့် လျှပ်စစ်စွမ်းအားကို ညဘက်ပိုင်းတွင် လိုအပ်ခဲ့ပါက လျှပ်စစ်စွမ်းအား သိုလှောင်ထားနိုင်သည့်အရာ (အဓိကအားဖြင့်) ဘက္ထရီနှင့်ချိတ်ဆက် တပ်ဆင်ဖို့ လိုအပ်ပါသည်။
၃။ ဆိုလာဆဲလ် ဘယ်လိုအလုပ်လုပ်သလဲ။
အလင်းမှုန်များသည် ဆီလီကွန်အက်တမ်များမှ ပိုလျှံနေသော လျှပ်စစ်ဓါတ်မှုန်များကို ရိုက်ခတ်ကာ လျှပ်စစ်ဓါတ်မှုန်များကို ထွက်ရှိလာစေပါသည်။ လျှပ်စစ်ဓါတ်မှုန်များ ထွက်ရှိရာမှ လျှပ်စစ်ဗို့အားထွက်ပေါ် လာပါသည်။ အတွင်းပိုင်း လျှပ်စစ်စက်ကွင်းသည် ဆဲလ်၏ရှေ့မျက်နှာပြင်ရှိ လျှပ်စစ်ဓါတ်မှုန်များကို တွန်းကန်စေခြင်းဖြင့် လျှပ်စီးကြောင်းကို ဖြစ်ပေါ်စေပါသည်။ ထွက်ပေါ်လာသော လျှပ်စစ်စီးကြောင်းသည် အခြားဆဲလ် (သို့) အသုံးပြုမည့် နေရာများဆီသို့ ဆက်လက် စီးဆင်းသွားခြင်းဖြင့် လျှပ်စစ်ဓါတ်အားကို ထုတ်လုပ်ပေးပါသည်။ ထိုသို့လျှပ်စစ်ဓါတ်အား ထုတ်လုပ်ပေးရာတွင် ဆိုလာဆဲလ်များသည် မည်သည့်အခါမျှ လျှပ်စစ်ဓါတ်မှုန်များကို ကုန်ဆုံးသွားစေခြင်းမရှိပါ။
၎။ ဆိုလာဆဲလ် အမျိုးအစား ဘယ်လောက်ရှိလဲ။
ဆိုလာလျှပ်စစ်ပြား အမျိုးအစားများမှာ အောက်ဖော်ပြပါအတိုင်းဖြစ်ပါသည်။
1.Crystalline Silicon
a. Monocrystalline Silicon
b. Poly or multicrystalline Silicon
c. Ribbon Silicon (one type of multicrystalline Silicon)
2.Thin Filim Solar Cell
a. Cadmium Telluride Solar Cell
b. Copper Indium Gallium Selenide Solar Cell
c. Gallium Arsenide Multijunction Solar Cell
d. Light-absorbing dyes (DSSC) Solar Cell
e. Organic/Polymer Solar Cell
f. Silicon Thin-Film Cells
i. Amorphous Silicon
ii. Photocrystalline Silicon
iii. Nanocrystalline Silicon
၅။ ဆိုလာစနစ်ကို ဘာကြောင့်သုံးမှာလဲ။
ဆိုလာစနစ်သည် နေရောင်ခြည်စွမ်းအင်ဖြစ်၍
• ကမ္ဘာတည်သရွေ့ မကုန်ခမ်းနိုင်ဘဲ အခမဲ့ သုံးစွဲနိုင်ခြင်း။
• အလင်းမှလွဲ၍ အခြားလောင်စာ မလိုအပ်ခြင်းကြောင့် ရေရှည်တွင် ကုန်ကျစရိတ် သက်သာခြင်း။
• ဘေးအန္တရယ် ကင်းရှင်းပြီး လုံခြုံစိတ်ချစွာ အသုံးပြုနိုင်ခြင်း။ - စသည်တို့ကြောင့် ဆိုလာလျှပ်စစ်စနစ်ကို အသုံးပြုသင့်ပါသည်။
၆။ ဆိုလာလျှပ်စစ်စွမ်းအင်ကို ဘယ်လိုသုံးမှာလဲ။
ဆိုလာပြားမှ ရရှိလာသော ဒီစီလျှပ်စစ်စွမ်းအားကို တိုက်ရိုက်အသုံးပြုနည်းဖြင့်လည်းကောင်း၊ ဘက္ထရီတွင် သိုလှောင်၍လည်းကောင်း၊ မိမိလိုအပ်သလို အသုံးပြုနိုင်ပါသည်။
၇။ ဆိုလာစနစ်ကို အသုံးပြုခြင်းကြောင့် ရရှိလာသော အကျိုးကျေးဇူးများမှာ
• ဆိုလာစနစ်သည် နေရောင်ခြည်စွမ်းအင်ဖြစ်၍ ကမ္ဘာတည်သရွေ့ မကုန်ခမ်းနိုင်ဘဲ အခမဲ့ သုံးစွဲနိုင်ခြင်း။
• ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့မထွက်ရှိ၍ သဘာဝပတ်ဝန်းကျင်ကို အမြဲစိမ်းလန်းနေစေခြင်း။
• အလွယ်တကူ တပ်ဆင်အသုံးပြုနိုင်ခြင်း။
• ဘေးအန္တရယ် ကင်းရှင်းပြီး လုံခြုံစိတ်ချစွာ အသုံးပြုနိုင်ခြင်း။
• လှုပ်ရှားမှု အစိတ်အပိုင်းလုံးဝမပါသဖြင့် ဆူညံမှု မရှိခြင်း။ ချွတ်ယွင်းပျက်ဆီးမှု နည်းပါးကာ နှစ်ရှည်
အသုံးပြုနိုင်ခြင်း နှင့် ပြုပြင်ထိန်းသိမ်းမှု စရိတ်မရှိခြင်း စသည့်ကောင်းကျိုးများ ရရှိနိုင်ပါသည်။
၈။ ဆိုလာကို ထိန်းသိမ်းရန်နှင့် အသုံးပြုရန် လွယ်ကူပါသလား။
ဆိုလာကို ထိန်းသိမ်းရန်နှင့် အသုံးပြုရန် လွယ်ကူပါသည်။ ဆိုလာစနစ်သည် အလွန်ရိုးရှင်းသော စနစ်ဖြစ်၍ အတွင်းပိုင်းတွင် လှုပ်ရှားမှုအစိပ်အပိုင်းမပါရှိခြင်းကြောင့် ထိန်းသိမ်းမှုစရိတ်နည်းပါးပြီး၊ ဆိုလာပြားပေါ်တွင် ဖုန်မှုန့်များနှင့် တခြားနေရောင်ခြည်ကို အဟန့်အတားဖြစ်စေသောအရာများ ဖုံးလွှမ်းနေမှသာ ရေဆေးပေးရန် (သို့)ဖယ်ရှားပေးရန် လိုအပ်ပါသည်။
၉။ ဈေးနှုန်းက ဘယ်လောက်လဲ။ ဈေးကြီးသလား။
ဈေးနှုန်းသည်ဆိုလာပြားအရွယ်အစားနှင့် အရေအတွက်ပေါ်မူတည်ပါသည်။ ယခုချိန်တွင်ဆိုလာ၏ဈေးနှုန်းမှာ ကြီးမြင့်ခြင်းမရှိတော့ပါ။
၁၀။ ဆိုလာပါဝါနှင့် TV ကြည့်လျှင် မည်သည့်ဆိုလာပြား အရွယ်အစားကို အသုံးပြုရန်လိုအပ်ပြီး၊ နာရီမည်မျှ အသုံးပြု နိုင်မည်နည်း။
ဆိုလာပြားအရွယ်အစားနှင့် အသုံးပြုနိုင်မည့်အချိန်မှာ မိမိအသုံးပြုမည့် TV အရွယ်အစား အပေါ်တွင် မူတည် ပါသည်။
ဥပမာ။ ။ ၁) 21" CRT Colour TV (AC) တစ်လုံးကို တစ်နေ့(၂)နာရီ အသုံးပြုမည်ဆိုပါက 70Watt ဆိုလာပြား (၁)ချပ် လိုအပ်ပါသည်။
၂) 21" CRT Colour TV (AC) တစ်လုံးကို တစ်နေ့(၄)နာရီ အသုံးပြုမည်ဆိုပါက 70Watt ဆိုလာပြား(၂)ချပ် လိုအပ်ပါသည်။
၃) 21" LCD Colour TV (AC) တစ်လုံးကို တစ်နေ့(၂)နာရီ အသုံးပြုမည်ဆိုပါက 50Watt ဆိုလာပြား(၁)ချပ် လိုအပ်ပါသည်။
၁၁။ ဆိုလာစနစ်အား မီးထွန်းရန်အတွက်သာ အသုံးပြုမည်ဆိုပါက နာရီဘယ်လောက် အသုံးပြုနိုင်မလဲ။
သုံးစွဲနိုင်သော နာရီအချိန်သည် မိမိသုံးစွဲမည့် မီးချောင်း(သို့)မီးလုံး အရေအတွက်နှင့် အသုံးပြုထားသော ဆိုလာပြားအရွယ်အစား ပေါ် မူတည် ပါသည်။ ဥပမာ
၁။ ၅၀-၀ပ် ဆိုလာပြားနှင့် ၂၀-၀ပ် မီးချောင်း(၁)ချောင်း အသုံးပြုမည်ဆိုပါက တစ်နေ့၁၀နာရီ မီးထွန်းနိုင် ပါသည်။
၂။ ၅၀-၀ပ် ဆိုလာပြားနှင့် ၂၀-၀ပ် မီးချောင်း(၂)ချောင်း အသုံးပြုမည်ဆိုပါက တစ်နေ့ ၅နာရီ မီးထွန်းနိုင် ပါသည်။
၃။ ၉၀-၀ပ် ဆိုလာပြားနှင့် ၂၀-၀ပ် မီးချောင်း(၄)ချောင်း အသုံးပြုမည်ဆိုပါက တစ်နေ့ ၄နာရီခွဲ မီးထွန်းနိုင် ပါသည်။
၁၃။ ဆိုလာစနစ်ဖြင့် လျှပ်စစ်ဓါတ်အားမည်မျှ ထုတ်လုပ်ပေးနိုင်မည်နည်း။
ဆိုလာစနစ်ဖြင့် လျှပ်စစ်ဓါတ်အားပေးရုံအဆင့်ထိ ထုတ်လုပ်ပေးနိုင် ပါသည်။
၁၄။ ဆိုလာစနစ်ဖြင့်မီးထွန်းလျှင် အလင်းအား မည်မျှလင်းမည်နည်း။
အလင်းအားသည် ဆိုလာစနစ်ပေါ်တွင် မူတည်ခြင်းမဟုတ်ပါ။ မိမိအသုံးပြုမည့် မီးချောင်း (သို့) မီးလုံး၏ အလင်းအားထုတ်လွှတ် ပေးနိုင်ခြင်းပေါ်တွင် မူတည်ပါသည်။
၁၅။ အဲယားကွန်းနှင့် ရေခဲသေတ္တာတွေကို ဆိုလာစနစ်ဖြင့် အသုံးပြုနိုင်ပါသလား။
အဲယားကွန်းနှင့် ရေခဲသေတ္တာတွေကို ဆိုလာစနစ်ဖြင့် အသုံးပြုနိုင်ပါသည်။ သို့သော် ဆိုလာပြားအမြောက် အများလိုအပ်ပါသည်။
၁၇။ ဆိုလာပြားသည် အလွယ်တကူပျက်စီးနိုင်သလား။
သာမာန်အားဖြင့် ဆိုလာပြားသည် အလွယ်တကူမပျက်စီးနိုင်ပါ။ သို့သော် ဆိုလာပြားများအားသယ်ယူစဉ် နှင့် တပ်ဆင်ချိန်များတွင် ဂရုတစိုက် ပြုလုပ်ရန်လိုအပ်ပါသည်။
၁၈။ ဆိုလာစနစ် အသုံးပြုမည်ဆိုပါက တစ်နေ့လျှင် နေရောင်ခြည် မည်မျှလိုအပ်မည်နည်း။
ဆိုလာတပ်ဆင်မည့်နေရာသည် တစ်နေကုန် နေရောင်ခြည်ရရှိရန် လိုအပ်ပါသည်။ ထိုသို့တစ်နေကုန် နေရောင်ခြည်မရရှိပါက ဆိုလာပြားမှ လျှပ်စစ်စွမ်းအားအပြည့်အ၀ ထုတ်ယူရရှိနိုင်မည်မဟုတ်ပါ။
၁၉။ တစ်ပတ်လုံး တိမ်ထူနေ့များ (သို့) မိုးရွာနေ့များတွင် ဆိုလာစနစ်ကို အသုံးပြုနိုင်သလား။
သာမာန်အားဖြင့် တိမ်ထူသောနေ့များ(သို့) မိုးရွာသောနေ့များတွင် ဆိုလာမှလျှပ်စစ်ဓာတ်အား အပြည့်အ၀ ထုတ်လုပ်ပေးနိုင်ခြင်းမရှိပါ။ သို့သော် အချို့သောနေရာဒေသများတွင်မူ တိမ်ထူသောနေ့များနှင့်မိုးရွာသော နေ့များတွင်လည်း အပြည့်အ၀ ထုတ်လုပ်ပေးနိုင်ကြောင်း တွေ့ရှိရပါသည်။
၂၀။ မည်သည့်နေရာဒေသများသည် ဆိုလာစနစ်အား အသုံးပြုရန် ပိုမိုသင့်တော်သနည်း။
နေရောင်ခြည်ကောင်းကောင်းရရှိနိုင်သော မည်သည့်နေရာဒေသတွင်မဆို ဆိုလာစနစ်အား အသုံးပြုနိုင်ပါသည်။
၂၁။ ဆိုလာစနစ်တွင် ဘက္ထရီနှင့် အင်ဗာတာများ လိုအပ်ပါသလား။ ဘာကြောင့်လိုအပ်ပါသနည်း။
ဆိုလာစနစ်တွင် ဘက္ထရီ၊ အင်ဗာတာများ လိုအပ်ပါသည်။ အဘယ့်ကြောင့်ဆိုသော်နေရောင်ခြည်မရရှိနိုင်သောညအခါတွင် လျှပ်စစ်ဓါတ်အား ထုတ်ယူအသုံးပြုရန်အတွက် နေ့အချိန်တွင် ဆိုလာစနစ်မှထုတ်ပေးသော လျှပ်စစ်ဓါတ်အား သိုလှောင်ထိန်းသိမ်းထားရန် ဘက္ထရီလိုအပ်ပါသည်။ ဆိုလာစနစ်မှ ထုတ်ယူရရှိသော လျှပ်စစ်ဓါတ်မှာ ဒီစီလျှပ်စစ်စနစ်ဖြစ်၍ အေစီလျှပ်စစ်ပစ္စည်းများအသုံးပြုရန်အတွက် အင်ဗာတာ လိုအပ်ခြင်း ဖြစ်ပါသည်။
၂၂။ ဆိုလာတပ်ဆင်ခြင်းသည် လွယ်ကူသလား။ ခက်ခဲသလား။
ဆိုလာတပ်ဆင်ခြင်းသည် ရိုးရှင်းလွယ်ကူပြီး၊ အသုံးပြုရသည်မှာလည်း လွယ်ကူပါသည်။
၂၅။ ဆိုလာနှင့် မိုဘိုင်းဖုန်းကို အားဖြည့်ပေးနိုင်သလား။
ဆိုလာနှင့် မိုဘိုင်းဖုန်းကို အားဖြည့်ပေးနိုင်ပါသည်။ သို့သော် ဆိုလာနှင့် မိုဘိုင်းဖုန်းကြားတွင် အားသွင်းထိန်းညှိစက် တပ်ဆင်ရန်လိုအပ်ပါသည်။
၂၆။ အားဖြည့်နေချိန်တွင် မီးထွန်းနိုင်သလား။ အသုံးမပြုနိုင်လျှင် ဘာကြောင့်လဲ။
အားဖြည့်နေချိန်တွင် ထုတ်မသုံးဘဲနေခြင်းသည် အကောင်းဆုံးပင် ဖြစ်သည်။ ထုတ်သုံးလျှင် သင်၏ဘက္ထရီသည် အားမပြည့်နိုင်ပေ။
၂၇။ ဘက္ထရီကို လိုအပ်သည်ထက် ပိုမို၍အားသွင်းမိလျှင် ပေါက်ကွဲတတ်သလား။
အားသွင်းထိန်းညှိစက်အသုံးမပြုပဲ အချိန်ကြာမြင့်စွာ အားသွင်းမိလျှင် ဘက္ထရီအားထိခိုက်ပျက်စီးနိုင်ပါသည်။
၂၈။ ဘက္ထရီအား လွန်၊မလွန် ဘယ်လိုသိနိုင်မလဲ။
သာမာန်အားဖြင့် အလွယ်တကူမသိနိုင်ပါ။ အချိန်ကြာမြင့်စွာအားသွင်းစဉ် ဘက္ထရီအိုးပူလာပြီး အနံ့တစ်မျိုးမျိုး ထွက်လာပါက အားလွန်ခြင်း ကြောင့်ဖြစ်ပါသည်။
၂၉။ ဆိုလာအတွက် မည်သည့်ဘက္ထရီအမျိုးအစားကို ပိုမိုရွေးချယ်သင့်သလဲ။
Deep Cycle Maintenance Free Sealed Lead Acid Battery သည် အကောင်းဆုံးဖြစ်သည်။
၃၀။ Charge Controller ဆိုတာ ဘာလဲ။
Charge Controller ဆိုသည်မှာ ဘက္ထရီအား အနည်းအများပေါ်မူတည်ပြီး အားသွင်းခြင်းအား ထိန်းညှိပေး သောစက် ကိရိယာဖြစ်ပါသည်။ ထိုကိရိယာအသုံးပြုခြင်းဖြင့် ဘက္ထရီအားသွင်းစဉ် အားလွန်ခြင်းမဖြစ်ပေါ် နိုင်၍ အားလွန်ခြင်းကြောင့် ဘက္ထရီပျက်စီးခြင်းမှ ကာကွယ် ပေးပါသည်။
၃၁။ Charge Controller ဘာကြောင့် အသုံးပြုရတာလဲ။
သင်သည် ကျွမ်းကျင်သော လျှပ်စစ်ပညာရှင်တစ်ယောက် မဟုတ်ခဲ့လျှင် ဘက္ထရီအားပြည့်၊ မပြည့်အလွယ်တကူ သိနိုင်မည်မဟုတ်ပါ။ ထိုကြောင့် အားလွန်သွားခဲ့လျှင် သင့်၏ဘက္ထရီ ပျက်စီးမှုကို ကာကွယ်ရန်အတွက် Charge Controller ကို အသုံးပြုရပါသည်။
၃၂။ Charge Controller ကို အသုံးမပြုချင်ဘူးဆိုလျှင် ဘာလုပ်နိုင်မလဲ။
သင်သည် ကျွမ်းကျင်သော လျှပ်စစ်ပညာရှင်တစ်ယောက် မဟုတ်ခဲ့လျှင် လျှပ်စစ်အကြောင်း တတ်ကျွမ်း နားလည်သော ပညာရှင်တစ်ယောက် ကိုခေါ်၍ ဘက္ထရီအားသွင်းစဉ် အစဉ်အမြဲစောင့်ကြည့်ခိုင်းထားရပါမည်။
Credit to Sun Power. CO., LTD
မြန်မာတိုင်းရင်းသား ၁၃၅ မျိုး
မြန်မာတိုင်းရင်းသား ၁၃၅ မျိုး
++++++++++++++++
ကျွန်တော်တော့ မြန်မာနိုင်ငံသားဖြစ်ပြီးေ
မြန်မာတိုင်းရင်းသားလူမျိုး
အဓိက ကတော့ ကချင် ၊ ကယား ၊ ကရင် ၊ ချင်း ၊ ဗမာ ၊ မွန် ၊ ရခိုင် ၊ ရှုမ်း ၊ ဆိုပြီး ( ၈ မျိုး ) ရှိပါတယ် ။
(ကချင်မှာ လူမျိုးစု စုစုပေါင်း ၁၂ မျိုး ရှိပါတယ်။)
(၁) ကချင် Kachin
(၂) တရုမ်းTaron Taron
(၃) ဒလောင် Dalaung
(၄) ဂျိန်းဖော Jinghpaw
(၅) ဂေါ်ရီ Guari
(၆) ခခူ Hkahku
(၇) ဒူးလန်း Duleng
(၈) မရူ (လော်ဝေါ်) Maru (Lawgore)
(9) ရ၀မ် Rawang
(၁၀) လရှီ (လချိတ်) Lashi (La Chit)
(၁၁) အဇီး Atsi
(၁၂) လီဆူး Lisu
(ကယားမှာ လူမျိုးစု စုစုပေါင်း ၉ မျိုး ရှိပါတယ်။)
(၁၃) ကယား Kayah
(၁၄) ဇယိမ်း Zayein
(၁၅) ကယန်း (ပဒေါင်) Ka-Yun (Padaung)
(၁၆) ကဲ့ခို Gheko
(၁၇) ဂေဘား Kebar
(၁၈) ဘရဲ့ (ကယော) Bre (Ka-Yaw)
(၁၉) မနုမနော Manu Manaw
(၂၀) ယင်းတလဲ Yin Talai
(၂၁) ယင်းဘော် Yin $%#w
(ကရင်တွင် လူမျိုးစု စုစုပေါင်း ၁၁ မျိုး ရှိပါတယ်)
(၂၂) ကရင် Kayin
(၂၃)ကရင်ဖြူ Kayinpyu
(၂၄) ပလေကီး Pa-Le-Chi
(၂၅) မွန်ကရင် (စာဖြူ) Mon Kayin (Sarpyu)
(၂၆) စကော Sgaw
(၂၇) တာလှေပွား Ta-Lay-Pwa
(၂၈) ပကူး Paku
(၂၉) ဘွဲ Bwe
(၃၀) မော်နေပွား Monnepwa
(၃၁) မိုးပွား Monpwa
(၃၂) ရှူး (ပိုး) Shu (Pwo)
(ချင်းမှာ လူမျိုးစု စုစုပေါင်း ၅၃ မျိုး ရှိပါတယ် ။)
(၃၃) ချင်း (ဇိုမီး) Chin (Zomi)
(၃၄) မေ့ထေး (ကသည်း) Meithei (Kathe)
(၃၅) ဆလိုင်း Saline
(၃၆) ကလင်ကော (လူရှေ) Ka-Lin-Kaw (Lushay)
(၃၇) ခမီ Khami
(၃၈) အ၀ခမီ Awa Khami
(၃၉) ခေါနိုး Khawno
(၄၀) ခေါင်စို Kaungso
(၄၁) ခေါင်စိုင်ချင်း Kaung Saing Chin
(၄၂) ခွာဆင်းမ် Kwelshin
(၄၃) ခွန်လီ (ဆင်) Kwangli (Sim)
(၄၄) ဂန်တဲ့ (လင်တဲ) Gunte (Lyente)
(၄၅) ဂွေးတဲ Gwete
(၄၆) ငွန်း Ngorn
(၄၇) ဆီစာန် Zizan
(၄၈) ဆင်တန် Sentang
(၄၉) ဆိုင်းဇန် Saing Zan
(၅၀) ဇာဟောင် Za-How
(၅၁) ဇိုတုံး Zotung
(၅၂) ဇိုဖေ Zo-Pe
(၅၃) ဇို Zo
(၅၄) ဇန်ညှပ် Zahnyet (Zanniet)
(၅၅) တပေါင်Tapong
(၅၆) တီးတိန် Tiddim (Hai-Dim)
(၅၇) တေဇန် Tay-Zan
(၅၈) တိုင်ချွန်း Taishon
(၅၉) သဒို Thado
(၆၀) တောရ် Torr
(၆၁) ဒမ် Dim
(၆၂) ဒိုင် (ယင်ဒူး) Dai (Yindu)
(၆၃) နာဂ Naga
(၆၄) Tanghkul
(၆၅) Malin
(၆၆) Panun
(၆၇) Magun
(၆၈) Matu
(၆၉) Miram (Mara)
(၇၀) Mi-er
(၇၁) Mgan
(၇၂) လူရှိုင်း (လူရှေ) Lushei (Lushay)
(၇၃) Laymyo
(၇၄) Lyente
(၇၅) လောက်တူ Lawhtu
(၇၆) လိုင် Lai
(၇၇) လိုင်ဇို Laizao
(၇၈) ၀ါကင်းမ် Wakim (Mro)
(၇၉) Haulngo
(၈၀) အနူး Anu
(၈၁) အနန် Anun
(၈၂) Oo-Pu
(၈၃) လင်းဘု Lhinbu
(၈၄) အရှိုAsho (Plain)
(၈၅) Rongtu
(ဗမာမှာ လူမျိုးစု စုစုပေါင်း ၉ မျိုး ရှိတယ်။)
(၈၆) ဗမာ Bamar
(၈၇) ထားဝယ် Dawei
(၈၈) မြိတ် Beik
(၈၉) ယော Yaw
(၉၀) ယဗိန်း Yabein
(၉၁) ကဒူး Kadu
(၉၂) ကနန်း Ganan
(၉၃) ဆလုံ Salon
(၉၄) ဖွန် Hpon
(မွန်မှာ လူမျိုးစု စုစုပေါင်း ၁ မျိုး ရှိပါတယ်။)
(၉၅) မွန်
ခိုင်မှာ လူမျိုးစု စုစုပေါင်း ၇ မျိုး ရှိပါတယ်။
(၉၆) ရခိုင် Rakhine
(၉၇) ကမန်လူမျိုး Kamein
(၉၈) ခမွီး Kwe Myi
(၉၉) ဒိုင်းနက် Daingnet
(၁၀၀) မရမာကြီး Maramagyi
(၁၀၁) မြို Mro
(၁၀၂) သက် Thet
(ရှမ်းမှာ လူမျိုးစု စုစုပေါင်း ၃၃ မျိုး ရှိပါတယ်)
(၁၀၃) ရှမ်း Shan
(၁၀၄) ယွန်း (လော) Yun (Lao)
(၁၀၅) ကြီ Kwi
(၁၀၆) ဖျင် Pyin
(၁၀၇) ယောင် Yao
(၁၀၈) ဓနော Danaw
(၁၀၉) ပလေး Pale
(၁၁၀) အင် Eng
(၁၁၁) စုံ Son
(၁၁၂) ခမူ Khamu
(၁၁၃) ကော် (အခါ အီကော) Kaw (Akha-E-Kaw)
(၁၁၄) ကိုးကန့် Kokant
(၁၁၅) ခန္တီးရှမ်း Khamti Shan
(၁၁၆) ဂုံရှမ်း Hkun
(၁၁၇) တောင်ရိုး Taungyo
(၁၁၈) ဓနု Danu
(၁၁၉) ပလောင် Palaung
(၁၂၀) မြောင်ဇီး Man Zi
(၁၂၁) ယင်းကျား Yin Kya
(၁၂၂) ယင်းနက် Yin Net
(၁၂၃) ရှမ်းကလေး Shan Gale
(၁၂၄) ရှမ်းကြီး Shan Gyi
(၁၂၅) လားဟူ Lahu
(၁၂၆) အင်းသား Intha
(၁၂၇) အိုက်ဆွယ် Eik-swair
(၁၂၈) ပအိုဝ်း Pa-O
(၁၂၉) တိုင်းလွယ် Tai-Loi
(၁၃၀) တိုင်းလျမ် Tai-Lem
(၁၃၁) တိုင်းလုံ Tai-Lon
(၁၃၂) တိုင်းလေ့ Tai-Lay
(၁၃၃) မိုင်းသာ Maingtha
(၁၃၄) မောရှမ်း Maw Shan
(၁၃၅)၀ Wa
မြန်မာနိုင်ငံ၏ သမ္မတများ
မြန်မာနိုင်ငံ၏ သမ္မတများ
==============
၁။စ၀်ရွှေသိုက်(၁၈၉၆-၁၉၆၂)
ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ ပထမဆုံး သမ္မတ အဖြစ် လူသိများ
လေသည်။သမ္မတတာဝန်ကို (၄.၁.၁၉၄၈)မှ (၁၆.၃.၁၉၅၂)ထိ ထမ်းဆောင်ခဲ့သည်။စ၀်ရွှေသိုက်ကို ၁၈၉၆ခု အောက်တိုဘာလ ၁၆ရက် သောကြာနေ့ရှမ်းပြည်နယ် ညောင်ရွှေမြို့ အဖ စ၀်ချုံ၊အမိ ဒေါ်စ၀်နန်းဆာတို့မှ ဖွားမြင်သည်။ငယ်အမည်မှာ စပ်ရွှေဆိုက် ဖြစ်ကာ ရှမ်းတိုင်းရင်းသားဖြစ်လေသည်။၁၉၃၇ခု၊ဇွန်လတွင် မြောက်ပိုင်းသိန္နီစော်ဘွား ၏နှမတော် စ၀်ဟုန်ခမ်းနှင့် လက်ထပ်ခဲ့ပြီး သားသမီး၁၁ယောက် ထွန်းကားခဲ့သည်။ စ၀်ရွှေသိုက်သည် (၂၁.၁၁.၁၉၆၂) အသက်၆၆နှစ်တွင် ကွယ်လွန်ခဲ့သည်။
***********************************************
၂။ဒေါက်တာဘဦး(၁၈၈၇-၁၉၆၃)
ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ ဒုတိယမြောက် သမ္မတ ဖြစ်လေ
သည်။သမ္မတ တာဝန်ကို (၁၆.၃.၁၉၅၂)မှ (၁၃.၃.၁၉၅၇)ထိ ထမ်းဆောင်ခဲ့
လေသည်။ဒေါက်တာဘဦးကို ၁၈၈၇ခု မေလ ၂၆ရက် ကြာသပတေးနေ့
ဧရာဝတီတိုင်း။ပုသိမ်မြို့တွင် အဖ ဦးဘိုးလှ၊အမိ ဒေါ်ညွန့် တို့မှ ဖွားမြင်ခဲ့
သည်။မွေးချင်းကိုးယောက်အနက် အကြီးဆုံးသားဖြစ်သည်။ဘိုးဘေးများမှာ
မင်းမျိုးမင်းနွယ်ဖြစ်လေသည်။၁၉၁၃ခုတွင်ဒေါ်ငြိမ်းငြိမ်းနှင့်လက်ထက်ပြီးသား၂ယောက်ထွန်းကားခဲ့သည်။၁၉၂၂တွင် ဒေါ်ငြိမ်းငြိမ်း အဆုတ်ရောဂါနှင့်
ကွယ်လွန်ပြီးနောက် ၁၉၂၃တွင် ဒေါ်အေးနှင့်လက်ထက်ခဲ့ရာ သားသမီး
၅ယောက်ထွန်းကားခဲ့သည်။ဒေါက်တာဘဦးသည် (၉.၁၁.၁၉၆၃) အသက် ၇၆နှစ်တွင် လူကြီးရောဂါဖြင့် ကွယ်လွန်ခဲ့သည်။
***********************************************
၃။ဦးဝင်းမောင်(ခ)မန်းဝင်းမောင်(၁၉၁၆-၁၉၈၉)
ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ တတိယမြောက် သမ္မတ ဖြစ်လေ
သည်။သမ္မတ တာဝန်ကို (၁၃.၃.၁၉၅၇)မှ (၂.၃.၁၉၆၂)ထိ ထမ်းဆောင်ခဲ့သည်။ဦးဝင်းမောင်ကို ၁၉၁၆ခု၊ဧပြီလ၊၁၇ရက် တနင်္လာနေ့
ပုသိမ်ခရိုင်၊ကျုံပျော်မြို့နယ်၊လှည်းဆိပ်ရွာတွင် အဖဦးရွှေရင်၊အမိဒေါ်သာယာ
တို့မှ ဖွားမြင်ခဲ့သည်။ကရင်တိုင်းရင်းသားဖြစ်ကာ နိုင်ငံရေးတွင် မန်းဝင်းမောင်ဟု ထင်ရှားလေသည်။၁၉၄၂ခုတွင် ဒေါ်မြမေနှင့် လက်ထပ်ကာ
သားသမီး ၆ယောက် ထွန်းကားခဲ့သည်။မန်းဝင်းမောင်သည် (၄.၇.၁၉၈၉)
အသက်၇၃နှစ်တွင် ကွယ်လွန်ခဲ့သည်။
***********************************************
၎။ဦးနေ၀င်း(၁၉၁၁-၂၀၀၂)
ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ စတုတ္ထမြောက် သမ္မတ ဖြစ်လေ
သည်။သမ္မတ တာဝန်ကို (၂.၃.၁၉၇၄)မှ (၉.၁၁.၁၉၈၁)ထိ ထမ်းဆောင်ခဲ့သည်။ရဲဘော်သုံးကျိပ်ဝင် တစ်ဦးလည်း ဖြစ်လေသည်။
ဦးနေ၀င်းကို ၁၉၁၁ခု၊မေလ၊၂၄ရက်၊ဗုဒ္ဒဟူးနေ့၊ ပြည်ခရိုင်၊ပေါင်းတလည်မြို့
တွင် အဖဦးဖိုးခ ၊အမိဒေါ်မိလေးတို့မှ ဖွားမြင်သော သားဦးဖြစ်လေသည်။
ငယ်အမည်မှာ မောင်ရှုမောင်ဖြစ်သည်။ပထမဆုံးဒေါ်သန်းညွန့် နှင့်လက်ထက်ကာ သား၁ယောက်၊ဒုတိယ ဒေါ်တင်တင်နှင့်လက်ထက်ကာ သား၂ယောက်၊တတိယ ဒေါ်ခင်မေသန်းနှင့်လက်ထက်ကာ သားသမီး ၃ယောက် ထွန်းကားခဲ့သည်။၁၉၇၂ခုတွင် ဒေါ်ခင်မေသန်းကွယ်လွန်ပြီး
၁၉၇၃ခုတွင် ဒေါ်နီနီမြင့်နှင့်လက်ထက်ခဲ့သည်။ထို့နောက် ၁၉၇၆ခုတွင်
ကနောင်မင်း၏ အနွယ်တော် ရတနာနတ်မယ်နှင့်လက်ထက်ပြီး ငါးလသာ
ပေါင်းသင်းနေထိုင်ခဲ့သည်။ဦးနေ၀င်းသည် (၅.၁၂.၂၀၀၂) အသက် ၉၂နှစ်
တွင်ကွယ်လွန်ခဲ့သည်။
***********************************************
၅။ဦးစန်းယု(၁၉၁၈-၁၉၉၆)
ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ ပဉ္စမမြောက် သမ္မတ ဖြစ်လေ
သည်။သမ္မတ တာဝန်ကို (၉.၁၁.၁၉၈၁)မှ (၂၅.၇.၁၉၈၈)ထိ ထမ်းဆောင်ခဲ့
သည်။ဦးစန်းယုကို ၁၉၁၈ခု၊မတ်လ၊၃ရက်၊တနင်္ဂနွေနေ့၊ပြည်ခရိုင်၊သဲကုန်းမြို့
တွင် အဖဦးစံဖေ၊အမိဒေါ်ရွှေလဲ့တို့မှ ဖွားမြင်လေသည်။၁၉၄၇ခုတွင် အင်းစိန်အစိုးရကျောင်းဆရာမ ဒေါ်သန်းရှိန်နှင့်လက်ထက်ခဲ့ပြီး သမီး၎ယောက် ထွန်းကားခဲ့သည်။ဦးစန်းယုသည် (၂၈.၁.၁၉၉၆) အသက်၇၈နှစ်တွင် ကွယ်လွန်ခဲ့သည်။
***********************************************
၆။ဦးစိန်လွင်(၁၉၂၄-၂၀၀၄)
ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ ဆဋ္ဌမမြောက် သမ္မတ ဖြစ်လေ
သည်။သမ္မတ တာဝန်ကို (၂၅.၇.၁၉၈၈)မှ (၁၂.၈.၁၉၈၈)ထိ ထမ်းဆောင်ခဲ့
သည်။ဦးစိန်လွင်ကို ၁၉၂၄ခု၊ဇန်န၀ါရီလ၊၂၇ရက်၊တနင်္ဂနွေနေ့၊ ပေါင်မြို့တွင်
အဖ ဦးရွှေရင်၊အမိ ဒေါ်မမကြီးမှ ဖွားမြင်လေသည်။ဒေါ်ရွှေတင်(ခ)ဒေါ်တင်
တင်လှိုင်နှင့်လက်ထက်ခဲ့ပြီး သားသမီး ၅ယောက် ထွန်းကားခဲ့သည်။
ဦးစိန်လွင်သည် (၉.၄.၂၀၀၄) အသက်၈၁နှစ်တွင် ကွယ်လွန်ခဲ့သည်။
***********************************************
၇။ဒေါက်တာမောင်မောင်(၁၉၂၅-၁၉၉၄)
ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ သတ္တမမြောက် သမ္မတ ဖြစ်လေ
သည်။သမ္မတ တာဝန်ကို (၁၉.၈.၁၉၈၈)မှ (၁၈.၉.၁၉၈၈)ထိ ထမ်းဆောင်ခဲ့
သည်။ဒေါက်တာမောင်မောင်ကို ၁၉၂၅ခု၊ဇန်န၀ါရီလ၊၃၁ရက်၊စနေနေ့၊
မန္တလေးမြို့တွင် အဖဦးဆင့်၊အမိ ဒေါ်အေးတင်တို့မှဖွားမြင်လေသည်။
မွေးချင်းအနက် တစ်ဦးတည်းသောသားဖြစ်သည်။၁၉၄၇ခုတွင် ဒေါ်ခင်မြင့်
နှင့်လက်ထက်ခဲ့ရာမှ သားသမီး ၇ယောက်ထွန်းကားခဲ့သည်။ဒေါက်တာ
မောင်မောင်သည် (၂.၇.၁၉၉၄) အသက် ၇၀နှစ်တွင် ကွယ်လွန်ခဲ့သည်။
***********************************************
၈။ဦးသိန်းစိန်(၁၉၄၅)
ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ အဋ္ဌမမြောက် သမ္မတ ဖြစ်လေ
သည်။၂၀၀၈ခု၊ဖွဲ့စည်းပုံအခြေခံဥပဒေ အသက်ဝင်လာပြီးနောက် ပထမဆုံး
ရွေးချယ်ခံရသော သမ္မတဖြစ်သည်။(၄.၂.၂၀၁၁)တွင် သမ္မတတာဝန်ကို
ထမ်းဆောင်ရသည်။ဦိးသိန်းစိန်ကို ၁၉၄၅ခု ဧပြီလ ၂၀ရက် သောကြာနေ့
ပုသိမ်ခရိုင်၊ငပုတောမြို့နယ်၊ကျုံကူးရွာတွင် အဖဦးမောင်ဖြိုး အမိ ဒေါ်ခင်ညွန့်
တို့မှ ဖွားမြင်လေသည်။ဦးသိန်းစိန်မှာ ဒေါ်ခင်ခင်ဝင်းနှင့်လက်ထက်ပြီး
သားသမီး ၃ယောက်ထွန်းကားလေသည်။ယခုအခါ နေပြည်တော်ရှိ နိုင်ငံ
တော် သမ္မတအိမ်တော်တွင် နေထိုင်လျက်ရှိသည်။
ကမ္ဘာ့ပထမဆုံး မြန်မာ၏ tablet (ကျောက်သင်ပုန်း)
ကမ္ဘာ့ပထမဆုံး မြန်မာ၏ tablet (ကျောက်သင်ပုန်း) ၁၉၄၅ တွင်တည်ထွင်သည်။
ကျောက်သင်ပုန်း(tablet)နှင့
(စာရှည်မည်စိုးသောကြောင့် နောက်ပိုင်းစာပိုဒ်များတွင်
ထုတ်လုပ်ပုံ
ကျောက်သင်ပုန်းကျောက်များကိ
ကျောက်သင်ပုန်း ပြုလုပ်ပုံ အဆင့်ဆင့်
ကျောက်သင်ပုန်း ပြုလုပ်ပုံအဆင့်ဆင့်မှာ -
(၁) ကျောက်တွင်းမှ တူး၍ရသောကျောက်တုံးများကို လုပ်သားများက တွင်းဝရှိ တဲငယ်အောက်သို့ ပို့ဆောင်ပေးရသည်။
(၂) ၄င်းကျောက်တုံးများကို ကျွမ်းကျင်သူ လုပ်သားပိုင်ရှင်တစ်ဦးက ကျောက်သွားခွဲရန် ဓါးဖြင့် ခွဲထုတ်ရသည်။
(၃) ခွဲထုတ်ပြီး ကျောက်ပြားများကို လုပ်သားတစ်ဦးက ကျောက်ညှပ်ကတ်ကြေးဖြင့် အရွယ်အစားအလိုက် ညှပ်ပေးရသည်။
(၄) ကိုက်ညှပ်ရာ၌ ကျောက်သင်ပုန်းအငယ်ဆုံး အရွယ်အစားအထိ၊ ရွေးချယ်ညှပ်ပြီး ကျန်ကျောက်ပြားအားလုံးမှာ ကျောက်တံကျောက်ဖြစ်သွားသည်။
(၅) အရွယ်အစားအလိုက် ညှပ်ပြီးသော ကျောက်သင်ပုန်းကို မည်သူမဆို ဝယ်လိုသူအိမ်အရောက် ကျောက်ချပ် ၁၅၀ ပါတစ်ထမ်းကို ၂ကျပ် ၅၀ပြားနှုန်းဖြင့် ပို့ပေးရသည်။
(၆) ကျောက်ပြားများကို လက်သမားကိုင် ရွေဘော်ဖြင့် ညီအောင်ပါးအောင် ဘောင်နှစ်ဖက်လုံးကို ထိုးပေးရသည်။ ထိုးခမှာ ကျောက်ပြား ၁၀၀ လျှင် ၁၀ ကျပ်နှုန်း ဖြစ်ပါသည်။ အမျိုးသမီးများ အထိုးများ၍ တစ်နေ့လျှင် ၂၀၀ မှ ၃၀၀ အထိပြီးသည်။
(၇) ထိုးပြီး ကျောက်ပြားကို ကျောက်ညှပ်ကတ်ကြေးဖြင့် စတုဂံပုံကျအောင် ညီညာစွာ ညှပ်ပေးရသည်။ ညှပ်ခမှာ ၁၀၀ လျှင် ၁ ကျပ်နှုန်း ဖြစ်သည်။
(၈) ညှပ်ပြီးကျောက်များကို စက်လုပ်သားများ လာရောက်ထမ်းယူပြီး စက်တွင် ချောမောအောင် နှစ်ဖက်ပွတ်လုံးဖြင့် ပွတ်ပေးရသည်။` ကျောက်ပွတ်ခမှာ ၁၀၀ လျှင် ၁၂ ကျပ်နှုန်းဖြစ်သည်။ တစ်နေ့ တစ်ဦးလျှင် ၆၀၀ အထိပြီးသည်။ စက်ရှင် ၉ ကျပ် ၅၀ ပြားရ၍ လုပ်သားက ၂ ကျပ် ၅၀ ပြားရသည်။
(၉) ပွတ်ပြီးကျောက်များကို ကလေးများက ဆေးသုတ်ပေးရသည်။ ဆေးသုတ်ခမှာ ၁၀၀ လျှင် ၁ ကျပ်နှုန်းဖြစ်သည်။ သို့ရာတွင် ဆေးမသုတ်မီ ရေဆေး၍ လှမ်းပေးရပါသည်။
(၁၀) အလျား ၂ပေ၊ အနံ ၁ ပေရှိ လျှင်ထိုးထားပြီးသား သစ်သားဘောင်များကို ဘောင်ထိုးသစ်စက်မှ ဘောင်တပ်သူများက ယူပြီး ဘောင် ၂၀၀ လျှင် ကျောက်သင်ပုန်း ၁၀၀ ရသည်။ ဘောင်တပ်ခမှာ ကျောက်သင်ပုန်း ၁၀၀ လျှင် ၁၅ ကျပ်နှုန်းဖြစ်၍ တစ်နေ့လျှင်ဘောင် ၂၅၀ ထိ ပြီးနိုင်သည်။
ကျောက်တံ (pen) ထုတ်လုပ်ပုံ အဆင့်ဆင့်
ကျောက်တံကို ကျောက်သင်ပုန်းထုတ်သော ကျောက်မှထုတ်ယူရ၏။ သို့သော် ကျောက်တံထုတ်သော ကျောက်ပြားသည် သက်တန်းနု၍ ကျောက်သားပွ ရသည်။ သို့မှသာ ကျောက်သင်ပုန်းပေါ်တွင် ရေး၍ ကောင်းသည်။ တောင်ပေါ်က ကျောက်ပြားဆိုက် အသေးများကို သယ်၍ မညီလျှင် ရွေဘော်ထိုးပေးရသည်။ ရွေဘော်ထိုးပြီး ရေတစ်ညစိမ်ရသည်။ ပြီးလျှင် ထိပ်နှစ်ဖက်ကို ကော်ပတ်နဲ့ ပြန်ချွန်ပေးရတယ်။ အရင်က စက်နဲ့ချွန်၍ အခုမှာ ကော်ပတ်နှင့် အဆင်ပြေ၍ ကော်ပတ်နှင့် ချွန်ကြသည်။ ကော်ပတ်စားပြီးလျှင် ၆လက္မ၊ ၈လက္မ အရွယ်ဆိုက်များ ဖြတ်ရသည်။ ဆေးပြီး အခြောက်လှန်းကာ အမဲရောင် ဆေးဆိုးပေးရသည်။ မန္တလေးကို တင်ပို့လျှင် တစ်ဗူးကို အချောင်းနှစ်ဆယ်စီ ထည့်ပြီး၊ မွန်ပြည်နယ်မှာ တင်ရောင်းလျှင် တစ်စည်းကို အချောင်းတစ်ရာစီ စည်း၍ ဖောက်သည်သွင်းရသည်။
ဈေးကွက်
ဈေးကွက်မှာ ပုံမှန်ဈေးကွက် ဖြစ်သည်။ ကျောက်ပြားများ အထွက်နည်းလာသောကြောင့်၊ သုံးစွဲသူ နည်းသွား သောကြောင့် ထုတ်ကုန်နဲ့ ရောင်းကုန် မျှတနေသည်။ ကျေးရွာမူလတန်းကျောင်းများန
(wikimyanmar မှ ပြန်လည်ကူးယူဖော်ပြကာ အနည်းငယ်ပြန်လည်ပြင်ဆင်ထားပ
Sunday, April 28, 2013
Subscribe to:
Posts (Atom)








