Sunday, August 4, 2013

ဝင်ကြည့်သင့်တဲ့ ပညာရေးဆိုင်ရာ Website များ



မြန်မာနိုင်ငံ ဘယ်နေရာမှာပဲနေနေ... အင်တာနက် အဆင်ပြေခဲ့ရင် နိုင်ငံခြားတက္ကသိုလ်တွေက (၀ါသနာပါရာ) ပညာရပ်တွေကို သင်ယူလေ့လာနိုင်ကြပြီ.....

အထင်ကရ တက္ကသိုလ်သင်တန်းတွေ တက်နိုင်တဲ့ ၀ဘ်ဆိုက် ၇ ခုပါ။

လူတိုင်းအတွက် ပညာရေးနဲ့ပတ်သက်ပြီး ရယူနိုင်အောင် စီစဉ်ပေးထားတယ်။ ကမ္ဘာကျော် တက္ကသိုလ်ကြီးတွေက အခမဲ့ပေးနေတဲ့ အွန်လိုင်း သင်ခန်းစာတွေကို ရယူလေ့ လာနိုင်ပါတယ်။ အထူးသဖြင့် Princeton နဲ့ Michigan တက္ကသိုလ်က သင်ကြား ပို့ချချက်တွေကို လေ့လာနိုင်ပါတယ်။ လေ့လာစရာ ခေါင်းစဉ်နဲ့ ဘာသာရပ်ဆိုင်ရာ အကြောင်းတွေကတော့ အများကြီးပါပဲ။ သင်ကြားမှု တွေကလည်း ဗ်ီဒီယို clip နဲ့ဆိုရင် တစ်ပုဒ်ကို ၁၅ မိနစ်စာလောက်ပဲ စီစဉ်ထားတာ များတယ်။ အပိုဆုအနေနဲ့ ဂိမ်းလေးတွေ ဆော့နိုင်သလို၊ ကိုယ်ကြိုက်တဲ့အချိန်မှာ လေ့လာသင်ယူနိုင်ခွင့်ရှိတဲ့အတွက် အား ထားစရာ site တစ်ခုဖြစ်ပါတယ်။


http://maukkha.org/index.php/book-store/book-refrence/2500-2012-11-06-08-43-26

Credit to Maukkha.org

ခေါက်ဆွဲထုပ်ကို အန္တာရာယ်ကင်းအောင် ချက်ပြုတ်စားသောက်နည်း



လူအများစုဟာ ရေးနွေးထဲ အဆင်သင့် ထည့်စားရုံ လွယ်ကူတဲ့ ခေါက်ဆွဲခြောက် ထုပ်တွေကို စားသုံးမှု များကြပါ တယ်။ ဒါတွေက ကြာရှည်လည်း အ ထားခံတဲ့အတွက် နောက်ပိုင်းမှာ တဖြည်း ဖြည်း ပိုမိုတွင်ကျယ်လာပါတယ်။
အဆင်သင့် ခေါက်ဆွဲခြောက်ထုပ်( Instant Noddle) တွေကို ဂျပန်ကုမ္ပဏီ တစ်ခုက စတင်ထုတ်လုပ်ခဲ့တာဖြစ်ပါ တယ်။ အဆင်သင့် ခေါက်ဆွဲခြောက်ထုပ် တွေကို နေ့စဉ် စားနေတာဟာ ကျန်းမာရေးကို အန္တရာယ်ပေးနိုင်ပါတယ်။ အကြောင်းကတော့ အာဟာရတန်ဖိုး နည်းပါးပြီး ဆား(ဆိုဒီယမ်)၊ အဆီ၊ အချို မှုန့်၊ အရသာ စတဲ့ အရာတွေ ပါဝင်မှု များတာကြောင့်ပါ။
ဆား(ဆိုဒီယမ်) ပါဝင်မှု များတာ ကြောင့် အဆင်သင့် ခေါက်ဆွဲခြောက် ထုပ်တွေကို နေ့တိုင်းစားရင် သွေးတိုးရော ဂါ ဖြစ်စေနိုင်ပါတယ်။ အဲဒီကတစ်ဆင့် နှလုံးရောဂါ၊ လေဖြတ်တာနဲ့ ကျောက် ကပ်ထိခိုက်တာတို့ ဖြစ်တတ်ပါတယ်။ အ ရွယ်ရောက်သူနဲ့ လေးနှစ်ကျော်တဲ့ က လေးတွေရဲ့ တစ်နေ့မှာ ဆိုဒီယမ် စားနိုင် တဲ့ ပမာဏက ၁၅၀ဝ မီလီဂရမ်ဖြစ်ပြီး ပျမ်းမျှအားဖြင့် ခေါက်ဆွဲထုပ်တစ်ထုပ် မှာ ပါဝင်တဲ့ ဆိုဒီယမ်က ၂၇၀ဝ မီလီဂ ရမ်ဖြစ်ပါတယ်။
ခေါက်ဆွဲ ခြောက်ထုပ်မှာ ပါဝင်တဲ့ ဆီဟာ ချက်ပြုတ်စားသောက်နည်း မမှန် ရင် ကင်ဆာဖြစ်စေနိုင်ပါတယ်။
အချိုမှုန့် (Flavour) ပါဝင်တာကြောင့် သွေးတိုးရော ဂါနဲ့ တခြားရောဂါဝေဒနာတွေကို ဖြစ်စေ နိုင်ပါတယ်။
အရသာ (Junk Food ) အဖြစ် အမဲ သားအနံ့၊ ပင်လယ်စာအနံ့ စတာတွေကို ထည့်သွင်းထားကာ ထုတ်လုပ်တဲ့ ကုမ္ပဏီ ပေါ်မူတည်ပြီး အမျိုးအစား မတူပေမယ့် အများအားဖြင့် အန္တရာယ်ရှိပါတယ်။
ခေါက်ဆွဲထုပ်ကို အများကြီး စား ရင် အစာမကြေဖြစ်တတ်ပါတယ်။ ခေါက် ဆွဲထုပ်ကို အဆင်သင့်အစာ (Junk Food) အဖြစ် ကျန်းမာရေးနဲ့ မညီညွတ် တဲ့ အစာလို့ ဝေဖန်ကြပါတယ်။ ခေါက် ဆွဲထုပ်တစ်ထုပ်မှာ ကာဗိုဟိုက်ဒရိတ်နဲ့ အဆီပါဝင်မှု များပေမယ့် အမျှင်ဓာတ်၊ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ပါဝင်မှုက လျော့နည်းပါတယ်။

ခေါက်ဆွဲထုပ်ကို အန္တာရာယ်ကင်းအောင် ချက်ပြုတ်စားသောက်နည်း

ခေါက်ဆွဲထုပ်ကို ဖောက်ပြီး ခေါက် ဆွဲတွေကို အရင်ဆုံး ရေနွေးထဲ ထည့် ပြုတ်ပါ။ ပြီးရင် ရေကို သွန်ပစ်လိုက်ပါ။ ဒါဆိုရင် ခေါက်ဆွဲတွေ မကပ်ငြိအောင် ကာကွယ်ပေးတဲ့ ဖယောင်း (Wax)ကွာ ကျသွားပါ လိမ့်မယ်။ ပြီးမှ ဟင်းအရည်နဲ့ စားချင်ရင် ရေနွေး ထပ်ထည့်ရပါမယ်။ ခေါက်ဆွဲကျက်မှ ဆီ၊ ဆား စတဲ့ ပါဝင်တဲ့ အရသာအမှုန့်တွေကို ထည့်ပေးရမှာ ဖြစ် ပါတယ်။ ဒီနည်းက လုံးဝ အန္တရာယ်ကင်း တာတော့ မဟုတ်ပါဘူး။ အရင်က လူအ များစုဟာ ရေနွေးပြုတ်ထဲ ခေါက်ဆွဲနဲ့ ပါဝင်တဲ့ ပစ္စည်းတွေ အကုန်ထည့်ပြီး ခေါက်ဆွဲကျက်ရင် စားလေ့ရှိကြပါတယ်။ ဒီနည်းနဲ့ စာရင် အခုပြောပြတဲ့ ချက်ပြုတ် နည်းက အန္တရာယ် ပိုလျော့ပါးသွားတာ ဖြစ်ပါတယ်။ နောက်တစ်ချက်က လတ်ဆတ်တဲ့ ဟင်းသီးဟင်း၇ွက်တွေ ထည့်ပြီး ပြုတ်စားရင် ခေါက်ဆွဲထုပ်မှာ ပါဝင်မှု နည်းတဲ့ အမျှင်ဓာတ်၊ ဗီတာမင်နဲ့ သတ္တုဓာတ် တွေကို ရရှိစေနိုင်တာကြောင့် ကျန်းမာ ရေးအတွက် ကောင်းပါတယ်။
အန္တာရာယ်ကင်းချင်ရင် ခေါက်ဆွဲ ထုပ်ကို နေ့တိုင်း မစားသင့်ပါဘူး။ တစ်နေ့ သုံး-လေးထုပ်စားတာကို ရှောင်ရပါမယ်။ ကြိုက်လို့ စားချင်ရင် သုံးရက်ကြာမှ တစ် ထုပ်လောက်ပဲ စားပါလို့ ပြောချင်ပါတယ်။
BY GOOD HEALTH

https://www.facebook.com/IndustrialChemisrty

သင့်Blogက ပိုစ့်တွေကို Facebook တွင် Automatic ရောက်အောင်လုပ်နည်း (Blogger only)

မင်္ဂလာပါ။ Tech in Blogging မှကြိုဆိုပါတယ်။ မပြောပြချင်တော့လည်းပြောရတော့မယ့်အနေထားပါ။ ကျွန်တော်ကတော့ လူပြိန်းနားလည်အောင်ကြိုးစားပြီးရှင်းပြမယ်ဗျာ။ နားမလည်ရင် စာရေးသူညံ့တာထက် သင်တို့သေချာမဖတ်ကြလို့ပါ။ မသိသေးသူများအတွက်ပါ။ winkabarkyaw.net ကရေးတာမရှင်းလို့ဆိုလို့ပါ။ ကျွန်တော်လည်း လူပြိန်းပါပဲ။ ကျွန်တော် networkedblogs ကိုမနှစ်ကတည်းကသုံးနေတာပါ။ အလွန်အဆင်ပြေပါတယ်။



http://adf.ly/NUprJ ကိုဝင်လိုက်ပါ။ မရရင် {ဒီမှာကလစ်} ပါ။


ပြီးတာနဲ့ ကျွန်တော်ဝိုင်းထားတဲ့အတိုင်း Get Started Now ကိုဝင်ပါဗျာ။
Facebook အကောင့်ဖွင့်ထားရင်တော့ နောက်တစ်ဆင့်သွားပါ။ မဖွင့်ရသေးရင် ၀င်လိုက်ပါဗျာ။
Log in with Facebook ကိုကလစ်လိုက်ပါ။
Click here to continue  ကိုကလစ်လိုက်ပါ။
Register a Blog ကိုကလစ်ပါ။
ကျွန်တော်အနီရောင်နဲ့ဝိုင်းထားတဲ့နေရာမှာ သင့်ရဲ့ Blogger link ကိုထည့်ပါ။( ဥပမာ - http://techinblogging.blogspot.com ) ပြီးရင် Next ကိုကလစ်ပါ။
အကုန်ဖြည့်ပါ။ Terms of service* ရဲ့ညာဘက်က box ကိုအမှန်ခြစ်ပေးခဲ့ပါ။Language* မှာ English လို့ပေးပါ။ ပြီးတာနဲ့ Next ကိုကလစ်ပါ။
Yes ကိုကလစ်လိုက်ပါ။
မေးလ်ဝင်လာတာနဲ့ အိုခေပါပြီ။ ကဲ။ ဆက်ဖတ်ရအောင်။
Blogger Dashboard ကိုကလစ်လိုက်ပါ။
Syndication ကိုကလစ်လိုက်ပါ။

Grant Permissons ကိုကလစ်ပါ။
New window အနေနဲ့ ပေါ်လာလိမ့်မယ်။ Allow ကိုကလစ်ပါဗျာ။
(1) Choose a blog to syndicate ရဲ့အောက်မှာ သင့်ရဲ့ Blog နာမည်ကိုရှာပြီးထည့်လိုက်ပါ။ ကျွန်တော့် ဘလော့နာမည်က Tech in Blogging ပါ ဒါကြောင့် အဲ့ဒါပဲရွေးလိုက်ပါတယ်။

Add Facebook Target ကိုကလစ်ပါဗျာ။
ကျွန်တော်ကတော့ Pyae Phyo ဆိုတဲ့ page မှာပဲ Add လိုက်ပါတယ်ဗျာ။ ပြီးရင် Already added ပြပြီးရင် အောင်မြင်ပြီးဆုံးသွားပါပြီ။ ကျွန်တော့်လိုနလပိန်းတုံးများ နားလည်စေအောင်လို့တင်ပေးတာပါ။
Tech in Blogging ကိုထောက်ပံ့တဲ့အနေနဲ့ credit ပေးပါ။ share ပါဗျာ။

Sunday, July 14, 2013

ရဲဘော်သုံးကျိပ်ဝင်


ဗိုလ်တေဇ=သခင်အောင်ဆန်း
သခင်ထွန်းအုပ်=သခင်ထွန်းအုပ်
ဗိုလ်လင်္ယျာ=သခင်ဖေ
ဗိုလ်စင်္ကြာ=သခင်အောင်သန်း
ဗိုလ်ဇေယျ=လှမောင်
ဗိုလ်နေဝင်း=သခင်ရှုမောင်
ဗိုလ်၇န်နိုင်=ထွန်းရှိန်
ဗိုလ်လရောင်=သခင်ဘဂျမ်း
ဗိုလ်မှူအောင်=သခင်ဆန်းလှိုင်
ဗိုလ်ရန်အောင်=သခင်လှမြိုင်
ဗိုလ်မိုး=သခင်အေးမောင်
ဗိုလ်မင်းဂေါင်=သခင်စောလွင်
ဗိုလ်မြဒင်=သခင်သန်းတင်
ဗိုလ်ကျော်ဇော=သခင်ရွှေ
ဗိုလ်ရဲထွဋ်==အောင်သိန်း
ဗိုလ်လင်းယုန်=သခင်ထွန်းရွှေ
ဗိုလ်ဖုန်းမြင့်=သခင်တင်အေး
ဗိုလ်မြင့်အောင်=သခင်စိုး
ဗိုလ်တောက်ထိန်=သခင်ဆန်းမြ
ဗိုလ်တာရာ=သခင်ခင်မောင်ဦး
ဗိုလ်ဇင်ယော်=သန်းညွန့်
ဗိုလ်ညာဏ=မောင်မောင်
ဗိုလ်ဗလ=သခင်ထွန်းလွင်
ဗိုလ်မင်းေ၇ာင်=မောင်လှ
ဗိုလ်မြင့်ဆွေ=သခင်ထွန်းခင်
ဗိုလ်စောအောင်=သခင်ငွေ
ဗိုလ်စောနောင်=သခင်သစ်
ဗိုလ်မိုးညို=သခင်ကျော်စိန်
ဗိုလ်သန်းတင်=သခင်သန်းတင်
ဗိုလ်ထိန်းဝင်း=မောင်ဆောင်း

အရေးမပေးသင့်သော မိန်းမများ



1. ရတနာသုံးပါးအလေးမထား ပေါ့ပျက်ပျက်နေတက်သောမိန်းမ.....

2. အင်္ဂျာီလယ်ဟိုက် sexy ကြိုက် ယောက်ျားများရှေ့ ကုန်းကုန်းကွကွ လုပ်တက်သော မိန်းမ...

3. ဘောင်းဘီချက်ပျုတ် စတိုင်လ်ထုတ် ဖင်မှီးကုတ်ရိုးပေါ်အောင် ဝတ်ထားသော မိန်းမ.....

4. အင်္ဂျာီပါးပါး တမင်ဝတ်ထား အတွင်းသားတွေကို ပြချင်သော မိန်းမ....

5. စကတ်တိုလက်တအုပ် အရှက်ထုတ် မလုံ့ တလုံပေါ်အောင် ဝတ်တက်သော မိန်းမ....

6. ခေတ်ကိုတင်စား ရင်သားနဲ့ တင်ပါးမှာ Tattooe ထိုးထားသော မိန်းမ....

7. နောက်ကြောပြောင်ချော အမှောင်တောမှာ ကချင် လှုပ်ချင် (DANCE) တဲ့ မိန်းမ....

8. ဘောင်းဘီအသားကတ် အနေမတက် ခြေထောက်ကို ကားထိုင်သော မိန်းမ....

9. ယောက်ျားတွေ့မြင် အကွက်ဆင် ချွဲပျစ်ပျစ်ပြောတတ်သော မိန်းမ....

10. မျက်နှာတစ်ပြင်လုံး ရှဲဒိုးသုံး မြင်မကောင်းအောင် မျက်တောင်တုတွေ တက်ထားသော မိန်းမ....

11. သွားမှာ စိန်မြှုပ် ရယ်စရာမဟုတ် ရယ်စရာလုပ် အီတဖြဲဖြဲ ရယ်ပြနေသော မိန်းမ....

12. လူစုံလျင် ဂျင်းသုပ် သုပ် အတင်းတလှုပ်လှုပ်ပြောတက်သော မိန်းမ....

13. အလုပ်နားရက် ထမင်းမချက် အပျင်းထူပြီး တစ်နေကုန်အိပ်သော မိန်းမ....

14. ဝင်ငွေရရေး လက်မနှေး ဦးနှောက်မရှိတိုင်း ဗေဒင်မေး ချဲထိုးသော မိန်းမ....

15. လမ်းသွားလျင် မျက်စိရွှင် စမတ်ကျသောယောက်ျားတိုင်းကို ပြုံးပြသော မိန်းမ.....

16. အပြောပက်စက် လက်ကသွက် တို့ ဆိတ် လိမ်ဆွဲ အီပြောတက်သော မိန်းမ...

17. အချစ်ကိုရောင်း ပိုက်ဆံတောင်း လိုချင်တာကို ချူယူတက်သော မိန်းမ....

18. အိမ်မှာကြွက်သိုက် အပြင်မှာ ခက်မိုက်မိုက် ဝတ်စားတက်သော မိန်းမ....

19. အတုနဲ့အစစ် ရောလို့ဝတ် လူမြင်တိုင်း အမိအရကြွားတက်သော မိန်းမ...

20. ပြည်ပမှာစာသင် ငါသာသခင်ဟု ပညာဂုဏ်မောက်နေသော မိန်းမ....

21. နိုင်ငံခြားပြန်အခွံသာကျန် အပျိုရည်ပျက်နေသော မိန်းမ...

22. ရည်းစားရှိလည်း နံ့ကြောဆွဲ ကိုယ့်ထက်သာလျင် မျက်စောင်းတစ်ချက် ထိုးပစ်လိုက်သော မိန်းမ....

23. ရင်ဖုံးအင်္ဂျာီချိတ်လုံချည်နဲ့ ဘုရားကအပြန် ကားအမှန်တွေနဲ့ ပါ ပါသွားတတ်တဲ့ မိန်းမ...

24. အရှက်ကနဲ ရက်ကွက်ထဲ လူတကာအော့ကြောလန်အောင် နှုတ်ကြမ်းသော မိန်းမ...

25. ကိုယ့်ထက်သာလျင် အပြစ်မြင် မနာလိုစိတ်ထားရှိသော မိန်းမ....

26. Rapper ဆိုရင် အသေကြိုက် အဖေရိုက်လည်း ရိုက်ပစေဆိုတဲ့ ဆက်စလူးစိန် မိန်းမ....

27. အလုပ်ပြီးလျင် Net ဆိုင်ဝင် လူတကာနဲ့ အရသာခံ Q Q လုပ်တက်သော မိန်းမ....

28. အဖော်နောက်လိုက် အပျော်ကြိုက် လမ်းသလားသော မိန်းမ.....

29. ကိုးရီးယားဆို အထင်ကြီး ငရုပ်သီးစပ်ရင်တောင် အူပါးလို့ အော်တက်တဲ့ မိန်းမ....

30. ညအိပ်ရာဝင် ရေမချိုးချင် ညစ်ပတ်နံစော်နေသော မိန်းမ......


မည်းသူတစ်ဦးတစ်ယောက်ကိုမှ ရည်ရွယ်ထားခြင်းမရှိပါဘူးခင်ဗျာ...
ဗဟုသုတနေနှင့်ပဲ တင်ပေးထားတာပါနော်..

တောသားလေး

Thursday, July 4, 2013

ဗလီဝတ်ကျောင်းအတွင်း သံဃာများအား ပထမဆုံးအကြိမ် ဆွမ်းကပ်


ရန်ကုန်-မြောက်ဥက္ကလာပမြို့နယ် ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးအဖွဲ့က
ကြီးမှူး၍ ဗုဒ္ဓဘာသာဝင် သံဃာ တော် ၁၅ ပါးအား မြောက်ဥက္ကလာပ မြို့နယ် ၁ ရပ်ကွက်ရှိ အောင်ဝလ်စွန္ဒီဂျမေဗလီတွင် ဇူလိုင်လ ၃ ရက် က ပထမဆုံးအကြိမ် နေ့ဆွမ်းဆပ်ကပ်ခဲ့ကြောင်း သတင်းရရှိသည်။

ယခုကဲ့သို့ အစ္စလာမ်ဘာသာရေးအဆောက်အအုံအတွင်း ဗုဒ္ဓဘာသာရဟန်းတော်များအား နေ့ဆွမ်းဆပ်ကပ်လှူဒါန်းခြင်းသည် ပထမဆုံးအကြိမ်ဖြစ်ကြောင်း အစ္စလာမ်ဘာသာရေးအဖွဲ့မှ အကြီးအကဲဖြစ်သူ ဒေါက်တာမြင့်သိန်းက ပြောကြားသည်။

“ဒီနေရာမှာလိုပဲ တခြားနေရာတွေလည်း အတုယူလာပါစေဆိုတဲ့ ရည်ရွယ်ချက်နဲ့လုပ်တာပါ” ဟု အောင်ဝလ်စွန္ဒီဂျမေဗလီ အတွင်းရေးမှူး ဦးထွန်းကျော်ကပြောသည်။

အဆိုပါ အခမ်းအနားကို မြောက်ဥက္ကလာပမြို့နယ် ဘာသာကြီးလေးခုခေါင်းဆောင်များနှင့် အရပ်ဘက်အဖွဲ့များမှ ခေါင်းဆောင်များ ပါဝင်ဖွဲ့စည်းထားသော ဘာသာပေါင်းစုံ ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးအဖွဲ့မှ ဦးဆောင်ကျင်းပခြင်းဖြစ်သည်

“ညီညွတ်ဖို့ ငြိမ်းချမ်းဖို့ဆိုရင် ကာယကံ၊ ၀စီကံ၊ မနောကံဆိုတဲ့ ကံသုံးပါးကို ထိန်းသိမ်းစောင့်ရှောက်ပြီးတော့ သည်းခံခြင်းတရားတွေနဲ့ နေမယ်ဆိုရင် ငြိမ်းချမ်းကြမှာပါ။ ညီညွတ်ကြမှာပါ” ဟု မြောက်ဥက္ကလာပမြို့နယ် သံဃနာယကဆရာတော် ဦးပညာသီရိကမိန့်ကြားခဲ့သည်

မြောက်ဥက္ကလာပမြို့နယ် ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးအဖွဲ့သည် ပြီးခဲ့သည့်အပတ်က ဟိန္ဒူဘုရားကျောင်းတွင် တွေ့ဆုံခဲ့ပြီး လာ မည့်အပတ်တွင် ခရစ်ယာန်ဘုရားကျောင်းတွင် တွေ့ဆုံမည်ဖြစ်သည်။

ယခင်က အစ္စလာမ်ဘာသာရေးအဆောက်အအုံများသို့ အခြားသော ဘာသာဝင်များ ၀င်ရောက်လေ့လာကြခြင်း မရှိသော်လည်း မိတ္ထီလာ
အရေးအခင်းဖြစ်ပြီးနောက် ဗလီများနှင့်ပတ်သက်၍ သံသယရှင်းစေရန်အတွက် အစ္စလာမ်ဘာသာရေးအဆောက်အအုံ အတွင်းသို့ ၀င်
ရောက်လည်ပတ်၍ရကြောင်း အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးက သတင်းထုတ်ပြန်ခဲ့သည်။



တပ်မတော်အရာရှိကြီးအား အမေရိကန်က အမည်မည်း စာရင်းသွင်း


မြန်မာတပ်မတော်မှ အဆင့်မြင့်အရာရှိကြီးတစ်ဦးအား မြောက်ကိုးရီးယား နိုင်ငံထံမှ စစ်လက်နက်
ဝယ်ယူမှုဖြင့် အမေရိကန်နိုင်ငံအစိုးရက အမည်မည်းစာရင်း သွင်းလိုက်သည်ဟု ဇူလိုင် လ ၂ ရက်
နေ့တွင် အမေရိကန်အစိုးရက ကြေညာလိုက်သည်။

တပ်မတော် ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေးအရာရှိချုပ်ရုံး အကြီးအကဲ ဒုတိယ ဗိုလ်ချုပ်ကြီး
သိန်းဌေးမှာ မြောက်ကိုရီးယားထံမှ လက်နက်ဝယ်ယူမှုများတွင် ပါဝင်ပတ်သက်နေပြီး နိုင်ငံတကာ
က မြောက်ကိုရီးယားထံမှ လက်နက်ရောင်းချမှု ပိတ်ပင်ရန် လိုလားချက်အား မလေးမစားပြုမူခြင်း
လည်းဖြစ်ကြောင်း အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာန အကြမ်းဖက်မှုနှင့် ငွေကြေးစုံစမ်းစစ်ဆေး
ရေးဌာနခွဲ၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

"နိုင်ငံဘဏ္ဍာငွေတွေကို မြောက်ကိုရီးယားနိုင်ငံရဲ့ တရားမ၀င် လက်နက်ရောင်းဝယ်မှုမှာ အသုံးချ
တာလည်းဖြစ်တယ်"ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

အရေးယူမှုကြောင့် အမေရိကန် နိုင်ငံသားများအနေဖြင့် ဒုတိယ ဗိုလ်ချုပ်ကြီးသိန်းဌေးနှင့် တွဲ၍
စီးပွားရေးလုပ်ငန်းများနှင့် အခြားဆက်နွယ်မှုများ လုပ်ဆောင်ခွင့် မရှိတော့ဘဲ အမေရိကန်နိုင်ငံတွင်
ရှိနိုင်သော ၎င်း၏ ပစ္စည်းများကိုလည်း သိမ်းဆည်းထားမည်ဖြစ်သည်။

သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က "ဒီသတင်းနှင့် ပတ်သက်ပြီး ဘယ်အကြောင်းအရာများ
ကို အခြေခံပြီး ဆောင်ရွက်တယ်ဆိုတာ မသိသေးတဲ့အတွက် လောလောဆယ် မှတ်ချက်မပေးနိုင်
သေးပါဘူး"ဟု ဇူလိုင်လ ၃ ရက်နေ့က အီးမေးလ်ဖြင့် မြန်မာတိုင်း(မ်)ကို ပြန်လည်ဖြေကြားခဲ့သည်။

ယခုပိတ်ဆို့မှု အရေးယူမှုမှာ ၎င်းတစ်ဦးတည်းအား ပစ်မှတ်ထားခြင်း ဖြစ်ကာ မြောက်ကိုးရီးယားနှင့်
စစ်ရေး ဆက်ဆံမှုလျှော့ချရန်ကြိုးစားနေသည့် မြန်မာအစိုးရ မပါဝင်ကြောင်းလည်း အမေရိကန်၏
ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၂၀၁၂ မေလက တောင်ကိုးရီးယား နိုင်ငံသမ္မတ လီမြောင်ဘတ်နှင့်တွေ့ဆုံမှုတွင် မြန်မာနိုင်ငံသမ္မတ
ဦးသိန်းစိန် က မြောက်ကိုးရီးယားနိုင်ငံမှ စစ်လက်နက်များအား နှစ်ပေါင်း၂၀ ကြာ ၀ယ်နေခဲ့သည်
ကို ၀န်ခံခဲ့ကြောင်း နယူးယောက်တိုင်း(မ်) သတင်းဌာနက ဖော်ပြထားသည်။

သို့သော်လည်း ထိုသို့ ဆက်နွယ်မှုများရပ်တန့်မည်ဟု သမ္မတ ဦးသိန်းစိန်က ပြောဆိုခဲ့ကြောင်း
လည်းဖော်ပြထားသည်။

မြောက်ကိုးရီးယားထံမှ စစ်လက်နက်ဝယ်ယူမှုအပါအ၀င် ကုလလုံခြုံရေးကောင်စီ၏ စည်းမျဉ်းများ
အား လိုက်နာမည်ဖြစ်ကြောင်း မြန်မာအစိုးရက တရားဝင်ကြေညာခဲ့သည်။

သို့သော်လည်း ထိုနှစ်နှောင်းပိုင်းတွင် မြန်မာနိုင်ငံသို့ ဦးတည်သည်ဟု ယူဆရသော လက်နက်များ
တင်ဆောင်ထားသည့် မြောက်ကိုးရီးယားနိုင်ငံမှ ထွက်ခွာလာသော သင်္ဘောတစ်စီးအား ဂျပန်
အာဏာပိုင်များက တိုကျိုဆိပ်ကမ်း၌ ဖမ်းဆီးမိခဲ့ကြောင်း သတင်းများက ဖော်ပြထားသည်။

ထိုအကြောင်းအရာနှင့် ပတ်သက်၍ ဦးရဲထွဋ်အား ထိုအချိန်က မြန်မာတိုင်း(မ်)က မေးမြန်းခဲ့ရာ
ထိုဖြစ်ရပ်မှာ မဟုတ်မှန်ကြောင်းနှင့် မြန်မာနိုင်ငံအနေဖြင့် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ၏
စည်းမျဉ်းများအား အပြည့်အ၀ လိုက်နာလျက်ရှိကြောင်း ပြန်လည် ဖြေကြားခဲ့သည်။
မြန်မာတိုင်း(မ်)