အပိုင်း
(၁)
မြန်မာနိုင်ငံသည်
အာဆီယံစီးပွားရေး အသိုက်အ၀န်း (AEC) တွင်ပူးပေါင်းပါဝင်ထားသည့် နိုင်ငံတစ်နိုင်ငံဖြစ်သည့်အပြင်
ဒေသတွင်းနိုင်ငံများနှင့် ပိုမိုပေါင်းစည်းနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ပြည်တွင်းလုပ်ငန်းများအပေါ်
စိန်ခေါ်မှုများလည်း တစ်ပါးတည်း မြင့်တက်လာမည်ဖြစ်သည့်အတွက် စိုက်ပျိုးရေးကို အခြေခံသည့်နိုင်ငံတစ်နိုင်ငံမှ
စက်မှုထွန်းကားသည့် နိုင်ငံအဖြစ်သို့ တက်လှမ်းလာတော့မှာ ဖြစ်ပါတယ်။မြန်မာနိုင်ငံရဲ့
GDP တိုးတက်မှုနှုန်းကို နှစ်စဉ် ၇% မှ ၉% သို့တိုးတက်ရန် ရည်မှန်းထား၍ အကောင်အထည်ဖော်နိုင်မည်ဆိုပါက
လာမယ့် ၂၀၃၀ ပြည့်နှစ်တွင် တိုင်းပြည်၏ စက်မှုဖွံ့ဖြိုးမှုမှာ တစ်နှစ်လျှင် ၅% မှ ၆%
အကြားတိုးတက်လာမည်ဖြစ်ပါသည်။ AEC ၏ အဓိကသော့ချက်မှာ AFTA (ASEAN Free Trade Area) ခေါ်
လွတ်လပ်သော ကုန်သွယ်မှုဒေသ တစ်ခုအဖြစ် ၂၀၁၅ ခုနှစ်ကတည်းကစ၍ အကောင်အထည်ဖော်နေပြီး ဖြစ်ပါသည်။
AEC အဖွဲ့ဝင်နိုင်ငံတွေဟာ အချက် (၄) ချက်ကို လွတ်လပ်စွာ ရွှေ့ပြောင်းနိုင်သည့် သဘောတူညီချက်အား
လက်မှတ်ထိုးထားကြပါသည်။ (၁) ကုန်စည်များ၊ (၂) ၀န်ဆောင်မှုများ၊ (၃) ရင်းနှီးမြှုပ်နှံမှု
နှင့် (၄) ကျွမ်းကျင်လုပ်သားများ တို့ပဲဖြစ်ပါတယ်။
လက်ရှိအခြေအနေအရ
AFTA, AEC တွေနဲ့အတူပြောင်းလဲလာတဲ့ ဒီမိုကရက်တိုက်ဇေးရှင်းအရွေ့တစ်ခုဟာ နိုင်ငံတကာက
မြန်မာနိုင်ငံကို စီးပွားရေးဈေးကွက်အရ မျက်စိကျလာပြီဖြစ်ပါတယ်။ အစိုးရသစ်လက်ထက် ဒေသအတွင်း
စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေဖို့ ဥပဒေတွေပြင်ဆင်ခြင်း၊ အထူးစီးပွားရေးဇုန်တွင်တည်ဆောက်ပေးခြင်း၊
အခြေခံအဆောက်အအုံ တွေအတွက် နိုင်ငံတကာရဲ့ အကူညီတွေရယူခြင်း စတဲ့ နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့အတွက်
အဖက်ဖက်မှ ကြိုးစားဆောင်ရွက်နေသည်များကို တွေ့မြင်နေရတယ်။
နိုင်ငံခြားတိုက်ရိုက်
ရင်းနှီးမြှုပ်နှံမှု (FDI) ၀င်ဖို့ဆိုရင် အခြေခံအားဖြင့် ရင်းနှီးမြှုပ်နှံမဲ့သူတွေဟာ
အဓိကအချက် (၅)ချက်ကို ကြည့်မှာဖြစ်ပါတယ်။ (၁) နိုင်ငံရေး၊ စီးပွားရေးတည်ငြိမ်မှု
(Political & Stability) ၊ (၂) နိုင်ငံရဲ့ စီးပွားရေးအလားအလာကောင်းမှု
(Economic Potential)၊ (၃) နိုင်ငံရဲ့ စီပွားရေးဇုံကြမှု (Geographic Location) ၊(၄)
နိုင်ငံရဲ့ အလုပ်အကိုင်နှင့် လုပ်သားအရင်းအမြစ် (Skill Labour)၊ (၅) နိုင်ငံရဲ့ အဓိကစီးပွားရေးအဆောက်အအုံ
(Infrastructure) တို့ပဲဖြစ်ပါတယ်။
FDI
မှာရော AEC မှာရော နံပါတ် (၄) အချက်ဖြစ်တဲ့ Skill Labour ဆိုတာပါလာပြီ ဖြစ်ပါတယ်။ ကိုယ်နိုင်ငံထဲမှာ
ရှိတဲ့ Labour တွေဟာ Skill Full ဖြစ်ရဲ့လားဆိုတာ ပြန်သုံးသပ်ရပါတော့မယ်။ ဟိုယခင်က နိုင်ငံအတွင်းမှာ
နိုင်ငံရေးမတည်ငြိမ်မှုတွေ၊ စီးပွားရေးချွတ်ချုံကျမှုတွေကြောင့် ကိုယ်နိုင်ငံအတွင်းက
ပညာရှင်တွေ၊ ပညာတတ်တွေဟာ အလုပ်အကိုင်မဖန်တီပေးနိုင်၍ ပြည်ပကို ထွက်ခွာသွားခဲ့ကြပါတယ်။
ယခု နိုင်ငံရေးအပြောင်းအလဲတွေကြောင့်သော်၎င်း၊ စီးပွားရေးအခြေအနေပြောင်းလဲမှုကြောင့်သော်၎င်း
ပြန်လည်ရောက်ရှိလာကြပြီဖြစ်ပါတယ်။ နိုင်ငံခြားပြန်သူတွေနဲ့အတူ ပါလာတာကတော့ နိုင်ငံခြားလုပ်ငန်းအတွေ့အကြုံတွေပဲဖြစ်ပါတယ်။
တစ်ချို့တွေက ပညာရေးအတွက် တစ်ချို့တွေက အရင်းအနှီးရှာဖို့အတွက် နိုင်ငံခြားကိုထွက်သွားကြတာဖြစ်တယ်။
ဖွံ့ဖြိုးပြီးနိုင်ငံမှာရခဲ့တဲ့ လုပ်ငန်းအတွေ့အကြုံဟာ ဖွံ့ဖြိုးဆဲနိုင်ငံအတွက်တော့
ဗဟုသုတ (သို့) သင်ခန်းစာအဖြစ် ပြန်လည်းယူသုံးလို့ရမယ်။ ဘာကြောင့်လဲဆိုတော့ သတ်မှတ်ပြဌာန်းထားတဲ့
ဥပဒေတွေဟာ မတူကြလို့ပဲ။
အပိုင်း
(၂)
ဥပမာ
ကုမ္ပဏီတစ်ခုမှာ Asst HR Manager တစ်ယောက်ရှိတယ်ထားပါတော့။ ထိုမန်နေဂျာဟာ လုပ်သက်ရင့်ပြီး
ကိုယ်နိုင်ငံအတွင်းက အလုပ်သမားဥပဒေတွေ ကောင်းကောင်းသိတယ်။ လုပ်ငန်းခွင် သဘာဝကို ကောင်းကောင်းနားလည်တယ်။
လုပ်ငန်းလိုအပ်ချက်အရ မဖြစ်မနေ နိုင်ငံခြားအတွေ့အကြုံရှိတဲ့ HR Manager တစ်ယောက်ကို
ခန့်လိုက်တယ်ဆိုပါစို့။ အဲဒီ HR Manager ဟာ ဘာသာစကားလည်းကျွမ်းကျင်ပြီး MBA လည်းပြီထားတယ်။
ဒါပေမယ့် HR လုပ်ငန်းအတွေ့အကြုံတော့ ရှိမနေဘူးဆိုရင်တော့ ပြဿာနာရှိပါတယ်။ လုပ်ငန်းတွေလိုအပ်ချက်အရ
ခန့်တယ်ဆိုရင်တောင် Owner က သူနဲ့ကိုက်ညီတဲ့ ရာထူးမျိုးပေးရပါမယ်။ နိုင်ငံခြားမှာ
MBA ပြီးထားရုံနဲ့တော့ HR Manager ဖြစ်မလာနိုင်ပါဘူး။ နောက်တစ်ခုက လစာ ကွာဟမှု ပြဿာနာတွေရှိလာနိုင်ပါတယ်။
နိုင်ငံခြားပြန်အလုပ်အတွေ့ကြုံရှိတယ်သူတွေဟာ လစာကို လက်ရှိ Local ကဈေးကိုမကြည့်ဘဲ
ဟိုအရင်နိုင်ငံခြားမှာ ရခဲ့တဲ့လစာထက်မနဲ တောင်းပါလိမ့်မယ်။ နိုင်ငံခြားပြန်တစ်ယောက်ကိုခန့်လိုက်ပြီးဆိုရင်တော့
အနီးဆုံး ရာထူးတူတစ်ယောက်ကတော့ လစာကိစ္စနဲ့ Feeling တစ်ခုတော့အမြဲဝင်နေမှာပါ။ နောက်တော့
လုပ်ငန်းမှာ မပျော်တော့ဘဲ လုပ်သက်ရင့်ဝန်ထမ်းကပဲ ပြောင်းသွားလိမ့်မယ်။ တစ်ခါတစ်လေ
Owner တွေရဲ့ Technic တစ်ခုလို့လဲ ဆိုလို့ရနိုင်တယ်။လက်ရှိဝန်ထမ်းတွေအပေါ်မှာ သြဇာသက်ရောက်မှုမရှိတော့လို့
ကြားလူခံပြီး စီမံခန့်ခွဲခိုင်းတာလည်းဖြစ်နိုင်တယ်။
ကျွန်တော်တို့ Local Company တွေရှိဝန်ထမ်းတွေဟာ
အေးအေးလူးလူးနဲ့ အလုပ်လောဘမရှိဘဲ မလုပ်မရှုပ်မပြုတ်ဆိုတာမျိုး နေလေ့ရှိတယ်။ တကယ်လို့
နိုင်ငံခြားကုမ္ပဏီတွေ ၀င်လာပြီဆိုရင် Local ကုမ္ပဏီတွေနဲ့ ပြိုင်ရတော့မယ်။ အဲဒီအချိန်ကြရင်
နိုင်ငံခြားသားတွေ၊ နိုင်ငံခြားပြန်တွေက Top Management ၊ Business Development ပိုင်းစတဲ့
နေရာကြီးကြီးတွေမှာ သူတို့ယူထားပြီး ကျန် Middle
Level ပိုင်းတွေလောက်သာ
Local Employee တွေကိုသုံးမယ်ဆိုရင်တော့ ကျွန်တော်တို့ရဲ့ Labour Market ထဲမှာနစ်နာမှုတွေဖြစ်လာပါမယ်။
နိုင်ငံခြားလုပ်ငန်းအတွေ့အကြုံရှိတာမှန်ပေမယ့်
သက်ဆိုင်ရာနယ်ပယ်ကမဟုတ်ရင် အဆင်မပြေပါဘူး။ နိုင်ငံခြားပြန်တစ်ယောက်ဟာ လုပ်ငန်းမှာ စိတ်အားတတ်ကြွတာမှန်ပေမယ့်
လုပ်နေတဲ့အလုပ်က ဦးတည်ရာလွဲနေရင် သူနဲ့အတူတွဲလုပ်ရတဲ့ လုပ်ဖော်ကိုင်ဖက်တွေဟာ နောက်ကလုပ်မလုပ်နိုင်ဘဲ
ပြဿာနာရှိနိုင်ပါတယ်။ နောက်တစ်ခုက ကိုယ်နဲ့အတူတွဲလုပ်ရမယ့်သူတွေနဲ့ သဟဇာတ ဖြစ်ဖို့လိုအပ်ပါတယ်။
လုပ်ငန်းခွင်တစ်ခုလုံးရဲ့ သဘောသဘာဝများကိုလည်း သိရှိလာအောင် အချိန်တစ်ခုယူရပါမယ်။ နိုင်ငံခြားပြန်လုပ်ငန်းအတွေ့အကြုံ
ရှိသူတစ်ယောက်ဟာ ပညာတတ်တစ်ယောက်ဆိုရင်တော့ တစ်ကိုယ်ကောင်ဆန်မှုမရှိသင့်ပါဘူး။ ကိုယ်လက်အောက်က
လူတွေအောင်မြင်တာဟာ ကိုယ်ရဲ့အောင်မြင်မှုလို သဘောထားပြီ လက်တွဲသင်ယူပေးရပါမယ်။ ပညာမာန်မာနထားရင်တော့
လက်အောက်ဝန်ထမ်းတွေဟာ နောက်ကွယ်မှာ မကောင်းပြောကြပါလိမ့်မယ်။ ကိုယ်သိတဲ့ နိုင်ငံခြားပြန်အတွေ့အကြုံတွေ
ပြန်လည်မျှဝေပေးရပါမယ်။ Top Management ပိုင်းမှာ ယူထားတဲ့သူဆိုရင်တော့ စီမံခန့်ခွဲ့မှုအပိုင်းရော
လုပ်ငန်းအတွေ့အကြုံပါ ကောင်းမွန်ရပါမယ်။